Sunday, September 16, 2007

အဋ္ဌမမြောက်အလေ့အထ - ၇

in
စက်မှုခေတ် စီးပွားဓန၏ အဓိကနှင့် မူလမောင်းနှင်အားမှာ စက်ယန္တရားနှင့် ပစ္စည်းဥစ္စာအရင်းအနှီးဖြစ်သည်။ လူ(လုပ်သား) လိုအပ်သည်။ သို့သော် အစားထိုးရလည်း လွယ်သည်။ သူတို့လိုအပ်သည်ထက် ပိုမိုထောက်ပံ့ပေးထားခြင်း စသည်ဖြင့် လက်မှုလုပ်သားများကို ထိန်းထားနိုင်၊ လှုပ်ရှားလည်ပတ်အောင် နှိုးဆော်ပေးနိုင်သည်။ လုပ်ထုံးလုပ်နည်းများကို ကြပ်မတ်စွာလိုက်နာမည့် သာလွန်သော အစုအဖွဲ့မျိုးရရှိအောင်လည်း ဖန်တီးနိုင်သည်။ စက်မှုခေတ်၏ ရုပ်ပိုင်းဦးစားပေးသဘော လူသည် အရာဝတ္ထုနှင့်တူနေပြီး လူအင်အားနှင့် ခရီးရောက်အောင်လုပ် နိုင်သည်။ လုပ်ငန်း၌ အသုံးချသမျှမှာ ကာယအင်အားသာဖြစ်ပြီး စိတ်၊ ဆန္ဒ သို့မဟုတ် ဥာဏအင်အားမပါသဖြင့် လူကို အရာဝတ္ထုအဆင့်သို့ ချထား လိုက်သလို ရှိနေပေသည်။ ယနေ့ခေတ် စီမံခန့်ခွဲမှုအလေ့အထ အများစုသည် စက်မှုခေတ်မှလာသည်။ ယင်းက လူများကို ထိန်းချုပ်၊ စီမံဟူသော အသိကိုပေးသည်။ ယင်းက လူသည်လည်း စက်ကိရိယာတစ်မျိုးဟူသော အမြင်ကိုဖြစ်စေသည်။ ချော့တစ်ခါ ခြောက်တစ်လှည့် (Carrot-and-Stick) တွန်းအားပေးအယူအဆကို ဖြစ်စေသည်။ ဆုလာဘ်ဟူသော ချော့မော့မှု၏ နောက်ကွယ်တွင် ကြောက်ရွံ့မှုနှင့် ပြစ်ဒဏ်ဟူသော ခြောက်လှန့်မှုက ရှိနေသည်။ အနာဂတ်အတွက် အချက်အလက်များအပေါ် မူတည်တွက် ချက်ခန့်မှန်းထားပြီး ဘတ်ဂျက်ကို ဗဟိုက ချုပ်ကိုင်သည်။ ရာထူးကြီး ငယ်အလိုက် ချုပ်ကိုင်မှုနှင့် ဗြူရိုကရေ စီက `အရေအတွက် များများဖြစ်ရေး´ ကို တွန်းအားပေးသည်။ အများကြီး ပုံအောထားသည့်အတွက် လာမည့်နှစ် ရှုံးမည်မဟုတ် ဟူသော ဟောင်းမြင်း သည့်တုံ့ပြန်မှုမျိုး ထွက်လာစေသည်။ ဤအကျင့်အကြံပေါင်းများစွာ သည် ကာယလုပ်သားများနှင့် အလုပ် လုပ်သော စက်မှုခေတ်မှလာသည်။ ပြဿနာမှာ ယနေ့ခေတ် စီမံခန့်ခွဲရေးမှူး (Manager) များသည် ဥာဏလုပ်သား များအပေါ် စက်မှုခေတ် ထိန်းချုပ်မှုပုံစံများဖြင့် ဆက်ဆံမှုပြုနေခြင်းဖြစ် သည်။ ရာထူးလက်ကိုင် အာဏာပိုင် များသည် လုပ်သားများ၏ အစွမ်းအစနှင့် တကယ့်တန်ဖိုးကို မသိကြ။ လူ့ သဘောသဘာဝကို အမှန်အတိုင်း နားမလည်။ လူများကို ပစ္စည်းကဲ့သို့ သဘောထား၍ စီမံခန့်ခွဲနေကြသည်။ ယင်းသို့ နားမလည်ခြင်းသည်ပင်လျှင် လုပ်သားများ၏ ပါရမီ၊ အရည်အသွေး နှင့် အမြင့်ဆုံးစိတ်ပါဝင်စားမှုများကို ဖွင့်ထုတ်အသုံးချရေးတွင် အတားအဆီး ဖြစ်စေသည်။ ယနေ့ခေတ်တွင် လူများကို အရာဝတ္ထုပစ္စည်းကဲ့သို့ သဘောထား၍ စီမံခန့်ခွဲနေလျှင် ဘာဖြစ်လာမည်နည်း။ ဤကဲ့သို့ ဂရုမထား၊ မလေးစားခြင်း ကြောင့် အလုပ်ကို ကိုယ့်အလုပ်ကဲ့သို့ သဘောမထားခြင်း၊ ယုံကြည်မှုနည်း ပါးခြင်း၊ စည်းလုံးညီညွတ်မှုမရှိခြင်း၊ တရားဥပဒေဖြင့် ချုပ်ကိုင်သော အလေ့ အထဖြစ်ခြင်းတို့ကို ပေါ်ပေါက်စေ သည်။ ဆယ်ကျော်သက်လူငယ်၊ လူရွယ် များကို (ခံစားချက်ကို လျစ်လျူရှု၍) အရာဝတ္ထုပစ္စည်းများကဲ့သို့ သဘော ထား၊ စီမံနေလျှင် မည်သို့ဖြစ်လာမည် နည်း။ အထက်ပါအတိုင်းပင် မိသားစု အပေါ် တန်ဖိုးမထားမှု၊ ယုံကြည်အားကိုးလိုစိတ်နည်းမှု၊ ရန်လိုသောသဘော ထားရှိမှုနှင့် ပုန်ကန်ဆိုးသွမ်းသူလေး များ ဖြစ်လာနိုင်ပေသည်။ အပြန်အလှန်မှီခိုမှု ကျဆင်းခြင်း လူများကို အရာဝတ္ထုကဲ့သို့ သဘောထား၍ စီမံခန့်ခွဲနေလျှင် ...။ ခေါင်းဆောင်မှုအပိုင်း၏ ရွေးချယ်မှု အပေါ် အယုံအကြည်မဲ့သွားတတ်သည်။ အများစုသည် ခေါင်းဆောင်မှုအပိုင်း ကို ရာထူးအဆင့် (Position) အဖြစ် သာမြင်ပြီး ခေါင်းဆောင်အဖြစ် မမြင် ကြပေ။ လွတ်လပ်မှုရှိမှသာလျှင် ရွေး ချယ်မှုသည် တန်ဖိုးရှိသည်။ ယခုထက်တိုင် လူအများသည် ဘာလုပ်ရမည်ဆိုသော ဆုံးဖြတ်မှုအပိုင်း ကို အထက်ကသာ လုပ်သင့်သည်ဟု ထင်မှတ်နေကြဆဲဖြစ်သည်။ ထို့ကြောင့် ခိုင်းသည့်အတိုင်းလုပ်ရန် ယုံကြည်မှု မရှိသည့်တိုင် သဘောတူကြသည်။ လိုအပ်ချက်ကို သိမြင်လာသည့်တိုင် အစွမ်းအစထုတ် ဖြေရှင်းဆောင်ရွက် လိုခြင်းမရှိကြ။ စာအုပ်ကြီးအတိုင်း သွားပြီး အပြောကိုစောင့်သည်။ နာမည် တပ်၍ပြောလာမှ ထလုပ်လိုက်ကြသည်။ အကျိုးဆက်အားဖြင့် အမှားအယွင်း ရှိလာသောအခါ အထက်ကိုသာ အပြစ် ပုံချပြီး ကောင်းသွား မှန်သွားသည့်အခါ တွင်လည်း အထက်ပိုင်းကိုသာ ရှေ့တန်း တင်ပြီး ကိုယ်က လူလုံးမပြဘဲနေ လိုက်သည်။ ထိုအခါ အထက်ကလည်း အောက်လူများ၏ ပူးပေါင်းဆောင် ရွက်မှုနှင့် အကူအညီအတွက် ကျေးဇူး တင်ကြောင်း ဖော်ပြလိုက်ရုံနှင့် ကိစ္စပြီး သွားသည်။ အစွမ်းအစထုတ် ဆောင်ရွက် ရန်၊ လွတ်လွတ်လပ်လပ်ပြုမူရန် တွန့် ဆုတ်မှု ကျယ်ပြန့်နေခြင်းသည် ရှေး ရိုးစွဲခေါင်းဆောင်များက လက်အောက် ခံအဖွဲ့များအပေါ် တိုက်ရိုက်အမိန့်ပေး စီမံဆောင်ရွက်ရာတွင် အခြေအနေကို ပိုမိုဆိုးရွားအောင်လုပ်သလိုသာ ဖြစ် နေပေသည်။ ဤတွင် ခေါင်းဆောင်ပိုင်း ၏ ယုံကြည်ချက်မှာ နောက်လိုက်များ ဆောင်ရွက်ရန် သူတို့က အမိန့်ပေး၊ လမ်းကြောင်းပေးရမည်ဟူ၍ ဖြစ်သည်။ ဤသံသရာသည် အချင်းချင်း အပြန် အလှန်မှီခိုမှုမှ တဖြည်းဖြည်း ကင်းကွာ သွားစေသည်။ အပြန်အလှန်မှီခိုမှု နည်းသွားခြင်းကြောင့် တစ်စုစီ၏ အားနည်းချက်သည် ပိုမိုကြီးထွားလာ ပြီး အပြန်အလှန် ဝေဖန်ဆန်းစစ်စရာ ဖြစ်လာသည်။ စီမံခန့်ခွဲရေးမှူး၊ မန်နေဂျာက ထိန်းချုပ်ရန်ကြိုးစားလေ လုပ်သား၏ အပြုအမူကို ပိုမိုထိန်းချုပ်ရန်၊ စီမံခန့်ခွဲ ရန် အကြောင်းဖန်လာအောင် လှုံ့ဆော်လေဖြစ်သည်။ ဖွံ့ဖြိုးလာသော အပြန် အလှန်မှီခိုမှုဓလေ့သည် အဖွဲ့အစည်း ကို တဖြည်းဖြည်းနှင့် တာဝန်ပုံချစရာ မလိုအောင် ဖြစ်လာစေသည်။ အချိန် ကြာလာလျှင် ဦးဆောင်သူရော နောက် လိုက်များပါ မိမိ၏ ကဏ္ဍကို သိမြင် လာနိုင်သည်။ ကိုယ့်အခြေအနေတွင် ကိုယ် အကောင်းဆုံးဖြစ်အောင် လုပ် မည်ဟူသော ယုံကြည်ချက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပါဝါအရှိဆုံးအဖြစ် ]ထင်}တစ်လုံးမရှိကြတော့။ ဤဆက်ဆံ ရေးသံသရာကို မိဘနှင့်သားသမီးကြား မိသားစုဆက်ဆံရေးတွင် တွေ့ရနိုင် သည်။ အပြန်အလှန်မှီခိုမှုကင်းစွာ ဘာသိ ဘာသာနေတတ်မှုသည် နေရာတိုင်းတွင် ရှိသည်။ အများစုသည် ကိုယ်ကိုတိုင် ဤကဲ့သို့ဖြစ်နေမှန်း ၀န်ခံရဲသော သတ္တိမရှိပေ။ ချက်နှင့်လက်နှင့် ဆန်းစစ် ပြလျှင် ကိုယ့်ကိုယ်ကိုယ် မကြည့်၊ သူ တစ်ပါးကိုသာ ကြည့်သည်။ စတီဖင်ကို ဗေးက ဟောပြောပွဲများတွင် အကျေ အလည်ဆွေးနွေးပြီးနောက် စဉ်းစား ချိန်ပေးကာ အောက်ပါမေးခွန်းကို မေး သည်။ ဒီနေရာမှာရော ကိုယ့်ကို ရုပ် ၀တ္ထုလိုသဘောထားပြီး ခံစားချက်နဲ့ ဆန္ဒကို လျစ်လျူရှုခံနေရတဲ့သူများ မရှိ ဘူးလား ဟူ၍ ဖြစ်သည်။ ဤသို့မေး လျှင် ရယ်လေ့ရှိကြသော်လည်း အား လုံးနီးပါးက လက်ထောင်ကြသည်။ ၎င်းတို့သည် မဖတ်ရသေးသော စာအုပ်များပမာဖြစ်သည်။ အခြားတစ်ဦး ၏ အားနည်းချက်ကို မြင်သောအခါ ထိုအားနည်းချက်သည် ကိုယ့်အတွက် အားသာချက်ဖြစ်နေပါမူ ယင်းကို ဖြည့် စွက်ဆောင်ရွက်ပေးခြင်းဖြင့် အစွမ်းအစ ကို ပေါ်လွင်စေပြီး အပြန်အလှန် မှီခို ရမှုမှာလည်း အဓိပ္ပာယ်ရှိလာပေမည်။ ကောင်းမြတ်ကျော်စွာ.

No comments: