အဋ္ဌမမြောက်အလေ့အထ - ၆
Posted September 3rd, 2007 by MyanmarScholar in
(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့) ကောင်းမြတ်ကျော်စွာ စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်နိုင်မှုသည် မိသားစုလယ်ယာလုပ်ငန်းထက် အဆများစွာသာမှန်း သိလာကြသောအခါ လယ်ယာမား ၉၁ ရာခိုင်နှုန်းသည် စက်မှုလုပ်သားများ ဖြစ်လာကြသည်။ စက်မှုခေတ်တွင် မိမိ၏လယ်ယာလုပ်ငန်းကို စက်ပစ္စည်းကိရိယာထွန်းကားမှုနှင့် ဆက်စပ်လုပ်ကိုင်နိုင်သော လယ်သမားအချို့ ဆက်လက်ရပ်တည်နိုင်ကြသည်။ ယနေ့တွင် အမေရိကန်ပြည်ထောင်စု၌ လူဦးရေ၏ သုံးရာခိုင်နှုန်းသာ လယ်သမားများဖြစ်သော်လည်း နိုင်ငံအတွက် စားသောက်ကုန်သီးနှံများ အမြောက်အမြားထုတ်ပေးနိုင်စွမ်း ရှိသည်။ သတင်းအချက်အလက်၊ ဉာဏ လုပ်သားခေတ်တွင် ကျွန်ုပ်တို့၏ ထုတ်လုပ်နိုင်မှုသည် စက်မှုခေတ်ထက် အဆ ၅၀ သာနိုင်ပါမည်လား။ စတီဖင်ကိုဗေးက သာနိုင်ပါသည်ဟု ယုံကြည်သည်။ နှစ်ဆ၊ သုံးဆမကပါ။ အဆ ၅၀ သာနိုင်ပါသည်ဟု ကိုဗေးက ဆိုသည်။ သက်သေအဖြစ် မိုက်ခရိုဆော့ဖ်၏ နည်းပညာအရာရှိချုပ်ဟောင်း နသန် မာဗော့ဒ်၏ စကားကို ကိုးကားသည်။ “ထိပ်တန်းဆော့ဖ်ဝဲပညာရှင် တွေဟာ သာမန်ဆော့ဖ်ဝဲပညာရှင်တွေ ထက် ဆယ်ဆ၊ အဆတစ်ရာ၊ တစ် ထောင်မကပါဘူး။ အဆတစ်သောင်းလောက် ထုတ်လုပ်နိုင်မှု ကွာဟပါတယ်” ဟူသော စကားဖြစ်သည်။ တန်ဖိုးရှိသော ဖန်တီးမှုများ အတွက် ထူးကဲအခွင့်အလမ်းများ လမ်းဖွင့်ပေးထားသည့် အဖွဲ့အစည်း လုပ်ငန်းများသည် အလားအလာများ သွန်ထုတ်ခွင့်ပေးထားသော အလွန်အဖိုးတန်သည့် အရည်အသွေးရှိပညာသုံး လုပ်ငန်းများ ဖြစ်လာသည်။ ဤအချက် မှန်သည်ဟုလက်ခံလျှင် ကလေးငယ် များ ‘ဇ’ ပြလေ့ရှိသည့် အလားအလာ များအတိုင်း ပြုလုပ်ခွင့်ပေးကြည့်ဖို့ စဉ်းစားသင့်ပါသည်။ ဉာဏအလုပ် (Knowledge Work) သည် အဖွဲ့အစည်း၊ လုပ်ငန်း သို့မဟုတ် မိသားစုများ၏ ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံမှုများ အားလုံးကို တွန်းအားပေးနိုင်၊ အရှိန်အ၀ါ လွှမ်းမိုးနိုင်သည်။ အမှန်တကယ်တွင်လည်း ဉာဏလုပ်သားများသည် အဖွဲ့အစည်းအားလုံးတွင် ရင်းနှီးမြှုပ်နှံ မှုများနှင့် ဆက်စပ်နေသည်။ ၎င်းင်းတို့ က Focus လုပ်သည်။ ဖန်တီးနိုင်စွမ်း ရှိသည်။ အဖွဲ့အစည်းလုပ်ငန်း၏ ရည်မှန်းချက်များ ကောင်းမွန်အောင်မြင်ရေးအတွက် ရင်းနှီးထားမှုများကို အသုံးတကျဖြစ်ရေး တွန်းအားပေးသည်။ ဤသို့ဆိုလျှင် စက်မှုလုပ်သား ၉၀ ရာခိုင်နှုန်းသည် ယခင်ခေတ်အဆက်ဆက် ပြောင်းလဲမှုအတိုင်း ဉာဏလုပ်သားခေတ်သို့ ပြောင်းလဲဝင်ရောက် လာကြမည်လား။ စတီဖင်ကိုဗေးကမူ ထိုသို့ဖြစ်လာမည်ဟု ယုံကြည်သည်။ ယနေ့ခေတ်တွင် ပြင်ပမှ လုပ်ငန်း တာဝန် ခွဲယူဆောင်ရွက်ပေးမှု (Outsourcing) နှင့် အလုပ်လက်မဲ့ဖြစ်မှု တို့၏ တိမ်းညွှတ်ချက်သည် နေရောင်လာခါနီး နှင်းစက်ပမာဖြစ်နေသည်။ ဤဖြစ်ရပ်နှစ်ခု၏ လားရာသည် လတ်တလောကိုင်တွယ်ရမည့် နိုင်ငံရေးပြဿနာပင် ဖြစ်လာသည်။ တကယ့် အခြေအနေမှန်မှာမူ စက်မှု ခေတ်၌ အလုပ်အကိုင်များ ဆုံးရှုံးရ ခြင်းသည် ပညာလုပ်သားခေတ်သို့ ကူးပြောင်းရာတွင် စီးပွားရေး၌ အပြောင်း အလဲဖြစ်ခြင်းကြောင့်ထက် အစိုးရပေါ် လစီနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (Free Trade Agreement) များ၏ ချွတ်ယွင်းမှု ကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ခေတ်သစ်အတွက် ယနေ့လုပ်သားအင်အားစုများ လေ့လာ ခံယူရမည့် စိတ်သစ်၊ အရည်အချင်းသစ်၊ ကိရိယာသစ်များအတွက် အတား အဆီးများရှိနေမည်လား။ ပီတာဒရပ်ကား က စက်မှုကာယ လုပ်သားခေတ်နှင့် ယနေ့ ဉာဏလုပ်သားခေတ်ကို ဤသို့ ယှဉ်ပြသည်။ နှစ်ဆယ်ရာစုတွင် အရေးအကြီး ဆုံးနှင့် စီမံခန့်ခွဲနိုင်မှု၏ အဆုံးစွန်မှာ ကုန်ထုတ်လုပ်မှု (Manufacturing) တွင် ကာယလုပ်သားများ၏ ထုတ်လုပ်နိုင်မှု ခေါက်ချိုး (Fifty-fold) မြင့် တက်လာစေခြင်း ဖြစ်သည်။ နှစ်ဆယ့်တစ်ရာစုတွင် အရေး အကြီးဆုံးသော စီမံခန့်ခွဲမှုအတွက် လိုအပ်ချက်မှာကား ဉာဏအလုပ်နှင့် ဉာဏလုပ်သားများ၏ ထုတ်လုပ်နိုင်မှု အလားတူခေါက်ချိုး မြင့်တက်ရေးဖြစ် သည်။ ၂၀ ရာစု ကုမ္ပဏီတစ်ခုအတွက် တန်ဖိုးအရှိဆုံးအရာမှာ ထုတ်လုပ်ရေးဆိုင်ရာ ကိရိယာတန်ဆာပလာများ (Production Equipment) ဖြစ်သည်။ ၂၁ ရာစုတွင် အင်စတီကျူးရှင်းတစ်ခု (စီးပွားရေးလုပ်ငန်းဖြစ်စေ၊ စီးပွားရေး မဖက်သော လုပ်ငန်းဖြစ်စေ) ၏ တန်ဖိုး အရှိဆုံးအရာမှာ ဉာဏလုပ်သားနှင့် ၎င်းင်းတို့၏ ထုတ်လုပ်မှုစွမ်းအား (Knowledge workers and their productivities) ဖြစ်ပေလိမ့်မည်။ (Management Challenges for 21st Centaury by Peter F. Drucker ) သမိုင်းဆရာကြီး အာနိုး တွိုင်ဘီ က လူနှင့် အဖွဲ့အစည်းတို့၏ သမိုင်း ကို အကောင်းဆုံး အနှစ်ချုပ်၍ စကား လုံးလေးလုံးဖြင့် ဖော်ပြနိုင်သည်ဟု ဆိုသည်။ ယင်းမှာ Nothing Fails Like Success. (အောင်မြင်မှုလောက် ဆုံးရှုံးတာမရှိ)ဟူ၍ ဖြစ်သည်။ တစ်နည်း အားဖြင့် စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရ သောအခါ ယင်းစိန်ခေါ်မှုနှင့် ညီမျှ သော တုံ့ပြန်မှုပြုနိုင်ခြင်းကို အောင်မြင် မှု (Success) ဟု ခေါ်ကြသည်။ သို့ သော် စိန်ခေါ်မှုအသစ်တစ်ခုနှင့် ထပ် ရင်ဆိုင်ရသောအခါ ယခင်နည်းဟောင်း ဖြင့် တုံ့ပြန်၍မရ၊ အလုပ်မဖြစ်တော့ ပြီ။ ထို့ကြောင့်ပင် အရှုံး (Failure) ဟု ဆိုရသည်။ ကျွန်ုပ်တို့သည် ဉာဏလုပ်သား ခေတ်ကြီးထဲတွင် နေကြသည်။ သို့သော် လူသားအစွမ်းအစများကို (လုံးဝ) အသုံးချခွင့်မရသော ထိန်းချုပ်ထားသည့် စက်မှုခေတ်ပုံစံခွက်ကြီးထဲတွင် လည်ပတ်နေရသည်။ အရင်းခံစေ့ဆော် မှု (Voice) နှင့် လားလားမျှမအပ်စပ်။ ဤသည်မှာ အံ့အားသင့်ဖွယ် တွေ့ရှိချက်ဖြစ်သည်။ ယနေ့လုပ်ငန်းများ တွင် လွှမ်းမိုးနေဆဲဖြစ်သော စက်မှု ခေတ်စိတ်ဓာတ်သည် ဉာဏလုပ်သား ခေတ်နှင့် စီးပွားရေးပုံစံသစ်တွင် အလုပ်မဖြစ်လှပေ။ လက်တွေ့အခြေအနေတွင် မူ ယင်းသို့ ကျင့်သုံးနေဆဲပင်ဖြစ်သည်။ မကြာခဏ ဆိုသလိုပင် ယင်းစိတ်ထည် ၏ လွှမ်းမိုးမှုအတိုင်း ဆက်ဆံဆောင် ရွက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ တွန်းအားပေး ခြင်းနှင့် သားသမီးများအပေါ် စည်း ကမ်းချမှတ်ခြင်းအထိ လုပ်ဆောင်နေ ဆဲ ဖြစ်သည်။ ကောင်းမြတ်ကျော်စွာ
No comments:
Post a Comment