Sunday, September 16, 2007

အဋ္ဌမမြောက်အလေ့အထ - ၃

in
(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့) ကောင်းမြတ်ကျော်စွာ Voice သည် အကောင်းဆုံးသော ကိုယ်ရည်ကိုယ်သွေးတစ်ရပ်ဖြစ်ပြီး တကယ့်ပြသနာကြီးများနှင့် ရင်ဆိုင်ရချိန်တွင် အစွမ်းပြလာလေ့ရှိသည်။ Voice တွင် ပါရမီ (Talent)၊ ဆန္ဒ ပြင်းပြမှု (Passion)၊ လိုအပ်မှုအတွက် အံဝင်ခွင်ကျဖြစ်ခြင်း (Need)နှင့် အမှားအမှန်ခွဲခြားသိမြင်စိတ် (Conscience) တို့ ဆက်စပ်ပါဝင်သည်။ ကိုယ့်စရိုက်ဝါသနာနှင့် ကိုက်ညီသည့် အလုပ်သို့ ရောက်သွားလျှင် ကိုယ့်ပါရမီအရည်အသွေးကို အသုံးချခွင့်ရပြီး ဆန္ဒပြင်းပြမှုက ယင်းကို လောင်စာထိုးပေးသည်။ အလုပ်တစ်ခုပြီးမြောက် အံဝင်ခွင်ကျဖြစ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သည်မှာ Voice အတွင်း တည်ရှိသည့် စိတ်၏ System တစ်ခုပင် ဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီ၏ ထင်သာ မြင်သာမရှိသော မွေးရာပါ Voice ကို ရှာဖွေကြဖို့ လိုသည်။ ယနေ့ခေတ် သစ်၏ အားအကောင်းဆုံးသော သရုပ်သကန်အဖြစ် စတီဖင်ကိုဗေးက အင်တာနက်ကို ဥပမာပေးသည်။ အင်တာနက်သည် ပညာလုပ်သား ခေတ်၏ ပြီးပြည့်စုံသော သင်္ကေတ ဖြစ်သည်။ ကိုယ့် Voice ကို ကိုယ်သိ မြင်သော ပုဂ္ဂိုလ်များစွာတို့၏ အံဝင် ခွင်ကျဖန်တီးနိုင်မှု အကျိုးရလဒ်အဖြစ် ဧရာမကွန်ရက်ကြီးတစ်ခုကို ဖန်တီး လိုက်နိုင်ခြင်း ဖြစ်သည်။ မိမိ၏ Voice ကို အသုံးချနိုင် သူအဖြစ် ဘင်္ဂလားဒေ့ရှ်မှ ဂရမ်မင်းဘဏ် (Grameen) ကို ထူထောင်သူ မူဟာမက်ယူနပ်စ်ကို စတီဗင်ကိုဗေးက ပုံဖော်ထားသည်။ မူဟာမက် ယူနပ်စ် ဆင်းရဲမွဲတေမှုကင်းသော ကမ္ဘာဟူ သော မျှော်မှန်းချက်ကို ဘင်္ဂလားဒေ့ရှ်ရှိ လမ်းသွယ်လေးများမှ စခဲ့သည်။ သူ၏ အတွေ့အကြုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ဆယ့်ငါးနှစ်ခန့် ကဖြစ်သည်။ ယူနပ်စ်သည် အစာရေစာ အကြီးအကျယ်ပြတ်လပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်ရှိ တကသိုလ်တစ်ခုတွင် ဘောဂဗေဒဘာသာရပ်ကို ပို့ချလျက် ရှိသည်။ ယူနပ်စ် အတော်ကြီး စိတ်မကောင်းဖြစ်နေရချိန် ဖြစ်သည်။ တစ်နေ့တွင် ယူနပ်စ်သည် အမေရိ ကန်ပြည်ထောင်စုမှ လောလောလတ်လတ် ပါရဂူဘွဲ့ရထားသူ ဆရာသစ်ကလေး၏ ပြောင်မြောက်သော ဘောဂ ဗေဒသီအိုရီများ အားတက်သရော သင်ကြားရာ စာသင်ခန်းသို့ ရောက်သွားသည်။ ယူနပ်စ်သည် စာသင်ခန်း ထဲမှ ပြန်ထွက်ခဲ့ပြီး တကသိုလ် ပရ၀ုဏ်ပြင်ပရှိ အရိုးပြိုင်းပြိုင်းနှင့် မရဏမင်းအခေါ်ကို စောင့်နေရသော လူများကို ကြည့်မိသည်။ သင်ယူခဲ့သမျှသော၊ ပို့ချပေး သမျှသော သင်ခန်းစာတို့သည် ယုံကြည်ဖွယ် သက်သေသာဓကတို့ဖြင့် ပြည့်နေသော်လည်း တကယ့်လူသားတို့၏ ဘ၀အတွက်မူ အဓိပာယ်ကင်းလှပါ ကလားဟု ယူနပ်စ်အောက်မေ့မိသည်။ တကသိုလ်ပရ၀ုဏ်ပြင်ပရှိ ကျေးရွာထဲ လူတွေ ဘယ်လိုများ ရှင်သန်နေကြပါ လိမ့်ဟု သိချင်လာသည်။ လူတွေ သေ ဆုံးနေသည်ကို ရပ်သွားစေရန်၊ ထိုသို့ မဟုတ်ပါကလည်း သေနှုန်းနှေးသွား စေရန်၊ ယုတ်စွအဆုံး တစ်ယောက်တလေ၏ အသက်ကို ကယ်တင်နိုင်ရန် ကိုယ်လုပ်ပေးနိုင်တာ ဘာများ ရှိမည် နည်းဟု ယူနပ်စ်ရှာကြည့်ချင်သည်။ အပေါ်စီးမှကြည့်ကာ ခြုံငုံသုံးသပ် ကြည့်နေခဲ့သည့် ငှက်တစ်ကောင်၏ အမြင်မျိုးကို စွန့်လွှတ်ํ၊ အောက်ခြေ ကျကျ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင် ရန် တီကောင်တစ်ကောင်၏ အမြင်မျိုး ကို ဆုပ်ကိုင်ခဲ့သည်။ သေးသေးကွက် ကွက်ကလေးကိုသာ ကြည့်သည်။ ယင်းကိစကိုသာ ကိုင်တွယ်သည်။ ထိုအခါ တစ်ခုခု လုပ်ပေးနိုင်သည်ကို သွားတွေ့သည်။ အဖြစ်အပျက်တစ်ခုက ယူနပ်စ် ကို လမ်းကြောင်းသစ်တစ်ခုသို့ ဦးတည် ပေးလိုက်သည်။ ၀ါးထည်ပစည်း ကလေးများ ပြုလုပ်ပြီး အသက်မွေး နေရသော အမျိုးသမီးကြီးတစ်ဦးနှင့် တွေ့ဆုံမိခြင်း ဖြစ်သည်။ မိန်းမကြီး သည် တစ်နေကုန်လုပ်မှ US နှစ်ပဲနိ လောက်သာရသည်။ ခက်ခက်ခဲခဲဖြင့် ထိုမျှလှပသော ၀ါးထည်ပစည်းကလေး များကို ပြုလုပ်ပြီး အလွန်တရာ နည်းပါးလှသော အကျိုးခံစားခွင့်သာ ရသည်ကို မယုံနိုင်ဖြစ်ခဲ့ရသည်။ မိန်းမကြီးသည် အရင်းအနှီးမရှိํ ၀ါးမ၀ယ်နိုင်။ ကုန်သည်ထံမှ ၀ါးကို ချေးငှားယူပြီး အချောထည်ပစည်းများကို ယင်းကုန်သည်ထံသို့သာ ပြန်သွင်းရ သည်။ ထိုကုန်သည်က ချေးငှားခ နုတ်ပြီး ဈေးဖြတ်ပေးသည်။ သို့ဖြင့် နှစ်ပဲနိနှင့် အခစားကျွန်ဘ၀ ဖြစ်နေရသည်။ ၀ါဖိုးအရင်းအနှီးမှာ ဆယ့်နှစ်ဆင့်၊ ပိုကောင်းလျှင် နှစ်ဆယ့်ငါးဆင့် ကျသင့်သည်။ ဆယ့်နှစ်ဆင့်အတွက် လူတစ်ဦး ဒုကရောက်နေသည်ကို မည် သူမျှ မကူညီနိုင်ဘူးလားဟူသော အတွေး ယူနပ်စ်ခေါင်းထဲသို့ ၀င်လာသည်။ လိုအပ်နေသော အရင်းအနှီး ဆယ်နှစ်ဆင့် ပေးသင့်မပေးသင့် ကြံဆရာမှ စိတ်ကူးတစ်ခုရလာသည်။ ထိုကဲ့ သို့သော မိန်းမကြီးလိုလူမျိုး မည်မျှ ရှိကြောင်း စာရင်းလုပ်ကြည့်ရန် ဖြစ် သည်။ ကိုယ့်ကိုယ်ကိုယ် သုတေသီကျောင်းသားကဲ့သို့သဘောထား၊ ကျေးရွာအတွင်း ရက်ပေါင်းများစွာ သွားကာ စာရင်းကောက်ရာ လူဦးရေ ၄၂ ယောက် စာရင်းရသည်။ သူတို့ လိုအပ်သော ငွေကိုပေါင်းကြည့်ရာ ၂၇ ဒေါ်လာ ဖြစ်သည်။ ခက်ခက်ခဲခဲ ၀မ်းစာရှာနေသူတို့အတွက် လူ့အဖွဲ့ အစည်းအသိုင်းအ၀ိုင်းက ၂၇ ဒေါ်လာ လောက်မျှပင် မထောက်ပံ့နိုင်သည့် အဖြစ်ကို ယူနပ်စ် ရှက်မိသည်။ ထို့ကြောင့် တပည့်တစ်ယောက် အား အိတ်ကပ်ထဲမှ နှစ်ဆယ့်ခုနစ် ဒေါ်လာ ထုတ်ပေးပြီး စာရင်းထဲမှ လူများကို ဝေပေးရန် ပေးနိုင်သည့် အခါကျမှ ပြန်ပေးရန် မှာလိုက်သည်။ ထိုအခါ ထိုသူများသည် ကိုယ့်အရင်း အနှီးနှင့်ကိုယ် ပစည်းများကို ဈေး ကောင်းကောင်းဖြင့် ရောင်းနိုင်သည့် ဘ၀သို့ ရောက်သွားသည်။ အရင်းအနှီးပိုက်ဆံလေးများ လက်ခံရရှိသောအခါ သူတို့အတော်ပင် စိတ်ထိခိုက်သွားကြသည်။ ယူနပ်စ် သည် တကသိုလ်ထဲတွင် ဘဏ်ခွဲလေး တစ်ခုဖွင့်ရန် စိတ်ကူးမိသည်။ ထို့ကြောင့် ဘဏ်မန်နေဂျာထံသွားပြီး ထိုကျေးရွာမှ လူများအတွက် အရင်းအနှီးအလို့ငှာ ငွေချေးပေးရန် အကြံပြုသည်။ ဘဏ် မန်နေဂျာက ခင်ဗျား ရူးနေလား။ မဖြစ်နိုင်တာ။ ဒီဆင်းရဲသားတွေကို ပိုက်ဆံချေးပေးရမယ် ဟုတ်လား ဟု အထိတ်တလန့်မေးသည်။ နည်းနည်း လောက် စမ်းํချေးကြည့်ပါရန် မေတ္တာ ရပ်ခံသောအခါ စည်းမျဉ်းစည်းကမ်းအရ ခွင့်မပြုနိုင်ဟုဆိုကာ ဘဏ်အကြီး အကဲတစ်ဦးနှင့် ဆွေးနွေးရန် လွှဲပေး လိုက်သည်။ အကြိမ်ကြိမ်ဆွေးနွေးပြီး နောက် ယူနပ်စ်က အာမခံကာ ချေးငွေ ထုတ်ပေးနိုင်သည်။ ခင်ဗျား အာမခံ ပေးလိုက်တဲ့ပိုက်ဆံတော့ ဆင်းရဲသား တွေဆီက ဘယ်တော့မှ ပြန်ရမှာ မဟုတ်ဘူးဟုလည်း အကြိမ်ကြိမ် ပြောလိုက်သေးသည်။ တစ်ခါလောက် တော့ အခွင့်အရေးပေးကြည့်ပါ ဟု ယူနပ်စ်က ရှေ့နေလိုက်ခဲ့ရသည်။ အံ့သြစရာပင်၊ မကြာမီချေးထားသမျှ ငွေကို ပြန်သွင်းပေးနိုင်ခဲ့သည်။ ယူနပ်စ် က စိတ်လှုပ်ရှားစွာဖြင့် ဘဏ်မန်နေဂျာ ကို …ကြည့်၊ ပြန်ပေးပါတယ်၊ ပြသနာ မရှိပါဘူး ဟု ပြောလိုက်သည်။ ဘဏ် မန်နေဂျာက ခင်ဗျား တော်တော် ရှော်သေးတာပဲ။ အခုချေးငွေနည်းနည်း ကို ပြန်ဆပ်ပြီးရင် များများထပ်ချေး လိမ့်မယ်။ အဲဒီကျရင် ခင်ဗျား တကယ် ဆုံးပြီပဲဟု ဆိုသည်။ သို့သော် ဆင်းရဲသားများက ချေးငွေကို တိတိကျကျ ပြန်ဆပ်ကြသည်။ ယူနပ်စ်က ထပ်မံချေးပေးရန် ပြောသည်။ ခင်ဗျား တစ်ရွာမှာပဲ ဒီလို လုပ်လို့ရမယ်။ နှစ်ရွာဆိုရင် ခင်ဗျား ခံရပြီဟု ဘဏ်မန်နေဂျာက ဆိုပြန်သည်။ ထို့နောက် ယူနပ်စ်နှင့် ဘဏ် မန်နေဂျာတို့ အကြိတ်အနယ် ညှိုနှိုင်းပြီး ရွာငါးရွာရှိ ဆင်းရဲသားများအတွက် ချေးငွေထုတ်ပေးလိုက်သည်။ ငါးရွာစလုံးက တိတိကျကျ ပြန်ဆပ်သည်။ ရွာအရေအတွက် ထပ်တိုးရင်း ယူနပ်စ် နှင့် ဘဏ်မန်နေဂျာတို့ လောင်းကြေး ထပ်ရင်းနှင့် ရွာငါးဆယ်အထိ ချေးငွေ ထုတ်ပေးနိုင်သည့်အနေအထားသို့ ရောက်ခဲ့သည်။ ထိုရွာတစ်ရာအထိ၊ သို့စဉ်တိုင် ဆင်းရဲသားများသည် မယုံကြည်ရဟု ဘဏ်က ယုံကြည်နေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် အစိုးရသို့ တင်ပြပြီး ဘဏ်တစ်ခုဖွင့်ခွင့် တောင်းလိုက်သည်။ အစိုးရကို ယုံကြည်လာစေရန် ၂ နှစ် အချိန်ယူရသည်။ ၁၉၈၃ အောက်တိုဘာ ၂ ရက်နေ့တွင် လွတ် လပ်သော ဘဏ်တစ်ခု တည်ထောင် နိုင်ခဲ့သည်။ မည်မျှဝမ်းမြောက်ဖွယ် ကောင်းလေသနည်း။ ယခု ယူနပ်စ်တို့ တွင်ဘဏ်တစ်ခုရှိပြီ။ ဆန္ဒရှိသလောက် တိုးချဲ့ချေးငှားပေးနိုင်သည့်အခြေအနေသို့ ရောက်ပြီ။ ကောင်းမြတ်ကျော်စွာ..

No comments: