Sunday, September 16, 2007

အဋ္ဌမမြောက်အလေ့အထ - ၅

in
(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့) ကောင်းမြတ်ကျော်စွာ ပြဿနာ (The Problem) အခြေခံအဆောက်အဦ အပြောင်းအလဲ (Shift) ဖြစ်သောအခါ အရာရာတွင် ရိုက်ခတ်မှုများလည်း ပေါ်ပေါက်လာသည်။ (When the infrastructure shift, everything rumbles.) စတန်လေ အမ်၊ ဒေးဗစ် သမိုင်းတွင် အကြီးကျယ်ဆုံးသော အပြောင်းအလဲ (Shift) တစ်ခုကို ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့ ကြုံနေကြရသည်။ ယနေ့ခေတ် စီမံခန့်ခွဲရေး မဟာတွေးခေါ်ပညာရှင် ပီတာ ဒရပ်ကားကမူ ဤသို့ရေးသည်။ “ရာစုနှစ်အနည်းငယ်အတွင်း ကျွန်ုပ်တို့ခေတ်အကြောင်း သမိုင်းကို အဝေးမြင်ရှုထောင့်ဖြင့် ရေးလေသောအခါ သမိုင်းဆရာများသည် အရေးအကြီးဆုံးဖြစ်သော နည်းပညာ၊ အင် တာနက်၊ အီလက်ထရွန်နစ် ကုန်သွယ် ရေး (e-Commerce) တို့ကို မြင်ဖွယ် မရှိပေ။ သို့သော် ယင်းတို့သည် လူသား တို့၏ အခြေအနေကို မကြုံစဖူး ပြောင်းလဲစေခဲ့သည်။ ဦးစွာပထမ လူသားတို့သည် မိမိကိုယ်ကို ကြိုတင် ပြင်ဆင်ထားရပေမည်။ ‘လူ့အဖွဲ့အစည်း သည် ယင်းတို့အတွက် လုံးဝ ကြိုတင် ပြင်ဆင်ထားခြင်းမရှိ’။” (Managing knowledge means managing oneself by Peter F. Drucker) ပီတာ ဒရပ်ကား၏ဟောကိန်း ကို နားလည်ရန် သမိုင်းကို ပြန်လှန် ကြည့်ရပေမည်။ အကြမ်းအားဖြင့် လူ့ ယဉ်ကျေးမှု၏ Voice ကို ခေတ်ငါးခေတ်ဖြင့် ပိုင်းခြားနိုင်သည်။ ပထမ ခေတ်မှာ အမဲလိုက်၊ အသီးအနှံရှာဖွေ စုဆောင်းသောခေတ် (Hunter and Gatherer Age) ၊ ဒုတိယခေတ်မှာ စိုက်ပျိုးရေးခေတ် (Agricultural Age) ၊ တတိယခေတ်မှာ စက်မှုထွန်းကားသော ခေတ် (Industrial Age) ၊ စတုတ္ထခေတ် မှာ သတင်း/ ပညာလုပ်သားခေတ် (Information/ knowledge Worker Age) နှင့် နောက်ဆုံးခေတ်မှာ ဖြစ်တည် လာနေသော ပညာခေတ် (Age of Wisdom) တို့ဖြစ်သည်။ ခေတ်အဆက်ဆက်ကို တစ်လှမ်း ဆီပြန်ဆုတ်ပြီး အမဲလိုက်၊ အသီးအနှံ ရှာခေတ်ကို မြင်ယောင်ကြည်ပါ။ နေ့ စဉ် လေး၊ မြား၊ ကျောက်တုံး၊ တုတ် တို့ဖြင့် မိသားစုအတွက် အစားအစာ ရှာဖွေစုဆောင်းရသည်။ အသက်ရှင် ရပ်တည်ရေးအတွက် သိသမျှ၊ မြင်သမျှ၊ လုပ်သမျှမှာ ဤကိစ္စသာဖြစ်သည်။ ယင်းအခြေအနေတွင် တစ်စုံတစ်ယောက် ကလာပြီး လယ်သမား ဟုခေါ်သော အသက်မွေးဝမ်းကျောင်းကို ပြောင်းလုပ်ရန် ဆွယ်လာပါလျှင် မည်သို့ တုံ့ပြန်မည်နည်း။ စိတ်ကူးကြည့်ပါ။ အနှီတစ်စုံတစ်ယောက်သည် အပြင်ထွက်၊ မြေကိုထွန်ယက်၊ မျိုးစေ့ များကို မြေပေါ်ဖြန့်ကြဲသည်ကိုသာ သင်မြင်နေရသည်။ မြေကို ရေလောင်းပြီး ပေါင်းသင်သည်ကိုသာ သင်မြင်နေရသည်။ သို့သော် မကြာခင် ကောက်ပဲ သီးနှံခင်းကြီးတစ်ခုကို တဖြည်းဖြည်း မြင်လာရသည်။ အနှီတစ်စုံတစ်ယောက် ကပြောသော လယ်သမား ဆိုသည်မှာ ကိုယ်နေ့စဉ်လုပ်နေရသည့် အမဲလိုက်၊ သစ်သီးသစ်ဖုရှာဟူသော အလုပ်ထက် ပိုသာနေသည်ဟု တွေးတောစ ပြုလာသည်။ သင်ဘာလုပ်မည်နည်း။ ငါလုပ် ချင်ရင် လုပ်နိုင်ပါတယ်၊ ငါ့မှာ အရည် အချင်းမရှိဘူး၊ ငါ့မှာ ပစ္စည်း ကိရိယာမရှိဘူး စသည်ဖြင့် တစ်ခုခု ပြောမည်လား။ မည်သို့မည်ပုံ လုပ်ကိုင် ရမည်ကိုမူ သိလိမ့်ဦးမည် မဟုတ် သေးပေ။ အနှီလယ်သမားသည် ရရှိသည့် ၀င်ငွေဖြင့် ကလေးများကို ကျောင်းထားနိုင်သည်။ လူတစ်လုံးသူတစ်လုံး ဖြစ်အောင် မွေးမြူနိုင်သည်။ ကိုယ့်မှာ မူ မ၀ရေစာသာစားရသည်။ တဖြည်း ဖြည်းနှင့် လယ်သမားဖြစ်ရေးဆီ ပြင်းပြ စွာ ဦးတည်လာသည်။ သားသမီး၊ မြေးမြစ်များသည်လည်း လယ်သမား ဖြစ်လာတော့သည်။ ဤသည်မှာ ရှေးဦးသမိုင်း အဖြစ်အပျက်များဖြစ်သည်။ နောင်တွင် အမဲလိုက်၊ သစ်သီးသစ်ဖု ရှာသူ ၉၀ ရာခိုင်နှုန်းသည် ထိုအလုပ် ကို စွန့်လွှတ်လိုက်တော့သည်။ မျိုးဆက်များဖြတ်သန်းပြီးသော အခါ စက်မှုထွန်းကားသောခေတ်သို့ ရောက်သည်။ စက်ရုံများတည်ထောင် ကာ အထူးပြုဘာသာရပ်အလိုက် ကျွမ်းကျင်အောင်ပြုလုပ်ပြီး အလုပ် တာဝန်ခွဲဝေလုပ်ကြသည်။ ကုန်ကြမ်းများကို ရယူခြင်း၊ ထိရောက်မှုအရှိဆုံး ပစ္စည်းများဖြစ်လာအောင် ပြန်လည် ပြုလုပ်ခြင်းကို လေ့လာသင်ယူကြသည်။ စက်မှုခေတ်၏ ထုတ်လုပ်နိုင် မှုသည် လယ်သမားထက်သာနေပြန် သည်။ ယင်းသို့ စက်မှုလုပ်ငန်း၏ သာလွန်မှုကိုမြင်လျှင် မည်သို့ဆိုမည်နည်း။ အားကျမည်လား။ စက်မှု ခေတ်တွင် ပါဝင်ရန် ဘာလိုအပ်မည်နည်း။ ပြည့်စုံသောအရည်အချင်းနှင့် ပစ္စည်းကိရိယာလိုပေသည်။.

No comments: