MoeMaKa Radio & Multimedia - မစုဥဏ် - အားမာန္အဴပည့္နဲႚေ: "1"
Tuesday, September 18, 2007
Monday, September 17, 2007
{{{မဂၤလာတရား ၃၈ ပါး}}}
၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ၀ရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။
ဆရာကြီး ဦးသုခ ရဲ့ သုခမှတ်စု စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်ခင်ဗျာ။
Type the rest of your post here. ကို မျက်လုံး ဆိမှ ကူးယူထားပါသည်။
Posted by ZawHtet at 9:21 AM 0 comments
Sunday, September 16, 2007
ဂျပန်မှာဘာကြောင့် ကလေးတွေ စွန့်ပစ်နေကြသလဲ
Posted May 29th, 2007 by MaNawKyiPosted by ZawHtet at 11:32 PM 0 comments
ကြောက်တယ်ဆိုတာ
Posted April 6th, 2007 by naynyonyoရှာဖွေစက်
အင်တာနက် ပေါ်လာတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး အလွယ်တကူ ဆက်သွယ်နိုင်တဲ့ mail, talk, video conference တို့ကို လူသုံးများလာပြီး ကမ္ဘာကြီးဟာ ကျုံ့ လာပါတယ်။ သို့သော် တကယ် အသုံးအများဆုံးက Search Engine ခေါ် ရှာဖွေစက် ဖြစ်ပါတယ်။ ရှာချင်တဲ့ ခေါင်းစဉ်ကို ရိုက်ထည့်ပေးလိုက်ရင် သိချင်သမျှကို ရနိုင်သမျှ အချက်အလက် အားလုံး ရှာဖွေ ပေးနိုင်တာ ဖြစ်လို့ ကိုယ်ရဲ့ မော်ဒယ် အောက်နေတဲ့ ပရင်တာ အတွက် အပို မင်ဗူး ဘယ်မှာ ၀ယ်ရနိုင်တယ် ဆိုတာမျိုးက အစ မုန်တိုင်း ထန်တတ်တဲ့ ဒင်ဗာမြို့ရဲ့ နောက်ဆုံးပေါ် လေယာဉ်ခရီး အခြေအနေ အကြောင်းထိ စူးစမ်းလို့ ရနေပါပြီ။ ဒါကြောင့် ရှာဖွေစက် ဆိုတာကို အားကိုး အားထား တစ်ခုလို့ အင်တာနက်နဲ့ ယဉ်ပါးသူတိုင်း သိနေပါပြီ။ နောက်တစ်မျိုး ကတော့ ခံစားမှုတွေ မျှဝေချင်လာတဲ့ အခါမျိုးမှာ အဖော်ကောင်း တစ်ဦး အဖြစ် အလွန် အသုံးဝင်တာ ဖြစ်ပါတယ်။
ဘာတွေလဲနှင့် အကြောက်Google, Yahoo, MSN အစရှိတဲ့ ရှာဖွေစက်ကြီးတွေ အပေါ်မှာ လူတွေက ဘာကို အရှာများကြသလဲ? နေ့စဉ် အရေအတွက် သန်းနဲ့ချီပြီး ရှာဟယ် ဖွေဟယ် လုပ်နေကြတာကို ပထမဆုံး တစ်သန်းမှာ စာရင်းချုပ် ကြည့်လိုက်တဲ့ အခါ ထိပ်ဆုံးမှာ ရှိနေတာက အွန်လိုင်း ဈေးဝယ်မှု (၁၂%) ဖြစ်ပြီး ဒုတိယ လိုက်တာကတော့ ပညာရေး ကိစ္စ (၉%)၊ တတိယကတော့ သတင်း (၅%) ဖြစ်ပါတယ်။
အဲဒီမှာ ဆန်းဆန်းပြားပြား အဖြစ် တွေ့ရတာကတော့ ရှိတော့ရှိတယ် ရှားတယ်ဆိုတဲ့ အကြောက်တရား အကြောင်း သိချင်မှုပါ။ လူအနည်းစု လောက်ကပဲ စိတ်ဝင်စားတဲ့ ခေါင်းစဉ်မျိုး ဖြစ်နေပါတယ်။
ဘာတွေကြောက်ကြသလဲလူတွေဟာ အများရှေ့ ထွက်စကားပြော ရမှာတို့ ပင့်ကူတို့၊ သရဲတို့ ကြောက်လေ့ ရှိကြတယ်လို့ ယူဆလာခဲ့တာ ကြာပါပြီ။ လူရှေ့ ထစကားပြော ရမှာကို သေရမှာထက် ကြောက်ကြတယ် ဆိုတာ ဟုတ်များ ဟုတ်နေသလား ဆိုပြီး အင်တာနက်က တဆင့် စစ်တမ်း ထုတ်ကြည့်လိုက်တော့ အဲဒီ လူရှေ့ သူရှေ့ စကားပြောရတာကို ကြောက်တာဟာ နံပါတ် (၁၀) အတွင်းတောင် မချိတ်တာ တွေ့ရပါတယ်။
အခု နှစ်ဆန်းပိုင်း မတိုင်ခင်က စပြီး ၁၂ ပတ်တိတိ search engine တွေကို စစ်တမ်း ထုတ်လိုက်တဲ့အခါ လူတွေရဲ့ အကြောက်ကို နံပါတ်စဉ်လိုက် ဒီလို တွေ့ပါတယ်။ (၁) လေယာဉ် စီးရမှာ၊ (၂) လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ရမှာ၊ (၃) အမှောင်၊ (၄) သေခြင်း၊ (၅) ပင့်ကူနဲ့ ပိုးမွှား၊ (၆) ကားမောင်းဖို့၊ (၇) ချစ်ရမှာ၊ (၈) နတ်ဘုရားများ၊ (၉) အောင်မြင်မှု၊ (၁၀) အထီးကျန်မှု။
ဆန်းဆန်းပြားပြား ကြံကြံဖန်ဖန် တွေလည်း ပါပါတယ်။ ခြေထောက်တဲ့။ ပတ်တီးစတဲ့။ မျက်နှာကြက် ပန်ကာတဲ့။ ပျော်ရွှင်မှုနဲ့ ကြုံရမှာတဲ့။ ဆန်းဆန်းကြယ်ကြယ် အဖြစ် နို့်မှုန့်တို့ မြေပဲထောပတ်ယို တို့ စားအပြီး အာခေါင် ကပ်နေတာကို ကြောက်တယ် ဆိုတာတောင် ရှိပါတယ်။
ခွဲကြည့်ရင် ၂ မျိုးသာအကြောက်ကို အုပ်စု ခွဲရင်တော့ နှစ်မျိုးပဲ ရှိပါတယ်။ တစ်ယောက်ထဲ နေရမှာကို ကြောက်တာနဲ့ အများနဲ့ ရောရမှာကို ကြောက်တာပါ။ အထီးကျန် ရမှာကို ကြောက်တာရယ်၊ လူကြားထဲ မ၀င်ဆံ့မှာကို ကြောက်တာရယ်လို့ ရှင်းရှင်း မြင်နိုင်ပါတယ်။
ဒီလို အကြောက်တရား တွေကို အင်တာနက်က ကုစား ပေးပါတယ်။ တစ်ယောက်တည်း ထိုင်ပြီး ကမ္ဘာတလွှားက လူတွေနဲ့ ဆက်သွယ် ရင်ဖွင့်နေရတယ် ဆိုတာ အထီးကျန်မှုလည်းပျောက်၊ တကယ်လည်း ရောနှော နေထိုင်စရာ မလိုဘဲ ကိုယ့်ဒုက္ခတွေ၊ သောကတွေကို ရင်ဖွင့်လို့လည်း ရတော့ ထက်မြက်တဲ့ ခေတ်ပေါ် ကုစားမှုလို့ ပြောနိုင်ပါတယ်။
ခက်ရပုံကအဲဒီမှာ ပြဿနာ တစ်မျိုး ရှိလာပြန်ရော။ တချို့တွေမှာက ကိုယ် ဘာကြောက်တတ်တယ် ဆိုတာ သူများ သိသွားမှာ ကြောက်ပါသတဲ့။ အဲဒါကို ဆေးပညာအရ Phobophobia လို့ ခေါ်ပါတယ်။ fear of fear လို့ အဓိပ္ပာယ် ကောက်နိုင်ပါတယ်။ ဒီရောဂါဟာလည်း အကြောက်တရားထဲမှာ စာရင်းဝင်တဲ့ ရောဂါပါ။ အမှတ်စဉ် ၁၇၃ -ကြောက်နေတဲ့ အစွဲကို သူများသိသွားမှာကို သူများ သိသွားမှာ ကြောက်ခြင်း - တဲ့။
Posted by ZawHtet at 11:31 PM 0 comments
စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့
Posted August 20th, 2007 by MyanmarScholarအဋ္ဌမမြောက်အလေ့အထ - ၁
(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)
ကောင်းမြတ်ကျော်စွာ
နာကျင်ခံခက်မှု (The Pain)
“ငါတော့ အကျပ်ရိုက်နေပြီကွာ၊ လှုပ်လေမြုပ်လေပဲ”
“ကျွန်တော့်ကို ဘယ်သူကမှ အလေးမထား၊ အရေးတယူ မရှိကြ ဘူး၊ အလုပ်ရှင်ကလည်း ကျွန်တော့် အစွမ်းအစကို တစ်စက်မှ မသိဘူး...”
“အဆင်မပြေလိုက်တာ၊ စိတ် ဓာတ်ကျနေပြီ...”
“ဘာမှ ထူးထူးခြားခြား၊ လုပ် မပြနိုင်ဘူး ဖြစ်နေတယ်...”
“ခံစားချက်မဲ့နေတယ်... ဘ၀က အဓိပာယ်မရှိဘူး... ပျောက်ဆုံးနေပြီ...”
“အထီးကျန်ဆန်လိုက်တာ...”
“အချုပ်အချယ်တွေများလို့ ... မွန်းကျပ်နေတာပဲ...”
“အိမ်က မိန်းမကလည်း နား လည်မှုမပေး... ကလေးတွေကလည်း ကိုယ့်စကားနားမထောင်... အိမ်မှာနေ ရတာထက်... အလုပ်မှာ နေရတာက စိတ်ချမ်းသာသေးတယ်...”
စသည်တို့မှာ အလုပ်တွင်၊ အိမ်တွင်၊ ကိုယ့်ပတ်ဝန်းကျင်တွင် ကြားရတတ်သောအသံများ ဖြစ် သည်။ နာကျင်ခံခက်မှုသည် ကိုယ့် ဘာသာ တစ်ကိုယ်ရေ (Personal) ခံစားနေရသော ကိစဖြစ်တတ်ပြီး ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေ တတ်သည်။ ¬ထိုကဲ့သို့ အကြိမ်များစွာ ဖြစ်ဖူးကြပေမည်။ လူဖြစ်ရခြင်း (On Becoming a Person) အမည်ရှိ စာအုပ် တွင် ကားလ်ရော်ဂျာစ် ရေးခဲ့သလိုပင် ကိုယ်ရေးကိုယ်တာ ခံစားချက်အများစု သည် သူသူငါငါ ခံစားနေကြရသည့် အတိုင်းပင် ဖြစ်သည် ဟု ဆိုရပေ မည်။
အချို့က ကိုယ့်အလုပ်တွင် အာရုံစူးစိုက်ထားမှု၊ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု၊ အင်တိုက်အားတိုက် လုပ်မှုရှိကြသည်။ သို့သော် အနည်းစု သာ ဖြစ်သည်။ စတီဗင်ကိုဗေးက ဟောရင်းပြောရင်း ပရိသတ်များကို လက်ရှိ လုပ်ကိုင်နေမှု သို့မဟုတ် လုပ် ခွင့်ပြုထားသည့် အတိုင်းအတာထက် အရည်အသွေး၊ အသိပညာ၊ အစွမ်း အစ၊ ဖန်တီးနိုင်မှုပိုရှိသော ၀န်ထမ်း အင်အားစုများ ၄င်းတို့ အဖွဲ့အစည်း လုပ်ငန်းအတွင်း များစွာရှိနေသည်ကို သဘောတူ၊ မတူ မေးမြန်းသဘော ထားတောင်းခံကြည့်ရာ အများစုကြီး က သဘောတူကြောင်း လက်ထောင် ကြသည်။ ကမာတစ်လွှား နည်း နှင်နှင်ပင် ဖြစ်သည်။ ရာခိုင်နှုန်း လောက်ပင် အရေအတွက်ရှိသော လူ များကလည်း အတိုင်းအတာတစ်ခု အထိသာလုပ်ရန် ကြီးမားစွာ ဖိအား ပေးခံရသည်ဟု ဆိုသည်။ အများစုမှာ သူတို့၏ ပင်ကိုအရည်အသွေးဖြစ် သော ပါရမီ၊ ထက်မြက်ပါးနပ်မှုတို့ကို အသုံးချခွင့်မရမှုနှင့် ကြုံတွေ့နေကြရ သည်။
ဘဏ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ စစ်တပ်၊ နည်းပညာဝန်ဆောင်မှု စသော အဓိက လုပ်ငန်းစုများ (Key Industries) နှင့် စာရင်းစစ်၊ အတွင်းရေးမှူး၊ ကြော်ငြာ လုပ်ငန်း၊ ကွန်ပျူတာကျွမ်းကျင်သူ၊ ပညာရေးစီမံခန့်ခွဲသူ၊ အရောင်းကိုယ် စားလှယ် စသော အဓိကအသုံးချဧရိ ယာများ (Key Functional Area) တွင် အလုပ်လုပ်နေကြသော အမေရိကန် ပြည်ထောင်စုရှိ အလုပ်သမား၂၃၀၀၀ ကို မကြာသေးမီက တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူခဲ့သော စွမ်းဆောင် နိုင်မှုအရည်အချင်းပြညွှန်းကိန်း xQ (Execution Quotient) မေးခွန်းလွှာ ရလဒ်ကို ကောက်နုတ်လေ့လာနိုင် သည်။
အလုပ်သမားဝန်ထမ်းများတွင် …..
- ၃၇ ရာခိုင်နှုန်းကသာ သူတို့လုပ် ကိုင်နေသော အဖွဲ့အစည်းလုပ်ငန်း၏ ကြိုးပမ်းနေသော အောင်မြင်မှု ဘာဖြစ် သနည်းဆိုသည်နှင့် ဘာကြောင့် ထိုသို့ ကြိုးပမ်းသည်ဆိုသည်တို့ကို ရှင်းရှင်း လင်းလင်း သိမြင်နားလည်သည်ဟု ဆိုသည်။
- ငါးဦးတွင် တစ်ဦးကသာ အဖွဲ့ အစည်း၊ လုပ်ငန်း၏ ပန်းတိုင်နှင့် လုပ် ဖော်ကိုင်ဖက် အသင်းအပင်းအပေါ် စိတ်ဝင်စားမှုရှိသည်။
- ငါးဦးတွင် တစ်ဦးက (၁) သူတို့၏ တာဝန်နှင့် (၂) လုပ်ဖော်ကိုင်ဖက် အသင်းအပင်းအဖွဲ့နှင့် အဖွဲ့အစည်း လုပ်ငန်း၏ ရည်မှန်းချက်ပန်းတိုင်နှစ် ရပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင် သည်ဟု ဆိုသည်။
- အလုပ်သမားဦးရေထက်ဝက်ခန့်က သာ သီတင်းပတ်အကုန်တွင် ပြီး မြောက်အောင် လုပ်လိုက်သော သူတို့ ၏ အလုပ်အပေါ် ကျေနပ်မှု ရှိသည်။
- ၁၅ ရာခိုင်နှုန်းကသာ ရည်မှန်းချက် ပန်းတိုင်ကို ဖော်ဆောင်ရေးအတွက် သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အပြည့်အ၀ အထောက်အပံ့ပေးနိုင် သည်ဟု ခံစားမိသည်။
- ၁၅ ရာခိုင်နှုန်းကသာ သူတို့သည် လုံးဝယုံကြည်စိတ်ချရသော ၀န်းကျင် အသိုင်းအ၀ိုင်း အလုပ်လုပ်နေရ သည်ဟု ခံစားမိသည်။
- သစ်လွင်ကောင်းမွန်သော အိုင်ဒီယာများနှင့် ကွဲပြားသော်လည်း အလေးထားလောက်ဖွယ် အမြင်များ အပေါ် လွတ်လပ်စွာ ရှင်သန်ခွင့်ကို သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အားပေးအားမြေงာက် ရှိသည်ဟု ၁၅ ရာခိုင်နှုန်းကသာ ခံစားမိသည်။
- အကောင်းအဆိုး၊ အကျိုးရလဒ် အပေါ် အဖွဲ့အစည်းလုပ်ငန်းက တာဝန်ခံပေးသည်ဟု ၁၀ ရာခိုင်နှုန်း ကသာ ခံစားမိသည်။
- ၂၀ ရာခိုင်နှုန်းကသာ သူတို့အလုပ် လုပ်နေသည့် အဖွဲ့အစည်း၊ လုပ်ငန်း အပေါ် အပြည့်အ၀ယုံကြည်မှု ရှိသည်။
- ၁၃ ရာခိုင်နှုန်းကသာ အခြားသော အဖွဲ့အစည်းအုပ်စုများ သို့မဟုတ် ဌာနများနှင့် ဆက်ဆံလုပ်ဆောင်ရာ တွင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက် မှု၊ လုံးဝယုံကြည်မှု ရှိသည်။
အထက်ပါရလဒ်များကို ဘောလုံးစကားနှင့် ပြောရလျှင် ကစား ကွင်းထဲ ဘောလုံးသမား ၁၁ ဦး အနက် လေးဦးကသာ အသင်း၏ ရည်ရွယ်ချက်ကို သိသလို ဖြစ်နေ မည်။ ၁၁ ဦးအနက် နှစ်ဦးကသာ ဂတစိုက် ရှိမည်။ ၁၁ ဦးအနက် နှစ်ဦး ကသာ သူတို့ကစားနေသည့် အနေ အထားနှင့် သူတို့ ဘာလုပ်ရမည်ကို ရေရေရာရာ သိမည်။ အနှီ ကစားသမား နှစ်ဦးမှအပ ကျန်ကစားဖော်များသည် ပြိုင်ဘက်အသင်းကို ယှဉ်ပြိုင်ရမည့် အစား ကိုယ့်အသင်းသားအချင်းချင်း ပြန်ပြိုင်ဆိုင်သလို ဖြစ်နေပေလိမ့် မည်။
အချက်အလက်များသည် အလေးအနက်ဆင်ခြင်ရမည့်ကိစဖြစ် သည်။ အချက်အလက်များသည် ကမ္ဘာတစ်ဝန်း အမျိုးမျိုးသော အဖွဲ့ အစည်းများရှိ လူများနှင့် ပတ်သက်ํ ကိုယ်တိုင်တွေ့ရသည့်အတွေ့အကြုံများ နှင့် စပ်ဟပ်မိသည်ဟု စတီဖင်ကိုဗေး က ဆိုသည်။ နည်းပညာများ၊ ဆန်း သစ်ပြောင်းလဲနေသော ထုတ်ကုန်များ၊ ကမာနှင့်ချီသော ဈေးကွက်များ ကျွန်ုပ် တို့ ရရှိနေသည့်တိုင် အများစုသော လူ များသည် သူတို့အလုပ်လုပ်ကိုင်ရာ အဖွဲ့အစည်းလုပ်ငန်းများအတွင်း ပျော်ဝင်ရှင်သန်ခြင်း (Thriving) မရှိ ကြပေ။ ကျေနပ်စိတ်ချမ်းသာမှု၊ တက် ကြွမှုမရှိပေ။ မချင့်မရဲ ရှိကြသည်။ သူ တို့သည် ကိုယ့်အဖွဲ့အစည်း၏ ဦးတည်ရာကိုလည်းကောင်း၊ ကိုယ့် အသိုင်းအ၀ိုင်း၏ အမြင့်ဆုံး သာလွန် ကောင်းမွန်ချက်ကိုလည်းကောင်း ဂဃ နဏ မသိကြ။ ရှေ့မတိုးနိုင်ဖြစ်ကာ အာရုံထွေပြားလျက် ရှိသည်။ အားလုံး ထဲတွင် အများစုမှာ သူတို့အဖို့ အပြောင်းအလဲဖြစ်အောင် မလုပ်နိုင်ဟု ခံစားနေရသည်။ ၀န်ထမ်းအင်အားစု ၏ စိတ်ထက်သန်မှု၊ ပါရမီအရည် အသွေး၊ အသိညဏ်ပညာတို့ကို အပြည့်အ၀အသုံးချရန် အခွင့်မသာမှု ကြောင့် တစ်ဦးချင်းအရဖြစ်စေ၊ အဖွဲ့ အစည်းလိုက်ဖြစ်စေ ဆုံးရှုံးနစ်နာရမှုကို ခန့်မှန်းကြည့်နိုင်ပါပြီလား။ အခွန်ပေး ဆောင်ရခြင်း၊ အတိုးငွေပေးရခြင်း၊ လုပ်ခပေးရခြင်း အားလုံးပေါင်းတို့ ထက် အဆများစွာ ပို နစ်နာပါ သည်။
ကောင်းမြတ်ကျော်စွာ myanmar.scholar@gmail.com
The 8th Habit by Stephen Covey
(ဒီဆောင်းပါး တွေက အားလုံး ၆၀ ကျော်ရှိပါတယ်။ ခေတ်မြန်မာ ဂျာနယ်(အခုတော့ ရပ်လိုက်ပြီ)မှာ အပတ်စဉ် ဖော်ပြဖူးပါတယ်။ ၀င်း ကနေ ဇော်ဂျီ ပြောင်းလို့ရအောင် မောင်လှ ဘလော့ဂ် က တဆင့် ယူပါတယ်။ ညွှန်းပေးတဲ့ KKTကို ကျေးဇူးပါ။)
Posted by ZawHtet at 11:30 PM 0 comments
အဋ္ဌမမြောက်အလေ့အထ - ၂
Posted August 21st, 2007 by MyanmarScholarPosted by ZawHtet at 11:29 PM 0 comments
အဋ္ဌမမြောက်အလေ့အထ - ၃
Posted August 22nd, 2007 by MyanmarScholarPosted by ZawHtet at 11:27 PM 0 comments
အဋ္ဌမမြောက်အလေ့အထ - ၅
Posted August 30th, 2007 by MyanmarScholarPosted by ZawHtet at 11:26 PM 0 comments
အဋ္ဌမမြောက်အလေ့အထ - ၆
Posted September 3rd, 2007 by MyanmarScholarPosted by ZawHtet at 11:25 PM 0 comments
အဋ္ဌမမြောက်အလေ့အထ - ၇
Posted September 9th, 2007 by MyanmarScholarPosted by ZawHtet at 11:19 PM 0 comments
အိမ်ပြန်ချင်တယ်
ဝိုင်အိုလဲ့ချိုနှင့် စောရန်နိုင်| ဇွန် ၂၀၊ ၂၀၀၇
“ဒုက္ခသည်စခန်းထဲမှာနေရတာ လှောင်ချိုင့်ထဲက ငှက်လိုပဲ” လို့ ထိုင်းမြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းထဲက လေးမူက ပြောတယ်။ သူက ဒီနေ့ ဇွန်လ ၂၀ ရက်နေ့ မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်ပွဲကို တက်ရောက် လာတဲ့ ဒုက္ခသည် ၂၀၀၀ ထဲက တယောက်ပါ။
စခန်းထဲမှာ ၁၇ နှစ်ကျော်ကြာနေထိုင်ခဲ့ပြီး အခုအခါ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကရင်ဒုက္ခသည်လေး လေးမူက “ကျနော် တက္ကသိုလ်မှာ ပညာသင်ပြီး ဆရာဝန်တယောက် ဖြစ်လာအောင် ကြိုးစားမယ်လို့ တွေးခဲ့ဖူးတယ်၊ ဒါပေမယ့် အခွင့်အရေးက မပေးဘူး”လို့ ပြောပြတယ်။
သူနဲ့ သူ့အဖော်တွေက “We want justice in Burma, We want to go home” လို့ ရေးထားတဲ့ စာတန်းကို ကိုင်ဆောင်လို့။
မြန်မာဒုက္ခသည်တွေ ၇ သိန်း ကျော် ရှိတယ်လို့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်တဲ့ အဖွဲ့တွေ ကဆိုတယ်။ ဒါဟာ အရှေ့တောင်အာရှမှာ အများဆုံး အရေအတွက်ပါပဲ။ ဒုက္ခသည် တ သိန်းခွဲ နီးပါးက ထိုင်း မြန်မာ နယ်စပ် စခန်း တွေ ဆီမှာနေထိုင်ကြပြီး မြန်မာ ဘက်ခြမ်း တောတောင်တွေနဲ့ စစ်အစိုးရ ရဲ့ စုစည်း ကျေးရွာတွေ ထဲမှာ ခိုလှုံ နေကြသူတွေဆို
၁ သန်း လောက်ရှိတယ်လို့တောင် ဆိုကြတယ်။
ထိုင်း မြန်မာ နယ်စပ် အခြေစိုက် ကရင်ကျောင်းသားများ အဖွဲ့ ခေါင်းဆောင် ဖိုးအယ် ရဲ့ အဆိုအရ မျှော်လင့်ချက်မဲ့မှုက ဒုက္ခသည်မျိုးဆက်သစ်တွေကို မူးယစ်ဆေးဝါးသုံးစွဲဖို့ တွန်းပို့နေကြောင်း သိရပါတယ်။ လေးမူဆိုရင် တခါက စိတ်ဓာတ် ကျတာကို ဖြေဖျောက်ရအောင်လို့ မူးယစ်ဆေးဝါးသုံးဖူးတယ်။
အုန်းပြန့် ဒုက္ခသည်စခန်းက စီစီ ကလည်း “စခန်းထဲက စည်းကမ်းတွေက အရမ်းတင်းကျပ်တာပဲ၊ ကျမတို့ကို အပြင်ပေး မထွက်ဘူး၊ အခုကျမ အထက်တန်းကျောင်းအောင်ပြီးပြီ၊ ပညာဆက်သင်ချင်တယ်၊ ဒါပေမယ့် ဘာအခွင့်အလမ်းမှ မတွေ့ပါဘူး၊ အရမ်းစိတ်ညစ်တယ်”လို့ပြောတယ်။
ထိုင်း မြန်မာနယ်စပ် က ဒုက္ခသည်အရေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အဆက်မပြတ်ကြီးထွားလာနေတယ်၊ ဒုက္ခသည် အသစ်တွေလည်း ထပ်တိုးနေဆဲပါပဲ၊ ရှမ်းတိုင်းရင်းသား ဒုက္ခသည်တွေအရေးက ကရင်၊ ကရင်နီ ဒုက္ခသည်တွေထက် ပိုဆိုးတယ်။ ထိုင်းအစိုးရက သူတို့ကို တရားဝင် ဒုက္ခသည်တွေအဖြစ် အသိအမှတ်မပြုဘူး၊ ဒါကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေအဖြစ်နဲ့ ဘ၀ကို ဖြစ်သလို ရင်ဆိုင်ရပ်တည်နေရတယ်။ ရှမ်းတိုင်းရင်းသား ၃ သိန်းလောက် ထိုင်းနိုင်ငံ ထဲမှာ ခိုလှုံနေရတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့အစီရင်ခံစာက ဆိုတယ်။
မြန်မာပြည် အနောက်ခြမ်းက ရိုဟင်ဂျာ ဒုက္ခသည်တွေဆိုရင်လည်း ပင်လယ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံတွေဆီ လာဖို့ ကြိုးစားကြရတယ်။
ဘယ်လိုပဲ ဒုက္ခတွေနဲ့ ရင်ဆိုင်ရ ပါစေ၊ သူတို့ရဲ့ မိခင် နိုင်ငံ ကို တနေ့ ပြန်ရနိုး မျှော်လင့်နေကြဆဲပါ။ “ကျနော်တို့ အိမ် ကျနော်တို့ ပြန်ချင်တယ်၊ လွတ်လပ်မှုတွေအပြည့်ရတဲ့ တနေ့ပေါ့”လို့ လေးမူက ပြောပါတယ်။Posted by ZawHtet at 11:10 PM 0 comments
အတွင်းရန်သူ
ဒေးဗစ်စကော့မသီဆန်
ဗမာ့တပ်မတော်ရဲ့ အစောပိုင်းကာလတွေကို ကြည့်လိုက်မယ်ဆိုရင် လူ့အဖွဲ့အစည်းအပေါ်ထားတဲ့ သူတို့ရဲ့အမြင်၊ တိုးတက်မှု ဆိုတဲ့အပေါ် အမြင်၊ သူတို့ကိုယ်ကို မြင်တဲ့အမြင် စတာတွေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ သဲလွန်စတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
ရန်ကုန်မှာရှိတဲ့ တပ်မတော်ပြတိုက်ကိုသွားရင် မြန်မာ့ကြည်းတပ်ဟာ သူ့ကိုယ်သူ ဘယ်လို ခံယူထားသလဲဆိုတာကို တွေ့ရပြီး အံ့သြရပါလိမ့်မယ်။ ကြည်းတပ်လိုပဲ သွေးထွက်သံယိုမှုတွေ အကြီးအကျယ်ဖန်တီးခဲ့တဲ့ ရေတပ်နဲ့ လေတပ်က လည်း ဒီလိုစရိုက်လက္ခဏာမျိုး ရှိတာပါပဲ။ စစ်ပွဲသရုပ်ဖော် ပန်းချီကားတွေ၊ ဆောက်လုပ်ခဲ့တဲ့ တံတားတွေ၊ လမ်းတွေ၊ ထုတ်လုပ်ခဲ့တဲ့ စစ်လက်နက်တွေသာမက ကာကွယ်ရေးဦးစီးဋ္ဌာန လက်အောက်မှာရှိတဲ့စက်ရုံတွေကနေ ထုတ်လုပ်ပေးခဲ့တဲ့ လူသုံးကုန် ပစ္စည်းတွေပါမကျန် ပြသထားပါတယ်။ ကြီးကြီးသေးသေး လုပ်ဆောင်ချက်မှန်သမျှကို အထင်ကြီးစရာ ကောင်းအောင် ပြထားပါတယ်။
စွန့်လွှတ်အနစ်နာခံခဲ့တာတွေ၊ ရဲစွမ်းသတ္တိရှိမှုတွေ၊ အမျိုးသားရေးဆောင်ရွက်ချက်တွေ၊ တိုက်ပွဲတွေကို ပြတိုက် ခန်းမဆောင်တွေက ပြောပြနေပါတယ်။ တပ်မတော်ပြတိုက်ဟာ ရှေးယခင် သက်ဦးဆံပိုင်ရှင်ဘုရင် ခေတ်ကနေ ဒီနေ့ အာဏာရှင်ခေတ်အထိ ဆက်စပ်ပြသပေးရာမှာ တပ်မတော်ကို တိုင်းပြည်ရဲ့ အင်အားအကြီးဆုံးအဖွဲ့အစည်း ဘာကိုမဆို စွမ်းဆောင်နိုင်တဲ့ အဖွဲ့အစည်းအဖြစ် ဖော်ပြထားပါတယ်။ ဒီနေရာမှာ မေးစရာဖြစ်လာတာက ဒါဖြစ်ရင် ဘာကြောင့် ပြည်သူပြည်သားတွေဟာ ဒီပြခန်းကို စိတ်ဝင်စားမှု မရှိကြတာလဲ။ ဘာကြောင့် လာရောက်ကြည့်ရှုသူ မရှိရတာလဲ။ ပြည်သူတွေအထင်ကြီးအောင်လုပ်ထားတဲ့ ပြတိုက်မှာ အမြဲလိုလို လူရှင်းနေတတ်ပါတယ်။
“ယနေ့တပ်မတော်ဟာ အကြမ်းဖက်တဲ့ နိုင်ငံတည်ဆောက်မှုနည်းဗျူဟာတွေကို ဘာကြောင့် ကျင့်သုံးရတာလဲ ... သူကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တဲ့ ပြည်သူတွေနဲ့ ဘာကြောင့်အလှမ်းကွာဝေးသွားရတာလဲ ဆိုတာကို မေရီကလဟန်ရဲ့ “ ရန်သူများကို ဖန်တီးခြင်း ” ဆိုတဲ့ စာအုပ်က အသေးစိတ်ဖော်ပြထားပါတယ်။
၁၉၅၀ နှစ်များကစတင်ခဲ့တဲ့ “တပ်မတော် အဓိက” ဆိုတဲ့ အယူအဆနဲ့ သီးခြားအလွှာတခုအဖြစ် ကြီးထွားလာမှုတွေကြောင့် လူမဆန်တဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့၊ တိုင်းပြည်အုပ်ချုပ်တဲ့အလုပ်ကို မကျွမ်းကျင်တဲ့၊ တိုင်းပြည်ကို ချွတ်ခြုံကျသွားစေခဲ့တဲ့ ဒီလူတစုဟာ တိုင်းပြည်ကို တသွေး၊ တသံ၊ တမိန့် ဆိုတဲ့ စစ်တပ်ပုံစံနဲ့ အုပ်ချုပ်နိုင်ခဲ့ကြတာဖြစ်တယ်လို့ မေရီကာလဟန်က ရှာဖွေတွေ့ရှိခဲ့တယ်။
သူတို့လိုချင်တဲ့ ဖြစ်စေချင်တဲ့ ပုံစံအတိုင်း တိုင်းပြည်ကို တည်ဆောက်ဖို့ကြိုးစားတဲ့နေရာမှာ စစ်တပ်ဟာ အခြားသူတွေ အားလုံးကို သူတို့အတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့ ရန်သူတွေ အဖြစ်နဲ့ ကြာလေမြင်လာလေ ဖြစ်လာတယ်။
စည်းကမ်းသေ၀ပ်မှု မရှိသေးတဲ့ စံနစ်မကျသေးတဲ့ တပ်မတော်ဆိုတဲ့ အချိန်ကအစ ဆိုးကျိုးတွေကိုသာ ရရှိစေခဲ့တဲ့ ဆိုရှယ်လစ် တံခါးပိတ်ဝါဒအလယ်၊ ၁၉၈၈ အုံကြွမှုကြီးနဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဖိအားတွေအပေးခံရတဲ့ကာလအဆုံး တပ်မတော်ဟာ သူ့စည်းလုံးမှုအတွက် အကြမ်းဖက်တာတွေကို အမြဲလိုလိုသုံးခဲ့ပါတယ်။ အကျိုးဆက်အဖြစ်ရလာတဲ့ ရလဒ်ကတော့ “တပ်မတော်ဟာ တိုင်းပြည့်ရန်သူနဲ့ ပြည်သူပြည်သားကို မခွဲခြားနိုင်သူ ဖြစ်လာခြင်းပဲ ” ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို စစ်တိုက်ခြင်းဖြင့် ဖြေရှင်းတာဟာ ထုံးစံဖြစ်လာပါတော့တယ်။ တပ်မတော်အနေနဲ့ ဒီနည်းအစား အခြားတနည်းကို ရှာဖွေကျင့်သုံးသင့်ပြီလို့ စာရေးသူက အကြံပြုထားပါတယ်။
ကာလဟန်က သူ့စာအုပ်ကို ၁၈၈၅ ခုနှစ် အထက်ဗမာပြည်ကို ဗြိတိသျှတို့က သိမ်းပိုက်ခဲ့တဲ့ အချိန်က စခဲ့ပါတယ်။ အဲဒီ အချိန်ကတည်းကစခဲ့တဲ့ တော်လှန်ပုန်ကန်မှုတွေဟာ နောက်ထပ် ဆယ်စုနှစ် ငါးခုကြာ အောင် ဖြစ်နေခဲ့ပြီး အုပ်ချုပ်သူတွေရဲ့ လျစ်လျူရှုမှုကို အများဆုံးခံရတဲ့ ဒေသတွေဟာ ရာဇ၀တ်မှု အထူပြောဆုံးနဲ့ အဆူပူဆုံးဒေသတွေ ဖြစ်လာခဲ့ပါတယ်။ ၁၉၃၀ ခုနှစ်များမှာ စတင်ပေါက်ဖွါးလာခဲ့တဲ့ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ကြီးထွားလာခဲ့ခြင်းဟာ တပ်မတော်တည်ထောင်သူ တွေကို ပေါ်ပေါက် လာစေခဲ့ပါတယ်။ လက်ဝဲအယူအဆတွေကနေ ခွဲထွက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့ကာလမှာ ဂျပန်နဲ့မဟာမိတ်ဖွဲ့လို့ ဂျပန်ရဲ့ လေ့ကျင့်ပေးမှုကို ခံယူပြီး တပ်မတော်ကို စတင်ဖွဲ့စည်းဖြစ်ခဲ့ကြတယ်။ ဖက်ဆစ်ဂျပန်နဲ့ နှစ်အနည်းငယ်ကြာပူးပေါင်းပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းဟာ အင်အားကြီးထွားလာပြီ ဖြစ်တဲ့ ဗမာ့မျိုးချစ်အဖွဲ့အစည်းကို ဦးဆောင်ပြီး ဗြိတိသျှတို့ဆီကနေ အမြန်ဆုံးလွတ်လပ်ရေးရဖို့ စွမ်းဆောင်ခဲ့ ပါတယ်။
၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက်မှာ တဆက်တည်းဖြစ်ပေါ်လာတဲ့ တိုင်းပြည်ကသောင်းကနင်းဖြစ်မှုကြောင့် တပ်မတော်ဟာ အထွတ်အထိပ်ကို ရောက်လာပါတယ်။ ကရင်လူမျိုးစု နဲ့ ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ လက်ထဲကို ဗမာပြည်ကြီး ကျရောက်သက်ဆင်းတော့မယ့်အဖြစ်ကနေ ဦးနု ရဲ့ “ ရန်ကုန်အစိုးရ ” ကို ကယ်တင်ပေးခဲ့ပါတယ်။ သူပုန်တွေ မြို့ပေါ်က ထွက်သွားအောင် တိုက်ထုတ်ရတာ နှစ်နဲ့ချီပြီး ကြာခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်ဟာ နိုင်ငံရေးခေါင်းဆောင် တွေနဲ့ ပူးပေါင်းပြီး အစိုးရကို အာခံတဲ့ ခါးပိုက်ဆောင် တပ်တွေလည်း ဖြစ်ခဲ့တယ်လို့ ကာလ်လဟန်က ဖော်ပြထားပါတယ်။
ရောင်စုံသူပုန်တွေရဲ့ ပုန်ကန်မှုကြီး စလို့ မကြာခင်မှာပဲ တပ်မတော်ရဲ့ အင်အားတဝက်လောက်ဟာ တောခိုသွားကြပြီး သူပုန်တွေနဲ့ သွားရောက်ပူးပေါင်းခဲ့ကြတယ်။ ကျန်တဲ့တပ်တွေကတော့ နေဝင်းနဲ့ လက်တဆုပ်စာ မျိုးချစ်အရာရှိတချို့ အနားမှာ ကျန်ခဲ့ကြပါတယ်။ နောက်တကြိမ် တပ်မတော်ကို အကဲစမ်း တာကတော့ ၁၉၅၀ ခုနှစ်မှာ မြောက်ပိုင်းရှမ်းပြည် ထဲကို ကျူးကျော်လာတဲ့ တရုတ် ကူမင်တန်တပ်တွေဖြစ်ပါတယ်။ ကူမင်တန်တပ်တွေကို တိုက်ထုတ်ရာမှာ ဗမာ့တပ်မတော် ဟာ အရင်းအနှီးတွေ အများကြီးပေးခဲ့ရပါတယ်။နောက်ပြီး တိုက်ပွဲတွေကလဲ ပြင်းထန်ခဲ့ပါတယ်။ အကျိုးရလဒ်ကတော့ တိုက်ရည်ခိုက်ရည်ပြည့်ဝလာပြီး ခိုင်မာတဲ့ တပ်မတော် ဖြစ်လာခြင်းပါပဲ။
၁၉၅၀ ခုနှစ်များကုန်ခါနီးကာလတွေမှာ တပ်မတော်ဟာ ဗမာပြည်ရဲ့ အရပ်သားအစိုးရစနစ်ကို တိုင်းပြည် အေးချမ်း တည်ငြိမ်မှုအတွက် ရန်သူအဖြစ် စမြင်လာပါတယ်။ တပ်မတော်ကို ခိုင်မာအောင်၊ ပိုပြီးအင်အားကြီး လာအောင်၊ အယူအဆ ရင့်ကျက်လာအောင်၊ နိုင်ငံရေးထဲ ထိုးဖောက်ဝင်ရောက်လာအောင် လုပ်ပေးနေတဲ့ ဖန်တီးမှုတွေကို ကာလဟန်က ကျွမ်းကျွမ်းကျင်ကျင် ဖော်ထုတ်ပြထားတာဟာ ဖတ်လို့ အလွန် စိတ်ဝင်စား စရာကောင်းလှပါတယ်။
စစ်တပ်အတွင်းမှာ ဖြစ်ပွားလာတဲ့ အယူအဆကွဲပြားမှုတွေ၊ ဒေသအာဏာနဲ့ ဗဟိုအာဏာအကြား ပဋိပက္ခဖြစ်မှုတွေ၊ တပ်မတော်ရဲ့လူမှုရေး စီးပွားရေး နိုင်ငံရေးအာဏာများ ကြီးထွားလာမှုတွေကြောင့် ဖြစ်လာတဲ့ တင်းမာမှုတွေဟာ လက်ရှိစစ်အုပ်ချုပ်ရေးအတွက် အရေးပါတဲ့ နောက်ခံအကြောင်းအရာတွေ ဖြစ်ပါတယ်။
ကာလဟန် လေ့လာတွေ့ရှိတဲ့ နောက်လမ်းကြောင်းတခုကတော့ တပ်မတော်အတွင်းမှာ အတွင်းစည်းနဲ့ အပြင်စည်းအကြား တင်းမာမှုတွေ ထပ်ပြန်တလဲလဲ ဖြစ်နေတဲ့ကိစ္စပါ။ ၁၉၅၀ ပြည့်လွန်နှစ်များတုန်းက ရန်ကုန်အခြေစိုက်စစ်အရာရှိတွေနဲ့ ကူမင်တန်တို့ ကွန်မြူနစ်တို့ကို ရင်ဆိုင်တိုက်နေရတဲ့ တပ်မှူးတွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေဟာ ၁၉၅၈ မှာ အစမ်းသဘော အာဏာသိမ်းတဲ့အဖြစ်နဲ့ ၁၉၆၂ မှာတော့ တကယ်အာဏာသိမ်းမှုကို တွန်းပို့ခဲ့ပါတယ်။
၁၉၆၀ ကနေ ၁၉၈၀ ခုနှစ်များအတွင်းမှာ နောက်မျိုးဆက် သစ်တွေဖြစ်တဲ့ ရှေ့တန်းက အရာရှိတွေဟာ ဗိုလ်ချုပ်နေဝင်းရဲ့ မနူးမနပ်ဆိုရှယ်လစ်စံနစ်နောက်ကို လိုက်နေကြတဲ့ ရန်ကုန်က အထက်အရာရှိတွေကို စောင့်ကြည့်နေခဲ့ကြတယ်။ တချိန် တည်းမှာပဲ လူသာများများရှိရင် တပ်မတော်ကို တိုက်နေတဲ့ သူပုန်တွေကို အပြတ်ဖြိုခွဲပစ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်နေ ခဲ့ကြတယ်။ အဲဒီအရာရှိအများစုဟာ ၁၉၈၈ ခုနှစ်မှာ အာဏာရလာတဲ့ သူတွေ ဖြစ်လာပါတယ်။ ၁၉၉၀ ခုနှစ်များအတွင်း မှာတော့ ဆင်တူပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။ အဝေးမှာရှိတဲ့ တပ်မှူးတွေကို ထိန်းချုပ်ဖို့နဲ့ သစ္စာခံမှုကို ပြန်သတိ ပေးဖို့ လိုတဲ့ ပြဿနာတွေပါ။
ကြိုတင်ခန့်မှန်းတဲ့အတိုင်းပါပဲ။ မြို့ပေါ်နဲ့ ရှေ့တန်းက တပ်မတော်အရာရှိတွေကြားမှာ မကျေနပ်ချက်တွေ ဖြစ်ကြပါတယ်။ ဒီလိုပဋိပက္ခတွေဟာ ဗမာပြည်ရဲ့ရှေ့ရေးအကြောင်း ပတ်ပတ်နပ်နပ်ဆွေးနွေးငြင်းခုန် ရာကနေ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ စစ်တိုင်ဒေသ ၁၂ ခုအတွင်း လုပ်ပိုင်ခွင့်အတိုင်းအတာနဲ့ ပတ်သက်ပြီး ငြင်းခုန်ရာကနေ ပေါ်ပေါက်လာ ခြင်းသာ ဖြစ်ပါတယ်။
တဖြေးဖြေး တိုးပွါးသထက်တိုးပွါးလာနေတဲ့ ရာဇဝတ်မှုမကင်းတဲ့ စီးပွါးရေးလုပ်ငန်းတွေကနေ ရလာတဲ့ နေ့ချင်းညချင်း ကြွယ်ဝချမ်းသာလာမှုတွေကို အရာရှိကြီးတွေက အပိုင်စား ရရှိခံစားနေကြရချိန်မှာ ရှေ့တန်းမှာ ရောက်နေကြတဲ့ သူ့ရဲ့ လက်အောက်က အရာရှိငယ်တွေနဲ့ သာမန်အကြပ်တပ်သားတွေမှာတော့ ကျေးလက်တောရွာက ကြက်တွေကို ခိုးယူ စားသောက်နေကြရတယ်။ ကိုယ့်စားဖို့သီးနှံကို ကိုယ့်ဖာသာ စိုက်ပျိုးနေကြရတယ်။ ဘိန်းခင်းတွေကို ကာကွယ်စောင့် ရှောက်ပေးတဲ့နည်းနဲ့ အပိုဝင်ငွေရှာနေကြရပါတယ်။ ပညာအတတ်ဆုံး၊ လုပ်ချင်တာ လုပ်ခွင့်အရဆုံး နဲ့ နိုင်ငံရေးအမြင် အနည်းဆုံးလို့ ပြောရမယ့် စစ်တပ် အရာရှိဆိုသူ တွေဟာ သူတို့လက်အောက်က လူတွေကိုရော ပြည်သူလူထု တရပ်လုံး ကိုပါ အထင်သေး အမြင်သေးနဲ့ ဆက်ဆံနေကြပါတယ်။ ရန်သူစာရင်းတွေက များသထက် များလာနေပါတယ်။ ဒါပေမယ့် သူတို့ပုံကတော့ ပြောင်းမယ့်ပုံမရဘူး။
မေရီ ကာလဟန်ဟာ အနုပညာမြောက်တဲ့စာအုပ်တအုပ်ကို ဖန်တီးလိုက်တာဖြစ်ပါတယ်။ကော်နဲလ် တက္ကသိုလ်က သူရဲ့ နာမည်ကြီး ပါရဂူဘွဲ့ယူစာတမ်းကို ၁၃ နှစ်တာ ထပ်မံ ရှာဖွေစုဆောင်းထားတဲ့ ကွင်းဆင်းလေ့လာချက်တွေ၊ သူရေးသားခဲ့တဲ့ ဆောင်းပါးတွေနဲ့ ရောစပ်အားဖြည့်ထားပါတယ်။
ကာလ်ဟန်ဟာ ၁၉၉၀ခုနှစ်များအစောပိုင်းမှာ သုတေသနလုပ်ခဲ့စဉ်အတွင်း တပ်မတော်မော်ကွန်းတိုက်တွေ၊ အငြိမ်းစား စစ်အရာရှိတွေ၊ တချိန်က “ရန်သူ”ဖြစ်ခဲ့သူတွေ၊ မြန်မာအရပ်သားတွေကို ချဉ်းကပ် လေ့လာခဲ့ပါ တယ်။ ဒီလိုနဲ့ ကာလ်ဟန်ဟာ မြန်မာ့အရေးသုတေသနလုပ်ငန်းအတွက် မြင့်မားတဲ့ စံတခုကို ချခဲ့ပါတယ်။ ရန်သူများကိုဖန်တီးခြင်း စာအုပ်ဟာ မြန်မာအရေးကို စိတ်ဝင်စားသူတိုင်းအတွက် အလွန်အရေးပါတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။ ။ [၏နေရာ မှ ရယူသည်။(၂၀၀၄ ခုနှစ် မေလထုတ် ဧရာဝတီမဂ္ဂဇင်းမှ David Scott Mathieson ၏ The Enemy Within ကို ဆီလျော်အောင် ပြန်ဆိုပါသည်)
Posted by ZawHtet at 11:04 PM 0 comments
CNBC ရုပ်မြင်သံကြားက ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး စာရင်းဝင် Warren Buffett ကို အင်တာဗျုး ခဲ့တာလေးပါ။ Warren Buffett ဟာ Charity အဖွဲ့အစည်းကို ဒေါ်လာ ၃၁၀ မီလီယံ လှူဒါန်းခဲ့ပြီး ဖြစ်တယ်။ သူဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်ချို့ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
၁) သူဟာ အသက် ၁၁ နှစ်မှာ အစုရှယ်ယာ လက်မှတ်ကို ပထမဆုံး ၀ယ်ဖြစ်ခဲ့လည်း အခုချိန်အထိ ၀ယ်တာ နောက်ကျသွားတယ်လို့ နောင်တ ရနေသူဖြစ်တယ်။
၂) အသက် ၁၄နှစ်မှာ သတင်းစာပို့ခဲ့တဲ့ ပိုက်ဆံနဲ့ ခြံမြေတစ်ကွက် ၀ယ်လိုက်တယ်။
၃) ငွေကြေးချမ်းသာပေမဲ့ သူမွေးရပ်ငှာနေ Omaha မြို့မှာပဲ အခန်း ၃ခန်းပါတဲ့ အိမ်မှာပဲ နေခဲ့တယ်။ အဲဒီအိမ်ကို သူအိမ်ထောင်ကျပြီး နှစ်၅၀ပြည့်တဲ့ အချိန်မှာ ၀ယ်ခဲ့တာဖြစ်တယ်။ အဲဒီအိမ်ဟာ သူ့အတွက် အရာရာ ပြည့်စုံတယ်လို့ ပြောခဲ့လည်း အိမ်ဟာ ၀င်းမရှိ၊ စည်းရိုးမရှိတဲ့ အိမ်ဖြစ်တယ်။
၎) ကားကို ကိုယ်တိုင်ပဲ မောင်းတယ်။ ဒါရိုက်ဘာ မထားဘူး။ လုံခြုံရေး မထားဘူး။
၅) သူဟာ ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက ဂျက်လေယာဉ်တွေ ပိုင်ဆိုင်တဲ့ သူဌေးဖြစ်ပေမဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ဘယ်တော့မှ ခရီးမထွက်သူဖြစ်တယ်။
၆) သူ့ကုမ္ပဏီ Berkshire Hathaway ရဲ့ လက်အောက်မှာ ကုမ္ပဏီခွဲ ၆၃ ခုရှိတယ်။ အဲဒီကုမ္ပဏီက အုပ်ချုပ်သူတွေကို တစ်နှစ်မှာ စာတစ်စောင်ပဲ သူပို့ခဲ့တယ်။ ကုမ္ပဏီအတွက် တားကက်တစ်ခုကို သတ်မှတ်ထားပြီး အစည်းအဝေးတွေ၊ ခေါ်ယူဆွေးနွေးပွဲတွေ သူဘယ်တော့မှ မကျင်းပခဲ့ဘူး။ အုပ်ချုပ်သူတွေ လိုက်နာရမဲ့ စည်းကမ်းက နှစ်ချက်ပဲရှိတယ်။
(၁) အစုရှယ်ယာဝင်ထားသူတွေရဲ့ အစုဝင်ငွေတွေ မလျှော့နည်းစေနဲ့။
(၂) နံပါတ်(၁) စည်းကမ်းကို လိုက်နာဖို့ မမေ့ပါနဲ့... ဆိုတာပဲဖြစ်တယ်။
(၇) သူဟာ လူ့အဖွဲ့အစည်းတွေနဲ့ သိပ်ရောနှော မနေတတ်ဘူး။ အလုပ်ပြန်ရင် ပေါက်ပေါက်ဆုပ် စားတယ်။ ရုပ်ရှင်ကြည့်တယ်။
(၈) လွန်ခဲ့တဲ့ ၅နှစ်က ကမ္ဘာ့ ပထမအချမ်းသာဆုံး စာရင်းဝင် ဘီလ်ကိတ်နဲ့ Warren Buffett တို့ ပထမဦးဆုံး တွေ့ဆုံခဲ့ကြတယ်။ Warren Buffett နဲ့ သူဟာ တူညီတဲ့ အချက်တစ်ချက်မှ မရှိဘူးထင်လို့ ဘီလ်ကိတ်က တွေ့ဆုံပွဲကို နာရီဝက်ပဲ အချိန်ကန့်သတ်လိုက်တယ်။ ဒါပေမဲ့ တကယ်တွေ့ကြတဲ့အခါ ၁၀နာရီကြာ ဆွေးနွေး ခဲ့ကြတယ်။ အဲဒီနောက် ဘီလ်ကိတ်ဟာ Warren Buffett ကို ယုံကြည်ကိုးကွယ်ပြီး Charity အတွက် ငွေကြေးတွေ လှူဒါန်းတော့တယ်။
(၉) Warren Buffett မှာ လက်ကိုင်ဖုန်း မရှိဘူး။ သူ့စားပွဲခုံမှာ ကွန်ပြူတာ မရှိဘူး။
လူငယ်တွေကို သူအကြံပေးတာက “Credit Card ရဲ့ ဆွဲဆောင်မှုက ဝေးအောင်ရှောင်ပါ။ ကိုယ့်ကိုယ်ကို အရင်းအနှီးလုပ်ပါ”
A.Money doesn’t create man but it is the man who created money.
ငွေက လူကို မဖန်ဆင်းဘူး။ ဒါပေမဲ့ လူက ငွေကို ဖန်ဆင်းပါတယ်။
B.Live your life as simple as you are.
ကိုယ်နေချင်တဲ့ ဘ၀အတိုင်း ရိုးရိုှးရှင်းရှင်း နေထိုင်ပါ။
C.Don’t do what others say, just listen them, but do what you feel good.
သူတစ်ပါး ပြောတာကို နားထောင်ရုံပဲ နားထောင်ပါ။ လိုက်မလုပ်ပါနဲ့။ ကိုယ်အကောင်းထင်တဲ့ အရာကိုပဲ လုပ်ပါ။
D. Don’t go on brand name; just wear those things in which u feel comfortable.
နာမည်ကြီး တံဆိပ်နောက် မူးယစ်မသွားပါနဲ့။ ကိုယ်နဲ့ သက်တောင့်သက်သာရှိမဲ့ အ၀တ်အစားကိုပဲ ၀တ်ပါ။
E. Don’t waste your money on unnecessary things; just spend on them who really in need rather.
ပိုက်ဆံကို မလိုအပ်တဲ့ နေရာမှာ မဖြုန်းပါနဲ့။ တကယ့်လိုအပ်တဲ့ နေရာမှာသာ သုံးပါ။
F. After all,it’s your life then why give chance to others to rule our life.
ဒါဟာ သင့်ဘ၀ပါ။ ကိုယ့်ဘ၀ကို ဘာဖြစ်လို့ တစ်ခြားလူကို ဦးဆောင်စေမလဲ ?.
မနိင်းနိင်း ထံမှ ယူထားပါသည်။
Posted by ZawHtet at 1:45 PM 0 comments
အချိုးအကွေ့
လမသာသော်လည်း ကြယ်စုံတို့၏အလင်းဖြင့် အေးစက်တိတ်ဆိတ်နေသော ဒီဇင်ဘာလလယ် ညတစ်ည၏ သန်းခေါင် ကာလကို လှပသော အ,ကာလဟု သတ်မှတ်နိုင်ပါသည်။ ည ဆယ့်နှစ်နာရီ သံချောင်းခေါက်သံနှင့် မရှေးမနှောင်းတွင် ကြားလိုက်ရသော ခွေးဟောင်သံများနှင့် ရောထွေးနေသည့် စစ်ဖိနပ်သံများသည် ထိုည၏ အလှကို ဖျက်ဆီးပစ်လိုက်လေသည်။
ထိုစစ်ဖိနပ်သံများကို ကြားကြားခြင်းမှာပဲ ကျမ ဖတ်လက်စ စာအုပ်ကို ချလိုက်သည်။ သူတို့ ဒီည ငါ့ဆီကိုများ ရောက်လာ မလားဟု သံသယတ၀က်နှင့် တွေးခဲ့မိသောအတွေး မှန်ခဲ့ပြီဖြစ်ကြောင်း ကျမသိလိုက်သည်။ သူတို့ ကျမဆီလာနေကြပြီ။ ငါးမိနစ်၊ ဆယ်မိနစ်ဝန်းကျင်ခန့်ကျမဖက်ကအချိန်ရလိုက်ပေမယ့် ကျမထွက်ပြေး ဖို့ မစဉ်းစားမိပါ။ ကျမနံဘေးတွင် အသက်ရှူသံ မှန်မှန်နှင့် အိပ်မောကျနေသည့်အဖွားကို စောင်းငဲ့ကြည့် လိုက်မိသည်။ အိပ်ခန်းထဲမှ အဖေ၏ စည်းချက် ညီသော ဟောက်သံကိုလည်း ကြားနေရသည်။
“အိမ်ရှင်တို့ ... အိမ်ရှင်တို့”
“ဧည့်စာရင်း စစ်မလို့ဗျို့”
“တံခါးဖွင့်ပါဦး”
အိပ်မောကျနေသော လူကြီးများက ရုတ်တရက် မနိုးသည့်မို့ အိမ်တံခါးကို ကျမကိုယ်တိုင် ဖွင့်လိုက်သည်။ ဒုတိယ အဆင့် ခြံတံခါး။
“ကျွိ ...”
ခြံတံခါး၏ ကျပ်နေသော ပတ္တာမြည်သံဆုံးဆုံးခြင်းမှာပဲ သေနတ်ကိုင်စစ်သား ဆယ့်ငါးယောက်တို့ ခြံထဲကို ဝေါခနဲ ပြေးဝင် လာသည်။ ပြီးတော့ ခြံအနှံ့ ထွက်ပေါက်မရှိအောင် နေရာယူကြ၏။ ကျမက မျှော်လင့်ထားပြီး သားမို့ တည်ငြိမ်နေပေမယ့် လူသူသံများကြောင့် အိပ်ရာမှနိုးလာကြသော အဖွားနှင့် မိဘများကတော့ ခြံထဲ မှာ ပြည့်နေသော စစ်သားများနှင့် အရပ်ဝတ် များကို ကြည့်ကာ တုန်လှုပ်ဟန် ပေါ်နေကြသည်။ သူတို့က ကျမ နာမည်ကို မေး၍ မှန်ကန်ကြောင်း အတည်ပြုစေသည်။ သူတို့ ရွတ်ဆိုပြသော နာမည်ပိုင်ရှင်မှာ ကျမဖြစ် ကြောင်း သေချာသွားသောအခါ ဤသို့ပြောလေသည်။
“ကျနော်တို့ ဘာကြောင့် ရောက်လာရသလဲ ... ခင်ဗျား ဘာတွေလုပ်ခဲ့သလဲဆိုတာ ခင်ဗျားသိမှာပါ”
ရုပ်ရည်သန့်ပြန့်သော်လည်း ကြင်နာမှုကင်းမဲ့ဟန် ထင်ရှားသော မျက်လုံးများရှိသည့် အရပ်ဝတ်နှင့်လူက ကျမမျက်နှာကို စေ့စေ့ကြည့်ရင်း ပြော၏။ ကျမက ခေါင်းမငြိမ့်၊ ခေါင်းမခါဘဲ သူ့မျက်လုံးများကို ပြန်၍ စေ့စေ့ကြည့်ကာ သူ့စကားကို ကျမ နားလည်ကြောင်း အဖြေပေးလိုက်သည်။ ခဏတာအချိန် အတွင်းမှာပဲ ကျမတို့ အိမ်တအိမ်လုံးကို အမှိုက်ပုံတခုသဖွယ် ဖြစ်သွားအောင် သူတို့ မွှေနှောက်ရှာဖွေကြသည်။ သူတို့ယူသွားမည်ဟု ရည်ရွယ်ကာ စုံပုံထားသော ပစ္စည်းပုံထဲတွင် ကျမ၏ တန်ဖိုးကြီး ရှားပါးသော စာအုပ်တွေပါသည်။ ပြီးတော့ ကက်ဆက်ခွေများနှင့် ကျမ၏ ဒိုင်ယာရီ။
“ခင်ဗျား ... ကျနော်တို့နဲ့ လိုက်ခဲ့ပါ”
အေးစက်သော မျက်လုံးပိုင်ရှင်၏ စကားသံအဆုံးမှာ အဖွားနှင့် အမေ၏ အာမေဋိတ်သံ။ တောင်းပန်တိုးလျှိုး ၍ အကြောင်း ရင်းကို မေးမြန်းသံများကို ကျောခိုင်းကာ ကျမ အ၀တ်အစား အပိုတစုံ၊ သွားတိုက်ဆေး၊ သွားပွတ်တံနှင့်အနွေးထည် တထည်တို့ကို အိတ်တလုံးထဲ ကောက်ထည့်သည်။ ကျမ ပစ္စည်းအိတ် အဆင် သင့်ပြင်ပြီးသောအခါ သွေးတိုးရှိသော အဖွားက သွေးများတက်ကာ ခေါင်းငိုက်စိုက်ကျနေပြီ။ အဖွားကို စိုးရိမ် တကြီး အော်ခေါ်နေသောအမေ့အသံ၊ အိမ်နီး ချင်းများနိုးလာကာ အဖွားကိုဝိုင်းဝန်းပြုစုဖို့ ပြင်ဆင်သံ၊ဆရာဝန် ခေါ်ဖို့ တိုင်ပင်နေကြသံများကို ချန်ထားခဲ့၍ သေနတ်ကိုင် စစ်သားများ ခေါ်ဆောင်ရာသို့ ကျမလိုက်ခဲ့ရသည်။
ငါးမိနစ်ခန့် လမ်းလျှောက်ရသော လမ်းထိပ်အရောက်မှာ သေနတ်ကိုင်စစ်သားနှစ်ယောက် စောင့်နေသော ရိန်းဂျားကား မည်းမည်းကြီးကို တွေ့ရ၏။ သူတို့က ကျမကို ကားပေါ်တက်ခိုင်းသည်။ ကျမကားပေါ်ရောက်၍ ထိုင်ခုံမှာ ထိုင်မိစမှာပဲ ကျမမျက်လုံးကို အ၀တ်မည်းကြီးနှင့် စည်းနှောင်လိုက်တာ ခံလိုက်ရသည်။ အဆုံးအစ မခန့်မှန်းနိုင်သော အမှောင်ခရီး တခုကို ကျမ စတင်ထွက်ခွာခဲ့ရပြီ။ ထိုခရီးအစမှာကတည်းက မေးခွန်းများ၊ အဖြေများနှင့် ပြည့်နှက်နေခဲ့သည်။
ကားက ပုံမှန်မြေပြင်ထက်မြင့်သော အနေအထားဆီ ဦးမော့မောင်းနှင်နေပြီဖြစ်ကြောင်း ခံစားမှုအရ သိလိုက် သည့်အချိန်မှာ ကျမလည်း ခေါင်းထဲက အမေးအဖြေများကို ခေတ္တရပ်တန့်လိုက်သည်။ ဘယ်အရာတွေကို ထုတ်ဖော်ပြော၍ ဘယ်အရာ တွေကို ထိန်ဝှက်ချန်လှပ်ထားရမည်လဲ ဆိုတာတွေကို ကန့်သတ်ပြီးစပြုပြီ။ မျက်လုံးကို စည်းထားသော်လည်း ရှူရှိုက်နေမိ သောလေ၊ ခံစားနေမိသော အေးစက်ငြိမ်သက်မှု၊ ကြားနေရ သော ညဥ့်လေညင်းနှင့် သစ်ရွက်များ ထိခတ်သံတို့ကြောင့် သစ်ပင်သစ်ရိပ် သိပ်သည်းသော ခြံဝန်းကျယ်တခု သို့မဟုတ် လူနေအိမ်ခြေမထူထပ်သော နေရာတစ်ခုမှာ ကားရပ်လိုက်ပြီး ဆိုတာ သိနေပြန်သည်။ သော့တွေ အထပ်ထပ်ဖွင့် တံခါးတွေ အထပ်ထပ်ဖြတ်ပြီး အခန်းတခုအတွင်းမှာ ကျမကို ထိုင်စေ သည်အထိ မျက်စိပေါ်က အ၀တ်မည်းကြီးကို ဖယ်ရှားမပေးကြပါ။
ကျမထိုင်နေရသော ထိုင်ခုံက ပုံမှန်သစ်သားခွေးခြေခုံဖြစ်သည်။ သို့သော် တွဲလောင်းချထိုင်ထားသော ကျမ ခြေထောက်တွေ ကြမ်းပြင်နှင့် ထိမနေအောင် မြင့်မားသော နောက်မှီမပါသည့် ခွေးခြေခုံရှည်ဖြစ်သည်။ ကားပေါ်မှာ ခံစားခဲ့ရသည့် အေးစိမ့် မှုက အခန်းထဲရောက်သွားတော့ နည်းနည်း သက်သာသွားသလို ထင်ရ သည်။ သို့သော်တခါမှမရောက်ဘူးသောနေရာ တခုရှိ တိတ်ဆိတ်နေသည့်အခန်းတခန်းထဲမှာ ညဥ့်သန်းခေါင် ကျော် လင်းခါနီးအချိန်အခါမျိုးကြီး၌ ကျမတယောက်တည်း ထိုင်နေရသည်ဆိုသည့်အသိက အရိုးထဲထိ စိမ့်လာ စေသည်။
ထိုအခန်းထဲတွင် သူတို့က ကျမကို အ၀တ်မည်းကြီး မျက်လုံးစည်းလျှက်နှင့် တနာရီကျော်ကျော် ကြာအောင် တယောက် တည်းထားခဲ့ကြသည်။ ဘယ်နေရာကမှန်းမသိ၊ ခပ်သဲ့သဲ့လွင့်ပျံ့လာသော နာရီသံချောင်း ခေါက်သံလေးချက်ကို ကြားရပြီး သိပ်မကြာခင်မှာ အခန်းထဲဝင်လာသော ခြေသံနှစ်စုံ သုံးစုံကိုကြားရ၏။ သူတို့ ကျမမျက်နှာပေါ်က အ၀တ်မည်းကို ခွာပေးကြသည်။
စစခြင်းမှာ မျက်လုံးတွေက ပိတ်စည်းခံထားရတာ ကြာခဲ့ပြီ ဖြစ်သဖြင့် ပြာမှိုင်းေ၀၀ါးနေသည်။ မျက်တောင် တဖျပ်ဖျပ်ခပ်ရင်း တစစ ထင်ရှားလာသော မြင်ကွင်းထဲတွင် ကျမရှေ့မှ စားပွဲခုံကို အရင်မြင်ရသည်။ ထိုသစ်သားစားပွဲ၏တဘက် ကျမနှင့် မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်နှစ်လုံးတွင် လူနှစ်ယောက်ထိုင်နေ သည်။ ကျန်တယောက်ကတော့ လက်ပိုက်မတ်တတ် ရပ်လျှက် ကျမကို အသေအချာ စူးစမ်းကြည့်နေ၏။
ထိုင်နေသူနှစ်ယောက်ထဲမှ တယောက်က ကျမကို ခေါ်လာသည့် အေးစက်စက်မျက်လုံးနှင့်သူ။ နောက် တယောက်ကတော့ အသားညိုမည်းသော်လည်း အနည်းငယ်ပြုံးယောင်သန်း၍ ခုနကလူထက်တော့ ပျော့ပြောင်းဟန်ပေါ်သော မျက်လုံးတွေ၊ နှုတ်ခမ်းတွေရှိသည်။ မတ်တပ်ရပ်နေသူ၏ မျက်နှာကတော့ စားပွဲအလယ်လောက်မှာ တွဲလောင်းကျနေသည့် အုပ်ဆောင်း ပါသော မီးလုံးအလင်းရောင်၏ အဆောင်အရိပ်အောက်တွင် ရောက်နေသောကြောင့် သေသေချာချာ မမြင်ရပါ။
အခန်းက ကျမတို့ သက်ရှိလူသား လေးဦးသာရှိသော စားပွဲဝိုင်းနှင့် ယှဉ်လိုက်လျှင် အတော်ကျယ်ဝန်း သည်ဟု ဆိုနိုင်သည်။ အခန်းထဲမှာ မီးချောင်းတွေ ရှိပုံရသော်လည်း လောလောဆယ် ဖွင့်ထားသည့် မီးလုံးမှ အုပ်ဆောင်းအမိုးကြောင့် အခန်း အပေါ်က ခပ်မှောင်မှောင် ဖြစ်နေသည်။ အုပ်ဆောင်းအောက် မီးလုံးမှ နီကျင့်ကျင့် အလင်းရောင်များသည် အခန်းကျယ်ကြီး အနှံ့ မလုံမလောက် ပြန့်ကျဲကျနေလေသည်။
ကျမ၏ ညာဘက် ဆယ်ပေနီးပါးအကွာမှာတော့ မှန်အမည်းရောင်ဖြင့် ကာထားသော နံရံတခုရှိသည်။ နိုင်ငံခြားရုပ်ရှင် ကားတွေထဲမှာ မြင်ဖူးထားသောကြောင့် ထိုမှန်အမည်း၏ နောက်မှနေ၍ လူတချို့ ကျမကို ကြည့်နေခဲ့လိမ့် မည်။ ယခုလည်း ကြည့်နေကြလိမ့်မည်ဟု သိနေသည်။
“ကဲ ...”
မျက်လုံးအေးစက်သူက ကျမနာမည်ကို ပီပီသသနှင့် မာမာထန်ထန် ခေါ်လိုက်သည်။ အခန်းအနှံ့ မျက်လုံး ဝေ့၀ဲ စူးစမ်း နေသော ကျမက အသိစိတ်အားလုံးကို စုစည်း၍ သူ့ကို မျက်လုံးချင်း ဆိုင်လိုက်သည်။ ကျမတို့ နှစ်ဦး မျက်လုံးခြင်းဆုံလိုက် သည်နှင့် မျက်လုံးများကဲ့သို့ပင် အေးစက်သော သူ့နှုတ်ခမ်းက မေးခွန်းများ တရစပ် သွန်ကျလာတော့သည်။
ထိုနေ့ နံနက် အရုဏ်ကျင်းချိန်မှစကာ ကျမ သုံးညနှင့် လေးရက်လုံးလုံး မအိပ်ခဲ့ရပါ။ မေးပြီးသား မေးခွန်းများ ကိုပင် ရှေ့နောက်ပြောင်း၊ စကားလုံးများပြောင်း၍ ထပ်ကာထပ်ကာမေးကြသည်။ ကျမလည်း ထပ်ကာ ထပ်ကာ ဖြေရပါများ တာရော မအိပ်ရတာရောပေါင်း၍ ခေါင်းတွေ မူးနောက် ဝေသီလာသည်။ အထူးသတိ ထား၍ အဖြေတွေကို မလွဲချော် ရအောင် ဖြေနေရင်းကြားမှ တခါတလေ စကားအသုံးအနှုန်း လွဲသွားမိတတ် သည်။
“ပထမတခါ ဖြေတုန်းက အဲ့ဒီလို မဟုတ်ဘူး ...”
“နောက်တခေါက် သေသေချာချာ ထပ်ပြောစမ်း ...”
ထိုအခါမျိုးမှာ ဤသို့သော ဒေါသတကြီး အော်ဟစ် ငေါက်ငမ်းသံများနှင့် အတူ ကျမ၏ ၀မ်းဗိုက်နှင့် ကျောပြင် များပေါ်သို့ သူတို့ခြေထောက်တွေလွင့်ပျံလာတော့သည်။ ထိုခြေထောက်များတွင်စစ်ဖိနပ်ဝတ် ခြေထောက် တွေ လည်းပါ။ ကတ္တီပါ ဖိနပ်ဝတ်ခြေထောက်တွေလည်းပါ၊ ရှူးဖိနပ်ဝတ် ခြေထောက်တွေလည်းပါသည်။
နောက်ပိုင်းရက်တွေမှာ ညပိုင်း၌ ကျမကိုညလုံးပေါက်စစ်မေးခြင်း မပြုကြတော့ပါ။ ဒါပေမယ့် ယောက်ျားလေး များကို ရိုက်နှက်စစ်မေးသဖြင့် အော်ဟစ်ညည်းညူသံတွေကို ကြားနေရသောနေရာမှာ အိပ်စက်စေသည်။ တဖုန်းဖုန်း တဒိုင်းဒိုင်း ရိုက်နှက် ကန်ကြောက်သံများ၊ နာကျင်စွာ အော်ဟစ် ညည်းညူသံများသည် သုံးလေး ည အိပ်ရေး ပျက်ခဲ့ရသဖြင့် မှေးစင်း ငိုက်ကျလာနေသော ကျမ၏မျက်လုံးများကို အိပ်စက်ခြင်းဆီထိ မရောက် စေဘဲ မကြာခဏ ပြူးကျယ်ကာ ထိတ်လန့် စေခဲ့သည်။
သူတို့က နေ့စဉ် ထမင်းတပန်းကန်ပေါ်မှာ ဆီမပါ ပြားမပါ၊ ငါးဟင်းတတုံးပုံ၍ ကြွေးသည်။ အိပ်ရေးပျက် တာရော၊ စိတ်လှုပ်ရှားတာရော၊ ဟင်းက စားချင်စဖွယ်မရှိတာရော ပေါင်း၍ လုံးဝ စားချင်စိတ်မရှိပေမယ့် ကျမ၏ ရှေ့ခရီးက မရေရာသေးတာမို့ ရင်ဆိုင်ခံနိုင်ရည်ရှိစေရန် ကြိုးစား၍ ၀င်သလောက် ကြိတ်မှိတ်စားခဲ့ ရသည်။ တရက်မှာတော့ ကျမ အလွန်ပင်ပန်းနွမ်းနယ်ကာ မူးဝေနေခဲ့သည်။ အကန်အကြောက် ခံထားရ သော ၀မ်းဗိုက်တွေ နောက်ကျောတွေကလည်း တစစ်စစ်နာနေသဖြင့် ထမင်းက မကုန်ပါ။ ထမင်း မကုန် သဖြင့် ထမင်းပန်းကန်ကိုလည်း မဆေးဖြစ်လိုက်ပါ။
နောက်တနေ့ နံနက် ထမင်းလာပို့သောအခါ ညက ကျမမဆေးမိသော ထမင်းပန်းကန်ထဲမှလက်ကျန် ထမင်းတွေကို သွန်ပစ်ပြီး အပေါ်မှရေနှင့် ဝေါခနဲ လောင်းချ ရုံလောင်းချလာခဲ့သော နံစော်ပေကျံနေသည့် ပန်းကန်နှင့် ထမင်းထပ်ထည့် ခဲ့၏။ ထမင်းပန်းကန်ကို မြင်တာ နှင့် ကျမ ဝေါခနဲထိုးအန်တော့သည်။
ခေါင်းတွေက မူးနောက်နေသလို ရင်တွေကျောတွေက အောင့်နေသည်။ တချိန်တည်းမှာပင် ရင်ထဲကလည်း တစစ်စစ် နာကျင်နေသည်။ ကျမတို့၏ ယုံကြည်ချက်တွေ၊ အမှန်တရားအတွက် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရမှုတွေ၊ ကိုယ်ကျိုးစွန့် အနစ်နာ ခံခဲ့ကြသော ကျမတို့၏ ရဲဘော်ရဲဘက်တွေကို နှစ်ပြားမတန်အောင် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခြိမ်းခြောက်သော စကားတွေကို အထပ်ထပ်ကြားရသောကြောင့် ဖြစ်သည်။
“ဘာသံယောဇဉ်နဲ့ အဲ့ဒီလူကို ကာကွယ်ထိမ်ဝှက်ပေးခဲ့ရတာလဲ”
“နိုင်ငံရေး လုပ်ချင်တာလား၊ အဲဒီလူတွေနဲ့ တပူးတွဲတွဲ နေချင်တာလား”
ရဲဘော်ရဲဘက်စိတ်နှင့် ကာကွယ်ထိမ်ဝှက်ပေးမိသူ တစုံတယောက်က ယောက်ျားလေး ဖြစ်နေခဲ့လျှင် အဲ့ဒီလူအကြောင်း ကိုလည်း သူတို့က တနည်းနည်းနှင့် တစွန်းတစသိသွားပြီဆိုလျှင်တော့ ကျမတို့၏ ယုံကြည်ချက်တွေ လုပ်ရပ်တွေကို လူမှုရေးနှင့် ရောထွေးပစ်ကာ သိက္ခာတပြားသားမှ မရှိတော့အောင် ပြောကြတော့သည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အထင်အမြင်လွဲစေသော စကားတွေ၊ ထင်ယောင် ထင်မှား သွေးခွဲစကားတွေကိုလည်း သူတို့ ပါးစပ်မှ မကြားချင်အဆုံး ဖြစ်သည်။
ကျမကို ခေါ်လာပြီး ဆယ်ရက်မြောက် နံနက်ခပ်စောစောမှာ ကျမရှိနေရာအခန်းထဲ သူတို့သုံးလေးယောက် ၀င်လာသည်။
“ပစ္စည်းတွေသိမ်းပါ”
သူတို့မျက်နှာပေါ်မှ အငွေ့အသက်များကိုကြည့်ကာ ထိုစကားက ကျမ၏ လက်ရှိအနေအထားအတွက် အဖြေ မဟုတ်ဘူး ဆိုတာ ခံစားမိသည်။ သို့သော် သူတို့ ငါ့ကို အိမ်များပြန်ပို့ကြတော့မလားဟု မျှော်လင့်တွေး ရိပ်ရိပ် ၀င်ခဲ့မိတာကိုလည်း
ဝန်ခံရမည်ဖြစ်ပါသည်။
အခန်းထဲမှ မထွက်မီ သူတို့ကျမမျက်နှာကို အ၀တ်မည်းကြီးစည်းကြပြန်သည်။ ပြီးတော့ ကျမကို လာခေါ်စဉ်က အသုံးပြု ခဲ့သည့် ကားဟုထင်သော ကားကြီးပေါ် တက်စေ၏။ အသံစုံမြည်နေသော ကားကြီးပေါ်တွင် ကျမ အပါအ၀င် လူလေးငါး ယောက်သာ ပါသည်ဟု ခန့်မှန်းရပါသည်။ ကျမဘေး တဖက်တချက်မှာတော့ သေနတ်ကိုင် စစ်သားနှစ်ယောက် ၀န်းရံ ထားတာ သေချာသည်။
ဆယ်ရက်နီးပါးမျှ ဝေးကွာခဲ့သော လူသံ ကားသံတွေ ကြားမှာဖြတ်သန်းသွားနေရတာမို့ ထိုအသံတွေက ကျမအတွက် ထူးဆန်းသလိုဖြစ်နေသည်။ ထိုအသံများကို အရသာခံ နားထောင်ရင်း ကျမရှေ့ဆက်ရဦးမည့် ခရီးအတွက် ကြိုတွေးစဉ်းစား နေခဲ့မိသည်။ ဘယ်နေရာကို ရောက်ရောက် မကြောက်နဲ့။ ဆက်ပြီးရင်ဆိုင်ကျော်ဖြတ်။ အမှန်တရားအတွက် တိုက်ပွဲဝင်။ ကိုယ့်ကိုကိုယ် အားပေးနေဆဲ လူသံတွေ ဆူညံသောနေရာတခုမှာ ကားရပ်သွားခဲ့သည်။
“ကဲ ... ရောက်ပြီ ... ဆင်းတော့”
ရင်းနှီးနေသော အမိန့်ပေးသံတခုအဆုံးတွင် သူတို့ ကျမမျက်နှာပေါ်မှ အ၀တ်မည်းကြီးကို ခွာချလိုက်သည်။ေ၀၀ါးနေသော မျက်လုံးတွေကို အရင်ဆုံး ကြည်လင်လာအောင် ကြိုးစားရပြန်သည်။ ကြိုးစားနေရင်းပင် ကျမ ရောက်ရှိနေသော နေရာကို စူးစမ်းရ၏။ တစစ ကြည်လင်လာသောအမြင်အာရုံထဲတွင်မြင့်မားသော အုတ်နံရံ ကြီးကို ကျမမြင်လိုက်ရသည်။ သူတို့က ကျမကို ထိုအုတ်နံရံခြေရင်းမှ တံခါးပေါက်တခုဆီ ခေါ်ဆောင်သွား ၏။ ဘာကြောင့်မှန်းမသိပေမယ့် ကျမပြုံးလိုက်မိသည်။
ကျမဘ၀၏ ကာလတခုကို “ထောင်”ဟူသော အ၀န်းအ၀ိုင်းထဲတွင် ဖြတ်သန်းရဦးမည်ဆိုတာ သေချာခဲ့ပြန် ပြီ။Posted by ZawHtet at 12:01 PM 0 comments
တိမ်မြုပ်နေတဲ့ ဘ၀များ သို့မဟုတ် ငရဲ ဒိုင်ယာရီ
ကျမရင်ထဲ နာကျင်စွာခံစားနေရတဲ့ အမှုပေါင်းစုံနဲ့ အကျဉ်းကျအမျိုးသမီးတွေရဲ့ဘဝတွေအကြောင်းကို ပြောပြ ချင်ပါတယ်။ ထောင်ဝါဒါတွေနဲ့သူတို့ရဲ့လက်ကိုင်တုတ် နှစ်ရှည်ရာဇဝတ်အကျဉ်းသား တန်းစီးတွေရဲ့ ရက်စက် စော်ကားမှုတွေဟာ ကျမအတွက်တော့ မှတ်တမ်းဒိုင်ယာရီလို ရင်ထဲစွဲမြဲနေပါတယ်။ ဒါပေမယ့် ငရဲဒိုင်ယာရီပါ။
၁၉၉၁ ခုနှစ် ကျမထောင်ကိုရောက်ခါစ ထောင်ကျအကျဉ်းသူ ၅၀၀ လောက်ပဲ ရှိပါတယ်။ နောက် ပိုင်းမှာတော့ အကျဉ်းသူ ၇,၀၀၀ လောက်အထိ တိုးပွားလာပါတယ်။ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှု၊ လိမ်ညာမှု၊ ဧည့်စာရင်း မတိုင်ကြားမှု၊ လမ်းဘေးဈေးရောင်းမှု၊ မသင်္ကာမှု၊ ပြည့်တန်ဆာမှု၊ အချိန်မတော် လမ်းလျှောက်မှု စတဲ့ အမှုပေါင်းများစွာနဲ့ အမျိုးသမီး အကျဉ်းသူ တွေ တဖွဲဖွဲ ရောက်လာပါတယ်။
ကျမထောင်ကျစမှာ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှုနဲ့ ရောက်လာတဲ့အမျိုးသမီးတွေ တနှစ်ထက်တနှစ်ကို ပိုမို များပြား လာတာ သတိထားမိပါတယ်။ ပြည့်တန်ဆာမှုဟာ အများဆုံးဖြစ်လာတာတွေ့ရပါတယ်။ တချို့ဆိုအသက် မပြည့်သေးတဲ့ ကလေးမလေးတွေကိုပါတွေ့လာရတာ စိတ်မချမ်းမြေ့စရာပါ။ တချို့အမှုတွေနဲ့ကျလာတဲ့အထဲမှာ အသက်အရွယ်ကြီးကြီး အဖွားအရွယ်အမျိုးသမီးကြီးတွေပါ ပါတယ်။ ဘယ်အသက် အရွယ်ပဲဖြစ်ဖြစ် ဘယ်အမှုနဲ့ ဖြစ်ဖြစ် ထောင်ထဲရောက်ရင် တိရစ္ဆာန်လို၊ ကျေးကျွန်လို အခိုင်းအစေခံရပါတယ်။ မာနတွေ၊ သိက္ခာတွေ ရိုက်ချိုး ခံရပါတယ်။
ထောင်ထဲက ကိုယ်ဝန်ဆောင်မိခင်တွေဟာ သိပ်သနားဖို့ကောင်းပါတယ်။ အစားအစာ မဝလင် မလုံလောက်တဲ့ အတွက် အာဟာရချို့တဲ့ပြီး မီးမဖွားနိုင်ဘဲ ကလေးရောမိခင်ပါ သေဆုံးရတာတွေ ရှိပါတယ်။ ကလေးမွေးတဲ့နေရာ မှာလည်း ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆေးမှူးတွေနဲ့မွေးဖွားခွင့်ပေးတာမဟုတ်ပါဘူး။ ရက်တိုသင်တန်းပေးထားတဲ့ နှစ် ကြီးအကျဉ်းသူ တွေနဲ့ မွေးဖွားခိုင်းတာပါ။ ဒီလိုမကျွမ်းကျင်သူတွေနဲ့မွေးဖွားရတာကြောင့် ကလေးတွေ ကိုယ်လက် အင်္ဂါချို့တဲ့တာတွေ၊ ခေါင်းကြီးကိုယ်သေးဖြစ်နေတဲ့ကလေးတွေနဲ့ သေဆုံးမှုတွေ မကြာခဏဖြစ်ရတော့တာပါပဲ။ မီးဖွားတဲ့ မိခင်တွေလည်း ဒီလိုနဲ့ ထိခိုက်သေကြေရတာပါ။
မီးဖွားပြီးမိခင်တွေဟာ အညစ်အကြေးသန့်ရှင်းဖို့ ရေအလုံအလောက် မရကြပါဘူး။ ထောင် ၃ လ အကျ ခံထားရတဲ့ မီးဖွားပြီးခါစ အမျိုးသမီးတယောက်ဟာ သူ့အညစ်အကြေးတွေ သန့်စင်ဖို့ ရေကန်ကရေသွားခပ်တာ အရိုက် အနှက်ခံခဲ့ ရပါတယ်။ သွေးနုသားနုနဲ့ဖြစ်တာမို့ အဲဒီ ဒဏ်နဲ့ပဲ သူမဟာ သေဆုံးသွားခဲ့ရပါတယ်။ သူမ သေဆုံးပြီး နောက်ပိုင်း သူမရဲ့ ကလေးကို နို့တိုက်မယ့်သူမရှိတာကြောင့် သေဆုံးရပြန်ပါတယ်။ ထောင်ထဲမှာ ကလေးတွေ သေဆုံးရင် ရုပ်အလောင်းကို ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး ဝါဒါမတွေက ယူသွားပါတယ်။ ထုံးတမ်းစဉ်လာအရ သင်္ဂြိုဟ် တာမျိုး ရှိမယ်မထင်ပါဘူး။ ဘယ်ယူပြီး ဘာလုပ်သလဲ မသိရဘူး။ ကျီးစားစား လင်းတ ထိုးထိုးဆိုပြီး အမှိုက်ပုံမှာပဲ ပစ်ခဲ့ကြလေသလား။
အမေတွေထောင်ကျတဲ့အခါ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ ထောင်အပြင်မှာ အုပ်ထိန်းစောင့်ရှောက်မယ့် သူမရှိတဲ့ ကလေးတွေဟာ ထောင်ထဲကို အတူပါလာခဲ့ကြပါတယ်။ အဲဒီကလေးတွေရဲ့ ကျန်းမာရေး၊ စားသောက် နေထိုင်ရေးနဲ့ ပညာရေး စတာတွေကို ထောင်အာဏာပိုင်တွေက ဘာမှ တာဝန်ယူတာ မဟုတ်ဘူး။ မိခင်နဲ့ အတူ နေထိုင်ခွင့်ဟာ ကလေးတိုင်းရဲ့မွေးရာပါအခွင့်အရေးပါ။ ကလေးတွေဟာ သူတို့မိခင်တွေနဲ့အတူ အရွယ်နဲ့ မလိုက် အောင် လောကငရဲကို ရင်ဆိုင်နေရပါတယ်။
ရေဆိုရင် လူကြီးဆို ငါးခွက်ချိုးခွင့်ပေးပေမယ့် ကလေးတွေကိုတော့ နှစ်ခွက်ပဲ ချိုးခွင့်ပေးပါတယ်။ ကလေးလူကြီး အားလုံး ရေ ဝဝလင်လင် မချိုးရလို့ ဝဲတွေ၊ ယားနာတွေ စွဲကပ်နေပါတော့တယ်။ ကလေးတွေဟာ ကွန်ကရိ ကြမ်းပြင်မှာ အိပ်ရ ပါတယ်။ အဲဒီလို အပူအအေး မမျှတလို့ ကလေးတွေဟာ ဖျားနာပြီး သေဆုံးရပါတယ်။ တီဘီ လိုကူးစက်ရောဂါတွေဟာ ကိုယ်ခံအား မကောင်းသေးတဲ့၊ နုနယ်တဲ့ ကလေးတွေကို အများဆုံး ကူးစက်ပါတယ်။ ဝါဒါနဲ့တန်းစီးတွေရဲ့ ရိုက်နှက်မှု ကိုလည်း အချိန်နှင့်အမျှခံနေရတာပါ။ ကွန်ကရိကြမ်းပြင်ပေါ်မှာ အိပ်ရတဲ့အတွက် အောက်ပိုင်းချိတာ၊ လေဖြတ်တာ၊ ဦးနှောက်သွေးကြောပြတ်တာတွေဟာ သက်ကြီးရွယ်အို အကျဉ်းသူတွေကို သတ်နေတဲ့ ရောဂါတွေပါပဲ ။
ကျမ မှတ်မိနေပါသေးတယ်။ ၁၉၉၄ ခုနှစ်၊ မတ်လ အလယ်လောက်ကဖြစ်ပါတယ်။ ထောင်ထဲကို လူ့အခွင့်အရေး ကော်မရှင်အဖွဲ့က လာရောက် ကြည့်ရှုစစ်ဆေးတဲ့ နေ့တနေ့မှာကျမတို့ အဆောင်နေအကျဉ်းသူတွေဟာ မနက် (၆)နာရီ ထောင်ဖွင့်ချိန်ကတည်း က နေပြီး မျက်နှာတောင်သစ်ခွင့်မရခဲ့ကြပါဘူး။
ထောင်သန့်ရှင်းရေးအဖွဲ့တဖွဲ့က ထောင်ပတ်ဝန်းကျင်တခုလုံး သန့်ရှင်းရေး လုပ်နေတဲ့ အချိန်မှာ ကျန်တဲ့ကျမတို့ အကျဉ်းသူတွေဟာ အိပ်ရာလိပ်များကို စနစ်တကျသိမ်းဆီးပြီး ပုံစံ စထိုင်နေခဲ့ရပါတယ်။ ဒီလို ပုံစံထိုင်နေခဲ့ရတာ ဟာ မနက်စာ စားသောက်ချိန်အထိကို တန်းမဖြုတ်ပေးခဲ့ပါဘူး။ တန်းစီမဖြုတ်ပေးသလို အလေးအပေါ့ စွန့်ခွင့်လဲ မပေးခဲ့ပါဘူး။ ဘာဖြစ်လို့ အလေးအပေါ့စွန့်ခွင့်မပေးသလဲဆိုရင် ဧည့်သည်များလာရောက်စစ်ဆေးချိန်မှာ မကောင်းတဲ့ အနံ့တွေ ထွက်နေ မှာကို စိုးလို့ပဲဖြစ်တယ်။ ဒီလို ပိတ်ပင်ထားခြင်းဟာ သာမန်ကျန်းမာသူတွေ အတွက် အလွန်အကျွံ ဒုက္ခမရောက်နိုင်ပေမယ့် ကိုယ်ဝန်ဆောင် မိခင်များအတွက် အလွန်အရေးကြီးပါတယ်။
အဲဒီအချိန်မှာ ကျမတို့ရဲ့အဆောင်မှာ ကိုယ်ဝန်ဆောင်မိခင်(၇)ဦး လောက်ဟာ ကိုယ်ဝန် အရင့်အမာရှိနေခဲ့ကြ တယ်။ သူတို့ဟာ အပေါ့စွန့်ခွင့်တောင်း ခံခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီနေ့မှာ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဟာ ကျမတို့ အင်းစိန်ထောင်ထဲ မ၀င်ရောက်လာခဲ့ပါဘူး။ ဒီအတွက်ကြောင့် ညနေ (၃)နာရီခန့်မှာပဲ ပုံစံထိုင် တန်းစီဖြုတ်လိုက်ပြီး မနက်စာ ထမင်းကို ကျွေးပါတော့တယ်။ တထောင်လုံး ပုံစံထိုင်တန်းစီဖြုတ်လိုက်လို့ အပေါ့ အလေးစွန့်သူ စွန့်၊ ထမင်းစားတန်းစီသူ များနဲ့ ရှုပ်နေတဲ့အချိန် မှာပဲ ပြဿနာတခုက ပေါ်လာပါတော့တယ်။
အဲဒီပြဿနာကတော့ အခြားမဟုတ်ဘူး။ တမနက်ခင်းလုံး၊ နေလယ်ပိုင်းတခုလုံး ဆီးအောင့်ထားခဲ့ရတဲ့ ကိုယ်ဝန် ဆောင်မိခင်(၇)ဦးလောက်ထဲက “မမြ၀င်း” ဆိုတဲ့ကိုယ်ဝန်ဆောင်မိခင်ဟာ မွေးခါနီးလပိုင်းအလိုသာရှိပြီး လွတ်ရက်လဲ နီးပြီဖြစ်တယ်။ ပုံစံတန်းစီထိုင်ရပြီး ဆီးအောင့်ထားရလို့ ဆီးအဆိပ်တက်လာပြီး သတိလစ်သွား ပါလေရော။ အဲဒီအချိန်မှာ ထောင်အာဏာပိုင်တွေ ရောက်လာပြီး ထောင်ဆေးရုံတင်လိုက်ပါတယ်။
သူ့ကို ထောင်ဆေးရုံတင်ပြီး သုံးလေးရက်ကြာတော့ ကျမတို့အဆောင်ကို သတင်းဆိုးတခုရောက်လာပါတယ်။ “မမြ၀င်း တယောက် ဆီးဆိပ်တက်ပြီးသေသွားရှာပြီ”တဲ့။ လူ တယောက်အသက်ကဘာမဟုတ်တဲ့ အကြောင်း တိုက်ဆိုင်မှုနဲ့ အချိန်တိုတိုအတွင်းမှာ အကြောင်းမဲ့သေသွား ပါပြီ။ မမြ၀င်းကို ကျမမျက်စိထဲထူးထူးခြားခြား ရင်းနှီး နေတဲ့အတွက် အခုထိမှတ်မိနေတုန်းပါ။ သူ့လိုပဲ ဘာမဟုတ်တဲ့တိုက်ဆိုင်မှုနဲ့ သေသွားရတဲ့အမျိုးသမီး အကျဉ်းသူ တွေဟာ ဒုနဲ့ဒေးပါပဲ။
ထောင်တွင်း လာဘ်ပေးလာဘ်ယူမှုတွေဟာလည်း အင်မတန်ဆိုးဝါးစွာ တွေ့ရှိရပါ တယ်။ ထောင်ဥပဒေ အရ ထောင်ထဲမှာ ငွေမသုံးရပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ထောင်ထဲမှာ ငွေရှိရင်၊ ငွေပါသွားရင် တော်တော် လေး အဆင်ပြေပါတယ်။ ဝါဒါတွေ၊ တန်းစီးတွေကို ငွေပေးနိုင်ရင် သစ်သားကွပ်ပျစ်ပေါ်မှာ အိပ်ခွင့်ရတယ်။ ရေ ဝဝ ချိုးခွင့်ရတယ်။ အရိုက်အနှက် မခံရဘူး။ အလုပ်ကြမ်းမလုပ်ရဘူး အစရှိတဲ့ အခွင့်အရေးများကိုရပါတယ်။ စားချင် တဲ့အစားအစာ ဝယ်စားလို့ ရပါတယ်။
ငွေမပေးနိုင်တဲ့အကျဉ်းသူတွေဟာ ရေချိုးလည်းအရိုက်ခံရ၊ ထမင်းယူတဲ့ အခါလည်း အရိုက်ခံရ၊ အလုပ်ကြမ်း လုပ်တဲ့ အခါလည်း အရိုက်ခံရနဲ့ ဘယ်တော့မှမလွတ်ပါဘူး။ ဒီလိုမျိုးတွေမခံရအောင် အကျဉ်းသူတွေဟာ ထောင် အာဏာပိုင်များကို ငွေပေးရပါတယ်။ ငွေပေးနည်း (၂)နည်း ရှိပါတယ်။
ပထမနည်းကတော့ အိမ်ကထောင်ဝင်စာလာတဲ့အခါ မိသားစုကိုထောင်အာဏာပိုင်တွေရဲ့ အိမ်သွားပြီး ငွေပေး ခိုင်းတာပါ။ ထောင်အခေါ်ရဆိုရင် လိုင်းဝင်တာပေါ့။ ဒုတိယနည်းကတော့ ထောင်ထဲကို နည်းပေါင်းစုံနဲ့ ငွေသွင်း ယူလာတာပါ။
တချို့ဆိုရင် ငွေကို ပလတ်စတစ်နဲ့ ကျစ်ကျစ်ပါအောင်ထုတ် သေးသေးလေးဖြစ်အောင် မီးနှင့်ပိတ်ပြီးတော့ မိန်းမ လိင်အင်္ဂါထဲကို ထည့်ဝှက်ပြီး ယူလာတာပါ။ ဒီလို ယူလာတတ်တာကို သတင်းပေါက်ကြားသွားတဲ့အခါ တရားရုံး ထွက် အမှုရင်ဆိုင်ပြီး ထောင်ကို ပြန်ဝင်လာတဲ့ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါထဲကို လက်နဲ့နှိုက်ပြီး ရှာပါတယ်။ အရှာခံဖို့ ငြင်းတယ်ဆိုရင် အသေအကြေ ရိုက်တော့တာပါပဲ။ အပျိုအအိုမရွေး ဒီလိုပါပဲ။
ဒီလိုနှိုက်တဲ့အခါ ထောင်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် နှစ်ကြီးအကျဉ်းသူတွေဟာ လက်အိတ် အသေအချာ သုံးတာ မဟုတ်ပါဘူး။ တွေ့ကရာ ပလတ်စတစ်အိတ်စွပ်ပြီး ရှာဖွေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတွေ နာကျင်တာ၊ သားအိမ်တွေထိခိုက်တာ၊ ရောဂါကူးစက်တာတွေ ဖြစ်လာပါတယ်။ ဒီအပြုအမူဟာ ကျမတို့မြန်မာ အမျိုးသမီး တွေရဲ့ အရှက်အကြောက်ဂုဏ်သိက္ခာတွေအားလုံးကို ရိုက်ချိုးစော်ကားတာဖြစ်ပါတယ်။
ဧည့်စာရင်းမတိုင်လို့ ထောင်ကျရရှာတဲ့ မိန်းမပျိုလေးတစ်ယောက်ဆိုရင် သူ့လိင်အင်္ဂါထဲကို နှိုက်ရှာမယ်ဆိုတော့ အကြောက် အကန်ငြင်းရှာပါတယ်။ ငိုယိုပြီးတောင်းပန်ပါတယ်။ အတင်းအဓမ္မရိုက်နှက်ပြီးအရှာခံရတယ်။ ငွေ လည်း မတွေ့ပါဘူး။ သူဟာဆိုရင် ရှက်လွန်းလို့ငိုလိုက်တာ နာကျင်မှုလည်း ခံစားရနဲ့။ ကျမတို့ မြန်မာအမျိုးသမီး တွေဟာ အပျိုစင်ဆိုတာကို ဂုဏ်ယူလေ့ရှိပါတယ်။ ဒါပေမယ့် အခုလို အကျဉ်းထောင်ထဲမှာ လက်နှင့် အဓမ္မ အကျင့် ခံရသလို အလုပ်ခံရတာဟာ အင်မတန်မှ ဆိုးရွားပါတယ်။
စစ်အုပ်စုရဲ့ စိတ်ထင်ရာစိုင်းပေါ်လစီတွေကြောင့် ဗမာပြည်ရဲ့စီးပွားရေး ချွတ်ခြုံကျလာပါတယ်။ တဦးချင်း ၀င်ငွေ နည်းပြီး ကုန်ဈေးနှုန်းကကြီးမြင့်လာပါတယ်။ ၀င်ငွေထွက်ငွေ မမျှတတဲ့ဒဏ်ကို ခံကြရပါတယ်။ ယောင်္ကျားတွေရဲ့ ၀င်ငွေဟာ မိသားစုကို ၀လင်အောင် မကျွေး နိုင်တော့တဲ့ အခြေအနေပါ။ ဒီတော့ မိသားစုဝင် မိန်းမသားတွေဟာ ၀င်ငွေရအောင် ရှာရပါ တော့တယ်။ ဒီလိုနဲ့ လမ်းမှားရောက်သွားရတဲ့သူတွေ ပိုမိုများပြားလာပါတယ်။ ထောင်ထဲ မှာ ပြည့်တန်ဆာမှုနဲ့ ၀င်လာတဲ့ အမျိုးသမီးဦးရေ တနှစ်ထက်တနှစ် ပိုမိုများပြားလာပါတယ်။ ပြည့်တန်ဆာမှုနဲ့ ထောင်ကျလာတဲ့ အသက်မပြည့်သူ မိန်းကလေးတွေလည်း အများကြီးပါ။
သူတို့ကို ရဲတွေက အများအားဖြင့် လမ်းမပေါ်တွေ၊ ဇိမ်ခန်းတွေကနေ ဖမ်းဆီး ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ ရဲစခန်းနှင့် အချုပ်ခန်းတွေမှာလည်း ရေမချိုးရပါဘူး။ ရေချိုးရင် ငွေပေးရတယ်။ ရဲကတရားစွဲ၊ တရားရုံးက ထောင် ချ လိုက်တဲ့အခါ သူတို့ ညစ်ပတ်နေကြပြီ။ ထောင်ထဲမှာလည်း ရေ၀အောင်မချိုးရပါဘူး။ ရေချိုးပြီးရင်လဲစရာ အ၀တ် မရှိကြပါဘူး။ ဒါကြောင့် ခါးဝတ်ထဘီကိုပဲ ရင်ရှားပြီး ရေချိုးရပါတယ်။
ပြည့်တန်ဆာပင်ဖြစ်သော်လည်း မြန်မာမိန်းကလေးတွေဖြစ်တဲ့အတွက် အရှက်တရားရှိပါတယ်။ ဒါကြောင့် ထဘီ ရင်ရှား ရေချိုး ပြီးရင် လဲစရာထဘီမရှိလို့ နေပူထဲမှာမတ်တတ်ရပ် ထဘီအခြောက်ခံရပါတယ်။ မိုးရွာရင်တော့ ရေစို နဲ့ပဲနေရပါတယ်။ ထောင်ကပေးတဲ့ ဆပ်ပြာက အညံ့စား၊ ရေနဲ့ထိရင် ပျော်သွားရော၊ တပတ်မှာ တတုံးပဲ ရတာ။
အ၀တ်တွေလျှော်ဖို့လည်း ရေမရှိဘူး။ ဒါကြောင့် အမျိုးသမီးတွေရဲ့ကိုယ်အနံ့ဟာ ဆိုးဆိုးရွားရွား ထွက်ပေါ်နေ ပါတယ်။ မိန်းမဆောင်တခုလုံး အနံ့ဆိုးကြီးတွေ လွှမ်းမိုးနေပါတယ်။ သူတို့ကိုယ်ပေါ်မှာ ၀ဲတွေ၊ ယားနာတွေနဲ့ မိန်းမသဘာဝ ဓမ္မတာ လာချိန်မှာသုံးတဲ့ အသုံး အဆောင်တွေ မထောက်ပံ့တဲ့အတွက် မိန်းမဆောင်ရဲ့ အနံ့ဆိုး တွေ၊ ညစ်ပတ်မှုတွေဟာ အော်ဂလီဆန်ချင်စရာပါပဲ။
ပြည့်တန်ဆာအမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုကနေကူးစက်တဲ့ရောဂါတွေ အများဆုံး ကူးစက်ခံရပါတယ်။ အထူး သဖြင့် ပေါ်လွင်လှတဲ့ ဆစ်ဖလစ်၊ ဂနိုနဲ့ ရှန်ကာ ရောဂါတွေဟာ မိန်းမအင်္ဂါမှာဖြစ်ပွားနေပါတယ်။ ဆေးကုသမှု လုံလောက်စွာမရလို့ ပိုဆိုးလာပြီး ဆိုးဝါးတဲ့ အနံ့တွေနဲ့ နေရပါတယ်။ ထောင်ထဲက လိင်အင်္ဂါမှာဖြစ်တဲ့ ကူးစက် ရောဂါတွေအတွက် ဆေးမြီးတို ကတော့ ပရုပ်လုံးပါပဲ။ ပရုပ်လုံးကိုကြိတ်ပြီး လိင်အင်္ဂါထဲကိုထည့်လိုက်ရင် လတ်တလောတော့ အနာပျောက်သွားတာပေါ့။ ရောဂါတော့မပျောက်ဘူး။
ရယ်စရာကောင်းတာက တပတ်တခါ အကျဉ်းထောင်တခုလုံးကို ထောင်ပိုင်တွေ၊ ညွှန်မှူးတွေ လိုက်လံ စစ်ဆေး ကြည့်ရှု ရတယ်။ ဒီလိုကြည့်ရှုစစ်ဆေးတဲ့အခါ ကျမတို့မိန်းမဆောင်ဟာ အနံ့ဆိုးကြီးတွေပြင်းထန်လွန်းလို့ အဆောင် တွေထဲကို
မ၀င်ဘဲ အဆောင်ဝကနေ ကြည့်ပြီး လှည့်ပြန်သွားလေ့ရှိုပါတယ်။
ထောင်ထဲမှာ နှိပ်စက်တာကတော့ တီဘီရောဂါပါပဲ။ HIV/AIDS တို့တောင် သွေးစစ် မကြည့်လို့ ဘယ်လောက် တောင်ရှိ မယ်ဆိုတာ မသိရပါဘူး။ ၁၉၉၄ ခုနှစ်ကစပြီးတော့ HIV ရောဂါ ပိုးရှိနေတဲ့ ပြည့်တန်ဆာတွေကို ရဲဘက် စခန်းတွေပို့ပြီး အလုပ်ကြမ်းတွေ ခိုင်းစေပါတယ်။ ငွေ မပေးနိုင်သူတွေကိုလည်း ရဲဘက်စခန်းပို့တာတွေရှိပါတယ်။ အကျဉ်းထောင် ဥပဒေအရ ရောဂါရှိ သူတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကို ရဲဘက်စခန်းပို့ အလုပ်ကြမ်း ခိုင်းတာ မရှိရပါဘူး။
ဒါပေမယ့် ဥပဒေမဲ့စွာ ထောင်အာဏာတွေကကျူးလွန်နေကြတာပါ။ ရဲဘက်စခန်းတွေမှာ ထောင်အာဏာပိုင်တွေ က လုပ်သင့်တာထက်ပိုခိုင်းပြီး သူတို့အတွက်အပိုဝင်ငွေရှာပါတယ်။ အကျဉ်းသူတွေကို ကျွေးရမယ့်ရိက္ခာတွေကို ခိုးထုတ်ပြီး အကျဉ်းသူတွေကို မ၀ရေစာပဲကျွေးပါတယ်။ ပူပြင်းတဲ့ရာသီမှာကျောက်ထုခိုင်း၊ အလုပ်ကြမ်းလုပ်ခိုင်း ပြီး ရေနှစ်ခွက်ပဲ ချိုးရတာကြောင့် အကျဉ်းသူတွေဟာ အရေပြားမှာဝဲတွေ၊ ယားနာတွေ စွဲကပ်ပြီး လူလုံးမလှတဲ့ ဘ၀နဲ့ ခွေးသေ၊ ဝက်သေ သေရတဲ့ဘ၀တွေပါ။
ကျမတို့အကျဉ်းသူတွေဟာ နိုင်ငံရေးအမှုနဲ့ဖြစ်စေ၊ အခြားရာဇ၀တ်မှုနဲ့ဖြစ်စေ၊ အပြစ်ရှိလို့ထောင်ချတာဖြစ်စေ၊ အပြစ်မဲ့ မတရားဖမ်းဆီးခံရတာဖြစ်စေ ကျမတို့အားလုံးဟာ လူသားတွေပဲဖြစ်ပါတယ်။ လူပီသစွာ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာ ဘ၀လုံခြုံမှုတွေကို တောင့်တ လိုချင်ကြတာချည်းဖြစ်ပါတယ်။
“လူတစ်ယောက်ထောင်ကျတယ်ဆိုတာ လူအဖြစ်ရပ်တည်ခွင့် အခွင့်အရေးနဲ့ ဘ၀တွေ အကြွင်းမဲ့ ပျက်သုဉ်း စေဖို့မှ မဟုတ်ဘဲ။ သူ့ရဲ့ ပြစ်မှုပြစ်ဒဏ်အတွက် သူ့ရဲ့ လွတ်လပ်မှုတချို့ကို ခေတ္တ ထိန်းသိမ်းပေးလိုက်တာပါ။ သူ့ရဲ့ မွေးရာပါ အခွင့်အရေးကို ဖျက်ဆီးစော်ကားခံရဖို့ မဟုတ်ပါဘူး”ဒီစာကို select ပေပြီးရေးပါ...ဧရာဝတိတိုင်မှ ကူးယူထားချင်းဖြင့်ပါသည်။
Posted by ZawHtet at 11:45 AM 0 comments
ဧရာဝတိတိုင်မှ ကူးယူထားချင်းဖြင့်ပါသည်။
လွန်ခဲ့သောအပတ်က (နအဖ) စစ်အစိုးရက လောင်စာဆီဈေးနှုန်းများ တိုးမြှင့်ခဲ့ရာ လူအများက အလန့်တကြားဖြစ်ကြရ၊ အံ့သြ စိတ်ပျက်ခဲ့ကြရသည်။ မည်သို့မည်ပုံ ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ပြုခဲ့ရသနည်းဟူ၍လည်း လူအများက မေးခွန်း ထုတ်ခဲ့ကြသည်။
မြန်မာနိုင်ငံကဲ့သို့သော ရေနံနှင့် သဘာဝဓာတ်ငွေ့လောင်စာများ ကြွယ်ဝလှသည့်နိုင်ငံတွင် ပြည်သူလူထုအတွက် ဘာ့ကြောင့် လောင်စာဆီဤမျှ ရှားပါးနေရသနည်း။ ဈေးချိုချိုနှင့် သုံးစွဲနိုင်စေရန် မထောက်ပံ့ပေးနိုင်ရသနည်းဟူ၍လည်း မေးခွန်းများ ဖြစ်လာရသည်။ ထို့အပြင် အစိုးရက သဘာဝဓာတ်ငွေ့ ရောင်းရငွေများဖြင့် အကျိုးအမြတ် များစွာရရှိနေသော ကာလတွင် ဘယ့်အတွက်ကြောင့် လောင်စာဆီဈေးနှုန်းများကို အဆမတန်မြှင့်တင်ခဲ့ရပါသနည်း။ စသဖြင့်လည်း မေးစရာ တပုံတပင် ရှိလာခဲ့ပါသည်။
လေ့လာသုံးသပ်သူများက ဤမေးခွန်းများအတွက် ဖြေရှင်းချက်အမျိုးမျိုး ထုတ်ပေးနိုင်ရန် ကြိုးစားခဲ့ကြသည်။ တချို့က စစ်အစိုးရ၏ လွဲမှားသော စီးပွားရေးစီမံခန့်ခွဲပုံကို အဓိက အပြစ်ဖို့ခဲ့ကြပြီး တချို့က ဤသို့လောင်စာဆီဈေးနှုန်းများ တိုးမြှင့်ရခြင်းမှာ နိုင်ငံခြားငွေအကျပ်အတည်းနှင့် ဘဏ္ဍာရေးပြဿနာ ကြီးထွားလာသောကြောင့်ဟု ထောက်ပြခဲ့ကြသည်။
တချို့သူများက စစ်အစိုးရ၏ နိုင်ငံရေး အကွက်ဆင်မှုကိုပါ ထည့်သွင်းစဉ်းစားရန်နှင့် လျှော့မတွက်မိစေရန်ပင် သတိပေး ခဲ့ကြပါသေးသည်။ ဤသို့ ဈေးနှုန်းများရုတ်ချည်း တိုးမြှင့်လိုက်မှုကြောင့် လူအများလမ်းပေါ်ထွက် ဆန္ဒပြပွဲများ ဖြစ်လာမည်။ သို့ဖြစ်လျှင် နိုင်ငံရေးအရ နောက်ထပ် နှိပ်ကွပ်မှုများဖြစ်လာနိုင်ပြီး မငြိမ်မသက်မှုများကို အကြောင်းပြ၍ အမျိုးသား ညီလာခံကို အချိန်ဆွဲထားနိုင်သည်။ နောက်ဆုံး ကုလသမဂ္ဂ အထူးသံ မစ္စတာဂန်ဘာရီ ရောက်လာတော့မည့် ခရီးစဉ်ကိုပင် အချိန်ရွှေ့ဆိုင်းနိုင်သည်ဟု တွက်ဆပြကြပါသည်။
ဤအချက်များ အားလုံး မှန်နိုင်ဖွယ် ရှိပါသည်။ သို့သော်လည်း ဤသို့လောင်စာဆီဈေးနှုန်းများ တိုးမြှင့်လိုက်မှု နောက်ကွယ်ရှိ ဖိအား အကြောင်းအချက်များကို အပြည့်အစုံ သဘောပေါက်နားလည်ရန် ဆိုလျှင်ဖြင့် မြန်မာနိုင်ငံစီးပွားရေး စနစ်၏ ဖွဲ့စည်းထားပုံ သဘောသဘာဝနှင့် ရေနံ သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍများအကြောင်းကို လေးလေး နက်နက်ထည့်သွင်း စဉ်းစားမှသာ တန်ပေလိမ့်မည်။
စ၍ ဆွေးနွေးရလျှင် အရေးကြီးသောအချက်မှာ မြန်မာနိုင်ငံသည် ဒီဇယ်လောင်စာဖြင့် မောင်းနှင်နေသော စီးပွားရေးစနစ် ဖြစ်ပါသည်။ ဤအချက်ကို နိုင်ငံတလွှား သွားလာနေကြသော ဘတ်စ်ကားများ၊ ရထားများ၊ ကုန်တင်ထရပ်ကားများ ကိုကြည့်၍ သိသာနိုင်ပါသည်။ တခါတရံတွင် လျှပ်စစ်ပေးနိုင်ရန်အတွက် လည်ပတ်နေသော တချို့ ဟောင်းအိုနေသည့် ဓာတ်အားပေးစက်များကပင် ဒီဇယ်ကို သုံးနေကြရပါသည်။ ထို့အပြင် တတ်နိုင်သည့် အိမ်တိုင်း၊ စက်ရုံတိုင်း၊ ဈေးဆိုင်တိုင်း၊ နေရာအနှံ့အပြား၌ လျှပ်စစ်ဓာတ်အားအတွက် သုံးနေကြသော လက်ဆွဲမီးစက်ငယ်များတွင်လည်း ဤအချက်ကို တွေ့မြင် နေကြရပါသည်။
ယခုကာလအထိဆိုလျှင် ကြာမြင့်စွာကပင် အစိုးရက ငွေပံ့ပိုးဖြည့်ဆီးထားမှုကြောင့် မြန်မာနိုင်ငံရှိ ဒီဇယ်ဈေးနှုန်းမှာ ပြင်ပ ပေါက်ဈေးနှင့်ယှဉ်လျှင် ဈေးချို၍ ရရှိနေခဲ့ပါသည်။ စီးပွားရေးကြီးထွားလာသည်နှင့်အမျှ ဒီဇယ်ဆီလောင်စာ လိုအပ်မှုက ပို၍ တိုးမြင့်လာရန်အကြောင်းရှိပြီး ဤဒီဇယ်ဆီဈေးတွင် အစိုးရက ပေါင်းထည့် ပံ့ပိုးပေးနေရသော ငွေပမာဏကလည်း များလာဖွယ် အကြောင်းရှိနေပါသည်။ ဤအချက်ကြောင့် အစိုးရအစဉ်အမြဲကြုံနေရသော ဘဏ္ဍာရေး လိုငွေပြမှုကို တိုး၍ ဖိစီးဖွယ် အကြောင်းများ ဖြစ်လာစေပါသည်။
ဒီဇယ်ဆီ ပိုမိုထောက်ပံ့နိုင်ရန်အတွက် စစ်အစိုးရက ပြည်တွင်းရေနံလုပ်ငန်းများမှ ရေနံစိမ်းအထွက်တိုးမြင့်လာစေရန် လွန်ခဲ့သော မကြာသေးမီနှစ်များအတွင်းက အားထုတ်နေခဲ့ပါသည်။ သို့သော်လည်း အရာမထင်လှပါ။ အကြောင်းမှာ မြန်မာနိုင်ငံ ကုန်းတွင်းရှိ ရေနံတွင်းများမှာ အထွက်ကျဆင်းနေခဲ့ပြီး (ဤအချက်ကို ရေနံအများဆုံးထုတ်ယူပြီးလျှင် ဖြစ်သည့် လက္ခဏာ ("peak oil" phenomenon) ဟု ခေါ်ကြပါသည်) ကမ်းလွန်ရေနံတွင်းများမှာလည်း ရှိလျှင်သော်မှ အနည်းငယ်သာ ရှိပါသည်။
တချို့က အကြံပြုကြသောအချက်မှာ အကယ်၍ ပြည်တွင်းတွင်ရေနံစိမ်းများ တိုးမြှင့်ထုတ်လုပ် နိုင်လျှင်သော်မှ တခြား ပိတ်ဆို့နေသော ပြဿနာတခုမှာ မြန်မာနိုင်ငံရှိ ရေနံသန့်စင်စက်ရုံများ၏ စွမ်းဆောင်နိုင်ရည် ပြဿနာပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အိုဟောင်းနေပြီဖြစ်သော ရေနံသန့်စင်စက်ရုံများက တောင်းဆိုမှုရှိသလောက် ရေနံစိမ်းများကို ချက်ပေး နိုင်ဖွယ် အကြောင်းမရှိကြတော့ပါ။ ထို့အပြင် ဤရေနံသန့်စင်စက်ရုံများသည် အခြားနေရာများမှ တင်သွင်းလာသော အတိုင်းအဆမတူသည့် ဆာလဖာ (ကန့်) ဓာတ်များပါဝင်နေသည့် ရေနံစိမ်းများကို ချက်လုပ်နိုင်စွမ်းလည်း မရှိပါ။ သို့ဖြစ်ရာ ပြည်တွင်းလိုအပ်ချက်အတွက် ရေနံစိမ်းများ ၀ယ်ယူတင်သွင်းရေး နည်းလမ်းကိုလည်း ပယ်ရုံသာ ရှိပါတော့သည်။
တခုတည်းသောအဖြေမှာ ဒီဇယ်ဆီကို တိုက်ရိုက် ၀ယ်ယူတင်သွင်းရုံသာ ရှိပါတော့သည်။ ဤသို့ဝယ်ယူတင်သွင်းမှုကို ပြင်ပဈေးကွက်ပေါက်ဈေးဖြင့် ဆောင်ရွက်ရပြီး၊ အလွန်ငွေကုန်ကြေးကျ များလှသော ဖြေရှင်းမှုလည်း ဖြစ်ပါသည်။ သို့သော် အငြင်းမစောလိုက်စေလိုပါ။ မြန်မာနိုင်ငံမှထွက်သည့် သဘာဝဓာတ်ငွေ့ရောင်းရငွေသည် ဤကုန်ကျစရိတ်များ အတွက် လုံလောက်ဖူလုံဖွယ် အကြောင်း ရှိနေပါသေးသည်။
သဘာဝဓာတ်ငွေ့ရောင်းရငွေအားဖြင့် ဒီဇယ်ဆီပြန်ဝယ်ယူတင်ပို့ရမှု ကုန်ကျစရိတ်များကို ဖြည့်ဆီးနိုင်ဖွယ်ရှိသည်မှာ အမှန် ပင် ဖြစ်ပါသည်။ သို့သော်လည်း အစဉ်သဖြင့် မြင့်တက်နေသောဈေးနှုန်းများနှင့် အမီလိုက်ရန် လုံလောက်မှုရှိ မရှိဆိုသည် မှာ နောက်ပိုင်း မေးခွန်းထုတ်ဖွယ်ကိစ္စ ဖြစ်ပါသည်။
ပထမအချက်မှာ သဘာဝဓာတ်ငွေ့ရောင်းချရေးအတွက် သဘောတူညီ ချက်စာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်မှာ အချိန်အတိုင်းအတာတခုအထိ ကြာခဲ့ပြီဖြစ်ပြီး ယနေ့ကာလ ပေါက်ဈေးထက် လျှော့နည်းနေသောနှုန်းဖြင့် တုတ်နှောင် နေမိ၍လည်း ဖြစ်နိုင်ဖွယ် ရှိပါသည်။ ဤသို့ဆိုလျှင် လျော့နည်းရနေသော သဘာဝဓာတ်ငွေ့ရောင်းရငွေဖြင့် အစဉ်တိုးတက် နေမည့် ဒီဇယ်ဆီလုံလောက်စွာဝယ်သွင်းရန် လောက်ငှနိုင်ဖွယ် မရှိပါ။
ဒုတိယအချက်မှာ ဤသို့ ရောင်းချမှုများမှလည်း ဘဏ္ဍာငွေများ ၀င်လာမည်ဟု ပုံမှန်အားဖြင့် ယူဆထားကြသည့်အတိုင်း ဖြစ်မလာတတ်ပါ။ ဥပမာအားဖြင့် တချို့သတင်းဌာနများအဆိုအရ စစ်အစိုးရက ပီထရိုနတ်စ် (Petronas) ကုမ္ပဏီနှင့် သဘောတူညီချက်များ ပြုစဉ်က ဓာတ်ငွေ့ရောင်းရငွေ၏ တစိတ်တပိုင်းကို ပစ္စည်းချင်းဖလှယ်သည့် ဘာဒါစနစ်ဖြင့် မလေးရှားကုမ္ပဏီထံမှ ဒီဇယ် ပြန်သွင်းရန် ကြိုတင်သဘောတူထားခဲ့ကြပါသည်။ ဤအတွက် မည်သည့်ငွေကြေးမျှ ဖလှယ်စရာ၊ ရရှိစရာ အကြောင်းမရှိ ပါ။
တတိယအချက်မှာ သဘာဝဓာတ်ငွေ့ရောင်းချမှုမှ ဘဏ္ဍာငွေရလာဖွယ်ရှိသော်လည်း မှတ်သားဖွယ်အချက်မှာ သဘာဝ ဓာတ်ငွေ့မှ ထုတ်ကုန်များကို ပြန်လည်သန့်စင်ရသည့် ကုန်ကျစရိတ်များကြောင့် ဒီဇယ်ဆီဝယ်နိုင်သည့် ငွေပမာဏလည်း လျော့ကျသွားဖွယ် ရှိနေပါသည်။ မြန်မာနိုင်ငံက အိမ်နီးချင်းနိုင်ငံများသို့ သဘာဝဓာတ်ငွေ့ကုန်ကြမ်းများ ထုတ်ရောင်းချ နေသော်လည်း ပြည်တွင်းတွင် ဤသဘာဝဓာတ်ငွေ့များကို ပြန်လည်သန့်စင်နိုင်စွမ်းမရှိသောကြောင့် သန့်စင်ပြီးဓာတ်ငွေ့ ထုတ်ကုန် ကုန်ချောကို ဈေးကြီးပေးကာ ၀ယ်သုံးနေရသည်မှာ ရင်နာဖွယ် ဖြစ်ပါသည်။
ယနေ့ မိမိတို့ကြုံနေကြရသော အခြေအနေမှာ ဤသို့ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများ၊ အခြေအနေများ အားလုံးပေါင်းဆုံလာ ကြပြီး နောက်ဆုံး အစိုးရက ယခင်ဈေးနှုန်းများအတိုင်း ဖြစ်စေရန် ဆက်လက်မထောက်ပံ့နိုင်တော့သည့် အကျပ်အတည်း ဆိုက်လာရခြင်း ဖြစ်ပါတော့သည်။ ပြည်ပမှ တင်သွင်းနေရသော ဒီဇယ်၊ ဓာတ်ဆီနှင့် ဓာတ်ငွေ့ထွက်ကုန်များက မြင့်တက် လာနေပြီး ဈေးနှုန်းကလည်း တိုးမြင့်လာနေပါသည်။ ဤလိုအပ်ချက်များကို သဘာဝဓာတ်ငွေ့မှ ရောင်းရငွေဖြင့် ဖြည့်ဆီး ပေးချေနိုင်စရာ အကြောင်းမရှိတော့ပါ။ ထို့အပြင် မြို့တော်သစ်ဆောက်ခြင်း စသဖြင့် စီမံချက်ကြီးများဖြင့် ငွေကုန် ကြေးကျများနေပြီး မူလကတည်းက အားပျော့နေသော နိုင်ငံဘဏ္ဍာဖြင့်လည်း ဤသို့မြင့်တက်လာနေသော ဈေးနှုန်းကို ဖာထေးကူမရန် အကြောင်း မဖြစ်နိုင်တော့ပါ။ နောက်ဆုံး အဖြေတခုသာ ကျန်ပါတော့သည်။ နိုင်ငံတော်အစိုးရက ထောက်ပံ့ ဖြည့်ဆီးနေသော ငွေကိုဖြတ်တောက်၍ လောင်စာဆီ ဈေးမြှင့်လိုက်ရန်သာ ရှိပါတော့သည်။
ဤရှင်းပြချက်ဖြင့် လောင်စာဆီဈေး မြင့်တက်ရခြင်းအကြောင်းကို ရှင်းတန်သလောက်ရှင်းကြမည် ယူဆပါသည်။ သို့သော် လည်း ဤဈေးနှုန်းမြင့်တက်မှုအတွက် တခြားစိတ်ဝင်စားဖွယ် မေးခွန်းအများ ကျန်ရှိနေပါသေးသည်။ တခုမှာ ဤသို့ ဆောင်ရွက်လိုက်သည့် ကာလအချိန်ပင် ဖြစ်ပါသည်။ ဤသို့ လောင်စာဆီပြဿနာ ကြုံနေရသည်မှာ ကြာနေခဲ့ပြီး ယခု အချိန်တွင်မှ ဘာကြောင့်ထ၍ ဆောင်ရွက်ရပါသနည်း။ မေးစရာရှိနေပါသည်။ ဒုတိယအချက်မှာ လောင်စာဆီဈေးနှုန်းများ မြှင့် တင်လိုက်မှု အတိုင်းအဆပင် ဖြစ်ပါသည်။ မည်သည့်အတွက်ကြောင့် အဆများစွာ မြှင့်တင်ခဲ့ရပါသနည်း။
စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။
တဖန် တချို့သောသူများက ဈေးမြှင့်တင်လိုက်သည့်အချိန်နှင့် ပမာဏကို တွက်၍ အကြောင်းပြချက်အမျိုးမျိုးဖြင့် ခန့်မှန်း ထင်ကြေးပေး တွက်ဆနေကြပါသေးသည်။ တချို့က ဤကိစ္စတွင် မသမာမှုလှည့်ကွက်ထောင်ချောက်များ ရှိနေသည်ဟုပင် ယူဆနေကြပါသည်။
ကာလအတန်ကြာကပင် စစ်အစိုးရက မြန်မာနိုင်ငံတွင် လောင်စာဆီခွဲဝေဖြန့်ဖြူးပေးမှုစနစ်ကို ပုဂ္ဂလိကလက်လွှဲရန် စဉ်း စား ချင့်ချိန်နေခဲ့ကြပါသည်။ ဤသို့ မြှင့်တင်လိုက်ပြီးသည့် အခြေအနေအောက်တွင် ဒီဇယ်၊ ဓာတ်ဆီနှင့် ဓာတ်ငွေ့ထုတ် ကုန်များ လက်လီရောင်းချနေသည့်ဆိုင်များကို ပုဂ္ဂလိကကုမ္ပဏီလက်သို့ လွှဲအပ်နိုင်ပြီ ဖြစ်ပါသည်။ ဤပုဂ္ဂလိကကုမ္ပဏီက အစိုးရထံမှ လောင်စာဆီထုတ်ကုန်များ လက္ကားဝယ်ယူနိုင်ပြီး လက်လီဆိုင်ငယ်များမှတဆင့် လူထုအတွက် အမြတ်ဖြင့် ပြန်လည် ရောင်းချနိုင်ပါသည်။ ကောလာဟလသတင်းများအရ ဤသို့ပုဂ္ဂလိကလက်လွှဲမည်ဆိုလျှင် ၀ယ်ယူလိုသော ကုမ္ပဏီကလည်း အသင့်ရှိနေသည်ဟု သတင်းများ ဖြစ်ပေါ်နေပါသည်။ အခြားသူ မဟုတ်ပါ။ စီးပွားရေးလုပ်ငန်းရှင် တေဇ၏ ထူးကုမ္ပဏီပင် ဖြစ်ပါသည်။
သို့သော်လည်း ဤလုပ်ငန်းစဉ်၌ ပြဿနာတခု ရှိနေပါသေးသည်။ (နအဖ) စစ်အစိုးရထံသို့ ပေးရမည့် လက္ကားဈေးနှုန်းနှင့် လူအများသို့ ပြန်ရောင်းရမည့် လက်လီဈေးနှုန်းတွင် ရလာမည့် အမြတ်အစွန်းမှာ နည်းလွန်းနေပါသည်။ ယခင်က အစိုးရက လောင်စာဆီဈေးနှုန်းများအတွက် ပံ့ပိုးပေးထားသောစနစ်တွင် အဓိကအမြတ်ရကြသူများမှာ မှောင်ခိုဈေးကွက်တွင်ရောင်း
ဝယ်နေကြသူများဖြစ်ပြီး လက်လီရောင်းသော ဓာတ်ဆီဆိုင်များ မဟုတ်ကြပါ။
သို့အတွက်ကြောင့် အမြတ်ရရန်ဆိုလျှင် လက်လီဖြန့်ဖြူးရောင်းချနေသော စနစ်တခုလုံးကို သိမ်းပိုက်လိုက်မှသာလျှင် ရနိုင်ဖွယ် အကြောင်းရှိနေပါသည်။ သို့ အတွက်ကြောင့် လောင်စာဆီဈေးနှုန်းကိုလည်း မြှင့်တင်ရန် လိုအပ်လာပါသည်။ ဤသို့ဆောင်ရွက်လိုက်ခြင်းအားဖြင့် တချက်တည်းဖြင့် ငှက်နှစ်ကောင်ရနိုင်သော ကိန်းလည်း ရှိနေပါသည်။ တဘက်တွင် မှောင်ခိုဈေးကွက်ကို သတ်ပစ်လိုက် နိုင်ပြီး အခြားတဘက်တွင်လည်း ဆိုင်ခွဲများအားလုံးကို ချုပ်ကိုင်ကာ အမြတ်အစွန်း များစွာရနိုင်မည့် လက်ဝါးကြီးအုပ်ခွင့်ကို ကုမ္ပဏီတခုသို့ အပ်နှင်းပြီး ဖြစ်သွားရပါသည်။
ဤသတင်းများ မည်မျှမှန်သည်ကို မည်သူမျှ မသိနိုင်ပါ။ သို့သော်လည်း လောင်စာဆီဈေးများ မြင့်တက်လာမှုကြောင့် လတ်တလောတွင် နိုင်ငံရေးအကျိုးဆက်များ ပေါ်လာနေရပြီ ဖြစ်သည်။ ရေရှည်အတွက်ကို ကြည့်ပါက မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ မည်မျှခိုင်မာ အာမခံချက်ရှိသနည်း ဆိုသည်မှာလည်း အခြားအရေးကြီးသည့် မေးခွန်းတခု ဖြစ်နေပါသေး သည်။ ပြည်တွင်းတွင် ရေနံသန့်စင်ထုတ်လုပ်ရေး ကဲ့သို့သော ကိစ္စမျိုးကို အလေးအနက်သဘောထား၍ ပြုပြင်ဆောင်ရွက် ခြင်း မရှိပါက အထက်ဖော်ပြခဲ့သော ပြဿနာမျိုး၊ အကျပ်အတည်းမျိုးနှင့် မြန်မာနိုင်ငံ ဆက်လက်တွေ့ကြုံရဖွယ် ရှိနေပါ သည်။
ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ လက်ရှိ နိုင်ငံခေါင်းဆောင်ပိုင်းက လုပ်ဆောင်နေသည့်ပုံစံပင် ဖြစ်ပါသည်။ သူတို့က သဘာဝဓာတ်ငွေ့ ထုတ်ရောင်းချ၍ ငွေရရေးကိုသာ စဉ်းစားနေပြီး အခြားအချက်များကို လှည့်မကြည့်ကြပါ။ ဤသည်ကပင် မြန်မာနိုင်ငံအတွက် ပြဿနာဖြစ်နေပါတော့သည်။ ။
၂၀၀၇ ခုနှစ် သြဂုတ်လ ၂၂ ရက်က ဧရာဝတီ အင်တာနက် မဂ္ဂဇင်းတွင် ဖော်ပြထားသည့် Alfred Oehlers ရေးသားသော Behind the Fuel Price Rise ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
စာရေးသူသည် အမေရိကန်နိုင်ငံ ဟာဝိုင်ယီ အခြေစိုက် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ အကဲဖြတ်တဦး ဖြစ်ပါသည်။ဧရာဝတိတိုင်မှ ကူးထားချင်းပါ
Posted by ZawHtet at 11:43 AM 0 comments