Saturday, November 3, 2007

FIREWALL

Firewall ဆိုတာ ဌာနဆိုင်ရာရုံး၊ စက်ရုံး၊ အလုပ်ရုံ ၀င်ပေါက် ထွက်ပေါက် များတွင် စောင့် ကြပ် စစ်ဆေးသော လုံခြုံရေးဝန်ထမ်းများနှင့် တူပါတယ်။ ကွန်ပျူတာမှာ Firewall ကို install လုပ်ထားပြီးခဲ့ မယ်ဆိုရင် ထိုကွန်ပျူတာ ထဲသို့ ၀င်သမျှ ထွက်မျှ data အာလုံး တို့ဟာ firewall ကိုဖြတ်သန်းသွားရပါတယ်။ firewall ဟာမိမိထံရောက်သမျှ data packet များကို တခုချင်းသေချာစွာ စစ်ဆေးပြီး ခွင့်ပြုချက်နှင့် မကိုက်ညီ သော data packet များကို ၀င်ခွင့် ထွက်ခွင့် မပေးဘဲ ပိတ်ဆို့ တားဆီးပေးပါတယ်။...
ဒါကြောင့် Firewall ဆိုတာ မိမိကွန်ပျူတာမှ data အချက်အလက် များကို အခြား ကွန်ပျူတာ များသို့ လျှို့ဝှက် စွာပို့လွှတ်ခြင်း၊ Hacker များအင်တာနက်မှ တဆင့် မိမိ ကွန်ပျူတာ ထဲသို့ login ၀င်ရောက်ပြီး file များ၊ program များအား ပြုပြင်ရေးသားခြင်း၊ ဖျက်ဆီးခြင်း၊ copy ကူးယူခြင်း၊ များကို ကာကွယ်တာဆီး နိုင်အောင် စီမံရေးသားထားသော Software (သို့) Hardware များပဲဖြစ်တယ်။

Cable, DSL, wireless Broadband connection များကိုအသုံးပြုပြီး အင်တာနက် နှင့် ချိတ် ဆက်ထား သူများအနေဖြင့် firewall ကိုမဖြစ်မနေအသုံးပြုသင့်ပါတယ်။ ip address များ (ဥပမာ 10.225.124.27) ဟာပုံသေပြောင်းလဲ မှုမရှိသော နံပါတ်များ ဖြစ်သောကြောင့် Dial-up user များထက် hacker များအလွယ် တကူ ၀င်ရောက်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ Telephone များကို အသုံးပြုတဲ့ Dial-up connection ဖြင့် အင်တာ နက် သို့ချိတ်ဆက် အသုံးပြုသော ကွန်ပျူတာ များရဲ့ ip address များဟာ ပုံသေမဟုတ်ဘဲ တကြိမ်နဲ့ တကြိမ်မတူကြလို့ပါ။ အဲဒါကြောင့် Dial-up connection ကိုအသုံးပြု သော ကွန်ပျူတာ များကို Hack လုပ်ဖို့ ပိုမိုခက်ခဲ တတ်ပါတယ်။ သို့သော်လည်း မိမိရဲ့ သတင်း အချက် အလက် များကို ထုတ်နေသော spyware, adware များရန်မှ ကာကွယ်ရန် အတွက် firewall ဟာ များစွာအသုံးတည့် ပါတယ်။

မိမိအသုံးပြုမယ့် firewall software ဟာ one direction လား two direction လားဆိုတာ ကို ကွဲကွဲပြားပြား သိထားဖို့လိုပါတယ်။ firewall အများစု က အ၀င်ရော အထွက်ပါ စစ်ဆေး ပေးနိုင်ပါတယ်။ အဲဒါကို two direction လို့ခေါ်ပါတယ်။ Window XP အသုံးပြုသူများ အနေဖြင့် Buil-in ရှိပြီးသား firewall ကအ၀င်ကိုသာ တားဆီးနိုင်တဲ့ one direction အမျိုး အစားပါ။

မိမိက two direction ကိုအသုံးပြုလိုပါ Window XP မှာရှိပြီးသာ firewall ကိုအရင်ပိတ်ပြီး မှ firewall နောက်တမျိုး ကို install လုပ်ပါ။ ကွန်ပျူတာတလုံးမှာ firewallနှစ်ခု တပြိုင်နက် အသုံးပြုလို့မရပါဘူး။ Window XP က firewall ကိုပိတ်နည်းကတော့ -
Start >control panel >Network and Internet Connection >Network connection > မိမိ အင်တာနက်သို့ ချိတ်ဆက်ရာတွင် အသုံးပြုတဲ့ Connection ပေါ်မှာ right click တချက် နိပ်ပါ၊ ပေါ်လာတဲ့ menu ထဲက properties ကို click တချက်နိပ်ပါ ထပ်ပေါ်လာတဲ့ Box မှ Advanced ကိုကလစ်နိပ်ပါ၊ Advanced ထဲမှ ရှိတဲ့ Protect my computer and network အစရှိတဲ့ စာရဲ့ ဘေးမှာရှိတဲ့ check box ထဲမှ အမှတ်ကို ကလစ် တချက်နိပ်ပြီး ဖြုတ်ပစ်လိုက်ပါက window xp ရဲ့ firewall ဖြုတ်ပြီးသား ဖြစ်သွားပါလိမ့် မယ်။ ပြန်အသုံးပြုလိုပါက အမှတ်ပြန်ထည့်ပေါ့။
နာမည်ကြီး လူသုံးများတဲ့ firewall program ကတော့ - -
[ZoneAlarm] http://www.pcworld.com/downloads/file_description/0,fid,7228,00.asp

[SygatePersonalFirewall]
http://www.pcworld.com/downloads/file_description/0,fid,8132,RSS,RSS,00.asp

မှီငြမ်း- မျိုးသူရ(internet Security & Surfing)
- Nyilynnseck.blogspot

Technorati Profile
Technorati Tags:
,,,,,

No comments: