Saturday, November 3, 2007

ဘလော့ဘ် ၊ ဘလော့ဘ်ဂါ ၊ ဘလော့ဘ်ဂင်း

1997 ခုနစ်က ရိုးဘောက်ဝစ်စဒမ်းကွမ် ၀က်ဘ်ဆိုဒ်မှာ စတွေ့  ရတဲ့ ဝေါဟာရ လို့ 
အဆိုရှိပါသည်။ စသုံးစဉ်က weblog ပါ။ နောက်မှ အတို ချုံ့  ပြီး Blog ဖြစ်လာရာ
ကနေ တွင်ကျယ်လာတဲ့ဝေါဟာရဖြစ်ပါတယ်။

အတိကျဘာသာပြန်ဖို့  မလွယ်တာမို့  ဘလော့ဘ် လို့ ဘဲထားလိုက်ကြပါစို့ ။ အဓိပ်ပါယ်က ကွန်ပြူတာကီးဘောက် ဒါမှမဟုတ် ဆဲလ်ဖုံးသုံးပြီး ကိုယ်ပြောချင်
တာ ရေးချင်တာ တွေရေးလို့  ရတဲ့ ၀က်ဘ်ဆိုဒ် တွေကိုခေါ်ပါတယ်။ များသော အားဖြင့် နိတ်တဓူဝ ကိတ်စ တွေကိုမှတ် တမ်းတင်ကြတာမို့ အင်တာနက် ဒိုင်ယာရီ လို့  လည်းခေါ်ကြတာရှိပါတယ်။ တချို့ ကကိုယ်ပိုင် ၀က်ဘ်ဆိုဒ်တွေ တင်ပြီး ကိုယ်ပိုင် ဘလော့ဘ်တွေ ထောင်ကြတာ ရှိသလို ဘယ်သူမဆို တပြားမှ
ပေးစရာ မလိုဘဲ ဖရီး ၀င်ရေးလို့  ရတဲ့ ၀က်ဘ်ဆိုဒ်တွေလည်း အများကြီး ရှိပါ
တယ်။
ဘလော့ဘ်ကာ (Blogger) ဆိုတာက အဲဒီလို မိုးပေါ်မှာ စာရေး တဲ့သူတွေ ကိုခေါ်
ပါ။ နောက်ပိုင်း အင်တာနက် ဂျာနယ်လစ်လို့  ခေါ်ကြတာရှိရဲ့ ။သူ့  အကြောင်းနဲ့  သူလို့  ဆိုရပါလိမ့်မယ်။ ဒီလို ဘလော့ဘ်ပေါ် စာရေးတာမျိုးကို ဘလော့ဘ်ဂင်း
(Blogging) လို့  ခေါ်ပါတယ်။ နောက်ပိုင်း Blogger တွေစုပြီး အကြောင်းရာ တခု
ကို “တည်” ဆွေးနွေးတာလဲ Blogging လို့  သုံးလာကြတယ်။
ဘလော့ဘ်လှုပ်ရှားမှုက စခါစ ကတော့သာမန် လို့  ပြောနိုင်ပါတယ်။ ကိုယ့်ရင်ထဲ
ရှိတာ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့သဘောမို့  ဒိုင်ယာရီ ရေးတာနဲ့  တူပါ တယ်။ မကွာလှပါဘူး။ ရေးကြပြောကြ အကြောင်းအရာက လည်းပုဂ်ဂိုလ်းရေး သက်သက် များပါတယ်။ “မာမီးကပြောတယ် ဒီနေ့  မိုးရွာမယ်တဲ့” စတာမျိုး နောက် အများနဲ့သက် ဆိုင်တဲ့ကိတ်စ၊ လူ့  အဖွဲ့ အစည်းနဲ့ ဆက်စပ်နေတဲ့ ကိတ်စ
တွေပါ ဘလော့ဘ်လုပ်လာကြတယ်။ ဘလော့ဘ်ကာ အချင်းအချင်း ဆွေးနွေးကြ
တာ ဝေဖန်ကြတာ ရှိလာတယ်။ ဒါကြောင့်လည်း အင်တာနက် ဂျာနယ်လစ် လို့ခေါ်
ကြတာထင်ပါရဲ့ ။
ဘလော့ဘ် လှုပ်ရှားမှုရဲ့  ထူးခြားချက်က ဘာအကန့်အသတ် အထိန်းအချုပ်မှ မရှိ
တာ၊ ဥပဒေနဲ့ ကန့်တာ ထိန်းတာ မပြောနဲ့ အယ်ဒီတာတောင် မရှိဘူး။ ကိုယ်ရေး
ချင် ပြောချင်တာကို လွတ်လွတ် လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက် နဲ့ ရေးကြတာ မျာလို့ မကြေနပ်တဲ့ လူတွေဘက် ကလည်း အရေးယူ
ဘို့ မလွယ်ပါဘူး။ အခုလို အထိန်း အချုပ် မရှိလို့ ဗရမ်းဗတာ ဖြစ်တာမျိုး ရှိသလောက် ရှိပေမယ့် လွတ်လပ် ပွင်းလင်းတဲ့ သတင်း စီးဆင်းမှုကို အားပေးတာ
တော့ အမှန်ဘဲ။ နိုင်ငံရေး အခွင့်အရေး (citizen right) ကို အပြည့် အ၀အသုံးချ
တာမို့ နိုင်ငံသား ဂျာနယ်လစ် (citizen journalist) လို့ခေါ်ကြတာလည်း ရှိတယ်။
မီဒီယာလောက အနေနဲ့ ဘလော့ဘ်ကာ တွေကိုအလေးထား လာရတဲ့ကိတ်စ ကတော့သူတို့ရဲ့  ခရာမှုတ်သူ (whistle blower) အခန်း ကဏ္ဍ ကြောင့်လို့ဆိုပါ
တယ်။ C.B.S. လိုအကျော်အမော် ဒေးယျ မီဒီယာကြီး ကိုတောင် ဘလော့ဘ် တွေ
ကဖွင့်ချ ဖူးလို့ မီဒီယာ အတော်များများ ကဖြုံကြပါတယ်။ တပြိုင်နက်တည်း မှာဘဲ
မြေပေါ် မီဒီယာတွေ ဘယ်လိုမှရနိုင် ဘို့ မလွယ်လောက်တဲ့ သတင်းဦး သတင်းထူး
တွေ ပေးနိုင်တာမို့ ဂျာနယ်လစ်တွေ အားကိုးရာလည်း ဖြစ်ပြန်တယ်။ တံခါး ဖွင့် စူးစမ်း လေ့လာကြတဲ့သတင်းခန်းမ တွေ (open-source newsrooms) တွေ အွန်း
လိုင်း မှာ အပြိုင် အဆိုင် ပေါ်လာတာ ဘလော့ဘ်ကာ တွေရဲ့ ကျေးဇူးကြောင့်လို့
ပြောနိုင်စရာရှိပါတယ်။
အီရတ်စစ်ပွဲ အကြိုကာလ ကစပြီး မီဒီယာလောကသားတွေ မကတော့ဘူး
နိုင်ငံရေးလောက ကပါ ဘလော့ဘ်ဂါ တွေကိုအလေးထား စောင့်ကြည့်
လားရတော့တယ်။ အထူးတဖြင့် ဘုရှ် အစိုးရရဲ့ အီရတ်စစ်ပွဲ ပေါလစီ ကို ဝေဖန်ထောက်ပြတဲ့ အမည်မသိ ဘလော့ဘ်ဂါ တွေရဲ့ သဘောထား အမြင် ဆိုရင်
စစ်မဟာ ဗျူဟာ ဆိုသူတွေတောင် လက်ဖျားခါ ရတယ်ဆိုဘဲ။ ပညာရှင် တချို့ 
ကဆိုရင် ဘလော့ဘ်ဂါ တွေကို ဆိုဒ်ဘာ ဒီမိုကရေစီး ကျင့်သုံးနေကြတဲ့ ပထမဆုံး
“ခရု ဆိတ်တာ” တွေလို့တောင် အမွန်းတင်ကြတယ်။
ဘာဘဲဖြင့်ဖြင့် ဘလော့ဘ် လှုပ်ရှားမှုက စတာ ဘာမှမကြာလှ သေပေမယ့် အံသြ လောက်အောင် အပြန့်ကျယ် လာတာတော့ သေချာတယ်။ အခုလောလောဆယ် ၀က်ဘ်ဆိုဒ် ပေါ်မှာ ဘလော့ဘ်ပေါင်း သန်းဝက် ကျော်နေပြီးလို့ သိရတယ်။ အမေရိကန်ပြည်ထောင်စု တခုတည်းမှာဘဲ ဘလော့ဘ်ဂါ ပရိတ်သတ် (32)သန်း
ရှိလာပြီးလို့ ဆိုပါတယ်။ နယူးတိုင်မ်း ဂျာနယ်လစ် “တောမတ်ဖရီးမင်း” ကတော့
ဘလော့ဘ် လှုပ်ရှားမှု ကို ‘တံခါးမရှိ ဓါးမရှိ စူးစမ်းလေ့လားရေး’ (open-source)
လို့အကဲ ဖြတ်တယ်။ ကဘာကြီးကို အဖြားခတ် လိုက်တဲ့ ရိုက်ချက်တခုလို့လည်း
ဆိုပါတယ်။
(ကျော်ဝင်းရဲ့ “ဆိုက်ဘာဓလေ့ အထောက်အကူများ” 2006 နိုဝင်ဘာလထုတ် စာအုပ်မှ ကူးယူဖော်ပြထားခြင်ဖြစ်သည်။)

No comments: