Sunday, November 18, 2007

မိတ်ဆွေဝတ် ၅ ပါး

ပေးကမ်းချီးမြှင့်

ကိုယ်နှင့်ယှဉ်ထား

စီးပွားဆောင်ရွက

နှုတ်မြွက်ချိုသာ

သစ္စာမှန်စေ

ဝတ်ငါးထွေ

ကျင့်လေ မိတ်သဟာ။

ရွက်ဝါထံမှ ကူးယူထားသည်။

1 comment:

ရွက်ဝါ said...

ကိုဇော်ထွေးရဲ့ ဘလော့ဂ်ကလည်း ကျွန်တော့် ဘလောဂ်နဲ့က အသက်က သိပ်မကွာဘူး။ ဒါပေမယ့် ကျွန်တော်တို့ cbox မှာရော ကွန်မန့်မှာပါ မတွေ့ဖြစ်ဖူးထင်တယ်။ ဘလော့ဂ်က ဝေဖန်စရာမလိုလောက်အောင် ကောင်းပါတယ်။ ကြည့်လို့လည်း လှတယ်။ သပ်သပ်ရပ်ရပ်လေးနဲ့ ဖတ်လို့လည်း အဆင်ပြေပါတယ်။

ဒါပေမယ့် ကျွန်တော့်စက်က ဖြစ်နေတာလား မသိဘူး ခေါင်းစဉ်တွေက လေးထောင့်ကွက်လေးတွေပဲ ပေါ်နေတယ်။ ကျွန်တော်လည်း မလုပ်တတ်ဘူး။ ကျွန်တော့်ဘလော့ဂ်ကို ဖတ်တဲ့လူတစ်ယောက်ကပြောတယ် ကျွန်တော့်ဘလော့ဂ်ကလည်း သူ့ဆီမှာ အဲလိုပဲဖြစ်နေတယ်တဲ့။ အဲဒါနဲ့ ကျွန်တော်ကတော့ စာသားအစမှာ ခေါင်းစဉ်ကို ပြန်ထည့် ပေးထားလိုက်တယ်။ မြင်ရတဲ့သူ အတွက်ကတော့ ခေါင်းစဉ် ၂ ခါပေါ်နေမှာပေါ့။ မတတ်နိုင်ဘူး တခြားနည်းမှ မဖြေရှင်းတတ်တာ။ တတ်ရင်ပြောပြပေးပါဦး။

စက်တင်ဘာလတုန်းက ပို့စ်တွေ အများကြီးတင်ခဲ့တာပဲ။ ကျွန်တော်နဲ့တူတယ်။ အချိန်ရမှ အေးအေးဆေးဆေး လာဖတ်ပါဦးမယ်။ ကျေးဇူးတင်ပါတယ်။