Tuesday, November 13, 2007

ကျော်ဇောတင်ရှား…ဗမာ့ ပြည်ဖျက်မင်းများ




ရှေးပုဂံခေတ်..မင်းညစ်တဲ့ဒီလူ..
ခမည်းလုပ်ကြံ..နန်းထက်စံယူ
ပရိက္ခရားအား..သတ်မှားရန်မီးပူ..
သီဟိုစစ်သူရဲများ..လုပ်ကြံသွားခဲ့သမိုင်းထိုးသူ.
ကုလားကျမင်းတဲ့ ..အိုဘဲ့ နရသူ..

မွန်ဂိုသံသတ်..စစ်မီးလှန့် ခေါ်
ဆင်ခြင်မဲ့ပျော်..ရေကစားကြိုက်
ဟင်းစား ၅၀၀ မရှိ..မျက်ရည်ယိုသည့်
မွန်ဂိုစစ်ဖြစ်..တိုင်းပြည်ပစ်သော..
တရုပ်ပြေးမင်းကျော်ဇော..နာရသီဟပတေ့မင်းစော.

ကုန်းဘောင်မင်းဆက်..နောက်ဆုံးရက်များ
ရာဇမကြွယ်..မင်းရေးမလည်.
ငြိမ်းချမ်းမကူ.သုံးကြိမ်စစ်ယူ
မာန်မာနလွဲ..ထီးကြဌာန်းလွဲ.
နန်းကခွဲရော့..ရတနာဂီရိ ယွန်းရှာပေါ့..
ပါတော်မူမင်းတရား..သီပေါတဲ့ မင်းသား..

ခုလည်းလေ..နောက်တယောက်..
တခေတ်မှာ..တခေတ်.လူရူး..
အာဏာမှာရူး…စည်းစိမ်မူးနေ.
ငါ.မင်းတရား…မော်ဖူးကြစေ
ပြည်သူငတ်ရင်..ထမင်းရေသောက်
ငါကတော့.မသောက်
သာလွန်မင်းရူးတဲ့ သူတယောက်

ဘယ်သူရှိရှိ..မရှိရှိ..ငါ့ဖို့ ဘဲသိ
ငါ့စည်းစိမ်ကျလို့ မဖြစ်ဖူး..
ငါ့သမီးလင်ရဖို့ .ငါ စိန်ခိုးမှဖြစ်မယ်..
ငါ့မယား..လင်ငယ်နေဖို့ ..ငါလာဘ်စားမှဖြစ်မယ်..
ငါအလိုဖြည့်မဲ့ သမက်လောင်း..မယားရှိရှိ..
တရားသိမသိ..အ၀ှါရှိမရှိ..ငါမသိဘူး.
အင့်.သမီးတော်ယူ..ရော့ပတ္တမြား..ရော့နဂါးဟေ့
ဒေါ်လာများများ..သမီးတောင်လဲစား..

ငါဘဏ္ဍာပြည့်ဖို့ ဆို..ဘုန်းကြီးမက..
ဘုရားလာလာ..အနေသာကြီး..
သင်္ကန်းပါရင်..သံဃာတုစာရင်း..အတင်းသွင်းပစ်မယ်
အံ့မောင် လူလည်..သူလုပ်တတ်တယ်
ကျော်ဆန်းလူလိမ်..ဂျပိုးကိုလိပ်ပါအတင်းလိမ်
အရှက်မရှိမျက်ခွက်များ..MTV မှာဒါတွေ ရေပန်းစား
ပါးစပ်ဖျားတောင်..နူနာစွဲစေပေါ့
နအဖ လေတော့..ဘယ်မလျှော့..

တကမ္ဘာလုံးနဲ့ ပြိုင်မိုက်..လေကျယ်နေခိုက်..
ဇမ္ဗူတလူ..ခုနှစ်ပြည်ထောင်တပ်..
သမာသမတ် ပြည်သူ့ ဘက်ရပ်..
ခွေးသေလဒဆွဲ..ဒင်းတို့ အကျိုးနည်း
ဆွဲချမင်းမိုက်..ဘုရားရိုက်ပြီ..
မြန့် သမိုင်းမှ.. အမည်သစ်ရ
UN ဆွဲချ…နအဖ။

မသဒ္ဓါ ( ၁၁။၁၁။၂၀၀ရ)မှ ကူးယူသည်။

No comments: