Sunday, November 18, 2007






အာဇာနည် ပုဂ္ဂိုလ်တို့၏ အကြောင်းကို
ကြားနာ လေ့လာရခြင်းသည်
မင်္ဂလာရှိ၏..။

အမြဲတစေ စိတ်အားတက်ကြွစေ၏
မိမိဘ၀နှင့် တိုင်းပြည်၏သမိုင်းကို
ပိုမိုလေးနက် အဓိပ္ပာယ်ရှိစေ၏..။

အလောင်းမင်းတရားသည်
မြန်မာပြည်ကြီးကို သူ့ခေတ် သူ့အခါက
ကယ်တင်ခဲ့၏..။

နှစ်ပေါင်း (၁၃၀)တည်ခဲ့သော
ကုန်းဘောင်ခေတ်ကြီးကို
စတင် ဖွင့်လှစ်ခဲ့၏..။

ဤမြေ ဤရေကို
ကုန်းဘောင်အာဇာနည်တို့၏
သွေး ၊ချွေးတို့ဖြင့် သွန်းလောင်းပြုစု
ဖွံ့ဖြိုးစေခဲ့သည်..။

သူတို့အသံ ၊ သူတို့အကြောင်းကို
ကြားနာရခြင်းသည် ကျွန်တော် တို့အဖို့
စိတ်သစ်မွေးကာ
အားသစ်လောင်းသကဲ့သို့ဖြစ်တော့သည်..။

No comments: