Friday, May 1, 2009

ဘာလဲဟဲ့ အခွင့်အလမ်း
အောင်သစ်

Thanlwin Ain Mat
အခွင့်အလမ်းဆိုတာ ဘာလဲ။

အခွင့်အလမ်းဆိုတာ အသိစိတ်ရဲ့ နောက်ကွယ်မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ဘာသိ ဘာသာ နေတတ်ပါတယ်။ အဲ...တစ်ခါ တလေကျတော့လည်း ခေါင်းကလေးပြူပြီး ထွက်ကြည့်တတ်တာပေါ့။ အဲဒီလို ခေါင်းပြူ ထွက်လာချိန်မျိုးမှာ သင့်အနေနဲ့ ရုတ်တရက် ခြေမြန်၊ လက်မြန်နဲ့ ဖျတ်ခနဲ လှမ်းဆွဲလိုက် ပြီး မိမိရရ ဖမ်းဆုပ်ထားလိုက်ဖို့လိုပါတယ်။

တခြားသူတွေရဲ့ အကြီးအကျယ် အောင်မြင်တဲ့ဘဝတွေကိုတွေ့ရင် သူတို့ရဲ့ဘဝမှာ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေရှိခဲ့ဖူးတာ ကို သဘောပေါက်လိုက်ပါ။ မိမိမျက်မှောက်မှာ လက်တွေ့အောင်မြင်သွားကြတဲ့သူတွေ ဟာ အခွင့်အလမ်းသမားတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝလမ်းကြောင်းပေါ်က တွေ့ကြုံလာတဲ့ အခွင့်အလမ်းကောင်းတွေကို မိမိရရဆုပ်ကိုင်နိုင်ကြသူတွေပါ။ လူတိုင်း အောင်မြင်သွားကြလိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့။ တချို့တလေသာ အလုပ်ဖြစ်ခဲ့ကြပြီး အများစုကတော့ ကျဆုံးသွားတတ်ကြပါတယ်။ ဒီအတွက်တော့ စိတ်မပျက်လိုက်ပါနဲ့ ဦး။ အိမ်တိုင်းစေ့ ဝင်ထွက်ပြီး ဈေးရောင်းရ တဲ့ အရောင်းသမားလိုပေါ့။ တစ်အိမ်ပြီးတစ် အိမ် အငြင်းပယ်ခံရလေ သူရောင်းချရဖို့ အခွင့်အလမ်းနဲ့ ပိုမိုနီးကပ်လာလေလေပါပဲ။

သန်းကြွယ်သူဌေးကြီး တစ်ဦးကတော့ သူစတင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းခုနစ်ခုမှာ နှစ်ခုလောက်ပဲ အလုပ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပြီးတော့ အဲဒီအလုပ်ဖြစ်ခဲ့တဲ့စီးပွားရေးလုပ်ငန်းကပဲ အရှုံးပေါ်တဲ့ တခြားစီးပွား ရေးလုပ်ငန်းငါးခုကို ဖာထေးစရာဖြစ်ခဲ့ပါ တယ်။ ဒီနည်းနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဥစ္စာဓနတွေဟာ တဖြည်းဖြည်း ကြီးထွားလာပါတယ်လို့ ဝန်ခံပါတယ်။
အခွင့်အလမ်းကို မြင်တတ်ဖို့လိုတယ်

စီးပွားရေးသမားတွေဟာ အခွင့်အလမ်းကို မြင်တတ်အောင် သူတို့ရဲ့ဦးနှောက်ကို လေ့ကျင့်မွေးမြူထားကြပါတယ်။ သူတို့ရဲ့ မျက်လုံးပေါ်က အဝတ်တွေကို ခွာချလိုက်ကြ ပါတယ်။ အထူးသဖြင့် နှလုံးသားကို တံခါး ဖွင့်ထားကြတဲ့အတွက် ပိုပြီး မြင်နိုင်၊ ကြား နိုင်ကြပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံရေးသိပ္ပံအပေါ် ဝေဖန်သုံးသပ်ရာမှာ ထင်ရှားတဲ့နာမည်ကျော် တရုတ်ရှေးဟောင်း စစ်သေနင်္ဂဗျူဟာကျမ်း ဖြစ်တဲ့ ‘စစ်ရေးပညာ’ စာအုပ်ကို ရေးသား ခဲ့သူ စာရေးဆရာက ‘အခွင့်အလမ်းဆိုတာ သူ့ကို အမိဖမ်းမိတာနဲ့ အမြှောက်ဂဏန်းလို ကိန်းဂဏန်းတွေ ဆပွားသွားတတ်ပါတယ်’ လို့ ဆိုပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝဝကျော်က မှန်ကန်ခဲ့သလို ခုလည်း မှန် နေတုန်းပါပဲ။
အခွင့်အလမ်းနဲ့ အခက်အခဲ

Thanlwin Ain Mat အခွင့်အလမ်းတစ်ရပ်နဲ့ တွေ့လိုက်တာနဲ့ ကျွန်တော်တို့အားလုံး ရင်ဆိုင်ကြရမယ့် အကြီးကျယ်ဆုံး အခက်အခဲကတော့ ဘယ် အခွင့်အလမ်းက မိမိအတွက် သင့်တော်မှန်ကန်ပြီး ဘယ်အခွင့်အလမ်းကတော့ မသင့်လျော်ဘူးဆိုတာကို ဆုံးဖြတ်ဖို့ပါပဲ။ နောက် တစ်ချက်က အဲဒီသင့်တော်တဲ့ အခွင့်အလမ်းကို အမိအရဖမ်းဖို့ဖြစ်ပါတယ်။ ဘဝမှာ အရေးအကြီးဆုံးကတော့ ဘယ်အချိန်မှာ ရှေ့ တစ်လှမ်းတိုးရမယ်ဆိုတာကို သိဖို့ပါပဲ။

သင့်အတွက် အခွင့်အလမ်းတစ်ရပ်ဟာ သင်အမိအရ ဖမ်းဆုပ်ရမယ့် ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်းမျိုးလား၊ ဒါမှမဟုတ် အဲဒီ အခွင့်အလမ်းဟာ တခြားတစ်စုံတစ်ယောက် အတွက် ချန်ထားသင့်သလားဆိုတာကို သင် ဘယ်လိုဆုံးဖြတ်လဲ။ ပထမဆုံး သင်လုပ်ရ မှာကတော့ အကြောင်းရင်းနှစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ပဲဖြစ်ပါတယ်။
ဘဝရည်မှန်းချက်နဲ့ လူစွမ်းလူစ

ဒီအချက်က ခက်ခက်ခဲခဲ မဟုတ်ဘူး ထင်ရပေမဲ့ လက်တွေ့ဘဝမှာတော့ ဒီအခြေ ခံအချက်က သွေဖည်ပြီး ကာလရှည်စွာ လျှောက်လှမ်းနေသူများအဖို့ စိတ်ပျက်စရာ ဆုံးရှုံးမှုများစွာနဲ့ရင်ဆိုင်ကြရပါတယ်။ ဒါ့ ကြောင့် စိတ်ကူးသစ်၊ အကြံဉာဏ်သစ်နဲ့ ထူး ခြားတဲ့အခွင့်အလမ်းသစ်တွေပေါ်လာတိုင်း လက်တွေ့ဘဝနဲ့ယှဉ်ပြီး စစ်ဆေးကြည့်ပါ။ ၁ဝချက်မှာ ၁ဝချက်စလုံး အပြည့်အဝတိုက် ဆိုင်မှုရှိနေပြီဆိုရင်တော့ ဝင်စတန်ချာချီပြော သလို ‘အခွင့်အလမ်းကောင်းကြီးတစ်ရပ်ကို ခလုတ်တိုက်မိပြီ’ လို့ ဆိုရပါလိမ့်မယ်။

စီးပွားရေးလုပ်ငန်းရှင်များဟာ မှန်ကန် တဲ့အချိန်၊ မှန်ကန်တဲ့နေရာဒေသကို တစ်ပြိုင် နက်တည်း ပေါင်းဆုံမိစေပြီး အခွင့်အလမ်း ကိုဆုပ်ကိုင်ကာ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ကြသူ တွေဖြစ်ပါတယ်။

ဟောဒီ ကမ္ဘာလောကကြီးပေါ်မှာ သင့် အတွက် အခွင့်အလမ်းပေါင်း ထောင်သောင်း မက ရှိနေကြပါတယ်။ ဘာဖြစ်လို့ အခွင့် အလမ်းကို ထိုင်စောင့်နေကြဦးမှာလဲ။

အခွင့်အလမ်းကို ရွေးချယ်ရအောင်

၁။ အခွင့်အလမ်းဟာ မိမိရဲ့ပင်ကိုစွမ်းရည် နဲ့ လွဲချော်နေပါသလား

ဒါက အရေးအကြီးဆုံး မေးခွန်းပါ။ အခွင့်အလမ်းဟာ သင့်ရဲ့ ယုံကြည်မှုနဲ့လွဲ ချော်နေတာမျိုးဆိုရင် အဲဒီအခွင့်အလမ်း မျိုးကို တပ်မက်မနေပါနဲ့၊ သံယောဇဉ် တွယ် မနေပါနဲ့၊ ထားခဲ့လိုက်ပါ။

၂။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက မိမိပုံစံနဲ့ ကိုက်ညီပါရဲ့လား

လူအများဟာ မိမိနဲ့သဘောတူ၊ စိတ်တူ၊ ဆန္ဒတူသူတွေနဲ့သာ စုပေါင်းပြီး စီးပွားရေး လုပ်ကြတာဖြစ်ပါတယ်။ စီးပွားရေးအရ ပြိုင် ဆိုင်ကြတာမျိုးမဟုတ်ဘဲ ပုဂ္ဂိုလ်ဆက်ဆံရေး မှာပါ ယှဉ်ပြိုင်လိုသူတွေ ရှိနေခဲ့ရင်၊ ရှိနေ လိမ့်မယ်လို့ ယူဆရရင် အဲဒီအခွင့်အလမ်း ကိုလည်း မေ့ထားလိုက်ပါ။

၃။ မိမိရဲ့ဘဝရည်မှန်းချက်ကိုဖြည့်ဆည်း ပေးနိုင်ပါသလား

ဘယ်လောက်ကောင်းမွန်တဲ့အခွင့် အလမ်းမျိုးပဲဖြစ်ပါစေ၊ မိမိရဲ့လက်ရှိရည်မှန်း ချက်ပန်းတိုင်နဲ့ ဆန့်ကျင်နေတာမျိုးဆိုရင် လည်း သင့်စိတ်ထဲမှာ ရာနှုန်းပြည့် နှစ်ခြိုက် ပျော်မွေ့ဖို့ လမ်းမမြင်ပါဘူး။ လုပ်ငန်းခွင်မှာ ရာနှုန်းပြည့်ပျော်ရွှင်မှုမရှိဘူးဆိုရင်လည်း နောင်တစ်ချိန်မှာ အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

၎။ နှစ်ခြိုက်ပျော်ရွှင်ပါရဲ့လား

Thanlwin Ain Mat မိမိရဲ့စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ စိတ်နှလုံးနှစ်ခြိုက်ပျော်ရွှင်ဖို့ဆိုတာ အထူးလို အပ်ချက်ပါ။ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုး မဆို အချိန်နဲ့လုပ်အားများစွာ စိုက်ထုတ်ရ ပါတယ်။ သင့်အနေနဲ့ အချိန်တိုင်း အချိန် တိုင်းမှာ ပျော်ရွှင်မှုမရရှိနိုင်ဘူးလို့ယူဆရင် လည်း အဲဒီအခွင့်အလမ်းမျိုးကို ခေါင်းထဲ ထည့်မနေပါနဲ့တော့။ သင့်အတွက် ပိုမိုနှစ် ခြိုက်ပျော်ရွှင်မှုကိုပေးမယ့် တခြားအခွင့် အလမ်းတွေ ရှိနေဦးမှာပါ။

၅။ အချိန်ကို စီမံခန့်ခွဲပါ

လက်ရှိလုပ်ငန်းခွင်မှာပဲဖြစ်စေ၊ မိသားစု ဘဝမှာဖြစ်စေ၊ စိတ်အပန်းဖြေရာကိစ္စမျိုးတွေ မှာဖြစ်စေ ကျွန်တော်တို့ဘဝတစ်ခုလုံးဟာ လုပ်စရာ၊ ကိုင်စရာတွေနဲ့ပြည့်နေတတ်ပါ တယ်။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရာမှာ လည်း တစ်စုံတစ်ခုကိုတော့ ရင်းနှီးရပါလိမ့် မယ်။ အဲဒီစီးပွားရေးလုပ်ငန်းတစ်ခုမှာ လက် တွေ့အားဖြင့် အချိန်ဘယ်လောက်ယူပြီး အကောင်အထည်ဖော်ရမယ်ဆိုတာကို ကြို တင်တွက်ဆရပါလိမ့်မယ်။ အဲဒီအတွက် လို အပ်မယ့်အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆို တာ၊ ဘယ်လောက်ထိ အချိန်ပေး ရင်းနှီး မြှုပ်နှံရမလဲဆိုတာ သင့်ဘက်က အသင့်ပြင် ဆင်ထားပြီးပါပြီလား။

၆။ ငွေကြေးလိုအပ်ချက်

‘ဘာမှ မရင်းနှီးရင် ဘာမှမရနိုင်ဘူး’ တဲ့။ ရှိတ်စပီးယားရဲ့ပြဇာတ်ထဲက လီယာ မင်းကြီးရဲ့စကားက အခွင့်အလမ်းသစ် အတွက် အမှန်တကယ်ကုန်ကျမယ့် ရင်းနှီး မြှုပ်နှံမှုကို ညွှန်ပြနေပါတယ်။ ကုန်ကျစရိတ် ရဲ့ တခြားဘက်မှာ အမြတ်အစွန်းက ရှိနေရ ပါမယ်။ မမျှော်လင့်ဘဲ အကျိုးဆက်က ပြောင်းပြန် ဇောက်ထိုးဖြစ်ခဲ့ရင်ကော ဘယ် လိုဖြစ်လာမလဲ။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အဖို့ လုပ်ငန်းရင်းနှီးမှုတွေက ရေတို၊ ရေ လတ်၊ ရေရှည်အားဖြင့် ဘယ်လိုအကျိုး အမြတ်တွေ ရရှိနိုင်မလဲ။ ကုန်ကျစရိတ်များကို ပိုပိုသာသာထည့် တွက်ပါ။ ဝင်ငွေကို လျှော့တွက်ပါ။ ပြီးမှ စီး ပွားရေးစီမံချက်ကို ပြန်လည်ရေးဆွဲပါ။

၇။ မိသားစုတွေ၊ အပေါင်းအသင်းတွေက ဘာပြောကြမလဲ

ခံနိုင်ရည်ရှိဖို့က သိပ်ကိုအရေးကြီးပါ တယ်။ ရရှိလာမယ့်အခွင့်အလမ်းက သင့်ရဲ့ ပင်ကိုစွမ်းရည်နဲ့ ထပ်တူထပ်မျှ ကိုက်ညီမှု ရှိဦးတော့၊ သင့်အတွက် အရှက်ရစေမယ့်လုပ် ငန်းမျိုးဆိုရင် အဲဒီလုပ်ငန်းကို မစတင်ပါနဲ့။ သင့်ရင်သွေးငယ်များရှေ့ရေးကို ထည့်သွင်း စဉ်းစားပါ။ သင့်ရဲ့ရင်သွေးငယ်များက သူတို့ ရဲ့သူငယ်ချင်းတွေကြားမှာ ဘာပြန်ပြောကြ မလဲ။

၈။ အခွင့်အလမ်းကို လက်လွှတ်ခဲ့ပြီး နောက် တစ်နှစ်အကြာမှာ ဘယ်လိုခံစားရမလဲ

နောင်တရခြင်းက ဆိုးဝါးလှပါတယ်။ တခြားကိစ္စရပ်တွေအားလုံးအဆင်ပြေကောင်း မွန်ပါလျက် လက်လွှတ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းဟာ စိုးရိမ်ကြောင့်ကြမှုကြောင့် လို့ဆိုရင် သင့်ဘဝတစ်လျှောက်လုံးမှာ သင့်ရဲ့ နေ့ရက်တွေကို နောင်တတရားကပဲ လွှမ်းမိုး စေတော့မှာလား။ အမေရိကန် နိုင်ငံရေးသမား James F-Byrnesရဲ့ စကားတစ်ခွန်းရှိပါတယ်။ ‘လူတော်တော်များများဟာ အခွင့် အလမ်းထက် သေချာမှုကိုပဲ တွေးတောနေ တတ်ကြတယ်။ သူတို့အတွက် ရှင်သန်ခြင်း ဟာ သေဆုံးခြင်းထက်တောင် ပိုပြီးကြောက် စရာကောင်းနေပုံပဲ’

၉။ ဒီနေ့မှားခဲ့တာတွေဟာ မနက်ဖြန် အတွက် အမှန်ဖြစ်မတဲ့လား

တချို့အခွင့်အလမ်းတွေက ကျွန်တော် တို့ရဲ့ဘဝအတွေ့အကြုံများအရ ရှေ့တစ်လှမ်း ကြိုရောက်နေသလို ထင်မှတ်ရပါတယ်။ ဒီနေ့ မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့အိပ်မက်တွေဟာ အနာဂတ်အတွက် စံပြအခွင့်အလမ်းတွေဖြစ် နေတတ်ပါတယ်။

သင့်ကိုယ်သင် မေးကြည့်ပါ။

ဒီအခွင့်အလမ်းတွေဟာ သင့်အတွက် အသုံးချဖို့ စုဆောင်းထားရမယ့်ကိစ္စလား၊ စုဆောင်းရုံသက်သက်နဲ့လည်း အလုပ်ဖြစ် လိမ့်မယ်မဟုတ်ပါ။ စိတ်ကူးနဲ့ဖြစ်ဖြစ်၊ စာ ရွက်ပေါ် ချရေးပြီးတော့ပဲဖြစ်ဖြစ် မကြာခဏ ဆိုသလို အခွင့်အလမ်းကို ပြန်လည်ဆန်းစစ် ကြည့်ဖို့ လိုပါတယ်။ တကယ်လို့ သင့်အကြံအစည်က သင့် လျော်ပြီး အချိန်အခါသင့်ပြီဆိုတာနဲ့ ချက် ချင်းအကောင်အထည်ဖော်ဖို့ စတင်လိုက်ပါ တော့။

၁ဝ။ ဘဝတစ်လျှောက်လုံး ဘာမှဖြစ်ဖြစ် မြောက်မြောက် မလုပ်ဖြစ်ခဲ့ဘူးလား။ ဒီ တစ်ကြိမ်မှာတော့ တကယ်လုပ်ဖြစ်ပြီလား

ဒီမေးခွန်းက သိပ်ကိုအရေးပါတဲ့ မေးခွန်းပါ။ စိတ်ကူးသစ်၊ အကြံအစည်သစ်၊ အခွင့်အလမ်းသစ်အားလုံးကို သင့်ဘဝတစ် လျှောက်လုံးအတွက် လုံးဝနစ်မြုပ်လုပ်ဆောင် ရမယ့်အလုပ်အဖြစ် သဘောထားပါ။ သင် စိတ်ပါဝင်စားမှုရှိနေသေးရဲ့လား၊ ရှိနေသေး တယ်ဆိုရင် သင်ဟာ သင့်ရဲ့အိပ်မက်ကို ရှာ ဖွေတွေ့ရှိပြီလို့ ဆိုရပါလိမ့်မယ်။

‘အောင်မြင်တဲ့ပုဂ္ဂိုလ်တိုင်းဟာ အခွင့် အလမ်းများကို မလိုချင်တော့ဘူးလို့ ဘယ် တုန်းကမှ မညည်းတွားခဲ့ကြပါ’
ရဗ်ဝေါဒို အီမာဆန်(၁၈ဝ၃-၁၈၈၂)
အမေရိကန်ကဗျာဆရာ၊ စာရေးဆရာ တွေးခေါ်ပညာရှင်
အောင်သစ်

မှတ်ချက်။ ။ ၂၀၀၈ခုနှစ် ဇူလိုင်လထုတ် အခွင့်အလမ်းဂျာနယ် အမှတ် (၁၄၆) မှ ဆရာအောင်သစ်၏ ဆောင်းပါးအား အခွင့်အလမ်းဂျာနယ်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ (သံလွင်အိပ်မက်)

Smart people will do 10 thing

A reliable savings friendship is the friendship of a life jacket warmest.It is relying on you to build the character and temperament, and we must cherish it properly, If so far, there is no friendship between a few, then the intention to save from now before it is too late.

Second, learn to let go has not allowed to mature this age, when you can not grasp the fate of some love, some kind of edge, a certain reality, we must learn to let go and give themselves a brand new start.As long as confidence in the courage on; efforts in successfully

Third, planting must be good doing their best to let those who suffer than you, than you sad people who feel that the sun and beautiful world. This kind are often planted, inadvertently, onthe most beautiful flower of humanity ...

Fourth, understand the music to learn or understand an instrument, it will wash your body and mind, open your memory and imagination, This will bring unexpected quiet. There are also photography, collections, they can add life to our taste.

Fifth, to avoid two kinds of suffering on earth between two hard, one is not suffering, and the other is suffering love. Put in your efforts to the former, under the premise of a gamble as they all, beat them frankly, lost on the indifferent, Fortunately, this age are still able to return capital. As regards the latter, can be said to be the most bitter in the world, if there is such a sentiment at this time must be as clear as the dust, and sweep it out of the house from the heart.

Sixth, learn to bear certain things need to quietly forgotten after the first, on the wisdom of a long time;
Some of the suffering and troubles have to suffer in silence, a calendar chain, on the rich first.
This age should not be screaming like a child again, burst into tears.

7, Chang Thanksgiving Heart
When we attended the funeral, there is always filled with some emotion; when we, there will always be extremely treasure. Thanksgiving heart must always retain, not only things you take pity on him, but also the desire and struggle, Even the feeling of well-being are often derived from this.

Pat, love the work of although it is not like drinking tea, chatting as pleasant, but it tests our wisdom and ability,
Let us to embody the values and achievements. It must be full-loved, most of their lives, after all, it allows you to do something to eat.

9, diligent in learning
Reading and learning and wisdom in the chat, at least 50 books to read, not only to ensure that your memory, comprehension ability, but also allows you to maintain the charm of personality, this is the beauty of the yoga do not achieve results.

10, enjoy sports movement make the best use of time to enjoy the natural, your body will not be lazy and on the rise
Your face will not be reduced due to the vivid years, to a certain extent can the preservation of youth, happiness and health.

You have several smart?

ကျွန်မဖတ်ဖို့ (၁၁)


(၁) သူငယ်ချင်းတွေ စုဆောင်းပါ

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေ ဖြစ်တယ်။ သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ်။ သူတို့ကို ကိုယ့်ရဲ့အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ လဲလှယ်ခဲ့တာဖြစ်တဲ့အတွက် ကောင်းကောင်းတန်ဖိုးထားရမယ်။ ခုချိန်ထိ ကိုယ့်ဖုံးစာအုပ်ထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန်မနှောင်းသေးပါဘူး။

(၂) လက်လွတ်တတ်ဖို့ သင်ယူပါ

ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး။ ဘဝမှာ အချစ်တစ်ခု၊ ကံတရားတစ်ခု၊ ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွတ်တတ်ဖို့ သင်ယူရပါလိမ့်မယ်။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ ကိုယ့်အတွက် အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ယုံကြည်မှု၊ သတ္တိ၊ ကြိုးစားမှုတွေ ရှိခဲ့မယ်ဆိုရင် အောင်မြင်မှုက ကိုယ့်အတွက်ပဲဖြစ်တယ်။

(၃) အကြင်နာ မေတ္တာကို မျိုးပွါးပါ

ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလို အကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမှုမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့ ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊ စာတစ်ပုဒ်၊ တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။

(၄) ဂီတကို နှစ်သက်ပါ

ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတက ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဥာဏ်၊ အတွေးတွေကို ပိုပွင့်စေတယ်။ ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက် ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။ (ကျွန်မ ဝါးလက်ခုတ်တီးတတ်တယ်)

(၅) သောကနှစ်မျိုးကို ရှောင်ပါ

ပထမသောက, က လိုတာမရတဲ့ သောက၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက ... ဒီသောကတွေကို ဖုန်တွေသုတ်သင်သလို စိတ်အိမ်ထဲက လှဲကျင်းထုတ်ပစ်ပါ။ ကိုယ့်ဟာမှန်ရင် ကိုယ်စီ ရောက်လာပါလိမ့်မယ်။

(၆) ခံနိုင်ရည်ရှိဖို့ သင်ယူပါ

တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲ တစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဥာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ။ တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ။ ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ် မဟုတ်တော့ပါဘူး။

(၇) သူ့ကျေးဇူးကို သိတတ်ပါ

အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်း ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊ စက္ကန့်တိုင်း သတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊ အတ္တနဲ့ ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင် ပိုမှန်လိမ့်မယ်။

(၈) အလုပ်ကို မြတ်နိုးပါ

အလုပ်က လက်ဖက်ရည်သောက်၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့် ကိုယ့်ရဲ့အသိဥာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးနေတာဖြစ်တယ်။ ကိုယ့်တန်ဖိုးနဲ့ အောင်မြင်မှုကို ခံစားစေတယ်။

(၉) သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့

စာဖတ်တယ်၊ သင်ယူတယ်ဆိုတာ အသိဥာဏ်၊ ဗဟုသုတတွေနဲ့ ကိုယ်စကားစမြည် ပြောနေသလိုပါပဲ။ တစ်နှစ်ကို စာအုပ်(၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အသိဥာဏ်၊ နားလည်စွမ်းတွေ တိုးလာပါလိမ့်မယ်။

(၁ဝ) အားကစားလုပ်ပါ

ပိုနေတဲ့အချိန်ကို အသုံးချပါ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ။ ပျင်းလို့ တက်တဲ့ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ်။

မူရင်း .... Google search (聰明人必做的十件事) ထက်မြက်သူတို့ လုပ်ဆောင်သင့်တဲ့ အချက် ၁ဝချက်

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Thursday, April 30, 2009

အတွေ့အကြုံသစ်တစ်ခု....


Aung: မနိုင်းရေ ...... ဖြတ်သန်းလာခဲ့တဲ့ မနိုင်းဘ၀တစ်လျောက်မှာ အပျော်ဆုံးတစ်နေ့ အကြောင်းကို စာတစ်ပုဒ်လောက် ရေးပေးပါ။ ဒါမှမဟုတ် မေ့လို့မရနိုင်တဲ့ နေ့တစ်နေ့အကြောင်းကိုပေါ့။

ရွှေမန်းသား "အောင်" ရဲ့ အပြောကို Orange Chit Thu ကပါ ထောက်ခံခဲ့လို့ ဒီစာကို ရေးဖြစ်ပါတယ်။ အပျော်ဆုံးနေ့ဆိုတာ တစ်ချို့လူတွေအတွက် အောင်စာရင်းထွက်တဲ့နေ့၊ နိုင်ငံခြားထွက်တဲ့နေ့၊ ထီပေါက်တဲ့နေ့.... စတာတွေ ဖြစ်ရင်ဖြစ်မယ်။ ကျွန်မအတွက်က ပျော်တဲ့နေ့တွေပဲရှိတယ်.. အပျော်ဆုံးနေ့ဆိုတာမျိုး သတ်သတ်မှတ်မှတ် မရှိဖူးဘူး။ ပျော်တဲ့နေ့မှာ ရယ်မောစရာ၊ ရင်ခုန်ကြည်နူးစရာတွေ ပါမယ်ဆိုတာ မပြောလည်း သိကြပါတယ်။ အဲဒီလိုပဲ ကျွန်မအတွက် မေ့မရတဲ့နေ့ဆိုပြီး သတ်သတ်မှတ်မှတ် မရှိပေမယ့် ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာနဲ့ မေ့လို့မရတဲ့ အဖြစ်အပျက်တွေ အများကြီးရှိခဲ့တယ်။ ဝမ်းနည်းစရာကို မေ့ထားပြီး ပျော်စရာတွေကိုပဲ ကျွန်မ များများမှတ်ထားပါတယ်။ အခုလည်း (ကျွန်မအတွက်) အမှတ်တရလည်းဖြစ်၊ ရယ်လည်း ရယ်ချင်တဲ့ အဖြစ်တစ်ခုကို ခပ်ပျော်ပျော်လေး ရေးချလိုက်ပါတယ်။

ကျွန်မအခု သင်ရတဲ့ ကလေးတွေက ၁၂နှစ်၊ ၁၃နှစ် အရွယ်တွေများတယ်။ သူတို့အရွယ်က အရာရာ စူးစမ်းစပ်စုချင်ကြတဲ့ အရွယ်တွေ၊ ဆိုးလို့ ပျော်လို့ ကောင်းတဲ့အရွယ်တွေဖြစ်တယ်။ အတန်းထဲမှာ အများက ဗမာစကား ကောင်းကောင်းမပြောတတ်တဲ့ ရှမ်း၊ အခါ၊ တရုတ်၊ ဝ တွေဖြစ်တယ်။ "ဆရာမ ကျွန်တော် ရေစားချင်တယ်" ဆိုတဲ့ လူမျိုးတွေပေါ့။ (ရေသောက်ချင်တာကို ဆိုလိုပါတယ်) ကျွန်မလည်း ရှမ်းလိုက မလည်မဝယ်၊ အခါ၊ ဝလိုက မတတ်တော့ တော်တော်ဒုက္ခရောက်တယ်။ အတန်းထဲမှာ စကားနှစ်မျိုး၊ သုံးမျိုးတတ်တဲ့ ကျောင်းသားတွေကို ဘာသာပြန်ငှားထားရတယ်။

ဒီလိုနဲ့ အတန်းတက်စ တစ်နေ့မှာ ရှမ်းမ ကျောင်းသူလေးတစ်ယောက်က ကျွန်မကို လာတိုင်တယ်။ "ဆရာမ.. ဆရာမ.. အားတီ သမီး ရင်ကို လာကိုင်တယ်။ အခုနားက သမီးအမေ ကျောင်းလိုက်လာတယ်၊ အားတီကို မတွေ့လို့ ဆရာမကို တိုင်တာ" တဲ့။ (ဗမာစကားတောင် ကောင်းကောင်းမပြောတတ်သူမို့ "ရင်"လို့ သူမသုံးဘူး။ ကျွန်မက ဖတ်ရ ယဉ်ကျေးအောင် ရင်လို့ သုံးလိုက်တာပါ) တိုက်ရိုက်ကြီး ပြောလာတဲ့ စကားကြောင့် ကျွန်မ ကြောင်သွားတယ်။ နားလည်း ရှက်သွားသလိုပဲ။ သူပြောတဲ့ အားတီဆိုတဲ့ ရှမ်းကောင်လေးက အတန်းထဲမှာ ဟိုလူစ၊ ဒီလူစနဲ့ တော်တော်ဆိုးတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ ဒီကျောင်းသူလေးရဲ့ ရင်ကို စနောက်ရင်း ထိမိတာလား? သူ တမင်ပဲ သွားကိုင်ခဲ့တာလား မသိဘူး...

ကျောင်းသားက ဆရာမကို အားကိုးတကြီးနဲ့ တိုင်လာပြီဆိုတော့ ကျွန်မလည်း "အေး.. ခဏနေ ဆရာမ ဆုံးမပေးမယ်" ဆိုပြီး စာစသင်လိုက်တယ်။ အုပ်ထိန်းသူတွေပါ ပါလာနိုင်လောက်တဲ့ ပထမဆုံးအကြိမ် ကြုံတဲ့ ပြဿနာမို့ ကျွန်မ ဘယ်လိုဖြေရှင်းရမလဲ မသိခဲ့ဘူး။ လုပ်သက်က မရင့်တော့ အတွေ့အကြုံလည်း မရှိဖြစ်နေခဲ့တယ်။ အားတီကို လူသိရှင်ကြား ဆိုဆုံးမမိရင် သူတို့နှစ်ယောက်စလုံးကို ကျောင်းသားတွေ ဝိုင်းလှောင်ကြမှာလည်း စိုးတယ်။ ဒါကြောင့် စာသင်ရင်း အားတီကို ဘယ်လို ဆုံးမရမလဲလို့ ကျွန်မတွေးနေမိတယ်။

အတန်းပြောင်းချိန်ရောက်တော့ အားတီကို ကျွန်မနားခေါ်လိုက်တယ်။

"အားတီ .. နင် သူ့ကို ဘာသွားလုပ်လဲ" လို့ ကျွန်မ မေးတော့ "ဘာမှမလုပ်ဘူး" တဲ့။

"သူ့ရင်ကို သွားကိုင်တယ်ဆို" ဆိုတော့ "ရင်" ဆိုတာကို သူနားလည်ပုံ မရလို့ "ဘာမှမလုပ်ဘူး" ဆိုတာပဲ ပြန်ဖြေတယ်။

"မိန်းကလေးက ယောက်ျားလေးတွေနဲ့ မတူဘူး။ လျှောက်သွားမထိ ရဘူးဆိုတာ မသိဘူးလား" လို့ ဆရာမကြီးလေသံနဲ့ ကျွန်မ ထပ်ပြောတော့ (နားမလည်ဟန်နဲ့) "မသိဘူး" တဲ့။ ခက်တော့နေပြီ..... သူဘာလုပ်ခဲ့တယ်ဆိုတာကို အလွယ်တကူသိအောင် ဒီဆရာမ ဘယ်လိုရှင်းရမလဲ မသိ?

"နင်.. ဒီလို သွားလုပ်တယ်ဆို" ဆိုပြီး ရုတ်တရက် သူ့ရင်ဘတ်ကို လက်နဲ့ကိုင်သလို လုပ်ထည့်လိုက်မှ ပါးစပ်ပိတ်ပြီး သူ ခေါင်းညိတ်သွားတော့တယ်။

ကျွန်မက ရယ်လည်းရယ်ချင်၊ လက်သရမ်းချင်တဲ့ သူ့ကို ဒေါသလည်းထွက်နဲ့ မျက်နှာကို အတည်ဆုံးထားပြီး "ဘယ်လက်လဲ" လို့ မေးလိုက်တယ်။ သူဘာမှ မပြောဘဲ ညာဖက်လက်ကို ထုတ်ပေးပါတယ်။ တုတ်ယူပြီး ထုတ်ပေးတဲ့ သူ့ညာလက်ကို ကျွန်မ ခပ်နာနာလေး နှစ်ချက်ဆင့် ရိုက်ထည့်လိုက်မိတယ်။ ပြီးတော့ ယောက်ျားလေးနဲ့ မိန်းကလေးက မတူတဲ့အကြောင်း၊ လက်သရမ်းပြီး လျှောက်မထိသင့်ကြောင်း၊ ထပ်လုပ်ရင် မိဘတွေ၊ ကျောင်းအုပ်တွေပါ ပါလာနိုင်တဲ့အကြောင်း ပြောပြလိုက်တယ်။ ကျွန်မပြောတာကို အားတီ နားလည်လား? မလည်လားတော့ မသိဘူး။ ကျွန်မပြောပြီးတာနဲ့ အခန်းပြင်ကို သူထွက်သွားလိုက်တယ်။ ကျွန်မက နေရာမှာပဲ ရယ်ချင်သလိုလိုနဲ့ ကျန်ခဲ့တယ်။

ကျောင်းသူတစ်ယောက် မဖွယ်မရာ လုပ်ခံလိုက်ရလို့ ကျွန်မရယ်ချင်၊ ပျော်ရွှင်သွားတာ မဟုတ်ပါဘူး။ နားမလည်သူကို နားလည်အောင် လုပ်ပြလိုက်တဲ့ ကိုယ့်အပြုအမှုကိုပဲ ရယ်ချင်မိတာပါ။ ဆရာမတစ်ချို့ကို ဒီအဖြစ်ပြောပြတော့ သူတို့လည်း ပြုံးမိကြတယ်။ ဒီအဖြစ်က ဆရာမဖြစ်စ အတွေ့အကြုံအဖြစ် ကျွန်မဘဝမှာ မှတ်မှတ်ရရ မေ့မရအောင် ကျန်နေခဲ့မှာ သေချာပါတယ်။

(ရေးခိုင်းတာက တစ်ခြား၊ ရေးတာက တစ်ခြား ဖြစ်ခဲ့ရင် ဆောရီးပါလို့း)

နိုင်းနိုင်းစနေ


Wednesday, April 29, 2009

ကျွန်မဖတ်ဖို့ (၁၁)


(၁) သူငယ်ချင်းတွေ စုဆောင်းပါ

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေ ဖြစ်တယ်။ သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ်။ သူတို့ကို ကိုယ့်ရဲ့အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ လဲလှယ်ခဲ့တာဖြစ်တဲ့အတွက် ကောင်းကောင်းတန်ဖိုးထားရမယ်။ ခုချိန်ထိ ကိုယ့်ဖုံးစာအုပ်ထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန်မနှောင်းသေးပါဘူး။

(၂) လက်လွတ်တတ်ဖို့ သင်ယူပါ

ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး။ ဘဝမှာ အချစ်တစ်ခု၊ ကံတရားတစ်ခု၊ ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွတ်တတ်ဖို့ သင်ယူရပါလိမ့်မယ်။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ ကိုယ့်အတွက် အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ယုံကြည်မှု၊ သတ္တိ၊ ကြိုးစားမှုတွေ ရှိခဲ့မယ်ဆိုရင် အောင်မြင်မှုက ကိုယ့်အတွက်ပဲဖြစ်တယ်။

(၃) အကြင်နာ မေတ္တာကို မျိုးပွါးပါ

ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလို အကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမှုမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့ ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊ စာတစ်ပုဒ်၊ တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။

(၄) ဂီတကို နှစ်သက်ပါ

ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတက ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဥာဏ်၊ အတွေးတွေကို ပိုပွင့်စေတယ်။ ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက် ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။ (ကျွန်မ ဝါးလက်ခုတ်တီးတတ်တယ်)

(၅) သောကနှစ်မျိုးကို ရှောင်ပါ

ပထမသောက, က လိုတာမရတဲ့ သောက၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက ... ဒီသောကတွေကို ဖုန်တွေသုတ်သင်သလို စိတ်အိမ်ထဲက လှဲကျင်းထုတ်ပစ်ပါ။ ကိုယ့်ဟာမှန်ရင် ကိုယ်စီ ရောက်လာပါလိမ့်မယ်။

(၆) ခံနိုင်ရည်ရှိဖို့ သင်ယူပါ

တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲ တစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဥာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ။ တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ။ ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ် မဟုတ်တော့ပါဘူး။

(၇) သူ့ကျေးဇူးကို သိတတ်ပါ

အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်း ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊ စက္ကန့်တိုင်း သတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊ အတ္တနဲ့ ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင် ပိုမှန်လိမ့်မယ်။

(၈) အလုပ်ကို မြတ်နိုးပါ

အလုပ်က လက်ဖက်ရည်သောက်၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့် ကိုယ့်ရဲ့အသိဥာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးနေတာဖြစ်တယ်။ ကိုယ့်တန်ဖိုးနဲ့ အောင်မြင်မှုကို ခံစားစေတယ်။

(၉) သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့

စာဖတ်တယ်၊ သင်ယူတယ်ဆိုတာ အသိဥာဏ်၊ ဗဟုသုတတွေနဲ့ ကိုယ်စကားစမြည် ပြောနေသလိုပါပဲ။ တစ်နှစ်ကို စာအုပ်(၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အသိဥာဏ်၊ နားလည်စွမ်းတွေ တိုးလာပါလိမ့်မယ်။

(၁ဝ) အားကစားလုပ်ပါ

ပိုနေတဲ့အချိန်ကို အသုံးချပါ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ။ ပျင်းလို့ တက်တဲ့ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ်။

မူရင်း .... Google search (聰明人必做的十件事) ထက်မြက်သူတို့ လုပ်ဆောင်သင့်တဲ့ အချက် ၁ဝချက်

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Tuesday, April 28, 2009

စကားနှစ်ခွန်းလျော့ပြောပါ....


မိန်းမတွေက မွေးရာပါ ပျစ်တောက်ပျစ်တောက်တွေ ဖြစ်တယ်။ ပစိပစပ်များတယ်။ ဒါပေမယ့် အချစ်မှာ၊ တစ်ချို့အခြေအနေမှာ နုတ်ပိတ်နေတာက အကောင်းဆုံးဖြစ်တယ်။ "silence is golden" ဆိုသလို တစ်ခါတလေမှာ နုတ်ဆိတ်နေခြင်းက သင့်ကို အကောင်းတွေ သယ်လာပေးနိုင်ပါတယ်။

(၁) သူ မီးဖိုချောင် ဝင်တဲ့အခါ

မီးဖိုချောင်က ကိုယ့်နယ်ပယ်လို့ သတ်မှတ်ပြီး မီးဖိုချောင် ဝင်သူတိုင်းကို ကိုယ်အမိန့်ပေးလို့ ရတယ်လို့ မသတ်မှတ်ပါနဲ့။ သူစိတ်ပါလို့ မီးဖိုချောင်ဝင်တဲ့နေ့ လိမ္မာပါးနပ်တဲ့ သင် ဟင်းရွက်ဆေးကူ၊ အိုးခွက်ပန်းကန်ပေးရုံကလွဲရင် တစ်နေရာကို ရှောင်နေလိုက်ပါ။ စားဖို့အဆင့်သင့် ဖြစ်ချိန်မှ သင်ပါးစပ်ဖွင့်ပါ။ သူချက်တဲ့ဟင်းက ဘယ်လောက်စားကောင်းကြောင်း၊ ဟင်းချက်အစီအစဉ်မှာ ဝင်ပြိုင်သင့်ကြောင်း ချီးကျူးစကားပြောပါ။ မီးဖိုချောင်ကို အချက်အပြုတ် သင်တန်းကျောင်းလို သူဓားကိုင်နည်းက မမှန်ဘူး၊ ဒယ်အိုးကိုင်နည်းက ပုံမကျဘူး၊ အရသာ ပေါ့သလေ၊ ငန်သလေနဲ့ ကဲ့ရဲ့လှောင်ပြောင်ပြီး ဆရာသွားမလုပ်ပါနဲ့။ သူစိတ်ထိခိုက်ပြီး မီးဖိုချောင် လုံးဝမဝင်တော့တဲ့အခါ သင်သာလျှင် နေ့တိုင်း မီးဖိုချောင်စောင့်နတ် ဖြစ်သွားပါလိမ့်မယ်။

(၂) သန့်ရှင်းရေး ဝိုင်းကူလုပ်တဲ့အခါ

ဂျပန်နိုင်ငံက ပညာရှင်တစ်ချို့ရဲ့ လေ့လာဆန်းစစ်ချက်အရ အခုခေတ်မှာ ခေတ်စားနေတဲ့ ကွာရှင်းပြတ်စဲခြင်းရဲ့ အဓိက တရားခံက နောက်မီးလင်းလို့ မဟုတ်သလို ရိုက်နှက်ရန်ဖြစ်ကြလို့လည်း မဟုတ်ဘူး။ "အိမ်အလုပ်ကို သူကူမလုပ်ဘူး" ဆိုတာပဲ ဖြစ်ပါသတဲ့။ မိန်းကလေးတွေကလည်း စဉ်းစားကြည့်သင့်တယ်။ ကိုယ့်လင်တော်မောင်က ကိုယ့်ကြောင့် အကျင့်ပျက်သွားတာလား? သူကိုယ့်ကို သန့်ရှင်းရေးလုပ်ကူတဲ့အခါ ကိုယ်က ဘေးကနေ ဟိုလိုလုပ်ပါလား၊ ဒီလိုမဟုတ်ဘူး၊ နှေးလိုက်တာလို့ ပျစ်တောက်တောက် ရေရွတ်နေခဲ့သလား?

တလောက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့အိမ်က ရေချိုးခန်းကို သန့်ရှင်းဖို့ သူ့လင်တော်မောင်က အထူးစီမံထားတဲ့ ရေမြုပ်တွေ သွားဝယ်ခဲ့သတဲ့။ ပြီးတော့ အဲဒီရေမြုပ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ ချေးကပ်နေတဲ့ ဘေဇင်နဲ့ ရေစက်ခေါင်းတွေကို ပြောင်လက်အောင် ဆေးနိုင်ကြောင်း ပြောတယ်။ သူငယ်ချင်းက ဘာမှမပြောဘဲ ဧည့်ခန်းမှာ ကြောင်ကလေးနဲ့ သွားဆော့နေခဲ့ပြီး လင်တော်မောင် ဆေးကြောနေတာကို စိတ်ဝင်တစား မကြာခဏ သွားရပ်ကြည့်ရုံကလွဲလို့ စကားတစ်ခွန်းမှ မဟခဲ့ဘူး။ ပြောင်လက်အောင် ဆေးကြောပြီးနောက် လင်တော်မောင်က ...

"တွေ့တယ်မဟုတ်လား? ဒီရေမြုပ်နဲ့ ဆေးရတာ လွယ်လည်းလွယ်တယ်၊ ပြောင်လည်းပြောင်တယ်" လို့ ပြောတော့ သူ့စိတ်ထဲမှာ "နင်သာလုပ်မယ်ဆိုရင် ဘာနဲ့သုံးသုံး ကောင်းတယ်" လို့ တွေးဖြစ်ပေမယ့် ပါးစပ်က "ဟယ်... တကယ်ပဲတော့.... ရေချိုးခန်းက တစ်ခါမှ ဒီလောက်ထိ မတောက်ပြောင်ဖူးဘူး.. နင်အရမ်းတော်တာပဲ" သူ့စကားကို လင်တော်မောင်က တဟားဟားနဲ့ သဘောကျပြီး "ညစ်ပတ်သွားရင် နောက်တစ်ပတ် ကို' ပြန်ဆေးပေးမယ်" လို့ ပြောလိုက်တယ်။ ကဲ... ဒီလို မိန်းကလေးမျိုးကို လိမ္မာပါးနပ်တယ်လို့ မခေါ်ဘူးလား!

(၃) သူဒေါသထွက်တဲ့အခါ

အပြင်ကိစ္စတစ်ခုခုကြောင့် သူဒေါသထွက်တဲ့အချိန် အဲဒီကိစ္စမှာ သူမှားခဲ့လည်း သူ့ကို စကားခွန်းကြီးခွန်းငယ်ဖွဲ့ပြီး အပြစ်သွားမတင်သင့်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် မိန်းမကောင်းတစ်ယောက်ရဲ့ သွင်ပြင်ကို ရုပ်ပျက်စေနိုင်သလို သူ့ဒေါသကို ဆွပေးသလို ဖြစ်သွားနိုင်တယ်။ စကားတစ်ခွန်းမှ မပြောဘဲ သူ့ကိုပဲ စိုက်ကြည့်နေလိုက်ပါ။ ဖြစ်နိုင်ရင် မျက်ရည်အဝဲသားနဲ့ ကြည့်ပါ။ အဲဒီနောက် မျက်ရည်တွေ မျက်လုံးအိမ်ကနေ တဖြေးဖြေး စီးကျလာပါစေ။ သူ့ဒေါသသံတွေ တဖြေးဖြေး တိုးလာပြီး နေမသိ ထိုင်မသာ ဖြစ်လာမယ်ဆိုတာကို အာမခံပါတယ်။ နောက်ပိုင်း သူမှားသွားကြောင်း ကိုယ့်ကို ပွေ့ဖက် တောင်းပန်လာလိမ့်မယ်။ မငိုနဲ့... မငိုပါနဲ့တော့လို့ သူချော့လာပါလိမ့်မယ်။

(၄) သူရင်ဖွင့်လာတဲ့အခါ

အလုပ်မှာ အဆင်မပြေတဲ့အချိန်၊ သူဌေး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အနှိမ်ကျင့်တာကို ခံရချိန် အိမ်ပြန်ရောက်ပြီး ကိုယ့်ကို သူရင်ဖွင့်လာပါလိမ့်မယ်။ အဲဒီအခါ သူက ထိခိုက်ဒဏ်ရာရလာတဲ့ ကလေးတစ်ယောက်လို ကိုယ့်ဆီက နှစ်သိမ့်အားပေးစကားကို မျှော်လင့်နေပါလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာ သူ့ကို ပွေ့ဖက်ပေးလိုက်ပါ၊ ခေါင်းကို ပွတ်သပ်ပေးပါ၊ ပြဿနာဖြစ်သူတွေကို သွားဂရုစိုက်မနေဖို့ နှစ်သိမ့်ပါ။ သူခံနိုင်ရည်မရှိကြောင်း၊ စိတ်ဓာတ်တွေ မကြံ့ခိုင်ကြောင်း သင်ခန်းစာ သွားမပေးပါနဲ့။ သွားမလှောင်ပါနဲ့။ ထိခိုက်ခံစားနေတဲ့ သူ့စိတ်အပေါ် အေးစက်တဲ့ စကားတွေ ထပ်လောင်းမိရင် နှစ်ဦးကြား အခြေအနေက ပိုဆိုးသွားပါလိမ့်မယ်။

(၅) သူပင်ပန်းလာတဲ့အခါ

အလုပ်မှာ တစ်နေကုန်ပင်ပန်းခဲ့လို့ အိမ်ရောက်တာနဲ့ ထမင်းစား၊ ရေချိုးပြီး သူ အိပ်ရာဝင်ချင်နေတယ်။ ကိုယ်ကလည်း သူနဲ့စကားပြောချင်နေတယ်။ ဒီလိုအချိန်မျိုးမှာ အိပ်ချင်ပြီး မအိပ်ရသူရဲ့ စိတ်က ဒေါသထွက်လွယ်ပါတယ်။ တကယ်လို့ ကိုယ်က ဘေးမှာနေပြီး ထပ်ပြောနေဦးမယ်ဆိုရင် နောက်ဆုံးမှာ နှစ်ဦးစလုံး ဒေါသစိတ်နဲ့ အိပ်ရာဝင်ရပါလိမ့်မယ်။ အိပ်ချင်သူကို အိပ်ရေးဝဝ အိပ်ပါစေ။ နောက်တစ်နေ့မနက် မနက်စာ စားချိန်၊ သတင်းစာ ကြည့်ချိန်မှာ ကိုယ်ပြောချင်တဲ့စကားကို ပြောရင်လည်း နောက်မကျပါဘူး။ ဒါဟာလည်း နားလည်ပေးတတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ထုတ်ဖော်နေသလိုပါပဲ....

အကြင်လင်မယားတိုင်း ချစ်တတ်ကြပါစေ....

မူရင်းရေးသားသူ -茉 莉 (Maw Li) 少說兩句 他會更愛妳 (စကားနှစ်ခွန်းလျော့ပြောပါ၊ ကိုယ့်ကို သူပိုချစ်လာလိမ့်မယ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Monday, April 13, 2009

အလုပ်အကိုင် ရှာဖွေသူ မြန်မာ များ သတိ ထား ရန်

Big mistakes job-seekers make

-ပက်ထရစ်ရှာလင်း-

လက်ရှိစီးပွားရေး အကျပ်အတည်းကာလ အတွင်း နေရာ အနှံ့ အပြား၌ အလုပ်အကိုင်သစ် ရှာဖွေမှု အခက်အခဲ များ ဖြစ်ပေါ် လျှက်ရှိပါတယ်။ အလုပ်လက်မဲ့ ဦးရေများပြားလာနေမှု က တကြောင်း၊ အလုပ်အကိုင်သစ် နည်းပါး ရှားပါးလာမှုက တကြောင်း တို့ကြောင့် အလုပ်အကိုင်သစ် ပြန်လည် ရရှိဖို့ အခက်အခဲများ လူတိုင်းကြုံတွေ့ နေရပါတယ်။ ဒီလို အလုပ်အကိုင်သစ် ရှာဖွေရာတွင် ရှာဖွေသူများအနေနဲ့လည်း သတိမထားပဲ မှားယွင်းခဲ့မှုများ ကြောင့် အလုပ်အကိုင် ရှာဖွေမှုတွင် အခက်အခဲများ ရှိနေတက်တယ်လို့ ဆိုတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ABC ရုပ်မြင်သံကြားရဲ့ Good Morning America အစီအစဉ်မှာ ရော်ဘင်ရောဘတ်က ကျွမ်းကျင်သူပညာရှင် တယောက်နဲ့ ဒီနေ့ အပြန်အလှန်ဆွေးနွေး ထားပါတယ်။ သူတို့ ၂ ယောက် ရဲ့ ဆွေးနွေးအကြံပြုချက်ထဲမှာ အလုပ်အကိုင် ရှာဖွေသူများအနေနဲ့ သတိမထားပဲ မှားယွင်းတက်တဲ့ အချက် ၅ ချက် ကို အကြံပြု ထားပါတယ်။ ကျမ စာဖတ်သူတွေ၊ အလုပ်အကိုင်ရှာဖွေရာမှာ အခက်အခဲရှိနေတဲ့ ပြည်ပရောက်မြန်မာ များကို ဝေမျှပေး ပါရစေ။

၁) သင်ရဲ့ Resume ကို ပို့ပေး ယုံနှင့် မလုံလောက်ပါ။ သင်လျှောက်သည့် အလုပ်အကိုင် နှင့် ရာထူးကို အလုပ်ရှင် သိအောင် သေသေချာချာရှင်းရှင်းလင်းလင်းဖော်ပြပေးပါ။ အလုပ်ရှင် က ဖုန်းခေါ်မှု ကို သင်မစောင့် နေပါနဲ့။ သင်က အလုပ်ရှင်ထံ စတင်ပြီး ဆက်သွယ်မေးမြန်းစုံစမ်းပါ။

၂) အလုပ်ရှင်က တွေ့ဆုံမေးမြန်း(Interview) လုပ်တာပဲဖြစ်ဖြစ်၊ အလုပ်ရှင်နဲ့ စကားပြောခွင့်ရရှိသည့် အခါပဲ ဖြစ်ဖြစ် သင်သိရှိသော၊ သင်လုပ်ခဲ့သော လုပ်ငန်းအတွေ့ အကြုံ၊ သင် ၏ သင်ကြားလေ့လာခဲ့မှု၊ သင်လုပ်နိုင် သော လုပ်ငန်းရပ်များ အကြောင်းကို အလုပ်ရှင်သိရှိအောင် ပြောဆိုပါ။ သင်၏အိမ်တွင်းရေးအကြောင်း၊ သင်၏ အလုပ်အကိုင် ရှာဖွေမှုအခက်အခဲ၊ လူတိုင်းသိရှိပြီး၊ နေ့စဉ်ကြားသိနေရသော စီးပွားရေး ပြဿနာများ၊ အကြောင်းအရာများ မပြောဖို့ ရှောင်ကြဉ်ပါ။

၃) ဒီလိုပြောဆိုရာမှာ ပဲဖြစ်ဖြစ်၊ အလုပ်ရှင်က တွေ့ဆုံမေးမြန်းမှု(Interview) လုပ်တဲ့ အခါမှာ သင် ယုံယုံကြည် နဲ့ပြောဆိုပါ ၊ ပြုမှုပါ ( Show your confidence)။ ခေါင်းကုတ်ခြင်း၊ ချွင်းဂမ်း၊ ပီကေ တို့စားခြင်း၊ ရေမွှေးသုံးခြင်း၊ နားကွင်း၊ နားဆွဲ၊ လက်ဝတ်ရတနာများ ၀တ်ဆင်ခြင်း၊ ဆံပင် ဖရိုဖရဲဖြစ်နေခြင်း၊ ဆဲလ်ဖုန်း မြည်လာခြင်း စတဲ့ အရုပ်ဆိုးစေတဲ့ အပြုအမှုများကို မပြုလုပ်မိပါစေနဲ့။ တနည်းအားဖြင့် Body language နှင့် Professional manner ကို အထူးဂရုစိုက် ပြုမှုဖို့ သတိရှိကြပါ။

၎) အလုပ်ရှင်က တွေ့ဆုံမေးမြန်းမှု(Interview) လုပ်တဲ့ အခါမှာ သင်၏ တက်ကျွမ်းမှု၊ ကျွမ်းကျင်မှု(Skills), သင်သိရှိသော ဗဟုသုတ ( Knowledge)၊ သင်ရင်ဆိုင်ခဲ့ရသော လုပ်ငန်းခွင် အတွေ့အကြုံ ( Experience)၊ သင်တက်မြောက်ခဲ့သော ပညာရေး ( Education) ၊ ရရှိခဲ့သော အောင်မြင်မှု ( Achievements) တွေကို အလုပ်ရှင်သိအောင် အထူးအလေးပေးပြောဆို တင်ပြပါ။

၅) အလုပ်ရှင်ရဲ့ ကုမ္ပဏီမှာ သင်လုပ်ကိုင်ရမည့် အဓိက အကြောင်းအရာ၊ အလုပ်ရှင်ရဲ့ မျော်မှန်းထားချက်၊ ကုမ္ပဏီရဲ့ Culture တွေကို သိရှိအောင် မေးခွန်းထုတ်ပါ။ လက်ရှိရင်ဆိုင်နေရသော ကုမ္ပဏီ၏ အခက်အခဲ များကို သိရှိအောင် မေးပါ။ ကုမ္ပဏီကို တိုးတက်အောင် ပြုပြင်ပြောင်းလဲ ပေးမည့်
သင်၏ အကူအညီ ကို ကမ်းလှမ်း ပါ။ အလုပ်သစ်အပေါ် သင်၏ စိတ်ဝင်စားမှုကို ထုတ်ဖော်ပြသပါ။ သင်ဟာ ကုမ္ပဏီ အတွက်ဖြစ်ပါစေ။ သင်အတွက် ကုမ္ပဏီ မဖြစ်ပါစေနဲ့။

ပြည်ပရောက် မြန်မာများ အလုပ်အကိုင်ရှာဖွေမှု အောင်အောင်မြင်မြင် ရရှိနိုင်ကြပါစေ။


(Comments)-
စာဖတ်ပရိသတ်များ၏ အကြံပြုချက်

်from: Kyaw Kyaw

(ထိုင်း၊ စကာင်္ပူ၊ မလေး နဲ့ ဂျပန်တို့ မှာ အလုပ်လုပ်နေတဲ့မြန်မာတွေအတွက်တော့ အဓိက အကြံပြုလိုတာက အလွန်အနံပြင်းတဲ့ အဘ ထ လို အနံမျိုးတွေ၊ ကွမ်းစားတာတွေ မလုပ်မိကြဖို့ ပါပဲ။ အဘ ထ ကို အလာကားနေရှု နေသူတွေဟာ အသက်ရှု လမ်းကြောင်းတလျောက်မှာစွဲနေတဲ့အတွက် နိင်ငံခြားသားတွေအဖို့ မခံမရပ်နိင်ဖြစ်တတ်ပါတယ်။ ဆိတ်သား အိုးကြီးကို အင်တာဗျူးလုပ်တဲ့အချိန်မှာ ဖွင့်လိုက်သလို ဖြစ်သွားနိင်ပါတယ်။ ကွမ်းကလည်း သွားတွေကိုပျက်ဆီးစေပါတယ်။ ဒါ့အပြင် ဒီနေ့ ခေတ်ပြင်ပကမ္ဘာက ကွမ်းစားတဲ့အလေ့ အထိမရှိတော့တဲ့အပြင် ကွမ်း အကြောင်းကိုသိတောင်မသိတော့ပါဘူး။ သွားဟာ လူနေမှုအဆင့်အတန်းကို ဖေါ်ပြတဲ့ လူတယောက်ရဲ့  အဆင့်အတန်းကို ဖေါ်ပြတဲ့ သင်္ကေတအဖြစ် ဒီနေ့ Globalization က ယူဆလာပါတယ်။ အရင်ခေတ်ကတော့ ကွမ်းကြောင့်သွားတွေ မဲနေတာဟာ ရိုးသားမှုလိုလို ဖေါ်ရွေမှုလိုလို အဓိပ္ပါယ် ရှိခဲ့ပါတယ်။ ဒီနေ့ ခေတ်မှာတော့ ဒါမရှိတော့ပါဘူး။

သွားတွေမဲနေတာ ၊ ကြိုးနေတာတွေဟာ ဆင်းရဲ သူ၊ ပညာမတတ်သူ၊ ခေတ်နောက်ကျသူ၊ ငတုံးဆိုတဲ့ အဓိပ္ပါယ် ထွက်လာပြီဖြစ်ပါတယ်။ သွားကို သန့်ရှင်း အောင်ထားဖို့ လှပအောင်ထားဖို့ အကြံပြုလိုပါတယ်။ )

Saturday, April 11, 2009

Monday, 24 November 2008

ဒုက္ခသည် စခန်းက လာတဲ့ စာ


- အောင်ပန်-


ငါအခု အုန်းဖန် ဒုက္ခသည်စခန်း ကို ရောက်တာ တပါတ်ပြည့် သွားပြီ။ စခန်းကို မရောက်ခင် အဆိုးဆုံး ရဲဂိတ်မှာ ပိုက်ဆံပေး အပြီးမှာ ကိုဖိုးကျော်နဲ့ ဖုန်း အဆက်အသွယ် ရတယ်။ အဲဒီ ရဲဂိတ်ကျော်ရင် ဖုန်း အဆက်အသွယ် မရတော့ဘူး။ အုန်းဖန် ဒုက္ခသည် စခန်းကို ရောက်တော့လည်း အထဲကို ၀င်ဖို့အတွက် ထိုင်းလုံခြုံရေးကို ပိုက်ဆံပေးပြီးဝင်ရတယ်။ သူငယ်ချင်းရဲ့ မိန်းမက လာကြိုပေးတယ်။ ရောက်ရောက်ခြင်းဘဲ Thai-burma border community က ရိက္ခာပေးဖို့ ရောက်နေပြီ ဆိုတော၊့ တောင်အောက်ပြန်ဆင်း လူအုပ်ကြီးနဲ့ တန်းဆီစောင့်လိုက်တာ ညနေ ၅နာရီထိဘဲ။

နိုင်ငံခြားသားနဲ့ ကားပေါ်မတက်ခင်ကလေး စကား၂ခွန်းပြောလိုက်ရတယ်။ နောက်နေ့မှ စီစဉ်ပေးမယ် ဆိုတာလေးနဲ့ဘဲ တောင် ပေါ်ပြန်တက်ခဲ့ရတယ်။ တည်းခိုအိမ်ရောက် ထမင်းစားပြီး အိပ်ရာဝင်ခဲ့ပေမယ့် အိပ်လို့မရ ပြန်ဘူး။ အရမ်းကိုအေးတယ်။ တဲအိမ်လေးတွေ ဆိုတော့ လေက၀င်၊ အတူလာသူတွေက စောင်အ ပြည့်အစုံ မပါတော့ မျှခြုံရတာပေါ့။ နောက်ရက် မနက်လင်းလင်းခြင်းဘဲ ရိက္ခာဂိုဒေါင်ဆီ သွားရတယ်။ ရိက္ခာဂိုဒေါင်ရှေ့မှာတော့ လူအုပ်ကြီးက စောင့်နေကြပြီ။ ရှေ့ဆုံးရောက်အောင် တဖြည်းဖြည်းတိုးရင်း ရှေ့ဆုံးအရောက်မှာတော့ နိုင်ငံခြားသားလည်း တိုးပြီးဝင်လာနေပြီ။ ဒုက္ခသည်တွေကို နိုင်ငံခြားသား က သူအစီအစဉ်ကိုရှင်းပြရမှာ ငါက၀င်ပြီး ဘာသာပြန်ပေးလိုက်ရတာက အခွင့်အရေးဖြစ်သွားတယ်။

(အဲဒီနိုင်ငံခြားသားက ငါနဲ့ မဲဆောက်မှာတွေ့ခဲ့ဘူးတယ်၊ မဲဆောက်မှာတော့ ဘာမှလုပ်မပေးနိုင်ဘူး။ ဒုက္ခသည်စခန်းမှာဆိုရင်တော့ ရိက္ခာစီစဉ်ပေးမယ်လို့ ပြောခဲ့ဘူးတယ်။) ဘာသာပြန်အပြီးမှာနိုင်ငံခြားသား က စောင့်နေပါ UN slip holder ကိုစီစဉ်ပေးမယ်ဆိုတော့ စောင့်နေရတာ ညနေပြီးသည်အထိ ငါတို့ အလှည့်မရောက်သေးဘူး။ ငါတို့နေတဲ့ရပ်ကွက်မှာ က လူဦးရေ ၁၅၀၀ မှာ ၃၉၀ဘဲရိက္ခာပေးနိုင် တာဆိုတော့ နိုင်ငံခြားသားစီးတဲ့ ကားကို ၀ိုင်းထားကြတာပေါ့။ ငါဘဲဘာသာပြန်ပေးရတယ်။ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းက ငွေယူပြီး ရက်ပိုင်းအတွင်းရောက်သူတချို့က ရိက္ခာအတွက် ဓါတ်ပုံရိုက်ရတယ်။ TBBC ရိက္ခာပေးအစီအစဉ်က ၂၀၀၆၊ ၂၀၀၇ အတွင်းရောက်တဲ့သူတွေ အတွက်လို့ ကြေညာပေမယ့် ငွေပေးနိုင်သူ တွေက ၂၀၀၈ နောက်ပိုင်းရောက်ပေမယ့် ရိက္ခာရမယ့်စာရင်းထဲပါတော့မကျေနပ်ကြတာ ပေါ့။ နောက်တရက် မနက်လည်း ရိက္ခာဂိုဒေါင်ရှေ့မှာ လူအုပ်ကြီးကရော့မသွားဘဲ ပိုပြီးတိုးလာတယ်။ သိပ်မကြာပါဘူး ဆန္ဒပြသလိုဖြစ်လာခဲ့တယ်။ နိုင်ငံခြားသားကလည်း ဆန္ဒပြခိုင်းတယ်။ စခန်းအုပ်ချုပ် ရေးကော်မတီ ရောက်လာပြီး ထိမ်းမှဘဲ ငြိမ်သွားခဲ့တယ်။ နေ့လည်စာ စားပြီးချိန်မှငါ တို့ UN slip တွေအလှည့် ရောက်တော့တယ်။ ငါလည်း ၂၀၀၈ ဇန္နာဝါရီကစပြီး ရိက္ခာရမယ်။ ရမယ့်ရိက္ခာကတော့ ဆန် ၈ ကီလို၊စားဆီ ၁လီတာ၊ ပဲ၁ကီလိုခွဲ၊ မီးသွေး ၅ကီလိုရမယ်။ ဘတ်ငွေ၄၀၀ဖိုးပေါ့။ စခန်းကိုရောက်ရောက်ချင်းဘဲ တကယ့်ဒုက္ခသည်ဘ၀ကို သိလိုက်ရတာဘဲ။ ၂ ရက်လုံးလုံး တနေကုန်မတ်တပ်ရပ်နေကြတဲ့ လူပေါင်းတထောင်ကျော်ဟာ တကယ့်ကို စားစရာအတွက်လေး ကိုဘဲ ရဖို့မျော်လင့်ချင်းတွေနဲ့ စောင့်နေကြသလို၊ ဒုက္ခသည်စခန်းကို လေယာဉ်နဲ့ လာကြသူတွေကတော့ ရိက္ခာအတွက် မဟုတ်ကြဘဲ ဒုက္ခသည်စာရင်း ၀င်ဖို့အတွက် တယောက်ကို ဘတ်၇၀၀၀ ပေးပြီးစာရင်း ၀င်အောင်လုပ်ကြတယ်။ ငါတော့ငွေမကုန်ဘဲ ဒုက္ခသည်ရိက္ခာစာရင်းဝင်သွားပြီ။ အဲဒီညကတော့ ငါတို့နေတဲ့ရပ်ကွက်မှာ ဘယ်သူမှ အိပ်မရကြဘူး။ တကယ့်ကိုရိက္ခာလိုအပ်သူတွေက ၂၀၀၆၊၂၀၀၇ မှာ ရောက်ပါလျှက် မရကြတော့ ဆူကြတော့တာပေါ့။ မနက်မှာလူစု၊ လက်မှတ်ထိုးပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးဖြုတ်ချရေးလှုပ်ရှားကြတယ်။ အရှိန်တက်နေတုန်းမှာဘဲ ယူအင်အိပ်စီအာက စာရင်းလာကောက်ရော ငြိမ်သွားတယ်လေ။ ငါကတော့ စခန်းအနှံ့လျောက်သွားတယ်။ ဒုက္ခသည်စခန်းမှာ ၁၀ပေ၊၁၅ပေ အခန်းကျဉ်းလေးဈေးနှုန်းက ဒေါ်လာ၂၀၀ အနည်းဆုံးရှိတယ်။ ၄ယောက်လောက်ဖြန့် အိပ်လို့ရတယ်လေ။

ဒီလိုလျှောက်သွားရင်း တွေ့ရတာတွေကတော့ အစုံပါဘဲ။ အံသြစရာကောင်းတာကတော့ ဗိုလ်ချုပ်ဈေးမှာ ကျောက်ရောင်းတဲ့ အမျိုးသမီးတယောက်ကို တွေ့လိုက်ရတာဘဲ။ အိမ်အလည် ခေါ်လို့လိုက်သွားတော့ အိမ်ကြီးအိမ်ကောင်းနဲ့ ရပ်ကွက်ကို အင်ဂျင်စက်နဲ့မီးပေးတာ၊ ဗီစီဒီခွေဆိုင် ဖွင့်တာ စတဲ့စီးပွားရေးတွေလုပ်ရင်း အမေရိကန်သွားဖို့ ၂၀၀ရ ကတည်းကစောင့်နေတယ် ဒုက္ခသည်။ နေ့လည်တည်းတဲ့ အိမ်ရှေ့မှာ နေ့လည်စာစားပြီး နေပူစာလှုံနေတုန်း စားစရာမရှိ လို့ အနွေးထည်လိုက်ရောင်းနေတဲ့ ဒုက္ခသည်။ တယ်လီဖုန်းဆက်ဖို့ ပုဂ္ဂလိကဖုန်းရုံလေးထဲရောက် တော့ တတိယနိုင်ငံရောက် ဆွေမျိုးသားချင်းများဆီကိုငွေမှာနေတဲ့ ဒုက္ခသည်။ ကရင်ရွ့ာထဲရောက်တော့ စစ်ပြေးဒုက္ခသည် ပေါင်းများစွာတွေ့လိုက်ရပြီ။ ရာသီဥတုကတော့ဒီရက်ပိုင်း အတွင်း အရမ်းဆိုးတယ်။ နှစ်ရက်ဆက်တိုက် နှင်းမိုးတွေရွာနေတယ်။ ရေချိုးဖို့တောင်မလွယ်ဘူး။ ဒီအပြင် အံသြစရာတိုက်ဆိုင်မှုကတော့ တန်ဆောင်မုန်း လပြည့်ည ပါဘဲ။ လွန်ခဲ့တဲ့ ၁၉ နှစ်က ငါအိန္ဒိယဘက်ကို တောခိုတုန်းက မဟာမြိုင်တောထဲမှာ ညအိပ်ခဲ့ရတာကို ပြန်သတိရလိုက်ပြီး တိုက်ဆိုင်ဆိုင်မှုကိုစဉ်းစားပြီး တော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး။ ငါနေတဲ့ ရပ်ကွက်က စခန်းကအခေါ် ၁၆ရပ်ကွက်၊ယူအင်ရပ်ကွက်၊ NGO တွေသတ်မှတ်ပြီးခေါ်တာက Zone A/Section 8 ပေါ့။ မြန်မာအများစုနေတဲ့ ရက်ကွက်ပေမယ့် လူမျိုးစုံတော့ ရှိတယ်။ ကချင်၊ချင်း၊မွန်၊ဂေါ်ရခါး(Nepalse) အစုံစုံပါဘဲ။ လက်ရှိလူဦးရေစာရင်းကတော့ ၁၄၀၀ရှိတယ်။ တစခန်းလုံးရဲ့လူဦးရေကတော့၃၅၀၀၀ လောက်ရှိလိမ့်မယ်။ ဒီရက်ပိုင်းအတွင်းမှာဘဲ ငါတို့နေတဲ့ရပ်ကွက်ကတော့ ပြသနာစုံဖြစ်နေတဲ့ ရပ်ကွက်ပဲ။ တနေ့တမျိုးမရိုးရအောင်ပါဘဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက ရိက္ခာအတွက် ဓါတ်ပုံရိုက်တာ မရိုက်လိုက်ရသူတွေကလည်း မကျေမနပ်ဖြစ်ပြီး ဒုရပ်ကွက်လုံခြုံရေးမှုး ၀ိုင်းလက်မှတ်ထိုးဖြုတ်ချသည်အထိဖြစ်သွားခဲ့တယ်။ အဲဒီလူက ငွေပေးတဲ့ လူတော့ပါအောင် ထည့်ပေးလို့။ နောက်ဆက်တွဲဂယက်ကတော့ တကယ်ကို ကြီးကြီးမားမားပါဘဲ။

မြန်မာပြည်ထဲကလူငယ် ၃ ယောက်ကို တယောက် သိန်း၆၀ စီနဲ့ အမေရိကကို ၆လလောက်အတွင်း ထွက်ရမယ်ဆိုပြီး အခကြေးငွေယူနေတဲ့ လူမှောင်ဂိုဏ်း အမှုပေါ်လာခဲ့တယ်။ ငွေပေးပြီးဝင်တဲ့ သူတွေက စခန်းအုပ်ချုပ်ရေးကော်မတီ၊ ယူအင်ကို တိုင်လိုက်တော့ လူမှောင်ခိုဂိုဏ်း ပေါ်လာတယ်။ အဲဒီလူကနေဆင့် ပါဝင်ပါတ်သက် သူတွေတတမ်းကြီး ဖြစ်သွားတယ်။ အဲဒီလူရဲ့ နောက်မှုကတော့ သူမှာမယားကြီး နဲ့ ကလေးရှိတယ်။ လွန်ခဲ့တဲ့၂လလောက်က ကောင်မိန်းလေးတယောက်ကို အမေရိကသွားရမယ်ဆို ပြီး သိမ်းပိုက်လိုက်တဲ့အမှုပါ ဆက်ပေါ်လာခဲ့တယ်။ ကာယမိန်းကလေးက ဖြားယောင်းသွေး ဆောင်မှုနဲ့ တရားစွဲ၊ ပတာက သူငွေယူပြီး သွင်းလာခဲ့တဲ့ သူတွေကိုသေနတ်တု(ကစားစရာ)ပြပြီး ခြိမ်းခြောက်မှု ရောပေါ့။ အဲဒီအတွက်ကြောင့် လမ်းခရီးသွားလာရေး ကတော့ အတော်ကိုကြပ်သွား ပြီ။ ဘန်ကောက်၊စင်္ကာပူ၊ ဂျပန်ကနေ ဒုက္ခသည် စခန်းထဲ ၀င်ကြပြီး အမေရိကားထွက်ရေးကြိုးပမ်းကြ တာတွေကလည်းရှိသေးတယ်။ လူမှောင်ခိုကူးတွေရဲ့ လူမဆန်ပုံကတော့ ပြောပြရင်ယုံနိုင်စရာမရှိ ဘူး။ စခန်းထဲရောက် လူစာရင်းသွင်းပြီးရင် ဘာဆိုဘာမှ ဆောင်ရွက်ပေခြင်းမရှိတော့ဘူး။ စင်္ကာပူကနေ USD 1500နဲ့ အမေရိကားကို ၂လအတွင်း ထွက်ရမယ်ဆိုပြီး ရောက်လာခဲ့တဲ့ လင်မယားဆို ၂နှစ်ရှိသွားပြီ။ နောက်ဆုံးစားဝတ်နေရေးအတွက် တောထဲမှာဝါးခုတ်၊ သစ်ထမ်း အလုပ်ကြမ်းလုပ် ပြီးစားဝတ်နေရေး ဖြေရှင်းနေရတယ်။

ဝါးခုတ်၊သစ်ခုတ်အလုပ်က အသက်စွန့်ပြီး လုပ်ရတာလေ။ ထိုင်းသစ်တောအဖွဲ့နဲ့ တွေ့လို့ကတော့ ထောင်ကျမလား၊ ထွက်ပြေးလို့အပြစ်ခံရမလားတခုခုတော့အသေ အချာဘဲ။ ငါရောက်ပြီးတပါတ်လောက်မှာဘဲ သေနတ်သံတွေကြားရတော့ ဘာဖြစ်တာလဲအိမ်ရှင်ကို မေးကြည့်တော့ သစ်ဝါးခိုးခုတ် သူတွေကို ထိုင်းသစ်တောကလိုက်ပစ်တာတဲ့။ အဲဒီအခြေအနေဆိုးတွေ ရင်ဆိုင်ပြီး နေ့စဉ်ဘာထူးလဲ ဆိုတဲ့သတင်းကို နားစွန့်ရင်း ဒုက္ခသည်စခန်းက ထွက်ခွာခွင့်နေ့ ကို မျော်လင့် နေကြရတယ်။ ကောလဟာလ သတင်းတွေကလည်း နေ့စဉ်ကြားနေရတယ်။ ဒုက္ခသည်စခန်းမှာ မွေးပြီး ကြီးပြင်းလာကြတယ့် ကလေးတွေ ကစားကြတာကိုစိတ်ဝင်စားကြည့် မိတော့ အမေရိက၊ သြစတြေလျ၊ ကနေဒါ၊ နော်ဝေး သွားတမ်းကစားကြတယ်လေ။ ကလေးတယောက်ကဘယ်လိုကစားသလဲ ဆိုရင် အမေရိကန် ရီဂျက်စ် ဖြစ်လို့ သြစတြေလျ သွားတော့ မယ်တဲ့လေ။ သူကြားနေရတာတွေနဲ့ ကစားကြတာလေ။

Tuesday, April 7, 2009

သူတို့အတွက် အနာဂတ်ကောင်းကင်
ရေးသားသူ - S.S

(၁)

သူ့ကို အစိုးရပညာရေးထဲ စာရင်းဝင်အောင် ဘုန်းကြီးကျောင်း ပညာရေးမှာပဲ စာရင်းသွင်း ထားလိုက်တယ်လေ။ တကယ် တက်တာကတော့ ပုဂ္ဂလိက (private) လာဖွင့်နေတဲ့ အင်္ဂလိပ်လိုသင်တဲ့ နိုင်ငံခြားကျောင်း တစ်ခုမှာ။ ခုဆို သူ့အမေထက် တောင် သူက အင်္ဂလိပ်လို သွက်နေသေးတယ်”။


ကဗျာတွေကို အင်္ဂလိပ်လို ဆိုနေတဲ့ ၄ နှစ်အရွယ် တူမလေးအကြောင်း ကျွန်မရဲ့ အကိုဝမ်းကွဲက ခုလိုပြောပြပါတယ်။


မြန်မာပြည် ပညာရေးက အရမ်းဆိုးရွားနေပြီလေ။ အစိုးရကျောင်းမှာထားလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ပိုက်ဆံကုန်ခံပြီး ခုလို နိုင်ငံခြားက သင်ရိုးညွှန်းတမ်းကို သုံးပြီး ပုဂ္ဂလိက (private) ဖွင့်ထားတဲ့ ကျောင်းမှာ ထားရတာ” လို့ အကိုက ဆက်ပြောပါတယ်။ ဒါနဲ့ အဲဒီကျောင်းမှာ ဘယ်လိုဆရာ ဆရာမတွေ သင်လဲဆိုတော့ သူ သေချာမသိ၊ ဘယ်လိုသင်ရိုးညွှန်းတမ်းကို လိုက်လဲဆိုတော့လဲ သေချာမသိ။ သူ့အတွက်တော့ သူ့သမီးဟာ အင်္ဂလိပ်လို ပြောရဲဆိုရဲ သွက်လက် လာတာကိုပဲ အလွန်ဝမ်းသာနေတဲ့ပုံ။

လက်ရှိ မြန်မာနိုင်ငံကရတဲ့ ဘွဲ့လက်မှတ် တစ်ခုရဲ့ အသုံးဝင်မှု၊ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မှုတို့ပေါ် မူတည်ပြီး မြန်မာပြည်သူတွေရဲ့ မြန်မာပြည် ပညာရေး အပေါ်ထားရှိတဲ့ အမြင်တွေ ပြောင်းလဲလာကြပါတယ်။ သူတို့ကလေးတွေ ကမ္ဘာမှာ အများနည်းတူ တိုးဝင်နိုင်ဖို့အတွက် မြန်မာအစိုးရက ချမှတ်ပေးထားတဲ့ ပညာရေးဟာ မလုံလောက်တော့ဘူးလို့ သူတို့ ထင်လာကြဟန် တူပါတယ်။ အကိုဝမ်းကွဲလိုပဲ ကျွန်မသိတဲ့ ပတ်ဝန်းကျင်က မိသားစုတော်တော်များများဟာ သူတို့ကလေးတွေကို ပုဂ္ဂလိက (private) ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ ထားလာကြတာ တွေ့ရပါတယ်။

၁၉၉၀ ခုနှစ် နောက်ပိုင်းကာလများမှာ စပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) အောက်က ကျောင်းတွေကို ယေဘူယျအားဖြင့် သုံးမျိုးလောက် ခွဲနိုင်ပါတယ်။ [1]

(၁) မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools)

(၂) နိုင်ငံတကာ ကျောင်းများ (International Schools)

(၃) ကောလိပ် အကြို သင်တန်းများနှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education)


နိုင်ငံတကာကျောင်းတွေ (International Schools)ဟာ သူတို့ ဖွင့်လှစ်ထားတဲ့ နိုင်ငံမှာရှိတဲ့ တခြားကျောင်းတွေထက် အမြဲ ကျောင်းစရိတ်များတဲ့အတွက် ၊ မြန်မာပြည်မှာ ၀င်ငွေကောင်းကောင်းနဲ့ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားများ (expatriates) အပြင် ၊ ငွေကြေးတတ်နိုင်တဲ့ မြန်မာနိုင်ငံက လူတွေရဲ့ သားသမီးတွေပဲ တက်ရောက်နိုင်ပါတယ်။ နိုင်ငံတိုင်းမှာ နိုင်ငံတကာ ကျောင်းများ (International Schools) ဆိုတာတွေမှာ တက်ကြသူတွေဟာ အများအားဖြင့် အဲဒီနိုင်ငံမှာ ခေတ္တအလုပ်ကြောင့် ရောက်ရှိနေတဲ့ နိုင်ငံခြားသား (expatriates) တွေရဲ့ သားသမီးတွေများကြပါတယ်။ ဥပမာ - ကနေဒါနိုင်ငံကနေ အာရှနိုင်ငံတစ်နိုင်ငံမှာ အလုပ်လာလုပ်သူဟာ သူ့သားသမီးတွေကို ကနေဒါ သင်ရိုးညွှန်းတန်းကို လိုက်တဲ့ Canadian International School လိုမျိုးမှာ ထားလေ့ရှိပါတယ်။ ဒါမှ သူတို့သားသမီးတွေ ကနေဒါနိုင်ငံကို ပြန်ရင် အဲဒီနိုင်ငံမှာ သတ်မှတ်ထားတဲ့ အတန်းတွေကို ချက်ချင်းဝင်နိုင်ခွင့်ရှိမယ်။ တချို့ နိုင်ငံတကာ ကျောင်းတွေ (International Schools) ကျတော့လည်း နိုင်ငံတခုစီအတွက် သီးသန့်မဟုတ်ဘဲ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မယ့် ပညာရေးမျိုးကို သင်ကြပါတယ်။ အဲလိုကျောင်းတွေမှာတော့ လာတက်တဲ့ ကျောင်းသားတွေရဲ့ လူမျိုးပေါင်း (nationality) ပိုစုံပါတယ်။

အဲလိုကျောင်းတွေ တက်နေတဲ့ကျောင်းသားတွေတွက် တခြားနိုင်ငံကို ပြောင်းရွှေ့တဲ့အခါ သူတို့နောက်ဆုံးတက်ခဲ့တဲ့ ပညာရေးအဆင့်ကို အသိအမှတ်ပြုခံရဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အဲလိုကျောင်းတွေဟာ သူတို့ကျောင်းရဲ့ သင်ကြားရေးစနစ် ၊ သင်ရိုးညွှန်းတန်း ၊ ဆရာ ဆရာမတွေရဲ့ အရည်အချင်းတွေကို အတိုင်းအတာတစ်ခုအထိ အဆင့်အတန်းရှိအောင် ထားလေ့ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ International School လို့နာမည်ခံထားတဲ့ ကျောင်းတိုင်းဟာ အပေါ်က ဖော်ပြခဲ့တဲ့ တခြားနိုင်ငံတွေက နိုင်ငံတကာ ကျောင်းများ (International Schools) တွေလို အဆင့်အတန်းမျိုး ရှိချင်မှရှိကြတာမျိုးကိုတော့ သတိချပ်သင့်ပါတယ်။

ကောလိပ် အကြို သင်တန်းများ နှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education) အတွက် ဖွင့်လှစ်ထားတဲ့ကျောင်းတွေဟာ မြန်မာနိုင်ငံမှ အထက်တန်းကျောင်းအောင်အပြီး တခြားမှာဆက်လက်တက်ဖို့ ရည်ရွယ်တဲ့လူငယ်တွေ (ဥပမာ - စင်္ကာပူနိုင်ငံမှာ ပေါ်လီ (polytechnic) ၊ တခြားနိုင်ငံတွေမှာ ကောလိပ် (college) လိုမျိုးတွေ) ၊ ဒါမှမဟုတ် နိုင်ငံခြား တက္ကသိုလ်တစ်ခုနဲ့ချိတ်ဆက်ပြီး (affiliated) အဲဒီ တက္ကသိုလ် ဘွဲ့လက်မှတ်ရနိုင်တဲ့ မြန်မာပြည်မှာဖွင့်ထားတဲ့ သင်တန်းကျောင်းတွေမှာ တက်မယ့်လူတွေအတွက် ဖြစ်ပါတယ်။

မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူကျောင်းတွေ (Primary and Secondary Supplementary Schools) ကတော့ ခုနောက်ပိုင်း မြန်မာပြည်မှာ သိသိသာသာများပြားလာပါတယ်။ အဲဒီကျောင်းတွေဟာ သူငယ်တန်းလို (elementary level) ကစပြီး အဆင့်ဆင့်ရှိတဲ့ International School ရဲ့ ကျောင်းစားရိတ် ငွေကြေးပမာဏကို မတတ်နိုင်သူတွေအတွက် ပေါ်ပေါက်လာရသလိုပါပဲ။ အဲလို ကျောင်းတွေဟာ ၁၉၉၀ ခုနှစ်ကျော် ကာလတုန်းကတော့ အစိုးရကျောင်းတွေရဲ့ ပညာရေးကို ဖြည့်စွက်တဲ့ သဘော (supplementary) အနေနဲ့ အစိုးရကျောင်းချိန်တွေအပြီး ညနေပိုင်းတွေ ကျောင်းပိတ်ရက်တွေမှာ သင်လေ့ရှိပါတယ်။ ဒါကြောင့် ဖြည့်စွက်အထောက်ကူအဖြစ် supplementary လို့ ခေါ်ဝေါ်ခဲ့ပါတယ်။ ခုချိန်မှာတော့ အထက်မှာဖော်ပြခဲ့သလို မိဘတွေဟာ သူတို့သားသမီးတွေအတွက် အစိုးကျောင်းကို အားကိုးတာထက် ၊ supplementary schools တွေကိုပဲ မူလတန်း ၊ အလယ်တန်းနဲ့ အထက်တန်းပညာရေးမှာ အဓိကပညာရေးအနေနဲ့ အချိန်ပြည့်ထားပြီး အားကိုးလာတာ မြင်ရပါတယ်။


(၂)

မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) နဲ့ ပတ်သက်ပြီး လက်လှမ်းမှီသလောက် တွေ့ရှိခဲ့တာတွေအပေါ် အခြေခံပြီး အောက်ပါအတိုင်း သုံးသပ်မိပါတယ်။

မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် တွေဟာ ကျောင်းသားတစ်ယောက်တွက် အုတ်မြစ်ချခါစ အစပိုင်း ပညာရေး ဖြစ်တာအပြင် ၊ အခြားသမားရိုးကျ သတ်မှတ် အကဲဖြတ်ထားလေ့ ရှိသော ပေတံများဖြစ်တဲ့ (external assessment factors) နိုင်ငံခြား ၀င်ခွင့်စာမေးပွဲတွေ ၊ ဘွဲ့လက်မှတ် စသည်တို့နဲ့ သုံးသပ်မရတဲ့အတွက် အဲဒီအဆင့်တွေကို ပို့ချပေးနေတဲ့ ကျောင်းရဲ့ ကြီးကြပ်မှု နဲ့ အဲဒီနိုင်ငံ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနမှ ကြီးကြပ်မှုပေါ်မှာ အရမ်းမူတည်ပါတယ် ။

အဲလို ကျောင်းတွေစပေါ်ပေါက်တုန်းက အဲဒီကျောင်းတွေမှာ သင်နိုင်တဲ့ ဘာသာရပ်တွေကို မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာနက ချမှတ်ခဲ့ပါတယ် ။ သူတို့စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးလို့ ထင်ရတဲ့ ကျောင်းတချို့ကိုလည်း ပိတ်ပင်ခဲ့တာတွေ ရှိပါတယ် ။ သို့သော် အစိုးရကျောင်းတွေမှာတောင် သေချာ အဆင့်ရှိတဲ့ပညာရေးကို မပေးနိုင်တဲ့ နိုင်ငံမှာ အဲဒီအစိုးရချမှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ ဘယ်လောက်တန်ဖိုးရှိနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ ။ ဒါ့အပြင် ခုနောက်ပိုင်းမှာဆိုရင် အဲလို စည်းမျဉ်းစည်းကမ်းတွေတောင် မရှိသလိုဖြစ်လာတဲ့အခြေအနေမှာ ဒီ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ သင်ကြားရေးအဆင့်ကို ကြီးကြပ်မယ့်သူ၊ အဲဒီကျောင်းတွေက ဆရာ ဆရာမတွေရဲ့ အရည်အချင်းကို စစ်ဆေးနိုင်မယ့်သူ ၊ ဘယ်လို သင်ရိုးညွှန်းတန်းကို လိုက်နာနေသလဲဆိုတာ ထိန်းကွပ်နိုင်မယ့်သူ မရှိဘူးလို့ ဆိုနိုင်သလောက်ပါပဲ။

အဲဒီကျောင်းတွေမှာ သင်ကြားတဲ့ နိုင်ငံခြားသား ဆရာ၊ ဆရာမများဟာ တချို့က အနောက်တိုင်း တိုင်းပြည်တွေက ဖြစ်သလို ၊ တချို့ကလည်း မြန်မာပြည်ထက် တိုးတက်နေတဲ့ အရှေ့တိုင်း တိုင်းပြည်တွေကဖြစ်ပါတယ်။ အဲဒီကျောင်းတွေဟာ နာမည်ရှိတာပေါ် မူတည်ပြီး ကျောင်းလခနှုန်းတွေ ယူလေ့ရှိကြတယ်။ မိဘအများစုကတော့ သူတို့ ငွေကြေးအရ တတ်နိုင်သလောက်ရှိတဲ့ ကျောင်းတွေကို ရွေးလေ့ရှိကြပါတယ်။

သူတို့အတွက် အစိုးရကျောင်းထက်စာရင် အင်္ဂလိပ်လိုသင် နိုင်ငံခြားသင်ရိုးညွှန်းတန်းကို လိုက်နေတယ်ဆိုတဲ့ ကျောင်းကတော့ ဘယ်ကျောင်းမဆို သာလွန်မယ်လို့ ထင်မြင်ယူဆကောင်း ယူဆနေပါလိမ့်မယ်။ နိုင်ငံတကာ ပညာရေးပိုင်းကို သေချာ မလေ့လာထားတဲ့ မိဘများအနေနဲ့ကတော့ သူတို့သားသမီးတွေ နိုင်ငံတကာ ဘာသာစကား (international language) တစ်ခုဖြစ်တဲ့ အင်္ဂလိပ်လို သုံးနှုန်းနေနိုင်တာ ၊ ဖတ်လာနိုင်တာကိုပဲ ကောင်းလှပြီလို့ ခံယူချင် ခံယူကြပါလိမ့်မယ်။ ဒါပေမယ့် အင်္ဂလိပ်စကားဆိုတဲ့ ဘာသာစကားတခုကို ကျွမ်းကျင်တာနဲ့ပဲ ဒီကလေးတွေ ပညာရေးအနာဂတ်ဟာ ကောင်းပြီလို့ ဆိုနိုင်ပါသလား။

တကယ်တော့ ကလေးတယောက်ရဲ့ ပညာရေးဟာ သင်ကြားပေးတဲ့ ဆရာ ဆရာမတွေရဲ့ အရည်အချင်း ပေါ်သာမက သင်ရိုးညွှန်းတန်း နဲ့ သင်ကြားပို့ချပေးတဲ့ နည်းစနစ် တွေပေါ်လည်း အများကြီး မူတည်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ပညာရေးမှာ ပညာရေးဝန်ကြီးဌာနတွေက အဲဒီအပိုင်းသုံးပိုင်းကို အဓိကထားပြီး တိုးတက်ဖို့ ၊ အဆင့်အတန်းရှိဖို့ အမြဲ ကြပ်မတ်လုပ်ဆောင်နေကြပါတယ်။

သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ရင် - - ဥပမာအဖြစ် စင်္ကာပူနိုင်ငံရဲ့ သင်္ချာသင်ရိုးညွှန်းတန်းကို အမေရိကန်နိုင်ငံက မူလတန်းကျောင်းတွေမှာ အသုံးပြုတုန်းက ၊ အဲဒီဖတ်စာအုပ်ထဲမှာရှိတဲ့ အရှေ့တိုင်းဆန်တဲ့နာမည်တွေ ၊ ငွေ အသုံးအနှုံးတွေကို အမေရိကန်နိုင်ငံနဲ့ သင့်လျော်မယ့်နာမည်တွေ အသုံးအနှုံးတွေသို့ ပြောင်းလဲစေခဲ့ပါတယ်။ ဒါမှ သင်ယူတဲ့ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့ကြုံနေရတဲ့အရာတွေနဲ့ သင်ခန်းစာတွေကို ဆက်စပ်နိုင်မှာဖြစ်ပါတယ်။

မြန်မာပြည်မှာ အဲလိုလုပ်တာမျိုးမရှိတဲ့အတွက် အထက်ဖော်ပြပါ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools) မှာ နိုင်ငံခြားက သင်ရိုးညွှန်းတန်းတွေကို မြန်မာကလေးတွေ ဆက်စပ်နိုင်အောင် သင်ကြားပေးနိုင်ဖို့ လိုအပ်ပါတယ် ။ အဲဒီလိုအပ်ချက်ကိုလည်း နားလည်နိုင်တဲ့ ဆရာ ဆရာမမျိုးတွေ လိုအပ်ပါတယ်။ သည်လိုမဟုတ်ရင်တော့ သင်ခန်းစာတွေကို သေသေချာချာနားလည်မှုမရှိဘဲ “ဒါသင် ဒါကျက် ဒါဖြေ” ဆိုတာမျိုးတွေလည်း အဲဒီကျောင်းတွေမှာလည်း ဖြစ်လာနိုင်ပါတယ်။

သင်ရိုးညွှန်းတန်းကို သေချာ အလေးမထားတဲ့ကျောင်းမှာ ဒါ့ထက်ဆိုးနိုင်တာကတော့ သင်ကြားရေးပိုင်းမှာ သင်ယူသင့်တဲ့ သင်ခန်းစာတွေကို သေချာမသင်ကြားပဲ ကလေးတွေကိုပဲ ပျော်အောင်ထားတဲ့သဘောမျိုး (ဥပမာ - ကဗျာ သီချင်းတွေ ဆိုစေခြင်း ၊ ပုံပြောခြင်း စကားပြောပိုင်းကိုပဲ အလေးပေးခြင်း စသည်ဖြင့်)တွေပဲ ဖြစ်လာနိုင်ပါတယ်။ အဲလိုဖြစ်ခဲ့တယ်ဆိုရင်လည်း အထက်မှာဖော်ပြခဲ့တဲ့ အကိုဝမ်းကွဲလို မိဘမျိုးတွေဟာ သူတို့ကလေးတွေ အင်္ဂလိပ်လို ဆိုနိုင် ပြောနိုင် တာနဲ့ပဲ အားရချင် အားရမိကြလိမ့်မယ်။

နောက်တချက်ကတော့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ကလေးတွေ လူငယ်တွေဟာ “အတုမြင် အတတ်သင်” ဖြစ်တတ်ကြတယ် ။ ဒါကြောင့် သူတို့နဲ့ အမြဲနီးစပ်နေတဲ့ ဆရာ ဆရာမတွေဟာ အတိုင်းအတာ တစ်ခုအထိ စံနမူနာပြကောင်း ဖြစ်သင့်ပါတယ်။ နောက် ဆရာ ဆရာမတွေဟာ သူတို့သင်ကြားနေတဲ့ ကျောင်းသားတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်

အသိသာဆုံး ဥပမာတခုကတော့ ပုဂ္ဂလိက (private) ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာစကားသုံးပြီး သင်ကြားတဲ့အခါ ဆရာ ဆရာမတွေရဲ့ အသံထွက်ကို မြန်မာလူငယ်တွေ ကလေးတွေက “အတုမြင် အတတ်သင်” ဖြစ်နိုင်ပါတယ်။ မြန်မာစကားကို ပြောကြတဲ့အခါ နေရာ ဒေသကိုလိုက်ပြီး အသံနေ အသံထား အသံထွက် ကွဲပြားသလိုပဲ ဘာသာစကားတခုဖြစ်တဲ့ အင်္ဂလိပ်စကားမှာလည်း အဲဒီစကားနဲ့ မွေးတည်းက ကြီးပြင်းခဲ့သူတွေကြားမှာတောင် သူတို့ ကြီးပြင်းတဲ့ နေရာဒေသကို လိုက်ပြီး ကွဲပြားတာ ရှိပါတယ်။ တကယ်လို့ ဆရာ ဆရာမတွေက မိခင်ဘာသာစကား ပြောသူ (native speaker) မဟုတ်ခဲ့ဖူးဆိုရင် ပိုလို့တောင် စကားပြောအသံထွက် ကွဲပြားနိုင်တယ်။ ဒီတော့ အသံထွက် မကောင်းတဲ့ ဆရာ ဆရာမလေသံကိုပဲ အတုယူလိုက်မယ်ဆိုရင် အဲဒီကျောင်းသားအတွက် မှားသွားနိုင်ပါတယ် ။

နောက် ဘာသာရပ်တစ်ရပ်ကို သင်ကြားနေတဲ့ ဆရာမတယောက်ရဲ့ အရည်အချင်းဟာ အဲဒီဘာသာနဲ့ ပတ်သက်ပြီး သင်နိုင်တဲ့ အရည်အချင်း ရှိသလား ၊ ဆရာမ မလုပ်ခင် စာသင်ကြားရေးပိုင်းမှာ သင်တန်းတက်ခဲ့သလား၊ စာသင်ကြားရေးပိုင်းမှာ ဘယ်လောက်လုပ်သက်ရှိခဲ့သလဲ စတာတွေကို ကြီးကြပ်တာ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ လက်ထဲမှာပဲ ရှိပြီး မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ကြီးကြပ်တာမျိုး လုံးဝမရှိပါဘူး။ အခြားနိုင်ငံတွေမှာ အဲလို ပုဂ္ဂလိက (private) လာဖွင့်တဲ့ ကျောင်းတွေရဲ့ အရည်အသွေးကို အဲဒီနိုင်ငံတွေက ပညာရေးဝန်ကြီးဌာနက အမြဲကြီးကြပ်နေတဲ့အတွက် အဲဒီကျောင်းတွေဟာ အတိုင်းအတာ တစ်ခုအထိ အဆင့်အတန်းရှိတယ်လို့ ယုံကြည်နိုင်စရာရှိပါတယ်။

အဲလို ကြီးကြပ်မှုမရှိတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ခုလို ပုဂ္ဂလိက (private) ကျောင်းတွေ ၊ အထူးသဖြင့် ၀င်ခွင့်စာမေးပွဲလို အခြားသမားရိုးကျ သတ်မှတ် အကဲဖြတ်ထားတဲ့ ပေတံတွေ မရှိတဲ့ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) များပြားလာတာဟာ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ ပညာရေးအခြေအနေအပေါ် အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ အထိန်းအကွပ်မရှိ စီးပွားရေးသမားတွေ ဖွင့်ချင်တိုင်း ဖွင့်နိုင်တဲ့ အခြေအနေ ဖြစ်နေတဲ့ မြန်မာပြည်က ပုဂ္ဂလိက ပညာရေးကဏ္ဍ (Private Education Sector)ဟာလည်း ဈေးကွက်တစ်ခုလို ဖြစ်ထွန်းလာနိုင်တယ်။ မြန်မာပြည်ပညာရေးကို စိတ်ကုန်နေပြီး နိုင်ငံတကာမှာ ၀င်ဆန့်နိုင်တဲ့ ပညာရေးမျိုးကို သားသမီးတွေအတွက် ပေးဖို့ အားတက်သရောရှိလှတဲ့ မိဘတွေဟာ စီးပွားရေးသမားတွေရဲ့ အခွင့်ကောင်းယူခံရတဲ့ အခြေအနေကို ရောက်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားပညာရေးကို သားသမီးတွေ အနာဂတ်အတွက် ထွက်ပေါက် တစ်ခုလို မြင်မိတဲ့ မိဘတွေဟာ အဲဒီထွက်ပေါက်ကို လိုက်ကြတဲ့အခါ စုံလုံးကန်းပြီး မတိုးမိစေဖို့ အရေးကြီးပါတယ်။

(၃)

ဒီလိုရေး ဒီလိုဖတ် ဒီလိုဖြေ ဆိုတဲ့ ၏ သည် မရွေး ပြန်လည် မေးမြန်းခွင့်မရှိ တသွေမသိမ်း လိုက်နာတာတွေ ပါဝင်တဲ့ မြန်မာပြည်ပညာရေးကို “ကြက်တူရွေး ပညာရေး” လို့ အများက ဆိုစမှတ်ပြုကြပါတယ် ။ မြန်မာပြည် ပညာရေးကို စိတ်ကုန်လာတာနဲ့အမျှ ၊ ကမ္ဘာမှာ အများနည်းတူ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားရင်း မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) မှာရှိတဲ့ ကျောင်းတိုင်းမှပေးတဲ့ ပညာရေးအဆင့်အတန်းမျိုးကို ၊ ကြက်တူရွေးပညာရေးလို ၏ သည် မရွေး စုံလုံးကန်း မလိုက်မိပဲ ၊ ကျောင်းတိုင်းရဲ့ အရည်အသွေးကို ခွဲခြား သိမြင်တတ်ကြဖို့ အရေးကြီးပါတယ် ။ အဲလိုသိမြင်ဖို့ ကျောင်းတိုင်းရဲ့ အခြေအနေကို သေချာ နှိုင်းယှဉ်လေ့လာတာမျိုး ၊ သေချာ မေးမြန်း စစ်ဆေးတာမျိုးတွေ လုပ်သင့်ပါတယ် ။ သည်လိုမဟုတ်ရင်တော့ မြန်မာနိုင်ငံက ကလေးတွေ ခေတ်လူငယ်တွေရဲ့ အနာဂတ်ကောင်းကင်ဟာ စီးပွားရေးသမားတချို့ ချယ်လှယ် အမြတ်ထုတ်နိုင်စရာ ဈေးကွက်တခုသက်သက်သာ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်လို့ ယူဆမိပါတော့တယ်။

ရေးသားသူ - S.S

ကျောင်းသူကျောင်းသားတွေ ဖတ်ဖို့

ကိုသံလွင်

စာမေးပွဲနှင့် စာကျက်မှတ် လေ့လာရခြင်းများသည် ကျောင်းသူ၊ ကျောင်းသားတို့နှင့် အမြဲတမ်း ထိတွေ့နေရသည့် အရာများသာ ဖြစ်သည်။ စာမေးပွဲ ဖြေမည်ဆိုလျှင် နည်းလမ်းတကျ ဖြေဆိုမည်ဆိုပါက အမှတ် ကောင်းကောင်းနှင့် အောင်မြင်နိုင်သလို စာကျက်မှတ် လေ့လာပုံ နည်းလမ်းတကျ ရှိမည်ဆိုလျှင် အခက်အခဲ မရှိ ကျက်မှတ် လေ့လာနိုင်ပေမည်။ ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုမှတ်သားနိုင်ရန် ရည်ရွယ်ပြီး စာမေးပွဲဖြေမည်ဆိုလျှင်နှင့် ထူးချွန်သူ ကျောင်းသားတို့၏ စာကျက်မှတ် လေ့လာပုံ ၁၀ မျိုးကို ဗဟုသုတ ရစေရန် အလို့ဌာ ဘာသာပြန် ဖော်ပြပေးထားပါသည်။

စာမေးပွဲဖြေမည်ဆိုလျှင်

စာမေးပွဲဖြေမည်ဆိုလျှင် ကောင်းမွန်စွာဖြေနိုင်ရန်အတွက် မိမိဖြေဆိုရမည့် အကြောင်းအရာ သို့မဟုတ် ဘာသာရပ်အပေါ် နှံ့စပ်သေချာစွာ သိထားဖို့ လိုအပ်မည် ဖြစ်သည်။ သို့ရာတွင် စာမေးပွဲတွင် မိမိ သိရှိလေ့လာထားသည်များကို ဖြေဆိုနိုင်ရန်အတွက် ဖြေဆိုပုံ ဖြေဆိုနည်းမှာ နည်းလမ်းတကျ ဖြစ်မှသာလျှင် အကောင်းဆုံး ဖြေဆိုနိုင်ပေမည်။ DETER ဟု ခေါ်သည့် စာမေးပွဲ ဖြေဆိုပုံ ဖြေဆိုနည်းလမ်းကို မိတ်ဆက် တင်ပြသွားပါမည်။ DETER ဟူသည်မှာ လမ်းညွှန်ချက် (Direction)၊ လေ့လာသုံးသပ်ချက် (Examine)၊ အချိန် (Time)၊ အလွယ်ကူဆုံး (Easiest) နှင့် ပြန်လည် စစ်ဆေးခြင်း (Review) စသည်တို့မှ အစ စကားလုံးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လမ်းညွှန်ချက် (Direction)
-မိမိဖြေဆိုမည့် စာမေးပွဲလမ်းညွှန်ချက်များကို သေချာစွာ ဖတ်ရှုပါ။
-စာမေးပွဲလမ်းညွှန်ချက်များတွင် မရှင်းလင်းသည်များ ရှိပါက ဆရာကို မေးမြန်းပါ။
-စာမေးပွဲလမ်းညွှန်ချက်များကို သေချာစွာ လိုက်နာမှသာလျှင် အမှတ်ကောင်းကောင်း ရနိုင်မည် ဖြစ်သည်။
-စာမေးပွဲလမ်းညွှန်ချက်များကို မလိုက်နာလျှင် သိရှိလေ့လာထားသည်များကို ကောင်းမွန်စွာ ဖြေဆိုနိုင်လိမ့်မည် မဟုတ်ပေ။

လေ့လာသုံးသပ်ချက် (Examine)
-မေးခွန်းလွှာ တစ်ခုလုံးကို ဖတ်ပြီး ဘာတွေ ဖြေဆိုရမည်ကို သေချာစွာ လေ့လာသုံးသပ်ပါ။
-မေးခွန်းလွှာ တစ်ခုလုံးကို သိထားမှသာလျှင် အပိုင်းလိုက် ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ဖြေဆိုရန် လွယ်ကူသွားပေမည်။

အချိန် (Time)
-မေးခွန်းလွှာ တစ်ခုလုံး ဖတ်ရှု လေ့လာ ပိုင်းခြားပြီးလျှင် မေးခွန်းတစ်ခုချင်းစီအတွက် အချိန်မည်မျှ သုံးစွဲမည်ကို ဆုံးဖြတ်ပါ။
-မေးခွန်းများအတွက် အမှတ်ပေးပုံစနစ် မတူညီပါက အမှတ်များများ ပေးထားသည့် မေးခွန်းများအတွက် အချိန်ကို ပိုမို သုံးစွဲရန် စီမံပါ။
-အက်ဆေး မေးခွန်းပါဝင်သည့် စာမေးပွဲများတွင် ထို အက်ဆေး မေးခွန်းကို အချိန် များစွာ သုံး၍ ဖြေဆိုမည်ဆိုလျှင် အခြား မေးခွန်းများအတွက် ဖြေဆိုရန် အချိန်လောက်ငှတော့မည် မဟုတ်သဖြင့် အချိန်ကိုက် ဖြေဆိုနိုင်ရန် အရေးကြီးပါသည်။

အလွယ်ကူဆုံး (Easiest)
-အလွယ်ကူဆုံးဟု ထင်သည့် မေးခွန်းများကို အရင်ဆုံး ဖြေဆိုပါ။
-ခက်ခဲသည့် မေးခွန်းများကို စာမေးပွဲ ဖြေဆိုကာခါစတွင် ဖြေမိပြီး ဆက်လက် ဖြေဆိုနိုင်ခြင်း မရှိတော့လျှင် မေးခွန်းလွှာရှိ အဖြေ သိပြီးသား မေးခွန်းများကိုပါ မဖြေဆိုနိုင်တော့ဘဲ ဖြစ်တတ်သည်။

ပြန်လည်စစ်ဆေးခြင်း (Review)
-အချိန်ကိုက် ဖြေဆိုနိုင်ခဲ့မည်ဆိုလျှင် အဖြေလွှာများကို ပြန်လည်စစ်ဆေးရန်အတွက် အချိန် လုံလောက်စွာ ကျန်ဦးမည် ဖြစ်သဖြင့် အဖြေလွှာများ မှန်မမှန်ကို ပြည့်စုံ တိကျနိုင်သလောက် ပြည့်စုံတိကျအောင် စစ်ဆေးရန် လိုအပ်သည်။
- ထို့ပြင် စားမေးပွဲ လမ်းညွှန်ချက်များကို နောက်တခေါက် ပြန်လည် ဖတ်ရှုပြီး ဖြေဆိုရန်လိုအပ်သည်များကို အားလုံး ဖြေဆိုခဲ့ခြင်း ရှိမရှိ သေချာစွာ စစ်ဆေးပါ။

အထက်ဖော်ပြပါ DETER ဖြေဆိုပုံ ဖြေဆိုနည်းနာများ ကို မမေ့ မလျော့ ကျင့်သုံးမည်ဆိုလျှင် စာမေးပွဲတွင် အမှတ်ကောင်းကောင်းနှင့် အောင်မြင်စေရန် ကူညီစွမ်းဆောင် ပေးနိုင်ပါလိမ့်မည်။

(အင်တာနက်စာမျက်နှာ http://www.how-to-study.com/a-strategy-for-taking-tests.htm ရှိ စာမေးပွဲဖြေဆိုပုံ ဖြေဆိုနည်းလမ်းကို ဆီလျော်အောင် ပြန်ဆိုပါသည်။)

ထူးချွန်သူ ကျောင်းသားတို့၏ စာကျက်မှတ်လေ့လာပုံ ၁၀ မျိုး

ထူးချွန်သူ ကျောင်းသား ကျောင်းသူတို့တွင် စာကျက်မှတ် လေ့လာပုံ အကျင့် စရိုက်ကောင်းများ ရှိကြသည်။ အောက်ပါ စာကျက်မှတ်လေ့လာပုံ ၁၀မျိုးကို ဖတ်ရှုလေ့လာ၍ သင့်ထံတွင် မရှိသေးလျှင် ရအောင် ကျင့်ကြံ ကြိုးစားပါ။

၁။ တထိုင်တည်း စာတွေ အများကြီး ကျက်မှတ်ဖို့ မကြိုးစားပါနှင့်။
စာတွေ အများကြီးကို တထိုင်တည်း ကျက်မှတ်မည်ဆိုလျှင် ပင်ပန်းနွမ်းလျပြီး စာကျက်မှတ်ေ လ့လာခြင်းမှာ ထိရောက်မည် မဟုတ်ပေ။ အချိန် အကြာကြီး မဟုတ်ဘဲ နည်းနည်းစီ ခွဲပြီး ဖတ်မှတ်လေ့လာနိုင်ရန် ကြိုးစားပါ။ ခေတ္တအနားယူခြင်းဖြင့် စိတ်နွမ်းနယ်ခဲ့ရသည်များ ပြန်လည် ပြည့်ဝ လာနိုင်သည်။

၂။ စာကျက်မှတ်လေ့လာချိန် သတ်သတ်မှတ်မှတ်ထားပါ။
စာကျက်မှတ်လေ့လာချိန်ဆိုသည်မှာ ကျောင်းသင်ခန်းစာများနှင့် သက်ဆိုင်သည်များ ပြုလုပ်နေချိန် ဖြစ်သည်။ ဖတ်ရှုရန် ပေးထားသည်များကို ဖတ်မှတ်ခြင်း၊ ရေးသားရန် ရှိသည်များ၊ ပရောဂျတ်များ သို့မဟုတ် စာမေးပွဲအတွက် ကျက်မှတ်လေ့လာခြင်း စသည်တို့ ဖြစ်သည်။ ရက်သတ္တတပတ်လုံးစာအတွက် စာကျက်မှတ်လေ့လာချိန် သတ်သတ်မှတ်မှတ်ထားရှိပါ။

၃။ နေ့စဉ် အချိန်မှန်မှန် စာကျက်မှတ်လေ့လာပါ။
နေ့စဉ် အချိန်မှန်မှန် စာကျက်မှတ်လေ့လာခြင်းဖြင့် အိပ်ခြင်း၊ စားခြင်းတို့ကဲ့သို့ မိမိဘ၀၏ ပုံမှန် အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်လာစေနိုင်သည်။ စာကျက်မှတ် လေ့လာချိန် ရောက်ပြီဆိုလျှင် စာကျက်မှတ်လေ့လာဖို့အတွက် မိမိ၏ စိတ်က အလိုလို အသင့်ဖြစ်နေပေမည်။

၎။ စာကျက်မှတ်ချိန်များနှင့် ပတ်သက်ပြီး ရည်မှန်းချက် တိကျစွာ သတ်မှတ်ထားပါ။
ရည်မှန်းချက်ထားရှိခြင်းသည် အာရုံစိုက်ကာ ကြိုးစားချင် စိတ်ရှိအောင် ကူညီစွမ်းဆောင်နိုင်သည်။ စာကျက်ရဦးမည်ဟု တွေးကာ ထိုင်ပြီး စာကျက်မှတ်နေရုံသက်သက်ဆိုလျှင် အကျိုး များစွာ ဖြစ်ထွန်းလိမ့်မည် မဟုတ်ပါ။ ဘာကိုတော့ဖြင့် ပြီးအောင် ဖတ်လိုက်မည်၊ ဘာကိုတော့ဖြင့် သိသွားအောင် ယခု စာကျက်မှတ်ချိန်အတွင်း ကျက်မှတ်လိုက်မည်ဟု တိကျစွာ သတ်မှတ်ထားသင့်ပေသည်။

၅။ စာကျက်မှတ်ရန် သတ်မှတ်ထားချိန်တွင် စလုပ်ပါ။
သင်ခန်းစာများ ခက်ခဲသည်ဖြစ်စေ၊ သင်ခန်းစာများအား ပြုလုပ်လိုခြင်း မရှိလျှင် ဖြစ်စေ သတ်မှတ်ထားချိန်ထက် နောက်ကျကာ စာကျက်မှတ်ချင်စိတ်များ ဖြစ်ပေါ်နေတတ်သည်။ ထိုသို့ ဖြစ်ပြီဆိုလျှင် အချိန်မီ စာကျက်မှတ်ပြီးဆုံးနိုင်ရန်လည်း ခဲယဉ်းပေလိမ့်မည်။ ထို့ပြင် နောက်ကျမှ စာကျက်မှတ်ခဲ့ရသဖြင့် အချိန်မီ ကျက်မှတ်ပြီးစီးအောင် အလောသုံးဆယ် လုပ်မိသည့်အခါတွင် အမှားအယွင်းများ ပြုလုပ်မိတတ်သည်။

၆။ အခက်ခဲဆုံး သင်ခန်းစာအား အရင်ဆုံး လုပ်ပါ။
အခက်ခဲဆုံး သင်ခန်းစာအား ပြုလုပ်ရန်အတွက် အားစိုက်ထုတ်မှု အများဆုံး လိုအပ်ပေမည်။ ထို့ကြောင့် စာကို စတင် ကျက်မှတ်လေ့လာချိန်သည် စိတ်စွမ်းအားအမြင့်မားဆုံး အချိန် ဖြစ်သဖြင့် ထိုအချိန်တွင် အခက်ခဲဆုံး သင်ခန်းစာများကို အရင်ဆုံး ပြုလုပ်သင့်ပါသည်။

၇။ သင်ခန်းစာများအား မပြုလုပ်မီ မှတ်သားထားသည်များကို ပြန်လည်ဖတ်ရှုပါ။
စာသင်စဉ်အတွင်း မှတ်သားထားသည်များကို ပြန်လည်ဖတ်ရှုခြင်းသည် ၎င်းနှင့် သက်ဆိုင်သည့် သင်ခန်းစာများအား မှန်ကန်စွာပြုလုပ်နိုင်ရန်အတွက် အထောက်အကူပြုသည်။ ထို့ပြင် ထိုမှတ်သားထားသည်များတွင် သင်ခန်းစာများ ဖြေဆိုနိုင်ရန် အချက်အလက်များပင် ပါဝင်ကောင်း ပါဝင်နေလိမ့်မည်။

၈။ စာကျက်မှတ်လေ့လာနေချိန်တွင်သူငယ်ချင်းများအား ဖုန်းခေါ်ဆိုခြင်း မပြုရန် ကြိုတင် ပြောဆိုပါ။
စာကျက်မှတ်လေ့လာနေစဉ် သူငယ်ချင်းများ ဖုန်းခေါ်ပြီဆိုလျှင် ပြဿနာ နှစ်ရပ်ဖြစ်ပွားလေ့ရှိသည်။ ပထမအချက်မှာ စာကျက်ပျက်ခြင်း ဖြစ်ပြီး နဂိုမူလက စာကျက်မှတ်နေသည့် ဈာဉ်ကို ပြန်ဝင်အောင် ကြိုးစားရသည်မှာ မလွယ်ကူပါ။ ဒုတိယအချက်မှာ သင်ကျက်မှတ်လေ့လာရန် လိုအပ်သည့်အရာများနှင့် ပတ်သက်၍ သူငယ်ချင်းက မလုပ်ဖြစ်အောင် ဆွယ်ချင် ဆွယ်ပါလိမ့်မည်။ အကြံပေးလိုသည်မှာ စာကျက်မှတ်လေ့လာနေချိန်အတွင်း ဖုန်းကို ပိတ်ထားဖို့ပဲ ဖြစ်သည်။

၉။ သင်ခန်းစာတစ်ခုကို တစ်ဦးတစ်ယောက်တည်း ပြုလုပ်ခြင်းငှာ မစွမ်းသာလျှင် သူငယ်ချင်းတစ်ဦးနှင့် အတူ စာကျက်မှတ်လေ့လာပါ။
“ခေါင်းနှစ်လုံးက ခေါင်းတစ်လုံးထဲထက် သာသည်” ဆိုသည့်အတွက် ရံဖန်ရံခါတွင် သူငယ်ချင်းတစ်ဦးနှင့် ထိုသို့ လေ့လာကျက်မှတ်ပါ။

၁၀။ ရက်သတ္တပတ်ကုန်ဆုံးပြီဆိုတာနှင့် သင်ခန်းစာများကို ပြန်လည် ဖတ်ရှုမှတ်သားပါ။
ရက်သတ္တပတ်ကုန် ရက်များသည် ပျော်ရွှင်ဖို့ ကောင်းသည့် အချိန်များ ဖြစ်သည်မှာ မှန်ပါသည်။ သို့သော် သင်ခန်းစာများကို ပြန်လည်နွှေးရန် ဖတ်ရှုမှတ်သားရန်လည်း လိုအပ်ပါသည်။ သို့မှသာ တနင်္လာနေ့တွင် ကျောင်းပြန်တက်ရသည့်အခါတွင် အရန်သင့် ဖြစ်နေပေမည်။

(အင်တာနက်စာမျက်နှာ http://www.how-to-study.com/study-habits.htm ရှိ ထူးချွန်သူ ကျောင်းသားတို့၏ စာကျက်မှတ်လေ့လာပုံ ၁၀ မျိုးကို ဆီလျော်အောင် ပြန်ဆိုပါသည်။)

ကိုသံလွင