Tuesday, December 25, 2007

နေပြည်တော် ၀န်ထမ်းဖြစ်ရတဲ့ ဒုက္ခ

နေပြည်တော် ၀န်ထမ်းဖြစ်ရတဲ့ ဒုက္ခ
အေးချမ်းမြေ့
(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

သူ့ကိုယ်သူ ရုတ်တရက် စင်္ကာပူရောက်နေသလားဟုပင် ထင်လိုက်မိသည်။ လမ်းတွေအားလုံး ကောင်းမှ ကောင်း ဆိုသလို ဖြစ်နေသည်။ အားလုံး ကွန်ကရစ်ခင်းလို့။ အဆောက်အဦးတွေကလည်း အသစ်စက်စက်၊ ရန်ကုန်နဲ့ တခြားစီ။ သူတို့နေရသည့် အဆောင်ကို ကြည့်ဦးမလား၊ ရေမီးအစုံနှင့် ကုတင်အိပ်ယာ အပြည့်အစုံ နှင့် ဘာမှ လိုလေသေးမရှိ။

နာမည်ကိုက ခန့်ခန့်ငြားငြား၊ နေပြည်တော်တဲ့၊ သူများတွေက ပြောကြသည်၊ နေပြည်တော် သွားရတာ စိတ်ညစ်စရာ ကောင်းသည်၊ မသွားချင်တဲ့။ တော်တော် အကောင်းမမြင်တတ်သည့် သူများဖြစ်သည်။ ဒီလောက် ကောင်းသည့်နေရာမှာ အလုပ်လာလုပ်ရတာကိုတောင် ကျေနပ်မှု မရှိကြ၊ နိုင်ငံတော် အကြီးအကဲများ၏ စေတနာကို နားမလည်ကြ။ ဘယ်လောက်တောင် စေတနာ ကောင်းသလဲဆိုရင် ရန်ကုန်မှာ အကောင်းဆုံးဆိုသည့် ဂျင်နရေတာကြီး ဒီကိုရွှေ့ပေးတာပဲကြည့်။ ရန်ကုန်က လူတွေ မီးပျက်ရုံမကလို့ ပျက်ချင်ရာပျက် ဖြစ်ချင်ရာဖြစ် ဒီက နိုင်ငံ့ဝန်ထမ်းတွေလောက် အရေးမကြီးဘူး ဟုယူဆပေးသည့် စူပါဦးနှောက်များကို ရွှေတောင်ချထားသင့်သည်။ ဂျင်နရေတာ အသစ်မတပ်ပေးတာကတော့ နားလည်ပေးလို့ ရပါသည်။ သာကေတက ဖြုတ်လာသည့် မီးစက်လောက် ကောင်းသည့်စက် ကမ္ဘာပေါ်မှာ မရှိသေးသော ကြောင့်ပဲ ဖြစ်မည်။

သူ အလုပ်စဆင်းသည့်နေ့မှာဆို သူ့ကိုယ်သူ မြန်မာပြည်မှာ ဆိုတာတောင် မေ့သွားသည်။ ရုံးခန်းထဲကို ဖိနပ်စီး မ၀င်ရ။ ဘုရားတက်သလို ချွတ်ကိုင်မယ် လုပ်ပြီးမှ ပြန်ချလိုက်ရသည်။ စီးလာသည့် ဖိနပ်ချွတ်ပြီး အ၀တ်ဖိနပ်တရံ ပြောင်းစီးရသည်။ အဲဒီနေ့ကဆို တနေ့လုံး အလုပ်လုပ်ရတာ မဖြောင့်၊ အလှူအိမ်တွေမှာလို ဖိနပ်အခိုးခံမှာ စိုးသောကြောင့် ဖြစ်သည်။ တော်သေးသည် အဲဒီနေ့က ဖိနပ် အခိုးမခံရ။ နောက်မှ သတိရသွားသည်။ သူက ဖိနပ် ကောင်းကောင်း စီးနိုင်သူမှ မဟုတ်ဘဲ။ သူ့ဖိနပ်စုတ်ကို ဘယ်သူမှ မခိုးသလို ကျန်ဝန်ထမ်းများ၏ ဖိနပ်စုတ်များကိုလည်း သူစိတ်မ၀င်စားပါ။

သူတို့ကို ၀န်ကြီးကိုယ်တိုင် ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။ အဲဒီမှာ နိုင်ငံတော်၏ စေတနာများကို ထပ်ဆင့် သိလိုက်ရပြန်သည်။ နှုတ်ခွန်းဆက် စကားပြောအပြီးမှာ ၀န်ကြီးက စားပွဲ ကုလားထိုင် ရုံးအသုံး အဆောင်များကို လိုက်ကြည့်သည်။ ခုံတလုံးက ဟောင်းနေသဖြင့် ချက်ချင်း အသစ်နှင့် လဲခိုင်းသည်။

“အားလုံးပဲ သေသေချာချာ မှတ်ထားကြ၊ ဟောဒီ ရုံးထဲမှာ လွတ်လပ်ရေး မရခင်က ပစ္စည်းတွေ၊ အတွေးအခေါ်တွေ ဘာမှ မလိုချင်ဘူး” ဟု ပြောသွားသည်။ ကောင်းလိုက်သည့် စေတနာ၊ လွတ်လပ်ရေး မရခင်က ပစ္စည်းများ၊ အတွေးအခေါ်များ၊ လစာများ၊ ကုန်ဈေးနှုန်းများ လုံးဝမရှိတော့၊ လုံးဝ မဟုတ်တော့၊ ဒီတော့ သူကလည်း ၀န်ကြီး ဖြစ်စေချင်သလို အမီလိုက်မည်ဟု စဉ်းစားသည်။ အရင်နှင့်မတူ တမူထူးခြားများပြားစွာ၊ လွတ်လပ်ရေး မရခင်ကနှင့် ခြားနားစွာ အကြွေးများများ တင်ပစ်လိုက်လျှင် ကောင်းမလားဟု တွေးမိသည်။

အကြွေးမတင်ဘဲ ခံနိုင်မလား နေပြည်တော်မှာ ဆန်တပြည် (အလယ်အလတ်စား) ကျပ် ၁၃၀၀၊ ကြက် အစိတ်သား ၁၇၀၀၊ ၂၀၀၀ ကျပ်၊ ငါးသလဲထိုး ၁၀ ကျပ်သား ၈၀၀၊ တခြားမုန့်မစား လက်ဖက်ရည် မသောက်ဘဲကို မလောက်တာ ဆိုတော့ ဒါလည်း လွတ်လပ်ရေး မရခင်ကနှင့် မတူ တမူထူးခြားတာပဲ ဖြစ်သည်။ သူတို့ အဆောင်ကနေ ရုံးကို ဖယ်ရီ ရှိသည်။ နံနက် ၈ နာရီခွဲ ဖယ်ရီကြိုသည်၊ ဖယ်ရီမမီလျှင် ဆိုက်ကယ် တက္ကစီဖြစ်ဖြစ်၊ သုံးဘီးကား ဖြစ်ဖြစ် စီးရသည်။ ဒါလည်း နိုင်ငံတော်က စေတနာဖြင့် ရန်ကုန်ဝန်ထမ်းများ ဖြစ်ချင်ရာ ဖြစ်ဆိုကာ ရန်ကုန်မှ ဖယ်ရီ ခပ်လတ်လတ်များ အားလုံးကို နေပြည်တော်သို့ တကူးတက ရွှေ့ပေးထားတာ ဖြစ်သည်။ ဖယ်ရီမီအောင် ထရမှာက သူတို့ တာဝန်မဟုတ်လား။ မမီရင်တော့ ကျပ် ၁၂၀၀ ကုန်ပစေပေါ့။

သူက ဒုတိယတန်း စာရေးကလေးဆိုတော့ သူ့လစာက ကျပ် ၃၁၀၀၀ (၂၅ ဒေါ်လာ ကျော်ကျော်) ကြီးများတောင် ရသည်။ သူ့ရာထူးနှင့် ကျပ် ၃၂၀၀၀ မှာ ဂိတ်ဆုံးမည်။ သူ့လိုပဲ စာရေးကလေးဖြစ်သည့် သူငယ်ချင်း တယောက်ကတော့ နေပြည်တော်တွင် နှစ်လသွားရောက် တာဝန်ထမ်းဆောင်ပြီးနောက် အကြွေး ကျပ်လေးသောင်း တင်သွားသည်တဲ့။ တော်တော် အသုံးမကျသည့် သူငယ်ချင်း၊ သူကတော့ အကြွေး လုံးဝမတင်နိုင်၊ သူ့ကိုယ်သူယုံသည်။ ပိုက်ဆံလိုလျှင် အမေ့တမတ်သား ဆွဲကြိုးလေး ရောင်းပေးလိုက်သည့် ငွေဖြင့် သုံးမည်။ ဒါဆို ဘယ်လိုလုပ် အကြွေးတင်တော့မလဲ။ ဒီလောက်ညံ့သည့် သူငယ်ချင်းကို နောက်မှ အကြွေးမတင်အောင် နေနည်းထိုင်နည်း သင်ပေးရဦးမည်။

အကြွေးမတင်အောင် နေနည်းထိုင်နည်းများတွင်၊ အစားအသောက် ခြိုးခြံခြွေတာခြင်း၊ ကိုယ့်ရှိသည့် အစားအစာ ဖွက်စားခြင်း၊ ဈေးထဲတွင် သူငယ်ချင်းနှင့် တွေ့ပါက လက်ဖက်ရည်ဆိုင် ထိုင်ရန် မိမိက အရင် စမခေါ်ခြင်းတို့ ပါဝင်သည်။

သူတို့နေပြည်တော် ၀န်ထမ်းများအပေါ် နိုင်ငံတော်၏ စေတနာက ကြီးမားလွန်းလှသည်။ ၀န်ထမ်းများအတွက် အဲကွန်းက အေးစိမ့်နေသည်။ သူဆို အရင်ဖြစ်ဖူးသည့် ထိပ်ခတ်နာ ပြန်ဖြစ်မလားတောင် ထင်ရသည်။ သူတို့ ၀န်ထမ်းများ ကိုရီးယား ဇာတ်လမ်းတွဲများထဲက ဇာတ်ကောင်များလို အနွေးထည် အထူကြီးများ ၀တ်၍ အလုပ် လုပ်နေချိန်တွင် အလုပ်ကိစ္စဖြင့် ရောက်လာသည့် အပြင်လူများ ရုံးအတွင်း ၀င်ခွင့်မရှိ၊ ရုံးတွင်း မပြောနှင့် ရုံးဝန်းအတွင်းပင် ၀င်ခွင့်မရှိ။

အပြင်လူများအတွက် ဂိတ်တွင် ရုံသေးသေးလေး ဆောက်ပေးထားသည်။ သစ်ပင်မရှိ နေပူကျဲကျဲတွင် ရပ်စောင့်ရသည်။ ရပ်မစောင့်နိုင်လျှင် ကိုယ့်အလှည့် ကျော်သွားမည်။ သူတို့ဝန်ထမ်းများက မျက်နှာများကို အတတ်နိုင်ဆုံး ပုပ်ထားကြသည်။ မပုပ်လို့လည်း မဖြစ် ဒီမှာက ရန်ကုန်လို အောက်ဆိုက်ရတာ မဟုတ်၊ ဘာမှမရဘဲနှင့်တော့ မျက်နှာကို ချိုချိုသာသာ မထားနိုင်။ နေပူထဲက လူများကို သွားစရာ ဘာမှမရှိတာ သိလျက်နှင့် အချိန်ခွာ ချိန်းသည်။ ထိုင်စောင့်စရာ လက်ဖက်ရည်ဆိုင် မရှိ၊ သွားစရာဈေးက အဝေးကြီး ကျပ် ၂၀၀၀၊ ၃၀၀၀ လောက်ကုန်မှ ရောက်မည်။ ဒီတော့ နေပူထဲပဲ စောင့်တော့။ တချို့ဆို ရန်ကုန်ကို ပြန်လွှတ်လိုက်သေးသည်။ ဟိုဟာ လိုသည်၊ ဒီဟာ လိုသည် ဆိုသည့် အကြောင်းပြချက်နှင့် ရန်ကုန်နှင့် နေပြည်တော်ကို ခေါက်တုန့်ခေါက်ပြန် ပြေးခိုင်းကြသည်။

နိုင်ငံတော်က သူတို့ဝန်ထမ်းများကို လူလို သဘောထားသည် ဆိုတာကို တွေးလေ သဘောပေါက်လေပဲ ဖြစ်သည်။ အပြင်လူတွေကိုတော့ လူလို သဘောထားထား မထားထား အရေးမကြီး။ နောက်ပြီး ရှိသေးသည် သူတို့ကို မကုန်သင့်တာ မကုန်ရအောင် စီစဉ်ပေးထားသည်။ သူတို့အဆောင်နားမှာ ဘာဆိုင်မှ မရှိ။ ဘာဆိုင်မှ မရှိတော့ ဘာမှ မကုန်တော့။ ရန်ကုန်မှာဆို ရုံးအောက် ဆင်းလိုက်တာနှင့် ဆိုင်တွေဆိုတော့ ခဏခဏ စားကာ ခဏခဏ ကုန်သည်။ ဒီမှာက မုန့်ဟင်းခါး တပွဲလောက် မနေနိုင်မထိုင်နိုင် စားချင်လျှင် ကားခက အသွားအပြန် ၁၂၀၀ကျပ် မုန့်က ၃၀၀ ဆိုတော့ ၁၅၀၀ လောက်ကုန်မည်။ ဒီတော့ မသွားဖြစ်တော့။ မစားဖြစ်တော့၊ မကုန်တော့။

နောက်တခု ရှိသေးသည်၊ သူတို့လို ၀န်ထမ်းများ တခုခုဖြစ်လျှင် ပြသရန် ဆေးရုံ ဆေးခန်းမရှိ။ နိုင်ငံတော်က အမြော်အမြင် တော်တော်ကြီးသည်။ သူတို့ဝန်ထမ်းများအားလုံး ဒေါင်ဒေါင်မြည် ကျန်းမာသူများချည်းဆိုတာ သိထားပုံရသည်။ ခြွင်းချက်တော့ ရှိ၏။ သူတို့အားလုံး တပတ်တခါတော့ ဖျားနာခွင့် ရှိပါသည်။ အဲဒီနေ့မှာ ဖယ်ရီ ဖြင့် ပျဉ်းမနား ပို့ပေးသည်။ ဆေးခန်းပြချင်သူများ အဲဒီနေ့မှာ ပြနိုင်သည်။ အားအားရှိ ဖျားနေနာနေတာမျိုး မဖြစ်ရန် နိုင်ငံတော်က တမင် ဆေးရုံဆေးခန်း မထားပေးခြင်း ဖြစ်မည်။

သူတို့ ၀န်ထမ်းဆိုတာက အစိုးရ၏ ကျွန်များဆိုလည်း မမှား၊ ကျွန်တောင် ရိုးရိုးကျွန် မဟုတ်၊ အလွန် အဆင့်မြင့်သည်။ နေပြည်တော်က ကျွန်များက ပိုပြီး အဆင့်မြင့်သေးသည်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်စားရိတ် ကိုယ်သုံးပြီး ကျွန်ခံနေကြသူများ ဖြစ်သောကြောင့်ဟု ဆိုရပေလိမ့်မည်။ အဲဒီအတွက် ဂုဏ်ယူသင့်သည်၊ လွန်ရောကျွံရော ငှက်ဖျားဖြစ်လို့ သေရုံ၊ ရူးရုံကလေးကို ပုံကြီးချဲ့ပြီးတော့များ ပြောနေရသေးသည်။ ။

(နေပြည်တော်တွင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သော ၀န်ထမ်းများ၏ အတွေ့အကြုံကို အခြေခံ၍ ရေးပါသည်)

Tuesday, December 18, 2007

မွေးမိခင် သို့  ကန်တော့ခန်း။


ကျေးဇူးပါ မေမေ။
ကိုးလလွယ် ဆယ်လဖွား
ပူလောင်စပ်ခါးရှောင်၊
ဝမ်းကြာတိုက်မှာဆောင်ယူ၊
ကျွန်တော့ကို လူဖြစ်စေခဲ့တာ။

ကျေးဇူးပါ မေမေ။
ငယ်ငယ်က သားလူဆိုး၊
အမေ့ရင်ကိုတိုးတိုး၊
နွဲ့ ဆိုးဆိုးတဲ့ ကျွန်တော့ကို၊
တိုက်ခဲ့တာ..အမေ့ ရင်နို့ ချို။

ကျေးဇူးပါ မေမေ။
များမြောင်တဲ့ဝေယျာဝစ္စ..အိမ်တောင်ကိစ္စ၊
မငြီးတမ်းထမ်းရွက်၊
ကျွန်တော့တို့ အားလုံးအတွက်၊
လိမ်မာယဉ်ကျေး.လူပီသရေး။

ကျေးဇူးပါ မေမေ။
ယုံကြည်ရာ၊ ကျွန်တော့လမ်း၊
ပင်ပန်းကြမ်းတမ်းစွာ၊ ကျော်ဖြတ်သန်း
ထောင်အပြင်တန်းမကြောက်တဲ့သား၊
အမေ နားလည်စွာ၊ အားပေးခဲ့တာ။

ကျေးဇူးမဟာ မိခင်။
သားငိုနေစဉ်..အမေရင်၌ထွေး၊
သားဝမ်းနည်းစဉ်..အမေကအားပေး၊
သားဆာလောင်စဉ်..အစာကြွေး၊
ဒုက္ခ ဆင်းရဲထဲကသား၊ နာကျင်မှုဖျောက်စေအား၊
မိဘ၀တ်ငါးဖြာ ဖူလုံသော်ငြား.
သားပြန်မဆပ်နိုင်ခဲ့တဲ့ သားသမီးဝတ်၊
အမေက ခွင့်လွှတ်။
အကြင်နာနဲ့ မေမေ။
ဂရုဏာနဲ့ မေမေ။
မေတ္တာ နဲ့ မေမေ။
အာဇာနည်သားကောင်းမိခင် မေမေ။
နောက်ဆုံးအနေ၊ ဦးချကန်တော့ပါရစေ။

အမေနာမကျန်း၊ သားက ငရဲခန်းထဲနေ။
မပြောကြလည်းလေ၊ အမေ သိနေပေမဲ့.။
မမေးရက် မကြားနိုင်။ ပူပင်ရနှလုံးစိုင်
သားလေး လွတ်မြောက်နိုင်ရေး၊
အမေ ဆုတောင်းပေး၊
မေမေ့အသက်ထက်စာ၊
သားကိုသာ ဂရုထားခဲ့။
မေမေ့ မေတ္တာနဲ့ ရေး၊
သားလေးဘ၀ရဲ့ စာတမျက်နှာ။
အမေ့ရဲ့ ခိုင်ကြည်စိတ်ဓါတ်။
သားဖက်ကရပ်ခဲ့တာ။

နောက်ဆုံးထွက်သက်မှာ မေမေ့နား၊
သား ပရိတ်မရွတ်အားနိုင်ခဲ့တာ၊
ကြည်ဖြူစွာ မေမေခွင့်လွှတ်။
သားကိုအပြစ်လွတ်စေခဲ့တယ်။

ချစ်သောမေမေ။
မေမေ့ သားလေ။
မေမေလို ပူဆွေးမှုမျိုး။
တမျိုးသားလုံးလွတ်ကင်းစေဖို့ 
သားတကွဲ၊ မယားတကွဲ၊
ငိုကြွေးသံတွေ ကင်းပစေဖို့ ။
ဆက်လက် တိုက်ပွဲဝင်..
ရှေ့ ဆက်တော်လှန်ရန် အသင့်
မေမေ့ ရဲ့ မေတ္တာစစ်တို့ ကြောင့်
သားမောင်ရဲရင့် ..အောင်လံဝင့်စေရမည်။

ရောက်ရာဘုံဘ၀..မေမေမြင်၊ သာဓုသာခေါ်။
မေမေရဲ့ သား.ကျွန်တော်..ဇာနည်မော်။

မသဒ္ဓါ (၁၂။၁။၂၀၀၇)
မောင်လေးကိုဌေးကြွယ် အတွက်။ မောင်လေးရဲ့ မေမေရဲ့အနစ်ခံမှုအတွက် ဂုဏ်ပြုလျက်ပါ။ ကောင်းရာ သုဂတိလားရာအမှန်ပါ။ စိတ်မကောင်းမဖြစ်ပါနှင့်။ မမတို့ အားလုံးမောင်လေးနှင့်အတူ ရှိနေကြပါသည်။

ပျောက်ဆုံးနေတဲ့မေမေ့သား။ ခလေးလေးစစ်သား။


ဆည်းဆာ တညနေ။
ကျောင်းဆင်းလာတဲ့သားလေး.
ရစ်လုံးလေးနဲ့ သူအပြင်ထွက်။
စွန်လွှတ်ရန်အတွက်၊
ညစာချက်နေတဲ့၊ အမေ့နား ပါးအပ်။
"သူသိပ်မကြာ။
သား စွန်လွှတ်ချင်၊ တအောင့်သာပါ။"

ညစာချက်ပြီး. မှောင်စပျိုးရောက်။
သူပြန်မရောက်။
ပျောက်ချင်းမလှနဲ့ ပျောက်၊
၁၄ နှစ်သားတယောက်။
သားပျောက်သောက။
အမေ့ရင်မီးတောက်စ။
ဘယ်မှာလည်း.သားလေးမောင်ရွှေသွေး၊
လူတကာ လည်မေး။
အမေ ရတက်မအေးပြီ။

ရဲစခန်းရောက်။ ဆေးရုံလည်းရောက်။
စာမလာ သတင်းမရ။ စုတ်စမြုတ်စ
ကျိုးကြောင်းမသိ၊ မျက်ရည် အတိ
ပူပင်မိရ။ အမေ အိပ်မရပြီ။
ဘာမှမသိတဲ့၊ လူမမည် ခလေး
ပြန်လာနိုးနိုး။ မျှော်ကိုး ရင်မှာ။
မြင်ရရေးရေး။ မျှော်လင့် တွေးတွေး။
ခွေးဟောင်ချိန်၊ ည အိပ်ရေးပျက်။
အိမ်ပြင်ဖက်က အော်ကာနှိုး၊
ခပ်တိုးတိုးနဲ့ သူ့ အသံ
သားပြန်အလာ..အမေရယ်.တံခါးဖွင့်ပါ။
ငေါက်ကနဲ နိုးထအမေ။
ထကြည့်လည်းလေ။
အိမ်ကပြင် ခွေးကတက်၊
လူသူမဲ့ကင်း။
အိမ်မက်မက် ခြင်းသာဖြစ်
သားချစ်ကတော့ ဘယ်ပေါ်မလာ။

မသူတော်တွေ ရဲ့လက်
နှိပ်စက်ရောင်းစား။ ကျွန်ပြုထားလား။
ရည်းစားသနာမရှိ။
နှုတ်ခမ်းမွေးတောင်၊ မပေါက်သေးတဲ့သား၊
အော်..သူဘယ်များရောက်သွား။
ဘယ်သွားသွား ဘေးဘီကြည့်..
သားပျောက်ကို ရှာမိ.
ဖြေဆည်ရာမဲ့ ၊ သောကနဲ့ မိခင်။

ရာသီ နှစ်လီပြောင်း၊
ရွက်ဟောင်း ရွက်သစ်ကြွေ။
စာပို့ လုလင် ဝေတဲ့ စာ။
အထဲက ဓါတ်ပုံမှာ။
စစ်ဝတ်စုံနဲ့ နို့ နံ့ မစင်တဲ့ ကျမရဲ့သား
ရဲဘော်ကြီးလားလား
သူ သူငယ်ချင်းက၊
သတင်းပေးလာတဲ့စာ
ကျမသားလေး ရှေ့ တန်းမှာကျဆုံး
လူဖြစ်ရှုံးတဲ့အကြောင်း။

ဖြစ်နိုင်ပါ့မလား စဉ်းစား။
လုပ်ရက်ပေ့ နအဖများ။
စစ်သားဦးရေ ကသုံးသိန်းခွဲ။
ခုနှစ်သောင်း ရှိတာက ခလေးစစ်သား ။
လူမုန်းများလို့ တပ်ထဲဝင်သူ မရှိ။
တွေ့ သည့် ခလေးများကို ပြန်ပေးဆွဲ၊
စစ်ထဲ အတင်းဝင်စေ၊
ကျောင်းပညာ တပိုင်းတစ၊
လွယ်သေနတ်က အရပ်ရဲ့တစ်ဆ။

ပေမပီ ပိန်လှီ သေးကျုံ ၊
သံပတ်ပေးခံရ လက်လှုပ်တတ်ရုံ စစ်သားရုပ်ဘ၀၊
ကျွန်ခံခိုင်းနေ စစ်မှုထမ်း။
ဖမ်းဆီး အဓမ္မ။
ကြီးမွေးတောင် မစုံသေးကြ။
ရက်စက် ညှင်းပန်း။
စစ် ချွေးတပ် စခန်း။
ပြန်လမ်း မသိ။ အပျော် နတ္ထိ
နအဖ ၏ ခလေးစစ်သား။
အနာဂတ်တို့ ပျောက်ဆုံးကွယ်။
ဘ၀ရယ် ငရဲအတိ။
လူဖြစ်ရ ဘာအဓိပ္ပါယ် ရှိပါ့မလဲကွယ်။

မသဒ္ဓါ (၁၁။၅။၂၀၀၇)
သားကလေး မောင်ကျော်မင်းသူ ကို ခလေးစစ်သားဘ၀မှ..အချစ်ကြီးမားစွာဖြင့် စွမ်းစွမ်းတမံ ကယ်ယူသော အာဇာနည်မိဘ ဦးသောင်းအေး၊ ဒေါ်အေးနိုင် တို့ အား ချီးကျူးဂုဏ်ပြုအပ်ပါသည်၊ မိဘမေတ္တာ ဟူသည်..အဆုံးအစမရှိပါ၊

Friday, December 14, 2007


Are you ready for Marriage
Question 1: What percentage of our income are we prepared to spend to purchase and maintain our home on a monthly or annual basis?
Question 2: Who is responsible for keeping our house and yard cared for and organized? Are we different in our needs for cleanliness and organization?
Question 3: How much money do we earn together? Now? In one year? In five years? Ten? Who is responsible for which portion? Now? In one year? Five? Ten?
Question 4: What is our ultimate financial goal regarding annual income, and when do we anticipate achieving it? By what means and through what efforts?
Question 5: What are our categories of expense (rent, clothing, insurance, travel)? How much do we spend monthly, annually, in each category? How much do we want to be able to spend?
Question 6: How much time will each of us spend at work, and during what hours? Do we begin work early? Will we prefer to work into the evening?
Question 7: If one of us doesn't want to work, under what circumstances, if any, would that be okay?
Question 8: How ambitious are you? Are we comfortable with the other's level of ambition?
Question 9: Am I comfortable giving and receiving love sexually? In sex, does my partner feel my love for him or her?
Question 10: Are we satisfied with the frequency of our lovemaking? How do we cope when our desire levels are unmatched? A little? A lot? For a night? A week? A month? A year? More?
Question 11: Do we eat meals together? Which ones? Who is responsible for the food shopping? Who prepares the meals? Who cleans up afterward?
Question 12: Is each of us happy with the other's approach to health? Does one have habits or tendencies that concern the other (e.g., smoking, excessive dieting, poor diet)?
Question 13: What place does the other's family play in our family life? How often do we visit or socialize together? If we have out-of-town relatives, will we ask them to visit us for extended periods? How often?
Question 14: If we have children, what kind of relationship do we hope our parents will have with their grandchildren? How much time will they spend together?
Question 15: Will we have children? If so, when? How many? How important is having children to each of us?
Question 16: How will having a child change the way we live now? Will we want to take time off from work, or work a reduced schedule? For how long? Will we need to rethink who is responsible for housekeeping?
Question 17: Are we satisfied with the quality and quantity of friends we currently have? Would we like to be more involved socially? Are we overwhelmed socially and need to cut back on such commitments?
Question 18: What are my partner's needs for cultivating or maintaining friendships outside our relationship? Is it easy for me to support those needs, or do they bother me in any way?
Question 19: Do we share a religion? Do we belong to a church, synagogue, mosque or temple? More than one? If not, would our relationship benefit from such an affiliation?
Question 20: Does one of us have an individual spiritual practice? Is the practice andthetime devoted to it acceptable to the other? Does each partner understand and respect the other's choices?

မိန်းကလေးများ အတွက် ယောက်ျားရွေးချယ်နည်း

ညီမလေးရေ….ယောက်ျားယူတော့မယ်ဆိုရင်လေ………..

ယောက်ျားတစ်ယောက်အဖို. ရုပ်ရည်ချောဖို.မလိုပါဘူး။ ပိုက်ဆံလေးထောရင်ပြီးတာပါပဲ။ Shopping မှာ မ၀ယ်ဘဲဈေးကိုအနည်းဆုံး ၃ ပတ်လောက်လျှောက်ကြည်.တာကို မငြီးမငြူ ဂျီမထူဘဲ လိုက်နိင်ရင်တော်ပါပြီ။ယောက်ျားတစ်ယောက်အဖို. သူအရင်နေခဲ့တဲ့ အိမ်ကျယ်မကျယ်ကအရေးမကြီးပါဘူး လက်ထက်ပြီးရင်နေမယ့်အိမ်ကိုသာ ကြီးကြီးလေး ၀ယ်ထားရင်ပြီးတာပါပဲ။ မင်္ဂလာဆောင်မယ့်စရိတ် အတွက်လည်း ပူစရာမလိုပါဘူး။ သူ.မှာ ရှိတဲ့ ပိုက်ဆံအကုန် ကိုယ်လက်ထဲ အပ်ထားမယ်ဆိုရင် ကိုယ်ကစိုက်ထုတ်ပေးမှာပေါ့။

အသွင်မတူအိမ်သူမဖြစ်တဲ့။ အသွင်တူအောင် သူကဘောလုံးပွဲ ကြည့်မယ်ဆိုရင် ကိုယ်ကဘောလုံးသမားတွေကိုကြည့်လိုက်ပေါ့။ တစ်ပွဲမှာ တစ်ယောက်တော့ အရမ်းချောမှာ သေချာတယ်လေ။ သူ့ကျန်းမာရေးကို ဂရုစိုက်ပေးရမယ်နော်။ အသားဓတ်လိုရင် ပဲသာများများကျွှေးပေါ့။

အသားစားလို.သွားကိုက်ရင်အရမ်းခံစားနေရမှာပေါ့။ ကိုယ်ယောက်ျားခံစားနေရရင် ဘယ်မိန်းမမှ မကြည့်ရက်ဘူးလေ။ ဒါကြောင့်အသားဆိုရင် ကိုယ်သာအနစ်နာခံပြီး စားပစ်လိုက်ပေါ့။ ကိုယ်ယောက်ျားကခေတ်နဲ. တပြေးညီဖြစ်နေရင် နောက်မိန်းမ ယူသွားမှာကို စိုးရိမ်နေရလိမ့်မယ်။ အဲဒီတော့ပိုဆိုး ၂ ထည်၊ အင်္ကျီ ၂ ထည်ဆိုလုံလောက်ပြီ။ ကိုယ်ကတော့ခေတ်နဲ.အညီနေနိင်မှ ယောက်ျားအချစ်မလျှော့မှာမို. လှတ ပတလေး ဆိုဝယ်သာဝယ်။ ဈေးနှူန်းဆိုတာ ကိုယ်ပြောမှ သူသိမှာ မဟုတ်လား။

ထမင်းဟင်းချက်တဲ့ အခါမှာလည်း ခို၊ ချဉ်၊ ငန်၊ စပ်၊ ပျော့၊ တူး၊ မနပ် ဆိုတဲ့ စကားနဲ. အညီ တစ်နေ. တစ်နေ. အရသာမထပ်အောင် ချက်ကျွှေးရမယ်နော်။ ကိုယ်ကလုံးဝ မစားနိင်ရင်တော့ တစ်ခုခု စားစရာ ၀ယ်ပြီးချက်ပြုတ်နေတုန်းစားထားနင့်လိုက်လေ။ ထမင်းဘာလို. သိပ်မစားတာလဲဆိုရင်တော့ ၀ိတ်ချနေတယ်ပေါ့။

အ၀တ်အစားတွေလျှော်ဖွတ်ရမှာက အိမ်ရှင်မကောင်းတစ်ယောက်ရဲ့ တာဝန်တွေဆိုတော့ သူပြောစရာမလိုခင် ကိုယ်က ဦးအောင်လုပ်ကိုင်ပေါ်ထားရမှာပေါ့။ Laundry Service ဆိုင်တွေရှိနေတာပဲဟာ။

အိမ်ခန်းသန်.ရှင်းရေးလုပ်တာကလည်း လွယ်ပါတယ်။ ဖွထားတာမှန်သမျှအကုန်သာလွင့်ပစ်လိုက်။ နောက်ဆိုရှူပ်အောင်ဘယ်သူမှ လုပ်ရဲမှာ မဟုတ်တော့ဘူးပေါ့။ လှဲကျင်းလျှော်ဖွတ်ရတာပင်ပန်းနေပြီဆိုရင် အနားယူလိုက်တော့ပေါ။့ ပန်းကန်ခွက်ယောက်ဆေးဖို.လဲ ပူစရာမလိုပါဘူး Paper Plates တို.Paper Cups တို.ရှိသားပဲ။

ဈေးသွားရင်လည်းသူလိုက်ပါစေလေ။ မဟုတ်ရင် အမှိုက်ထုပ်ကြီး ကိုယ်သယ်နေရမှာပေါ။့ အမှိုက်ထုပ်ကဈေးခြင်းထဲ ထည့်ယူမှာ မဟုတ်လား။ အပြန်ကျတော့ ကိုယ်သယ်ပေးလိုက်ပေါ။့ ကူလီငှါးခက ဘယ်လောက်မှမရှိပါဘူး။ ကိုယ်နဲ.သဘောထားချင်းမတိုက်ဆိုင်ရင် အတင်းကြီးညှိမယူပါနဲ.။ ကိုယ်လုပ်ချင်ရာသာလုပ်လိုက်ပေါ။့ ကိုယ့်ကို အသက်တမျှတန်ဖိုးထားတဲ့ သူ.ကို ကိုယ်ဆီပိုက်ဆံမအပ်လို. စိတ်မဆိုးလိုက်နဲ.နော်။ Credit Card တွေကို သူ.ဆီကတောင်းထားလိုက်ပေါ။့ သူက ကိုယ်လိုချင်တာတွေ ၀ယ်ပေးဖို. ငြင်းဆန်နေရင်၊ ကိုယ်ကို အလိုလိုက်အလျှော့ပေးဖို. တွန်.ဆုတ်နေရင်တော့ Holly Wood က ရွှေမင်းသမီးတစ်ယောက်မှာ ယောက်ျားဘယ်နစ်ယောက်ယူခဲ့တဲ့ စာရင်းလေးလုပ်ပြီး သူ.ကို ပြောပြဖို. မမေ့ပါနဲ.။

ဒီလူနဲ. စိတ်သဘောထားမတိုက်ဆိုင်လို. ကွာရှင်းချင်ရင် ကွာရှင်းလိုက်ပေါ။့ ပိုင်ဆိုင်သမျှ တစ်ဝက်ပိုရအောင် ရှေ.နေကောင်းကောင်းရှာထားဖို.တော့လိုမယ်နော်။

blogspot တစ်ယောက်စိမှ ကူးယူထားပါသည်။ နံမည် မေ့နေသောကြောင့် ခွင့်လွတ်ပေးစေလိုပါတယ်။

Monday, December 10, 2007

ကျတော် လိုချင်သော မိန်းမ

ကျတော်မိန်းမယူချင်နေတာကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မဲ့ မိန်းမတစ်ယောက်ကိုတော့ယူမယ်လိုတော့ဆုံးဖြတ်ထားတယ်။

ကျတော်ရဲ. တောင်ဆိုချက်တွေကလဲ သာမန်ပါပဲ။

ကျတော်ယူမဲ့မိန်မဟာ လူတကာကိုဆွဲဆောင်နိင်တဲ့ အလှဘုရင်မဖြစ်စရာမလိုပါဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ. ချစ်စရာမျက်နှာရှိရင်တော်ပြီ။ ကျတော်ရယ်စရာ ပြောရင်လိုက်ရယ်တတ်ရမယ်။ က်ေတာ္ယူမယ့္မိန္မရဲ. အိမ္ဘယ္လုိပုံရွိတယ္ဆုိတာစိတ္မ၀င္စားဘူး။ အိမ်ကျယ်ရင်ပြီးရော။ မင်္ဂလာဆောင်ရင်ကျန်ကျစရိတ်ကိုတ၀က်စီ ကျခံမယ်။ ကျတော်ယူမဲ့မိန်းမက တစ်ဝက်၊ သူ. မိဘကတစ်ဝက်။

အသွင်မတူရင်အိမ်သူမဖြစ်ဘူးဆိုတာ ကျတော်နားလည်တယ်။ ဒါကြောင့် လက်ထက်ပြီးရင် စိတ်တူကိုယ်တူ ဖြစ်အောင်လုပ်မယ်။

ဆိုကြပါစို……….မြို့လယ်ရုံမှာ လွင်မိုးပါတဲ ကားသစ်တင်လို. သွားကြည်.ရအောင်…သူမကိုကျတော်ပြောတယ်။ လွင်မိုးကိုသူမ မကြိုက်ဘူး။ ဒါကြောင့်မလိုက်ချင်ဘူးလို. သူမ ငြင်းတယ်။ အဲဒိလိုအချေအနေ မိုးဖြစ်လာရင် လုံးဝမသွားဘူး။ ရုပ်မြင်သံကြားကလာတဲ့ ကိုရီးယားကားကိုပဲ ကြည်.မယ်။

သူမရဲ့ ကျမ်းမာရေးကို ကျတော်ဂရုစိုက်မယ်။ ခိုလွန်းတဲ့အစားအစာတွေ၊ ဥပမာ ဈေးကြီးပေးရတဲ့ချောကလက်ကိုသူ.မလက်ဖျားနဲ.တောင်မထိစေရဘူး၊ ကျတော်ပဲစားမယ်။ ကျတော်ယူမဲ့မ်န်းမဟာခေတ်နဲ.တပြေးညီ style ကျအောင်ဝတ်မယ်။ ဒါပေမဲ. ဈေးကြီးထည်ကိုမ၀တ်ဘူး။ထမင်းဟင်းကိုသူမဘယ်လိုဘဲချက်ချက် ကျတော့်အတွက် အရေးမကြီးဘူး၊ အရသာရှိရင်တော်ပြီ။ မြန်မာဟင်းလျာချည်းပဲ ချက်စရာမလိုဘူး၊ ဒီနေ. မြန်မာ နောက်နေ. ကုလားစာ၊ သဘက်ခါတရုတ်စာ စသည်.ဖြင့် ပြောင်းလဲချက်ချင်းလားရတယ်။ ဒီကီစ္စ မှာ သူမကိုလုံးဝ လွတ်လပ်ခွင့်ပေးထားတယ်။ အ၀တ်လျှော်ရမယ်မီးပူတိုက်ရမယ်လို. သူမကို ကျတော်မပြောဘူး။ ဒါပေမဲ ကျတော်ဝတ်တဲ့ အ၀တ်အစား အမြဲတမ်းသန်.ရှင်းနေရမယ်။ အိပ်ခန်းကို သန်.ရှင်းဖို. သူမကို ကျတော်မတောင်ဆိုပါဘူး။ အိပ်ရှင်မကောင်းဆိုရင်သူမရဲ့ အသိစိတ်ဓတ်နဲ. သူမလုပ်လိမ်.မယ်။ လှဲကျင်းလျှော်ဖွတ်ရလို. ပင်ပန်းလာပြှလား။ အဲဒါဆိုမီန်းမကို ခဏအနားယူခိုင်းမယ်။ အမောပြေပြီဆိုတော့ကျန်တဲ့ပန်းကန်ခွက်ယောက်တွေကိုဆေးခိုင်းမယ်။

ဈေးကိုတော့အတူတူ သွားမယ်။ အသွားမှာဈေးခြင်းတောင်းကို ကျတော်ကိုင်မယ်။ အပြန်မှာ သူမစွဲလာမယ်။ ကျတော်သဘောထားနဲ တိုက်ဆိုင်တဲ့တာ မှန်သမျှ သူမပြောတာကို လက်ခံနားထောင်မယ်။ သူမရဲ့အသက်ကို ကျတော်တန်ဖိုးထားမယ်။ သူ. လက်ထဲကိုပိုက်ဆံတပြားမှ မထည့်ပေးဘူး။ လူဆိုး၊ သူခိုးတွေကပေါတယ်မဟုတ်လား။ ကျတော်အမိန်. ကိုနာခံရမယ်လို. ဘယ်တော့မှမပြောဘူး။ ကျတော်ဆန္ဒကိုဖြည့်ပေးရင်တော်ပြီ။

အဲ….မဖြည့်နိင်ဘူးဆိုရင်လား။ ဒါဆိုနောက်တစ်ယောက်ရှာပစေပေါ.။ မဟုတ်ဘူးလား။

Thursday, December 6, 2007

သူငယ်တန်း ဖတ်စာ အသစ်



(၆-၁၂-၀၇) ဒေါက်တာစင်သီယာမောင် ၄၈နှစ်ပြည့် ဂုဏ်ပြုဆောင်းပါး

မေတ္တာ ဂရုဏာရှင် ဒေါက်တာစင်သီယာမောင်၏ သိမြင်နားလည်မှု၊ အတွေးအမြင်နှင့် အနာဂတ် ရည်မှန်းချက်
စိုးနေလင်း
(ပုံတူ - ပန်းချီမင်းကျော်ခိုင် မေတ္တာဖြင့် ရေးဆွဲကူညီသည်)

သိမြင်နားလည်မှု၊ အတွေးအမြင်

သူမရဲ့ စေတနာပြည့်ဝတဲ့ လုပ်ဆောင်မှုတွေကြောင့် ဒေါက်တာစင်သီယာမောင် ရယ်လို့ ဖြစ်မလာခင် အချိန်က နိုင်ငံရေး၊ လူ့အခွင့်အရေး စတာတွေနဲ့ လူ့အဖွဲ့အစည်း အကြောင်းကို အနည်းအကျဉ်း လောက်ကလွဲပြီး သူမ သိမြင်နားလည်မှု မရှိခဲ့ပေမယ့် ၈၈ ခုနှစ် စစ်တပ်က လူထုဒီမိုကရေစီ အရေးတော်ပုံကြီးကို နှိမ်နင်းပြီး တိုင်းပြည်အာဏာကို သိမ်းလိုက်တဲ့အချိန်မှာ ဒီမိုကရေစီရေးအတွက် နယ်စပ်ဒေသကို ထွက်ခွာခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ သူမ လိုက်ပါလာခဲ့တဲ့ အချိန်ကစပြီး နယ်စပ် ကေအန်ယူ စခန်းတချို့နဲ့ ကျောင်းသားစခန်း တချို့မှာ နေထိုင်ခဲ့ရတဲ့အတွက် နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ လူ့အဖွဲ့အစည်းတွေအကြောင်း သူမ သိမြင် နားလည်ခွင့် ရလာခဲ့ပါတယ်။ သူမ တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ကျောင်းသား ကျောင်းသူတွေ၊ နယ်စပ်ဒေသက ဆင်းရဲသားတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ ဒုက္ခသည်တွေကို အကူအညီပေးရင်း တွေ့ကြုံ ကြားသိခဲ့ရတဲ့ အရာတွေက သူမရဲ့ တွေးမြင် ယုံကြည်မှုတွေကို မြင့်တက်ကြွယ်ဝ လာစေခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ဟာ သူ့ရဲ့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ဖို့ ကြိုးစားသလို၊ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေးတွေကိုပါ ပိတ်ပင် တားဆီးခဲ့တယ်။ ဆိုးဝါးရက်စက်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အင်အားစုတွေကြားမှာ စည်းလုံးညီညွတ်မှု ပြိုကွဲအောင် သူ့ရဲ့ထောက်လှမ်းရေးတွေကို သူလျှိုတွေအဖြစ် စေလွှတ်ထည့်သွင်းပြီး သွေးခွဲဖြိဖျက်ဖို့ ကြိုးစားခဲ့တယ်လို့ သူမ သိမြင်နားလည် လာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်နေသမျှ မြန်မာပြည်သူ ပြည်သားတွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ အများကြီး အခက်အခဲရှိမယ်လို့ သူမက ယုံကြည်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ နယ်စပ်ဒေသနဲ့ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဆိုင်ရာအဖွဲ့အစည်းရဲ့ တည်ဆောက်ရေး အလုပ်တွေပဲ အများဆုံး လုပ်ဆောင်နိုင်ခဲ့ကြပြီး လူထုကို တည်ဆောက်ဖို့ လုပ်ဆောင်နိုင်မှုမှာ အားနည်းခဲ့ကြတယ်လို့ သူမက မြင်ပါတယ်။ လူထုကို တည်ဆောက်တဲ့ အလုပ် လုပ်နိုင်ဖို့ဆိုရင် မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အရင်းအမြစ် အများကြီး မွေးထုတ်ပေးဖို့ လိုအပ်လိမ့်မယ်။ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်ကြတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် သူ့သက်ဆိုင်ရာ ဒေသအရ သူ့ဘာသာစကား၊ သူ့ယဉ်ကျေးမှု စီးပွားရေး ပိုင်ဆိုင်ခွင့် လုပ်ကိုင်ဆောင်ရွက်ခွင့်နဲ့ အုပ်ချုပ်ခွင့်တွေ ရှိဖို့လိုတယ်လို့ သူမက ယုံကြည်ပါတယ်။

တိုင်းပြည်နဲ့ လူထုကို တည်ဆောက်တဲ့နေရာမှာ အများရဲ့ ဆန္ဒသဘောထား၊ အများရဲ့အသံ၊ တွေးမြင် ယုံကြည်မှုတွေကို အမှန်တကယ် ထဲထဲဝင်ဝင် သိမြင်သဘောပေါက်ဖို့ လိုအပ်သလို လေးစားလိုက်နာဖို့လည်း လိုအပ်တယ်လို့ သူမ နားလည် လက်ခံထားပါတယ်။ ရှိနေ လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ကိုယ့်အဖွဲ့အစည်း အရည်အသွေးမြှင့်တင်ဖို့ ကြိုးစားနေရုံနဲ့ မလုံလောက်ဘဲ လူ့အဖွဲ့အစည်းတခုလုံးရဲ့ အရည်အသွေးကို မြှင့်တင်ပေးဖို့ ကြိုးစားဖို့လိုမယ်လို့ သူမက ထင်ပါတယ်။

နယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ဒုက္ခသည်စခန်းက ပြည်သူလူထုတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ ကြားမှာ အချင်းချင်း သိမြင်နားလည်နိုင်မှု နည်းပါးနေဆဲဖြစ်ပြီး အခြေအနေ အရပ်ရပ်ကို ပူးပေါင်း ညှိနှိုင်း ဖြေရှင်းဖို့ အခက်အခဲ အများကြီး ရှိနေတယ်လို့ သူမနားလည်ထားပါတယ်။ အဲဒီလူတွေ အချင်းချင်း ထိစပ်မှုရှိဖို့၊ သဘောထား အမြင်ချင်း ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မှု ရှိလာအောင် လုပ်ဆောင်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်။ ကိုယ့်တိုင်းပြည်ကို အလုပ်အကျွေး ပြုချင်တဲ့သူတွေ၊ ပြုစုပျိုးထောင်ချင်တဲ့ သူတွေ အများကြီး ပြည်တွင်းပြည်ပမှာ ရှိနေပေမယ့် အဆက်အစပ် လုပ်နိုင်ဖို့ အများကြီး အားနည်းနေသေးတယ်လို့ သူမ ထင်မြင်ယူဆပါတယ်။

အနာဂတ်ရည်မှန်းချက်

သူမရဲ့ မယ်တော်ဆေးခန်းမှာ ဒုက္ခဆင်းရဲ ရောက်နေကြတဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ လာရောက် ကူညီနေတဲ့ လူငယ်လူရွယ်တွေ၊ တချို့ ပညာရေး ရည်ရွယ်ချက်နဲ့ ရောက်လာကြတဲ့သူတွေ၊ တချို့ ဘ၀တိုးတက် အောင်မြင်ရေး ရည်ရွယ်ချက်နဲ့ ရောက်လာ ခိုနားနေကြတဲ့ လူငယ်တွေအတွက် သူမ တတ်နိုင်သလောက် ကူညီအားပေး စောင့်ရှောက်သွားဖို့ သူမက ရည်ရွယ်ထားပါတယ်။ အဲဒီလူငယ်တွေကို အရည်အချင်း ပြည့်ဝတဲ့ သူတွေဖြစ်လာအောင် မွေးထုတ်ဖို့ သူမကိုယ်တိုင် ဆက်ပြီး လေ့လာသင်ယူချင်တဲ့ ပညာရပ်တွေ ရှိပါတယ်။ အဲဒီ အတွက် ပေးလာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး သူမကိုယ်တိုင်လည်း ဆက်လက် လေ့လာသင်ယူသွားဖို့ ရည်ရွယ်ထားပါတယ်။

တချိန်မှာ မြန်မာပြည် စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာမယ် ဆိုရင်တော့ သူမက ကိုယ့်တိုင်းပြည် ကိုယ့်ပြည်နယ်ကို ပြန်ပြီး ကိုယ့်အမျိုးသားတွေအတွက် သူမပေးနိုင်သမျှ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ တခြားပညာရေး၊ လူမှုရေး အကူအညီတွေ ပေးသွားမယ်လို့ မျှော်လင့် ရည်ရွယ်ထားပါတယ်။ သူမဟာ တကယ်တော့ ရယူလိုသူ မဟုတ်ဘဲ ပေးဆပ်လိုသူ တယောက်အဖြစ် ဘ၀ကို ဖြတ်သန်း နေထိုင်သွားမယ့် သူသာဖြစ်ပါတယ်။

(စိုးနေလင်း - ဒေါက်တာစင်သီယာမောင် သို့မဟုတ် အရိပ်ကောင်းသော သစ်တပင် စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်)

အမျိုးသမီး ဆိုတာ..

နိုဝင်ဘာလ ၂၅ရက်နေ့ဟာ အမျိုးသမီးများကို အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာ အထိမ်းအမှတ်နေ့ (International Day for Elimination of Violence against Women) ပါ။ ပြီးတော့ (၂၈၊၁၁၊၀၇-ဗုဒ္ဓဟူးနေ့)ရဲ့ ဘီဘီစီ ရေဒီယို မြန်မာပိုင်း အစီအစဉ်က ‘ကမ္ဘာ့အရေး မြန်မာ့အရေး’ ဆွေးနွေးခန်းကလည်း မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုထဲက အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးကြတဲ့အထဲမှာ ကျမ ၀င် ဆွေးနွေးခဲ့ရ ပါတယ်။ ဒီနေရာမှာ တခြား ၀င်ရောက်ဆွေးနွေးကြတဲ့ အမျိုးသား အမျိုးသမီးတွေရဲ့ ဆွေးနွေးချက်တွေက ပြည့်စုံလွန်းလို့ တကယ်တမ်း ကျမ ပြောချင်တာတွေ အများကြီး ပါသွားတာနဲ့ ကြုံရပါတယ်။


နောက်တချက်ကတော့
တကယ့် ခေါင်းစဉ်ကြီးတခုကို အချိန်တို မိနစ်ပိုင်းကလေး အတွင်း ပြောရတာကြောင့် အပြည့်အစုံ မပြောနိုင်တဲ့၊ သိုင်းဝိုင်း ပြောပြခွင့်မရတဲ့အတွက် ပြောစရာတွေ ကျန် သွားတာပါပဲ။ ဒါပေမဲ့ အဖြေတခုတော့ ထွက်ပါတယ်။ အဲဒါကတော့ နိုင်ငံ့အရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍက အရေးပါတယ်ဆိုတာ ကို လူ့ပတ်ဝန်းကျင်က အများကြီး သတိပြု လာကြ ရပြီ ဆိုတာပါပဲ။

ဒီနေရာမှာ အမျိုးသမီးတွေရဲ့ ကိစ္စကို တကူးတက ထည့်ပြောလာရတာ ကလည်း အကြောင်းရင်းတွေ ရှိနေတာ တွေ့ရပါတယ်။ ဒါကတော့ ကမ္ဘာပေါ်မှာ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးနှစ်စားတည်း ရှိတာတောင်မှ အမျိုးသားတွေက အမျိုးသမီးတွေကို ဦးဆောင်သူအနေနဲ့ လက်သင့်မခံချင် လို့၊ နိုင့်ထက်စီးနင်းလုပ်တဲ့ အဖြစ်မျိုးတွေ ရှိလာလို့၊ အမျိုးသမီးတွေဘက်က အခွင့်အရေးတွေ တောင်းဆိုလာကြရတယ်လို့ ပြောလို့ရပါတယ်။

ဒီနေရာမှာလည်း အခွင့်အရေး(Opportunity) နဲ့ အခွင့်အလမ်း(Chance) ဆိုတာ ရှိလာပါတယ်။ အမျိုးသမီးတွေအတွက် ပိတ်ဆို့ခံခဲ့ရတဲ့ အခွင့်အလမ်း တွေ ပွင့်ဖို့ လိုပါတယ်။ ပြီးတော့ နောက်တဆင့် အခွင့်အရေးတွေ အပြည့်အ၀ရလာဖို့.. ယူနိုင်ကြဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာက ဓလေ့ထုံးစံ အစဉ်အလာ အစွဲအလန်းတွေအရ ‘သားကို သခင် လင်ကို ဘုရား’၊ ‘ကြက်မ-တွန်လို့ မိုးမလင်း’၊ ‘မိန်းမ-ဖျက် ပြည်ပျက်’၊ ‘မ-ဘက်လိုက်တော့ မိုက်ဘက်ပါ’ ဆိုတဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိတဲ့ အဓိပ္ပါယ်မဲ့ အယူအဆမျိုးတွေနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို လျှော့ချ နှိမ့်တွက် ခံထားရတာတွေ ရှိနေခဲ့ပါတယ်။ အထူးသဖြင့် ပညာရေးမှာ မိန်းကလေးမို့ စာတတ်စရာ မလိုဘူးဆိုတဲ့ အယူအဆ မျိုးတွေတောင် ရှိခဲ့တာပါ။ အမျိုးသမီးဆိုတာ လင်ကောင်းသားကောင်း ရရမယ်၊ အိမ်မှုကိစ္စ နိုင်နင်းရင်လုံလောက်ပြီ ဆိုတာတွေကိုသာ ရည်ရွယ်ချက်တွေလို စွဲလန်းခဲ့ကြ တာပါ။

ဒါပေမဲ့ ကျမတို့အမျိုးသမီးတွေကတော့ ကိုလိုနီခေတ်မှာကတည်းက ပညာရေး၊ လူမှုရေးကနေ စလို့ နိုင်ငံရေးလှုပ်ရှားမှုတွေအထိ ရှေ့ထွက်လုပ်ဆောင်လာခဲ့ကြရာက အမျိုးသမီး တွေရဲ့ အစွမ်းကို ပတ်ဝန်းကျင်က အတော်အတန် လက်သင့်ခံလာကြရပါပြီ။ ဒါပေမဲ့ အပြည့်အ၀တော့ မဟုတ်သေးပါဘူး။ ကျမတို့ အမျိုးသမီးတွေကိုယ်တိုင် ကိုင်ဆွဲမိနေတဲ့ ဓလေ့ထုံးစံလောင်းရိပ်တွေတော့ ရှိနေတုန်းပါ။ စနစ်တကျ ပြုစုရေးရင် အခိုင်အလုံ ရေးစရာတွေ အများကြီးပါ။ ဒါပေမဲ့ အဲဒီလောင်းရိပ်တွေထဲက လွတ်အောင် ရုန်းထွက် ချင်တယ်ဆိုရင်တော့ ရုန်းထွက်နိုင်လောက်တဲ့ခွန်အားမျိုး၊ အစွမ်းသတ္တိမျိုးတွေ၊ ပိုင်နိုင် ခိုင်မာတဲ့ အရည်အသွေးတွေ အရည်အချင်းတွေ ရှိဖို့လိုတာလည်း အမှန်ပါပဲ။

ခုဆိုရင် မြန်မာနိုင်ငံရဲ့ လတ်တလောဖြစ်ခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးထဲမှာ ဦးဆောင် ပါဝင်လာတဲ့ အမျိုးသမီးတွေ အများကြီးပါပဲ။ နောက် မြန်မာပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မစုစုနွေး၊ မမီးမီး၊ မနီလာသိန်း၊ မဖြူုဖြူသင်းတို့ အပါအ၀င် အမျိုးသမီးတွေဟာ တကယ် အလုပ်လုပ်ရင်း အသိအမှတ်ပြုခံလာရတာ၊ နေရာရလာနိုင်ကြတာ၊ နေရာယူပြီး အရည်အချင်း ပြလာနိုင်တာတွေဟာ အမျိုးသမီးတွေရဲ့ နိုင်ငံ့အရေးထဲက ထင်ရှားတဲ့ အခန်းကဏ္ဍ ပြယုဂ်ပါပဲ။

တချိန်တည်းမှာပဲ အမျိုးသားတွေရဲ့ အနှိပ်စက်နဲ့ အနိုင်ကျင့်မှုကို ခံနေရတယ်ဆိုတဲ့ အမျိုးသမီးတွေလည်း ရှိနေပါတယ်။ ဒါကလည်း နှစ်ဦးနှစ်ဘက် နားလည်အောင် ပြေလည်အောင် ညှိနှိုင်းဖို့က လွဲလို့ တခြားအဖြေ ကျမတော့ ရှာမတွေ့သေးပါ။ ညှိလို့မှ မရရင်…. ဆိုတော့လည်း… အဲဒီအဖြေကို ရှာရမယ့်သူတွေဟာ ကာယကံ ရှင်တွေသာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးတွေ၊ ဂုဏ်သိက္ခာတွေနဲ့ ခံနိုင်ရည်အပေါ်မှာ တည်ပြီး အဖြေ ထုတ်ရမှာသာ ဖြစ်ပါတယ်။

တကယ်တော့ အမျိုးသမီးတွေရဲ့ အရည်အသွေးတွေ မြင့်မားဖို့၊ မြင့်မားခွင့်ရဖို့ဆိုတာ အမျိုးသမီးတွေ ကိုယ်တိုင်က ကြိုးစားယူကြရမှာဖြစ်ပါတယ်။ ပြီးတော့ ယှဉ်တွဲနေထိုင်ဘက် အမျိုးသားများဘက်ကလည်း အမျိုးသမီးတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြု လေးစား တန်ဖိုးထားဖို့ လိုပါတယ်။ ဒီလို အပြန်အလှန် လေးစားမှုရှိမှပဲ သက်ဆိုင်ရာ အခွင့်အလမ်းတွေကို အပြန်အလှန် တွဲဖက် အသုံးချခွင့်ရပြီး အခွင့်အရေးတွေ ရလာမှာဖြစ်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးဆိုတာဟာ လူ့ဘောင်လောကကို သာယာပြည့်စုံအောင် အတူ ယှဉ်တွဲဖန်တီးရမယ့် လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပါတယ်။ ယှဉ်ပြိုင်အနိုင်ယူရမယ့် ပြိုင်ဖက်တွေ မဟုတ်ကြပါဘူး။ ဒါကို အမျိုးသားတွေ က ကောင်းကောင်း အသိအမှတ် ပြုတတ်ကြဖို့ လိုပါတယ်။ အမျိုးသမီးတွေကလည်း ကိုယ့်အရည်အချင်းကို ယုံကြည်ပြီး ဦးဆောင် ဆုံးဖြတ်ရမယ့် နေရာတွေ ယူတတ်ဖို့၊ ယူရဲဖို့၊ ယူနိုင်အောင် ဖန်တီးဖို့ လိုပါတယ်။ ဒါမှပဲ အမျိုးသမီးအချင်းချင်းအတွက် အရေးကိစ္စတွေကို သေသေချာချာ ပါဝင်ကိုင်တွယ် ဖြေရှင်း ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတာက ဦးတည်ချက်အားလုံးဟာ အမျိုးသားအမျိုးသမီး တန်းတူ လက်တွဲ လုပ်ဆောင်ခြင်းနဲ့ ကိုယ့်လောက၀န်းကျင်ကို အလှဆင်ဖို့ပါပဲ။

ဒီနေရာမှာ ပြည်တွင်းက ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်က ဘီဘီစီရေဒီယိုမှာ ပြောခဲ့တဲ့ စကားလေးကို လက်ဆင့်ကမ်းချင်ပါတယ်။

“အမျိုးသမီးတွေက အရည်အချင်းရှိပြီးသားပါ။ လမ်းတွေဖွင့်ပေးလိုက်ဖို့ပဲ လိုပါတယ်”

မေငြိမ်း
၂၉၊၁၁၊၀၇။