Tuesday, September 18, 2007

MoeMaKa Radio & Multimedia - မစုဥဏ် - အားမာန္အဴပည့္နဲႚေ

MoeMaKa Radio & Multimedia - မစုဥဏ္ - အားမာန္အဴပည့္နဲႚေ: "1"

MoeMaKa Radio & Multimedia - ဘာတီးလ္တင့္တနာ - သားသတ္သမာ

MoeMaKa Radio & Multimedia - ဘာတီးလ္တင့္တနာ - သားသတ္သမာ

MoeMaKa Radio & Multimedia - ဘာတီးလ္လင့္တနာ - သားသတ္သမာ

MoeMaKa Radio & Multimedia - ဘာတီးလ္လင့္တနာ - သားသတ္သမာ

MoeMaKa Radio & Multimedia - ဘာတီးတ္လင့္တနာ - သားသတ္သမာ

MoeMaKa Radio & Multimedia - ဘာတီးတ္လင့္တနာ - သားသတ္သမာ: "< Prev"

MoeMaKa Radio & Multimedia - ဘားတီးလ္လင့္တနာ - သားသတ္သမ

MoeMaKa Radio & Multimedia - ဘားတီးလ္လင့္တနာ - သားသတ္သမ: "< Prev"

MoeMaKa Radio & Multimedia - ဘာတီးလ္လင့္တနာ - သားသတ္သမာ

MoeMaKa Radio & Multimedia - ဘာတီးလ္လင့္တနာ - သားသတ္သမာ: "< Prev"

MoeMaKa Radio & Multimedia - ဘားတီးလ္လင့္တနာ - သားသတ္သမ

MoeMaKa Radio & Multimedia - ဘားတီးလ္လင့္တနာ - သားသတ္သမ

Monday, September 17, 2007

ကျွန်တော် ၁၀ နှစ်သား လောက်က မှတ်မိနေတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အစ်မ၀မ်းကွဲတစ်ယောက်နဲ့ ဘုန်းကြီးကျောင်းမှာ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို အပျော်လိုက်သွားတာပါ။ အဲဒီတုန်းက အဘွားနဲ့ အစ်မ၀မ်းကွဲတို့ နေတဲ့ ဧရာဝတီတိုင်းထဲက မြို့လေးတစ်မြို့ကို ကျွန်တော်တို့ နေတဲ့ အညာမြို့လေးတစ်မြို့ကနေ နွေရာသီကျောင်းပိတ်ရက် အလည်သွားတဲ့ အချိန်တွေပေါ့။ အဲဒီယဉ်ကျေးမှုသင်တန်းမှာပဲ မင်္ဂလာတရားတော်ကို စပြီး ရင်းနှီးခွင့်ရတာပါ။ လူမိုက်ဆိုရင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ ဆိုတဲ့ ကဗျာလေးပေါ့။

တရားတော်ရဲ့ အချက်တစ်ချက်ချင်းကို အကျယ်ချဲ့ပြီး စဉ်းစားဆင်ခြင်ကြည့်ရင် ငါဟာ မင်္ဂလာတရားနဲ့ အညီ မနေနိုင်သေးပါလား ဆိုတာ သိလာရပါတယ်။ တကယ်တော့ လူမိုက်ကို မမှီဝဲခြင်း၊ ပညာရှိကို မှီဝဲဆည်းကပ်ခြင်းတို့ဆိုတာ ရိုးရိုးရှင်းရှင်းလေးနဲ့ အထိရောက်ဆုံး အောင်မြင်ရေး ကျင့်စဉ်တွေလို့ ပြောနိုင်ပါတယ်။ မင်္ဂလာတရားတော်နဲ့ အညီနေထိုင်ကျင့်သုံးနိုင်သူတစ်ယောက်ရဲ့ ဘ၀ဟာ ငြိမ်းချမ်းမှုနဲ့ သံသရာအတွက် အကောင်းဆုံး ပြင်ဆင်မှုရှိပြီးသားလို့ ယူဆမိပါတယ်ခင်ဗျာ။

{{{မင်္ဂလာတရား ၃၈ ပါး}}}

၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ၀ရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။

ဆရာကြီး ဦးသုခ ရဲ့ သုခမှတ်စု စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်ခင်ဗျာ။

Type the rest of your post here. ကို မျက်လုံး ဆိမှ ကူးယူထားပါသည်။

Sunday, September 16, 2007

ဂျပန်မှာဘာကြောင့် ကလေးတွေ စွန့်ပစ်နေကြသလဲ

in
28.5.07 ဂျပန်နိုင်ငံက ဂျီကဲအိဆေးရုံရဲ့ “ငှက်ကျားပုခက်” လုပ်ငန်းစတဲ့နေ့မှာပဲ မမျှော်လင့်တဲ့အထုပ်ကြီးတွေ ရောက်လာကြပါတယ်။ အခုဝန်ဆောင်မှုလုပ်ငန်းသစ်မှာ စီစဉ်ထားပုံကတော့ ဆေးရုံအဆောက်အဦးရဲ့မျက်နှာစာမှာ မလွယ်ပေါက်လေးတစ်ခုလုပ်ထားပါတယ်။ ဒီအပေါက်ကနေ မျှော်လင့်ချက်ကုန်နေတဲ့ သားသည်မိခင်တွေအနေနဲ့ မလိုချင်တဲ့ကလေးတွေကို လာပြီးစွန့်ပစ်ကြပါတယ်။ လူလည်းမသိစေရဘူး ၊ ကလေးအတွက်လည်း စိတ်ချရအောင် စီစဉ်ပေးထားတာပါ။ ဒါပေမယ့် ဘယ်သူမှမျှော်လင့်မထားတာကတော့ သုံးနှစ်သားကလေးတစ်ယောက် လာပြီးစွန့်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂျပန်တောင်ပိုင်း ကူမာမိုတိုမြို့က ဆေးရုံမှာလာပြီး စွန့်ပစ်ခံရတဲ့ ကလေးက သူ့အမေနဲ့အတူ လာခဲ့တာလို့ ဆရာဝန်တွေကို ပြောခဲ့တယ်။ ကလေးဟာသူ့နာမည်တောင် ပြောပြနိုင်တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ကလေးအဖေကို ရှာနိုင်ခဲ့ပါတယ်။ ဒီသတင်းကြောင့် ဂျပန်တွေ ခေါင်းနပန်းကြီးကုန်ကြတယ်။ ဂျိကဲအိဆေးရုံအစီအစဉ်ဟာ မိဘတွေ အလွယ်တကူ ကလေးစွန့်ပစ်အောင် အားပေးအားမြှောက်ပြုနေတယ်လို့ ဂျပန်ရှေးရိုးစွဲဝါဒီတွေက စွပ်စွဲနေကြချိန်မှာ ဒီဖြစ်ရပ်ဟာ ၀မ်းနည်းကြေကွဲစရာပါလို့ ဆိုကြပါတယ်။ အခုလို “ငှက်ကျားပုခက်” စီမံချက်ကိစ္စ လူပြောသူပြောများနေချိန် ပိုပြီးကြေကွဲစရာအဖြစ်တစ်ရပ် သုံးရက်လောက်အကြာမှာ ပေါ်ခဲ့ပါတယ်။ ဒါကတော့ မေလ ၁၈ ရက်နေ့က တစ်နှစ်သားကလေးကို ပလပ်စတစ်အိတ်နဲ့ ထုတ်ပြီးရေမြောင်းတစ်ခုထဲ ပစ်ထားလို့ ဂျပန်လူငယ်စုံတွဲတစ်တွဲကို ရဲကဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်ပါ။ လွန်ခဲ့တဲ့ လေးလလောက်ကလည်း မိဘတွေ လောင်းကစားဝိုင်းမှာ လောင်းကစားလုပ်နေလို့ ကလေးကို မော်တော်ဆိုင်ကယ် ပစ္စည်းထည့်တဲ့ အိမ်ထဲမှာ ထည့်ထားခဲ့တာ ကလေးဟာအသက်ရှုရပ်ပြီး သေဆုံးခဲ့ရပါတယ်။ ကမ္ဘာမှာ ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးဖြစ်နေတဲ့ ဂျပန်လိုနိုင်ငံမျိုးမှာ ကလေးတစ်ယောက်ကို ပြုစုရတာ အကြပ်အတည်းကြီးတစ်ခုလို ဖြစ်နေပါတယ်။ ဂျပန်ကလေးသူငယ်တွေ တန်ဘိုးကြီးကြီးပေးဆပ်နေရသလို ဂျပန်လူ့အဖွဲ့အစည်းကလည်း ဒီလိုဖြစ်နေပါတယ်။ အစည်းပြေနေတဲ့ မိသားစုဘ၀ကို ကယ်တင်ဖို့ ဂျပန်နိုင်ငံအနေနဲ့ နည်းလမ်းရှာမတွေ့ရင်တော့ လူဦးရေတိုးနှုန်းနိမ့်ကျနေတဲ့ ဂျပန်နိုင်ငံရဲ့ အခြေအနေဟာ မျှော်လင့်ချက်မရှိသလို ဖြစ်နေပါတယ်။ ဒီကနေ့ ဂျပန်မိသားစု အသိုင်းအ၀ိုင်း တဖြည်းဖြည်းကျူံ့လာတာနဲ့အမျှ မိဘတွေအနေနဲ့ ဖိအားပေးမှုတွေ ပိုပြီးများလာတယ်လို့ ဆိုပါတယ်။ တစ်ချိန်တုန်းက ဂျပန်လူငယ်စုံတွဲတွေအနေနဲ့ မိသားစုအသိုင်းအ၀ိုင်းကနေပြီး အကြံဥာဏ်တွေ ၊ ထောက်ပံ့မှုတွေ ရခဲ့ပေမယ့် ဒီတနေ့ကာလမှာတော့ မြို့ပြဖွဲ့စည်းမှုတွေ တိုးချဲ့လာတာတွေ ၊ အလိုအလျောက် စက်ကိရိယာတွေ တပ်ဆင်လာမှုတွေကြောင့် မိသားစုနဲ့ ဆက်ဆံရေးတွေ အနေဝေးလာခဲ့ကြရပါတယ်။ တစ်နည်းအားဖြင့် ဂျပန်စုံတွဲလင်မယားတွေဟာ တစ်နေ့တစ်ခြား ပိုပြီးအထီးကျန်လာကြတယ် လို့ဆိုနိုင်ပါတယ်။ ဒါအတွက် စိတ်ဖိစီးမှုဖြစ်နေတဲ့ ကလေးရှင်မိဘတွေအနေနဲ့ အစိုးရကိုအားကိုးလာကြတယ်။ ၂၀၀၅ ခုနှစ်လောက်က ကလေးသူငယ် စောင့်ရှောက်ရေးရုံးနဲ့လားပြီး တိုင်ပင်ဆွေးနွေးခဲ့ကြတာ ၃၀၀၀၀ လောက်ရှိခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်ကထက် အဆ ၃၀ ပိုများလာပါတယ်။ ပြဿနာဖြစ်လာရင်လည်း လွန်မှသိရတဲ့ အခြေအနေဆိုက်နေပါတယ်။ ဒါကြောင့်လည်းဖြတ်လမ်းနည်းနဲ့ ဖြေရှင်းတဲ့ ဂျိကဲအိဆေးရုံက “ငှက်ကျားပုခက်” လုပ်ငန်းပေါ်လာရတာပါ။ ဒါပေမယ့် ဒီအစီအစဉ်ကလည်း မတော်တဆကိုယ်ဝန်ရလာတဲ့ ဂျပန်စုံတွဲလူငယ်တွေအတွက် ရွေးစရာနည်းလမ်းသိပ်မရှိဘူးဆိုတာ သတိပေးသလိုဖြစ်နေပါတယ်။ ဒီလိုပြဿနာဖြစ်လာရင် စုံတွဲတော်တော်များများကတော့ ကိုယ်ဝန်ဖျက်ချတဲ့နည်းသုံးကြတယ်။ ဂျပန်မှာ ကိုယ်ဝန်ဖျက်ချတာကို ဥပဒေအရရော ကိုယ်ကျင့်တရားအရပါ တားမြစ်ထားတာ မရှိပါဘူး။ ကိုယ်ဝန်ဖျက်ချတဲ့နှုန်းက ၂၂.၂ ရာခိုင်နှုန်း ( ကိုယ်ဝန်ဆောင် ၁၀၀ မှာ ၂၂.၂ ဦး)ရှိပါတယ်။ အထူးသဖြင့် အသက် ၂၅နှစ် အောက်တွေများပါတယ်။ ဒါတောင် ဂျပန်မှာ လက်မထပ်မီ အတူတွဲနေတာတွေ ရှားပါးပါတယ်။ ကိုယ်ဝန်ဖျက်ချတာတွေ ရိုးနေသလောက် ကလေးမွေးစားတယ်ဆိုတာကလည်း မရှိသလောက်ဖြစ်နေပါတယ်။ ကလေးတွေအပေါ် အခုလို မတော်မတရားပြုမူတဲ့ မိဘဖြစ်သူတွေရဲ့ စိတ်ဖိစီးမှု ပြဿနာတွေ ဂျပန်မီဒီယာတွေက အာရုံစိုက်လာတဲ့အတွက် ဂျပန်အနေနဲ့ အခုလိုကြီးထွားလာတဲ့ လူမှုရေးအပုပ်ကြီးကို ရပ်တန့်အောင်လုပ်နိုင်မယ်လို့ မျှော်လင့်ချက်တွေ ရှိလာပါတယ်။ ရိုးရာအစဉ်အလာတန်ဖိုးတွေကို အလေးထားပါတယ်ဆိုတဲ့ ဂျပန်ဝန်ကြီးချုပ် အနေနဲ့ ပြိုကွဲနေတဲ့ ဂျပန်မိသားစုတွေကို ပြန်ပြီးဖာထေးချုပ်ပေးနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ ဂျပန်ကျန်းမာရေး ၀န်ကြီးဌာနကတော့ ကူညီရိုင်းပင်းရေး လုပ်ငန်းသစ်အတွက် ငွေကြေးသတ်မှတ်ထားပါတယ်။ စေတနာဝန်ထမ်း လူမှုရေးသမားတွေကို အကျဉ်းအကျပ်ထဲ ဆိုက်ရောက်နေတဲ့ မိသားစုတွေဆီသွားပြီး ကူညီထောက်ပံ့တဲ့ လုပ်ငန်းတွေ စလုပ်နေပါပြီ ၊ ဒါပေမယ့် ဒီအစီအစဉ်ဟာ ကံဆိုးရှာတဲ့ အချို့ကလေးတွေအတွက်တော့ အရမ်းကိုနောက်ကျနေပါပြီ ၊ သို့်သော်လည်း “ငှက်ဖျားပုခက်” အစီအစဉ်ကိုတော့ ရပ်ဆိုင်းသွားစေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
.