Tuesday, October 30, 2007

တွယ်ရာမဲ့ ဘ၀များ (၁)

ဒေါက်တာလွဏ်းဆွေ

(ဒီဗွီဘီ အသံလွှင့်ဆောင်းပါး)

ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေဟာ ရှေးအစဉ်အဆက်ကတည်းက အလှူရေစက် လက်နဲ့မ ကွာ နေထိုင်လာခဲ့ကြသူတွေပါ။ ဒါ့အပြင် နှစ်စဉ်နှစ်တိုင်း ဆယ့်နှစ်လရာသီ ပွဲတော်တွေကို ခြိမ့်ခြိမ့်သဲ ဆင်ယင် ကျင်းပပြီး မတောင့်မတ မကြောင့်မကြနဲ့ အပူအပင်ကင်းစွာ နေထိုင်နိုင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ အဲဒီလို ပျော်ရွှင်ကြည်နူး ဖွယ်ကောင်းလှတဲ့ ဓလေ့ထုံးစံတွေဟာ မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေ အုပ်စိုးပြီးနောက်ပိုင်း မှာ တစတစ ပျက်သုဉ်းခဲ့ရပါတယ်။ အထူးသဖြင့် နအဖစစ်အုပ်စုအုပ်ချုပ်နေတဲ့ ယနေ့ကာလမှာ အဆိုးဆုံးအနေ အထားကို ရောက်ရှိခဲ့တာတွေ့ရပါတယ်။ စစ်အာဏာရှင်တွေ မအုပ်စိုးမီက မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာဖြစ် လို့ အလှူရေစက် လက်နဲ့မကွာရှိခဲ့ကြပြီး အပူအပင်ကင်းစွာ နေထိုင်နိုင်ခဲ့ကြတာလဲ။ အဖြေက ရှင်းပါတယ်။ အ တိတ်က မြန်မာနိုင်ငံ သားတွေဟာ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ ကောင်းမွန်ခဲ့ကြပြီး ဥစ္စာဓန ပေါကြွယ်ဝခဲ့ကြ လို့ပါပဲ။

ဒါပေမယ့် ဒီအစဉ်အလာကောင်းတွေဟာ ဒီကနေ့ခေတ်ကာလမှာ ကြီးပြင်းရတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအ တွက်တော့ ပုံပြင်တွေအလား ဖြစ်ခဲ့ရပါပြီ။ အကယ်ဒမီဒေါ်မြင့်မြင့်ခင်သီဆိုခဲ့တဲ့ ‘နပန်းဆံ’သီချင်းထဲကလို ၀မ်းစမိုး သံတွေ သောသောမညံနိုင်တာလည်း ကြာခဲ့ပါပြီ။ လက်သီးဆုပ်သဏ္ဍာန် ၀က်သားတုံးကြီးတွေကျေးပြီး အလှူအ တန်း မလုပ်နိုင်ခဲ့တာလည်း ကြာခဲ့ပါပြီ။ အဲæဒါပေမယ့် နအဖစစ်အုပ်စုလက်ထက်မှာ အလှူအတန်းတွေ ၀ှဲချီး ကျင်းပနိုင်သူတချို့ကိုတော့ ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။ သူတို့တွေကတော့ တိုင်းပြည်ဘဏ္ဍာတွေကို မတော် မတရား ရယူထားကြတဲ့ စစ်အုပ်စုဝင် အမျိုးအနွယ်တွေနဲ့ သူတို့ကို အမှီသဟဲပြုပြီး စီးပွားဖြစ်နေကြတဲ့ လက်တ ဆုပ်စာ ခေတ်ပျက်သူဌေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နအဖမောင်ပိုင်စီးထားတဲ့ တယ်လီဗေးရှင်းမှာ နေ့စဉ်တွေ့ ရတဲ့ သူကြီးဘုရား ရွာသားကောင်းမှုဆိုသလို အတင်းအဓမ္မလှူဒါန်းခိုင်းတဲ့ အလှူမျိုးတွေကိုလည်း စိတ်ပျက်ဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။ သာမန်ပြည်သူအများစုကြီးကတော့ လှူနိုင်တန်းနိုင်ဖို့ နေနေသာသာ ထမင်းနပ်မှန် အောင်ကို မနည်းရုန်းကန်နေရတဲ့ အခြေအနေပါ။ မဝေးသေးတဲ့ အတိတ်ကာလက အဆိုတော် ဒေါ်မာမာအေးသီ ဆိုခဲ့တဲ့ အလှူသီချင်းတွေဆိုရင် အခု အချိန်အခါမှာ ကျနော်တို့ ပြည်သူတွေအဖို့ အိပ်မက်လိုလို ဖြစ်ခဲ့ရပါပြီ။

(မာမာအေးအသံ) ‘ကျမတို့ သပြေတောရွာ … သာသာယာယာ နွေရာသီမှာ လှူကြတန်းကြတာ … ညအခါ လ သာ ဦးရေချမ်းရဲ့အလှူမှာ … ကာလသား ကာလသမီးတွေ … ပျော်ကြကျက်ကြတာ … ကြော်ကြချက်ကြတာ … ၀ိုင်းဖွဲ့စုံညီစွာ…’ ‘သပြေ သပြေတောရွာ … ဗြောသံတွေ သာသာယာယာ … နေခြည်မှာ ရွှေရည်ဝင်း ဆယ်စင်း လည်း မကပါ … ထီးတန်းကြီးတွေနဲ့ မောင်သာချို ရှင်လောင်းလှည့်လို့လာ’

အခုတော့ သပြေတောရွာတွေမှာလည်း ဗြောသံ၊ စည်သံတွေတိတ်ခဲ့ရပါပြီ။ မောင်သာချိုတွေလည်း ပြည်တွင်းထဲ မှာ အလုပ်အကိုင်ရှားပါးမှု၊ စီးပွားရေးကျပ်တည်းမှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ခွာပြီး တ၀မ်းတခါး အတွက် ကြုံရာကျပန်းအလုပ်တွေကို ရှာဖွေလုပ်ကိုင်နေကြရပါပြီ။ ရှင်ညိုထွေးတို့၊ ကွမ်းတောင်ကိုင် မယ်ကျော့တို့ လည်း အိမ်နီးချင်းနိုင်ငံတွေဆီက စက်ရုံအလုပ်ရုံတွေမှာ ၀မ်းဝခါးလှဖို့အတွက် ပန်းပမ်းဆင်းရဲခြင်းကြီးစွာနဲ့ နေ့မ အား ညမနား ရုန်းကန်လှုပ်ရှားနေကြရပါပြီ။

ထမင်းရည်ချောင်းစီးအောင် လှူနိုင်တန်းနိုင်ခဲ့ပြီး ‘ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတွေတောင်လိုပုံ’ခဲ့တဲ့ ကျွန်တော် တို့ နိုင်ငံသူနိုင်ငံသားတွေဟာ အခုအချိန်အခါမှာ ထမင်းရည်သောက်သူသောက်ရ၊ စားစရာမရှိလို့ အိုး ခွက်ပန်း ကန်တွေ မှောက်သူမှောက်ရနဲ့ ဖြစ်ကုန်ကြပါပြီ။ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှာ ၄၅နှစ်ကျော် ကြာ နေထိုင်ခဲ့ရပြီးတဲ့နောက် အလှူရေစက်တွေ ခန်းခြောက်ခဲ့ရရုံတင်မက ရဟန်းသံဃာတော်တွေသည်ပင်လျှင် ဆွမ်းကွမ်းအခက်အခဲနဲ့ ကြုံတွေ့ရတဲ့အထိ အဆိုးဝါးဆုံး အနေအထားကို ရောက်ရှိခဲ့ရပြီ ဖြစ်ပါတယ်။

ဒီလိုအခြေအနေဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရခြင်းဟာ မဆလ၊ န၀တ၊ နအဖဆိုတဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့ ရက်စက် စွာဖိနှိပ်အုပ်ချုပ်မှု၊ မှားယွင်းတဲ့ စီမံခန့်ခွဲမှု၊ အကျင့်ပျက်ခြစားမှုတွေအောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု စတဲ့ နယ်ပယ်အားလုံး အလုံးစုံပျက်သုဉ်းခဲ့ရလို့ပဲ ဖြစ်ပါတယ်။ နအဖစစ် အုပ် စုအနေနဲ့ တိုင်းသူပြည်သားတွေ ကြုံတွေ့ခံစားနေရတဲ့ ပြဿနာအ၀၀ကို လက်တွေ့ကျကျ ဖြေရှင်းမပေးနိုင်ဘဲ တံ တားဆောက်၊ လမ်းဖောက်၊ ထုံးသုတ် စတဲ့ အပေါ်ယံဟန်ပြအလုပ်တွေကိုသာ လုပ်ဆောင်နေမှုကြောင့် တိုင်း ပြည်ဟာ အပေါစားမိတ်ကပ်တွေ လိမ်းကျံထားတဲ့ ပြည့်တန်ဆာမတယောက်လို မျက်နှာမှာတော့မိတ်ကပ်နဲ့ ခန္ဓာ ကိုယ်မှာတော့ ရောဂါဗရပွနဲ့ ဆိုသလို ဖြစ်ခဲ့ရပါတယ်။ ပြည်သူတွေဟာ ဆန်ကောထဲ ထည့်အလှိမ့်ခံရတဲ့ ဇီးဖြူသီး တွေလို ကမောက်ကမဖြစ် ဗြောင်းဆန်နေပြီး ဆောက်တည်ရာမရတဲ့ အခြေအနေဆိုးနဲ့ ကြုံတွေ့နေကြရပါတယ်။

အဆိုးဆုံးကတော့ ပြည်သူတွေဟာ သူတို့ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာအရပ်ရပ်ကြောင့် ကိုယ့်အိမ်ကိုယ့်ယာ တွေမှာ အတည်တကျမနေထိုင်နိုင်တော့ဘဲ နည်းမျိုးစုံနဲ့ ရွှေ့ပြောင်းနေထိုင်ကြရခြင်းပဲဖြစ်ပါတယ်။ အဲဒီလို ရွှေ့ ပြောင်းနေထိုင်ကြရာမှာ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မိဘဆွေမျိုးညာတ ကာတွေကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် သွားရောက်လုပ်ကိုင်ကြရသူတွေ ရှိသလို နအဖစစ်အုပ်စုရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘာသာရေးအရ ည‡ဉ်းနှိပ်ကွပ်ခံရမှုတွေကြောင့် နိုင်ငံတွင်းမှ ထွက်ပြေးတိမ်း ရှောင်ပြီး ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရသူတွေလည်းပါတယ်။ ဒါ့အပြင် နအဖစစ် တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ အတင်းအားဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ပဋိပက္ခဖြစ်ပွားတဲ့ ဒေ သတွေက အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှု၊ တိုင်းရင်းသားလူမျိုးစုတွေကို လူမျိုးတုံးသတ်ဖြတ်မှု စတဲ့ လူအခွင့် အရေးချိုးဖောက်ခံရမှုတွေကြောင့် တိုင်းပြည်အတွင်းမှာပဲ ထွက်ပြေးတိမ်းရှောင်ပြီး ပုန်းလျှိုးကွယ်လျှိုးး နေထိုင်နေ ကြရတဲ့ ရွာပုန်းရွာရှောင်တွေလည်း တနေ့တခြားများပြားလာတာကို တွေ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်ကိုင်ကြသူတွေထဲမှာ အရင်းအနှီးတတ်နိုင်သူတွေနဲ့ ပညာတတ်အချို့သာ မ လေးရှား၊ စင်္ကာပူနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်ကြပြီး သာမန်လူအများစုကတော့ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံမှာပဲ အဓိကရွှေ့ပြောင်းလုပ်ကိုင်ကြတဲ့အတွက် ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေထဲမှာ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ အများဆုံးနေထိုင်လုပ်ကိုင်နေတဲ့ နိုင်ငံဖြစ်လာပါတယ်။ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဘယ်လိုအလုပ်မျိုးတွေကို ရွေးချယ်လုပ်ကိုင်နေကြရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေကို ကျနော်မေးမြန်းကြည့်တဲ့အ ခါ အခု လိုပြောပြပါတယ်။

(ဦးမိုးဆွေအသံ) အဓိကကတော့ ဟို များသောအားဖြင့်ပေါ့နော် ကိုယ့်နိုင်ငံကနေပြီးတော့ တခြားနိုင်ငံကို လာ လုပ်ကြတယ်ဆိုရင် ဗမာအလုပ်သမားတွေ ဒီထိုင်းနိုင်ငံမှာ အထူးသဖြင့်တော့ ဒီထိုင်းတွေ ထိုင်းလူမျိုးတွေ မလုပ် ချင်တဲ့ လုပ်ငန်းတွေပေါ့နော်။ အထူးသဖြင့်တော့ ခုနပြောတဲ့ ကိုယ်ကာယအားကို အများကြီးသုံးရတဲ့ လုပ်ငန်းမျိုး တွေမှာ အများစုလုပ်ကြရတယ်။ ခုနက လမ်းဖောက်လုပ်တဲ့လုပ်ငန်း ဒီမှာတော့ construction site တွေပေါ့၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ နောက်လမ်းဖောက်လုပ်ရေးလုပ်ငန်းတွေ။ နောက်တခုက လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ၊ နောက်တခု ဒီ ငါးလုပ်ငန်းတွေပေါ့၊ ငါးလုပ်ငန်းမှာဆိုရင်လည်း ငါးဖမ်းလှေလိုက်တာတွေ နောက် တခုက ရေ ထွက်ပစ္စည်းတွေ ငါးတွေကို ရွေးတဲ့ဟာ သယ်တဲ့ဟာ ရေခဲသေတ္တာ ရေခဲခန်းထဲကိုထည့်တဲ့ဟာ ဒီလို အလုပ်မျိုးတွေပေါ့ နောက်တခုက ဆန်စက်တွေမှာ ဆန်အိတ်တွေကို အတင်အချ အသယ်အပို့ ဒီကုန်တင်ကုန်ချ လိုလုပ်ငန်းမျိုးတွေ၊ ဒီလုပ်ငန်းတွေမှာလည်း အလုပ်များကြတယ်။ နောက်တခုက တဖြေးဖြေးနဲ့ ပိုအလုပ်များလာ တာကတော့ စက်ရုံ လုပ်ရုံတွေပေါ့၊ ကိုယ်ကာယအားကို တအားစိုက်ရတဲ့ စက်ရုံအလုပ်ရုံလုပ်ငန်းတွေမှာလည်း ၀င်ပြီးတော့ အလုပ်လုပ် ကြတာများတယ်ခင်ဗျ။

အဲဒီလို အိမ်းနီးချင်းနိုင်ငံတွေမှာ တွယ်ရာမဲ့ဖြစ်နေကြရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒုက္ခသည်တွေနဲ့ ရွာပုန်းရွာရှောင်တွေအကြောင်း မြန်မာပြည်သူတွေအမှန်အတိုင်း သိရှိစေဖို့ ရှေ့အပတ်တွေမှာ ဆက်လက်တင် ဆက်ပေးသွားမယ့် အကြောင်းပြောကြားရင်း အခုတပတ် ဆောင်းပါးအစီအစဉ်ကို နိဂုံးချုပ်လိုက်ရပါတယ်။

သာတရှင်များခင်ဗျာ … စစ်အစိုးရ မအုပ်စိုးမီအချိန်တုန်းက ကျနော်တို့ မြန်မာနိုင်ငံသားတွေ ရွှေထီးဆောင်းခဲ့ ကြတဲ့အကြောင်းနဲ့ နအဖစစ်အစိုးရ အုပ်ချုပ်နေတဲ့ ကနေ့လက်ရှိအခြေအနေမှာတော့ မြန်မာအမျိုးကောင်းသား သမီးတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ရွှေ့ပြောင်းပြီး ကြုံရာကျပန်းအလုပ်တွေ ရှာဖွေလုပ်ကိုင်နေကြရတဲ့ အ ကြောင်းကို ပြီးခဲ့တဲ့အပတ်က ကျနော်မိတ်ဆက် ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အဲသလို ရွှေထီးဆောင်းခဲ့ကြတဲ့ ဘ၀ကနေ ဘာဖြစ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကုန်ကြရသလဲ၊ ဘာဖြစ်လို့ ဒုက္ခသည်ဘ၀တွေ ရောက်ကြရသလဲ၊ ဘာဖြစ်လို့ ရွာပုန်းရွာရှောင်တွေအဖြစ်နဲ့ ပုန်းလျှိုးကွယ်လျှိုး နေ ထိုင်နေကြရသလဲ၊ ဒီလိုအခြေအနေဆိုးတွေကို ဖန်တီးခဲ့တဲ့ အဓိက လက်သည်တရားခံဟာ ဘယ်သူလဲ။

အဲသလို ရင်နင့်စရာကောင်းလှတဲ့ မေးခွန်းတွေအတွက် တိုတိုရှင်းရှင်းနဲ့ ထင်သာမြင်သာရှိတဲ့ အဖြေကိုတော့ ၂၀၀၆ခု နှစ်လယ်လောက်က ထုတ်ဝေခဲ့တဲ့ ‘မြန်မာပြည်အရှေ့ပိုင်း ကျန်းမာရေးနှင့် လူ့ အခွင့်အရေး (သို့) နာတာ ရှည်ကပ်ဆိုး’ဆိုတဲ့ စာအုပ်အမှာစာမှာ ကျနော်တွေ့ရှိခဲ့ပါတယ်။ အဲဒီအမှာစာကို ရေးသားခဲ့သူကတော့ မြန်မာ ပြည်အရေးကို စိတ်ဝင်တစားရှိလှတဲ့ ထိုင်းအထက်လွှတ်တော်အမတ် ဂျွန်အုမ်ဖာကွန်ပဲ ဖြစ်ပါတယ်။ ဂျွန်အုမ်ဖာ ကွန်က မြန်မာနိုင်ငံအပေါ် သူရှုမြင်သုံးသပ်ပုံကို အခုလို ရေးသားခဲ့ပါတယ်။

‘ကျနော်ငယ်စဉ်ကလေးဘ၀က မြန်မာပြည်ဟာ အာရှရဲ့စပါးကျီအဖြစ် သတ်မှတ်ခံခဲ့ရပြီး သဘာဝသယံဇာတ တွေ ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပါတယ်။ အဆင့်မြင့်ကျန်းမာရေး၊ ပညာရေးစနစ်တွေနဲ့အတူ မြန်မာနိုင်ငံ ဟာ တောက်ပထွန်းလင်းတဲ့ အနာဂတ်ဆီကို ဦးတည်သွားနေခဲ့ပါတယ်။

ဒါပေမယ့် ကျနော့်ဘ၀ သက်တမ်းအတွင်းမှာပဲ အထက်ပါအချက်တွေနဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ၊ ဆင်းရဲခြင်းနဲ့ ကျန်းမာရေးပြဿနာတွေ ပြည့်နှက်နေတဲ့ လူ့ဘောင်အဖြစ် ပြောင်းလဲ သွားခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ကြောက်မက်ဖွယ်ကောင်းမှု၊ လူမျိုးချင်းဖိ နှိပ်မှု၊ လျှို့ဝှက်မှုတွေနဲ့ ကျော်ကြားလာခဲ့ပါတယ်။ သူတို့တတွေရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်ဟာ နိုင်ငံတ ကာရဲ့ ဖယ်ကျဉ်မှုကို ခံလာရပါတယ်။

ကမ္ဘာ့ဒုတိယအဆိုးဝါးဆုံး ကျန်းမာရေးအဆင့်အတန်းကို ရောက်ရှိလာခြင်းနဲ့အတူ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံ စာရင်းဝင်လည်း ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာမှာ အကျင့်ပျက်ခြစားမှု အကြီးမားဆုံးနိုင်ငံ စာရင်းဝင်ဖြစ်လာ ပြီး ကမ္ဘာ့မူးယစ်ဆေးကုန်သွယ်မှုနဲ့ ငွေမည်းခ၀ါချမှုတွေအတွက် အချက်အချာကျတဲ့ နိုင်ငံတခုဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် လူကုန်ကူးမှုအတွက် ပင်မအရင်းအမြစ်နိုင်ငံ ဖြစ်လာခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တဲ့ စစ် တပ်ရဲ့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ၊ တိုင်းပြည်ရဲ့ ပဋိပက္ခဖြစ်နေတဲ့ နေရာအများအပြားက အမျိုးသ မီးတွေကို စနစ်တကျ မုဒိန်းပြုကျင့်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ဆင်ဆာဖြတ်တောက်မှုဟာ အမြင့်မားဆုံးဖြစ်လာပြီး ပုံမှန်လိုလိုဖြစ်နေတဲ့ ဖုံးကွယ်မှုတွေနောက်မှာ အချက်အ လက်အမှန်တွေကို ကွယ်ဝှက်ထားတာကြောင့် အချက်အလက် ကိန်းဂဏန်းတွေဟာ ယုံကြည်လက်ခံနိုင်တဲ့ အ ဆင့်မှာ မရှိတော့ပါဘူး။ အထူးသဖြင့် ဆယ်စုနှစ်များစွာ လူမှုပဋိပက္ခတွေ တွေ့ကြုံနေရတဲ့ မြန်မာပြည်မှာ ပဋိပက္ခ ဒေသတွေနဲ့ အမဲရောင်နယ်မြေတွေမှာရှိတဲ့ ပြည်သူတွေအကြောင်း သတင်းအချက်အလက်တွေ မရနိုင်တော့ဘဲ ဖြစ်လာခဲ့ပါတယ်။ တဖြေးဖြေးနဲ့ ပိုမိုရှင်းလင်းလာတာကတော့ အာဏာရှင်အုပ်ချုပ်မှုကြောင့် ပိုမိုဆိုးဝါးလာတဲ့ ၀န် ထုပ်ဝန်ပိုးတွေကို မြန်မာပြည်သူလူထုတွေ မခံနိုင်တော့တာပါပဲ။

၁၉၉၇ခုနှစ်က ဒေသတခုလုံးမှာ မြန်မာပြည်က ဒုက္ခသည်တွေနဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေ နှစ်သိန်းတ သောင်း(၂၁၀၀၀၀)လောက်ပဲ ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ အိမ်နီးချင်းနိုင်ငံတွေကို တရားဝင် ထွက်ပြေးလာတဲ့ စာရင်းဟာ သန်းဝက်နီးပါး ရှိလာနေပါပြီ။ ဒါ့အပြင် အခြားလူတသန်းလောက်ဟာလည်း ပြည်တွင်းထဲမှာ အိုးအိမ် တွေ စွန့်ခွာထွက်ပြေးပြီး ရှောင်ပုန်းနေထိုင်နေကြရပါတယ်။ ထိုင်းနိုင်ငံတခုတည်းမှာပဲ အထောက်အထားမရှိတဲ့ အခြေအနေနဲ့ နေထိုင်နေရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေချည်း (၁)သန်းကျော် ရှိနေနိုင်ပါတယ်’ လို့ ဂျွန်အုမ် ဖာကွန်က အဲသလို ကိန်းဂဏန်းတွေနဲ့ သုံးသပ်ရေးသားခဲ့ပါတယ်။

ဂျွန်အုမ်ဖာကွန် ရေးသားခဲ့အတိုင်း အခုအခါမှာဆိုရင် ထိုင်းနိုင်ငံဟာ မြန်မာအလုပ်သမားတွေ အများဆုံးပြောင်း ရွှေ့လုပ်ကိုင်နေကြတဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။ လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ် ကိုင်နေကြတဲ့ တရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ဘယ်လောက်လောက်ရှိပါသလဲလို့ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့တာဝန်ခံ ဦးသံဒုတ်ကို ကျနော် မေးမြန်းကြည့်တဲ့အခါ အခုလိုပြောပြပါတယ်။

(အသံ) ၂၀၀၅ခုနှစ်မှာတော့ အလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ ထုတ်ပြန်ကြေညာချက်တွေ ရှိတယ်ပေါ့ နော်။ တရားဝင် ၂၀၀၅တုန်းကတော့ တသန်းလောက်ရှိတယ်။ ဗမာချည်းပဲ။ ကျန်တဲ့ဟာက နှစ်သောင်းသုံး သောင်းလောက်ပဲရှိတယ်။ လာအိုနဲ့ ကမ္ဘောဒီးယားက။ ၂၀၀၆မှာကျတော့ အဲဒီထက် ပိုနည်းသွားတယ်လို့ ကျ နော်တို့ ဒီအစိုးရထုတ်ပြန်ကြေညာချက်တွေအရ သိရတယ်။ မှတ်ပုံတင်တာပေါ့ ၆သိန်း ရသိန်းလောက်ပဲ ရှိတယ်။ လျော့သွားတယ်။ ဒီနှစ်ကျတော့ ကျနော်ခန့်မှန်းတာက ပိုလျော့လိမ့်မယ်လို့ ထင်တယ်ပေါ့။ ပြဿနာက ဘာ ကြောင့်လျော့လဲဆိုရင် အလုပ်သမားက တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရတဲ့အနေအထားကမရှိတော့ တနေရာကနေ တနေရာပြောင်းရတယ်။ နောက် အလုပ်သမားလက်မှတ်ရှိပေမယ့်လည်း ထိုင်းအစိုးရက ချမှတ်ထားတဲ့ အလုပ်သ မားဥပဒေတွေနဲ့ပေါ့နော် အဲဒီဥပဒေတွေရဲ့ တင်းကျပ်မှုကြောင့် တဖြေးဖြေးနဲ့ လက်မှတ်ရှိပေမယ့်လည်း တရားမ ၀င်အလုပ်သမား ဖြစ်သွားရတဲ့လူတွေကလည်း ဒီမဲဆောက်မှာ အများကြီးပဲ။ အဲဒါကြောင့်မို့ လျော့သွားရ တယ်လို့ ထင်တယ်။

တရားမ၀င် နေထိုင်လုပ်ကိုင်ကြသူတွေနဲ့ ပေါင်းရင်ကော စုစုပေါင်း ဘယ်လောက်လောက်ရှိမယ် ထင်ပါသလဲလို့ ဦးသံဒုတ်ကို ကျနော်ထပ်မေးကြည့်တဲ့အခါ အခုလိုပြောပြပါတယ်။

(အသံ) ခန့်မှန်းခြေပေါ့နော်၊ ခန့်မှန်းခြေဆိုရင် တရားမ၀င်ရောဆိုရင် အနည်းဆုံး (၂)သန်းလောက် ရှိမယ်ထင် တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က seasonable worker ခေါ်တာပေါ့။ တောင်ယာတွေ လယ်ယာ လုပ်ငန်းတွေမှာ လုပ်နေတဲ့လူတွေကလည်း အများကြီးပဲ။ ထိုင်းနိုင်ငံကလည်း လယ်ယာကို အဓိကထားလုပ်တဲ့ နိုင်ငံပဲ။ နောက်တချက်ရှိတာက ထိုင်းတွေက အခြားနိုင်ငံကို ပြောင်းပြီးအလုပ်လုပ်ကြတယ်။ ပြောင်းလုပ်ကျတော့ လစ်လပ်သွားတဲ့ လယ်လုပ်ငန်းတွေမှာ ဗမာတွေကို ပြန်ပြီးတော့ ကျနော်တို့သိရတာ နှစ်နှစ်လောက်အတွင်းမှာ ပြန်အစားထိုးပြီး လုပ်ကြတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုနေထိုင်လုပ်ကိုင်ကြတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့မှာ ကော တရားဝင်နဲ့ တရားမ၀င်အလုပ်သမားဦးရေ ဘယ်လောက်ရှိပါသလဲလို့ မဲဆောက်အခြေစိုက် မြန်မာပြည်သူ များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဌ ဦးမိုးကြိုးကို ကျနော်မေးမြန်းကြည့်တဲ့အခါ အခုလို ပြောပြပါတယ်။ (အသံ) ကျနော်တို့ မဲဆောက်မှာ တရားဝင်ကော တရားမ၀င်ကော အလုပ်သမားပေါင်း တသိန်းနီးပါးလောက် ရှိတယ်လို့ ကျနော်တို့ ခန့်မှန်းသိရှိပါတယ်။ မဲဆောက်မှာဆိုတာထက် ဒီတပ်ခရိုင်တခုလုံးပေါ့လေ။ မဲဆောက်၊ ဖုတ်ဖရ၊ အုန်းဖန်၊ မယ်လမတ်၊ တပ် စုစုပေါင်း ၅မြို့နယ်မှာ ဒီ ကျနော်တို့ အလုပ်သမားမှတ်ပုံတင်က ပြီးခဲ့တဲ့နှစ် က လေးသောင်းကျော်ပဲ တင်ပါတယ်ခင်ဗျ။ စုစုပေါင်းက တကယ်ရှိနေတာက လေးသိန်းနီးပါးလောက် ရှိပါတယ်။ ဒါ အဝေးရောက် မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။

အခုလို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး လှုပ်ရှားဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေပြောပြတဲ့ ကိန်းဂ ဏန်းတွေကို တွက်ဆကြည့်ရင် ထိုင်းနိုင်ငံတခုတည်းနဲ့တင် ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ လုပ်အားပေါင်း နှစ် သန်းလောက် ဆုံးရှုံးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလိုသန်းနဲ့ချီတဲ့ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ဘယ်လိုနေထိုင် လုပ်ကိုင်နေကြရသလဲ၊ လုပ်ခနှုန်းထားတွေ ဘယ်လိုရနေကြသလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရသလဲ၊ ထိုင်းနိုင်ငံဟာ သူတို့အတွက် ရေကြည်ရာမြက်နုရာ အရပ်ကော ဖြစ်ရဲ့လား စတာ တွေကို ရှေ့အပတ်တွေမှာ ဆက်လက်တင်သွားမယ့်အကြောင်း ပြောကြားရင်း ခုတပတ်အစီအစဉ်ကို ရပ်နား လိုက်ရပါတယ်။
.

သောတရှင်များခင်ဗျာ … အခုတပတ်မှာတော့ ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့နဲ့ ထိုင်းနိုင်ငံမြို့တော် ဘန် ကောက်မြို့တွေမှာ နှစ်ရှည်လများ အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတဦးအကြောင်းကို ကျနော်ပြောပြမှာ ဖြစ် ပါတယ်။

သူက ပခုက္ကူမြို့သားတဦးပါ။ သူဟာ အချိတ်အဆက်တခုခုနဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ဖို့ဆိုပြီး ၁၉၉၄ခုနှစ်မှာ အ ညာကနေ ရန်ကုန်ကို တယောက်တည်း ဆင်းလာခဲ့ပါတယ်။ အလုပ်လုပ်ဖို့ထက် သူရည်ရွယ်ထားရှိတဲ့ တစုံတခု ကို လုပ်နိုင်ဖို့အတွက် အဆက်အသွယ်ရှာမယ်ဆိုပြီး ရန်ကုန်ကိုဆင်းလာတာလို့လည်း သူက ပြောပြပါတယ်။

အဲဒီအချိန်တုန်းက သူ့အသက်က (၂၄)နှစ်ပဲ ရှိပါသေးတယ်။ အဆက်အသွယ်ရှာဖို့ ကြိုးစားရင်း ရန်ကုန်မှာ ၆လ လောက် သူ သောင်တင်နေခဲ့ပါတယ်။ အဲဒီ ၆လအတွင်းမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့အတွက် ဆူးလေဘုရားလမ်း အောက်ဘလောက်မှာရှိတဲ့ ဘဏ်(၃)နားက အညာသားတွေစုလုပ်ကြတဲ့ လက်ဖက်ရည်ဆိုင် တဆိုင်မှာ စားပွဲထိုးကနေ အဖျော်ဆရာအဆင့်အထိ သူဝင်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုလုပ်ကိုင်ရင်း ထိုင်း နိုင်ငံဘက်ထွက်ဖို့ သူဆုံးဖြတ်ခဲ့ပုံကို အခုလိုပြောပြပါတယ်။

(အသံ) ရန်ကုန်မှာ ဒီလုပ်နေရင်းမတ်တပ် ကိုယ့်တယောက်တည်းကိုယ် တကယ့်ကို ရိုးရိုးသားသားနဲ့ ကြိုးကြိုး စားစားပေါ့နော်၊ မနက်လင်းကနေစပြီး ၀ိရိယစိုက်ပြီးလုပ်နေတဲ့အချိန်မှာပဲ ဒီရတဲ့ငွေကြေးကို ကျနော်စပြီး တွက်မိ လာတယ်။ အညာကနေ စထွက်လာတယ်။ အညာကငွေကြေးတွေ အဲဒီဝင်ငွေတွေနဲ့ ထွက်ငွေတွေမမျှတဲ့ အပေါ် မှာ ဒါဆိုရင် ငါရိုးရိုးသားသား လုပ်ကိုင်စားသောက်ရှာဖွေဖို့ဆိုရင် ဘယ်နေရာက ပိုပြီးတော့ ပြေပြေလည်လည် ရှိ မလဲ၊ နောက်တချက်က ကျနော်လုပ်ချင်တဲ့ ကျနော့်ရည်ရွယ်ချက်တွေ ဘယ်နေရာရောက်လို့ရှိရင် အောင်အောင် မြင်မြင် ငါထွန်းဖောက်ပြီး လုပ်နိုင်မလဲဆိုတဲ့ဟာကို စဉ်းစားမိပြီးတော့ ကျနော်ဒီဘက်ပေါ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ဖို့ စိတ်ကူးဖြစ်တာ။ ဘယ်သူ့မှမတိုင်ပင်ဘဲနဲ့ မိမိဘာသာမိမိ ဆုံးဖြတ်ပြီးတော့ တယောက်တည်းပဲ ထွက်လာ တယ်။

ဒါပေမယ့် ထိုင်းနိုင်ငံဘက်ကို ထွက်ဖို့အတွက်တော့ သူ့အနေနဲ့ အရင်းအနှီး သိပ်မကုန်ကျခဲ့ပဲ ကံကောင်းခဲ့ပုံကို အခုလို ဆက်ပြောပြပါတယ်။

(အသံ) ကျနော်ကတော့ ပြောမယ်ဆိုလို့ရှိရင် ကြယ်ငါးပွင့်သင်္ဘောမှာ လက်မှတ်ပေါက်ပြီး လာတာပေါ့လေ။ အဲဒီ တုန်းက ၇၅၀ပဲရှိပါတယ်။ အဲဒီတုန်းကတော့ ကျနော့်မှာ ပိုက်ဆံ ဗမာငွေ သုံးထောင်လောက်ပါတဲ့အတွက် တော် တော်ဖူလုံတယ်လို့ ပြောရမှာပေါ့လေ။ အဲဒီတုန်းကလည်း တကယ်လို့ ထိုင်းငွေကြေးနဲ့ ဗမာငွေကြေးကို ပြောရ မယ်ဆိုလို့ရှိရင်လည်း တဘတ်ကို အများဆုံး မြန်မာငွေ ၆ကျပ်ပေးရင် တဘတ်ရတယ်။ ဘတ်နဲ့လဲမယ်ဆိုလို့ရှိရင် ငါးကျပ်ခွဲ အဲသလောက်ပဲ ရှိသေးတဲ့အချိန်ပေါ့လေ။ အဲသလောက်ပဲ ရှိသေးတဲ့အချိန်ဆိုတော့ တစုံတရာပြေလည် တယ်ပေါ့။ ငွေကြေးကတော့ သုံးထောင်လောက်ပဲပါတယ်။

သူ့အနေနဲ့ အဲဒီအချိန်ကာလတုန်းက ပွဲစားတွေ၊ အလုပ်သမားပို့ဆောင်ရေး အေဂျင်စီတွေကို အားကိုးအားထားမ ပြုဘဲ ဒီနေရာတွေကို ဒီလိုသွားလို့ရတယ်ဆိုတဲ့ လမ်းကြောင်းတွေကို ကိုယ့်ဘာသာကိုယ် ရှာဖွေပြီး လာတဲ့အ တွက် အခုလို အကုန်အကျ သက်သာခဲ့တာလို့ ဆိုပါတယ်။ သူစီးလာတဲ့ ကြယ်ငါးပွင့်သင်္ဘောဟာ မြန်မာပြည် တောင်ဘက်စွန်း ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကော့သောင်းမြို့ကို ဆိုက်ကပ်ခဲ့ပါတယ်။ သူလည်းရောက်တာနဲ့ ထိုင်းဘက်ကမ်းက ရနောင်းမြို့ကို ကူးပြီး ရေလုပ်ငန်းတွေမှာ ၀င်လုပ်ခဲ့ပါတယ်၊၊ သူရတဲ့လခက ဘယ်လောက်ရှိ ခဲ့သလဲ၊၊ ရန်ကုန်မှာ အလုပ်လုပ်ခဲ့တုန်းက ရတဲ့ဝင်ငွေနဲ့ ရနောင်းမှာလုပ်လို့ ရတဲ့ဝင်ငွေ ဘယ်လောက်ကွာသလဲ၊၊ အဲဒီမှာ ဘယ်သူတွေကို သူတွေ့သလဲဆိုတာကို အခုလိုပြောပြပါတယ်။

(အသံ) အဲဒီတုန်းက အချိန်မှာကတည်းကပေါ့ ရတဲ့ဝင်ငွေနဲ့ ဒီဘက်မှာရှိတဲ့ ကုန်ဈေးနှုန်းနဲ့ဆို မြန်မာပြည်မှာ ရခဲ့ တဲ့ လုပ်အားခထက် သူက နှစ်ဆနီးပါးလောက်ရနေတယ်။ ဒါ အလုပ်ကြမ်းသမားချင်း အတူတူပေါ့။ အလုပ်ကြမ်း သမားချင်းအတူတူ ထိုင်းနိုင်ငံထဲမှာပဲ ကျနော် သုံးစွဲနေတဲ့ကာလမှာပဲ ကျနော့်မှာ အပိုအလျှံရှိတယ် ပိုက်ဆံ။ မြန် မာပြည်ထဲမှာ လုပ်ခဲ့တုန်းက ရန်ကုန်လို မြို့ကြီးပြကြီးမှာ တကယ်ပင်ပင်ပန်းပန်းနဲ့ လုပ်ခဲ့ရတဲ့ ကာလမှာတုန်းက ကိုယ့်တယောက်စာကိုပဲ မဖူလုံဘူး။ တော်တော်ချွေတာတာတောင်မှ မကျန်ဘူးပေါ့နော်။ ဒီဘက်မှာကျတော့ အိမ်ပြန်ပို့နိုင်တယ်။ ဒီအခြေအနေပေါ်မှာ မူတည်ပြီးတော့ပဲ ကျနော်တို့လို မြန်မာနိုင်ငံထဲက လူငယ်တွေ ၈၈ ခုနှစ် နောက်ပိုင်းမှာ တော်တော်များများ ထွက်လာတာပေါ့။ ကျနော်အပါအ၀င်ပေါ့လေ။ တော်တော်များများပဲ။ ဒီဘက် ကိုရောက်တဲ့အခါမှာ ကျနော်တို့ အညာမြေလတ်ဘက်က တော်တော့်ကို ဝေးလံခေါင်းပါးတဲ့နေရာတွေက လူတွေ ပါ တွေ့ရတယ်။ တိုင်းရင်းသားတွေဆိုလည်း အစုံပဲ၊ မွန်၊ ကရင်စသဖြင့် တော်တော်များများ တွေ့ရတယ်။

သူဟာ ရနောင်းမြို့မှာ နှစ်နှစ်ခွဲလောက် အလုပ်လုပ်ခဲ့ပါတယ်၊၊ သူဟာ ငါးတွေကို ရေခဲရိုက်တဲ့လုပ်ငန်းမှာ ရေခဲ ကြိတ်တဲ့အလုပ်ကို လုပ်ပေးရပါတယ်၊၊ ဒီအလုပ်ဟာ ဘယ်လောက် ပင်ပန်းသလဲဆိုတာကို သူက အခုလို ပြောပြ ပါတယ်၊၊

(အသံ) အဓိကအကျဆုံး ကျနော်ကျွမ်းကျွမ်းကျင်ကျင် လုပ်ခဲ့တာကတော့ ရေခဲစက်ပေါ့။ အအေးခန်းတွေပေါ့ နော်။ ငါးတွေကို ရေခဲရိုက်တဲ့အခါမှာ ရေခဲကြိတ်ပေးရတဲ့ နေရာပေါ့။ အဲဒီဥစ္စာက ကျနော်တို့အမြင်မှာ မသိဘူးဆို ရင် သေးသေးကွေးကွေး အလုပ်လို့ ထင်ကြတာ၊ မြန်မာပြည်နဲ့စာရင်၊ မဟုတ်ဘူး အဲဒီလိုမဟုတ်ဘူး၊ လှေအစီး အ စိတ်သုံးဆယ်အတွက် တာဝန်ယူပြီးတော့ ကြိတ်ခွဲပြီး လုပ်ပေးနေရတာ။ တနေ့ကို ပေါင်၃၀၀ရှိတဲ့ အတုံးကို တနေ့ ကို ၁၂၄၀ထွက်တဲ့ ရေခဲစက်တခုမှာ လုပ်ရတယ်။ လူ ၈ယောက်ရှိတယ်။ ညဆိုင်း ၄ယောက် မနက်ဆိုင်း ၄ ယောက်။ ၈ယောက်ပဲခန့်တယ် အဲဒီတုန်းက။ တော်တော်ပင်ပန်းတယ်။ ပေါင် ၃၀၀တုံးကို ဆွဲလိုက် တင်လိုက် ချ လိုက် ခွဲလိုက် စိတ်လိုက်လုပ်ရတဲ့ အလုပ်ပေါ့။

ရနောင်းမြို့မှာ အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ကုန်းပေါ်မှာဆိုရင် ရေခဲစက်တွေ၊ အအေးခန်း တွေမှာ ငါးတွေသွင်းတဲ့ထုတ်တဲ့ အလုပ်တွေ၊ ငါးရွေး ငါးခွဲတဲ့အလုပ်တွေ၊ ငါးပုံးတွေကို သယ်တဲ့ပိုးတဲ့အလုပ်တွေ၊ ပုဇွန်ရွေးတဲ့နေရာတွေမှာ လုပ်ကိုင်ကြရပြီး ရေထဲမှာတော့ လှေလိုက်တဲ့အလုပ်တွေကို ပင်ပင်ပန်းပန်းလုပ်ကိုင် ကြရတယ်လို့ သူကပြောပြပါတယ်။ သူ့အနေနဲ့ အဲဒီလို ရနောင်းမြို့က ရေခဲစက် အအေးခန်းတွေမှာ လုပ်ခဲ့တဲ့ ၁၉၉၅ -၉၆ခုနှစ် ကာလတွေမှာ လုပ်အားခအနေနဲ့ စရိတ်ငြိမ်း တရက်ကို ဘတ်၄၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ ပေမယ့် အဲဒီအချိန် တုန်းက ရနောင်းမြို့မှာ အလုပ်ရှင်တွေရဲ့ အနိုင်ကျင့် ခေါင်းပုံဖြတ်ခံရမှုတွေနဲ့ အသက်အန္တ ရာယ်ရန်ရှာခံရမှုတွေ ရှိခဲ့တဲ့အကြောင်းကို အခုလို ပြောပြပါတယ်။

(အသံ) ရနောင်းဘက်မှာတော့ ကျနော်ဝင်လာတဲ့ နှစ်တွေ ကာလတွေတုန်းကဆိုရင် ပါခေါင်းတို့ စဖန်ဖလားတို့ ဆိုတာ နာမည်ကြီးနေရာတွေပဲ။ ဒါ မြန်မာတွေ ၀င်ထွက်သွားလာနေတဲ့နေရာတွေ၊ မြန်မာတွေအများစုရှိတဲ့ ရပ် ကွက်တွေပေါ့၊ ပြောမယ်ဆိုရင် ထိုင်းနိုင်ငံထဲက။ ဆိုတော့ အဲဒီနေရာတွေမှာက နေ့တဓူဝ လူသေတာတွေရှိတယ်။ တယောက်နဲ့တယောက် သတ်ကြဖြတ်ကြပေါ့လေ။ အလုပ်ရှင်တွေကကော ခေါင်းပုံဖြတ်မှု မရှိဘူးလားဆိုတော့ ရှိတယ်။ လှေဝင်လာတယ်၊ ကိုယ့်ကို လှေဝင်စရိတ်ပေးပြီးတဲ့ အပြင်ကို ရတဲ့ငါးကီလိုပေါ် မူတည်ပြီးတော့ အစား ပေးရမယ်ဆိုတာရှိတာကိုး၊ လခအပြင်ကို။ အဲဒါတွေကို မပေးဘဲနဲ့ ခေါင်းပုံဖြတ်တာတွေရှိတယ်။ အဲဒီအငြင်းပွားမှု တွေကြောင့် အဲဒါတွေကို ရစရာရှိတဲ့သူတွေက ပြောလို့ဆိုလို့ အသတ်ခံလိုက်ရတဲ့ မြန်မာပြည်သား အလုပ်သမား တွေရှိတယ်။ ပြီးပြီဆိုလို့ရှိရင် ဒီလိုပဲ စက်ရုံလုပ်ငန်းတွေမှာလုပ်ရင်းနဲ့ သူရမယ့်ငွေတွေကို နည်းတယ် စသဖြင့် ဦး ဆောင်ပြောမိတဲ့ လူပေါ့နော်။သူတို့ဘယ်လောက်ရသင့်တယ်ထင်တယ်၊ ဘယ်လောက်ရသင့်ပါတယ်လို့ သွား ပြောမိရင်ကို အလုပ်ဖြုတ်ခံရတာတွေ၊ အသက်အန္တရာယ် ရန်ရှာခံရတာတွေ ဒါတွေကတော့ အဲဒီကာလတုန်းက ဆို နေ့တဓူဝကြားနေရတဲ့ သတင်းတွေပဲ။

သူ့အနေနဲ့ ရနောင်းမြို့မှာ နှစ်နှစ်ခွဲကျော် နေထိုင်လုပ်ကိုင်ရင်း စိတ်ထိခိုက် ကြေကွဲစရာအကောင်းဆုံး အနိုင်ကျင့် ခံရမှုတခုကို မြင်တွေ့ခဲ့ရပုံ၊ ရနောင်းကို ကျောခိုင်းပြီး ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်ကို စွန့်စွန့်စားစား သွား ရောက်ခဲ့ပုံနဲ့ ဘန်ကောက်မှာ ရုန်းကန်လှုပ်ရှားခဲ့ရပုံတွေကိုတော့ ရှေ့အပတ်မှာ ဆက်လက်နားဆင်ပေးကြပါ ခင် ဗျား၊၊

ပြီးခဲ့တဲ့အပတ်က ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှာ နှစ်နှစ်ခွဲကျော်ကျော် အလုပ်လုပ်ကိုင်ခဲ့တဲ့ ပခုက္ကူမြို့သား တဦးအကြောင်း ကျနော်ပြောပြခဲ့ပါတယ်။ သူဟာ ရနောင်းမြို့က ရေခဲစက်၊ အအေးခန်းတွေမှာ နဖူးကချွေး ခြေမ ကျတဲ့အထိ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရချိန်မှာ သူနဲ့ဘ၀တူ မြန်မာအလုပ်သမားတွေအပေါ် အလုပ်ရှင်တွေက အနိုင်ကျင့် ခေါင်းပုံဖြတ်တာတွေ၊ ပိုက်ဆံပေးမယ်ဆိုပြီး မပေးခဲ့တာတွေ၊ အသက်အန္တရာယ် ရန်ရှာတာတွေကို နေ့ တဓူဝ နားနဲ့မဆံ့အောင် ကြားခဲ့ရပါတယ်။ တခါသားမှာတော့ အလုပ်ရှင်တဦးရဲ့ အနိုင်ကျင့်တဲ့လုပ်ရပ်ကြောင့် သူ ဟာ အလွန်တရာ စိတ်ထိခိုက်ကြေကွဲခဲ့ရတယ်လို့ ဒီလို ပြန်ပြောင်းပြောပြပါတယ်၊၊

(အသံ) လခထုတ်တဲ့ ရက်တရက်မှာပေါ့။ ကျနော်အလုပ်လုပ်တဲ့ ရေခဲစက်မှာပဲ၊ အဲဒီသူဌေးပိုင်တာက ငါးကုမ္ပဏီ ကြီးလည်းပိုင်တယ်။ ဆိုတော့ ငါးရွေးတာ ငါးခွဲတာ လူကထောင်ကျော်ရှိတယ်။ သူ့ဆိုက်သူ့ဆိုက်လိုက်နဲ့ အလုပ် လုပ်ရတာ။ ရေခဲခန်းမှာ ဘယ်လောက်ပေါ့၊ ငါးခွဲတဲ့နေရာမှာ ဘယ်လောက်ပေါ့၊ မြန်မာအမျိုးသမီးရော အမျိုးသား ရော ထောင်ကျော်ရှိတယ်။ အဲဒီမှာ ညဆို သူကလခထုတ်ပေးတယ်။ လကုန်ရက်၊ လခထုတ်တဲ့အခါကျတော့ အဲ ဒီမှာ ပိုက်ဆံလိုလို့ သူ့ပိုက်ဆံရသင့်တာကိုလိုလို့ အလုပ်သမားတယောက်က သွားပြောတဲ့အခါမှာ သူဌေးလို့ သူ တို့ခေါ်တဲ့ ထိုင်းအမျိုးသားကိုယ်တိုင်က ပါးကိုရိုက်တယ်၊ မဖြေရှင်းပေးဘဲနဲ့။ အဲဒါကိုမြင်တဲ့အခါမှာ ဘာသာစကား အခက်အခဲကြောင့်လားဆိုတော့လည်း အဲဒီနဘေးနားမှာ ရှိတဲ့သူတွေက ရှမ်းလိုရော ဗမာလိုရောတတ်တယ်။ သူ ဌေးနားမှာ ရှိတဲ့သူတွေက၊ အကုန်ရှိနေပါရက်နဲ့ လူတယောက်ကို အဲသလိုမျိုးပေါ့ ထောင်ချီတဲ့ လူတွေကြားထဲမှာ ပဲ အမျိုးသားတယောက်ကို ပါးတွေနားတွေ ကန်လိုက်ရိုက်လိုက်တာတွေ လုပ်တာတွေ ဒါတွေက ကြေကွဲစရာ တွေပါ။ အလုပ်သမားတွေက သူရသင့်ရထိုက်တာကို သူ့မှာငွေလိုနေလို့ သွားပြောမိတာ၊ ကောင်းကောင်းမွန်မွန် သွားပြောတာ အဲလိုဆိုတော့ အဲဒါမျိုးတွေပါ နိုင်တိုင်းကျင့်တာ၊ ဒါကတော့ သက်သက်မဲ့ လူမျိုးချင်းကို နိုင်တိုင်း ကျင့်တယ်လို့ ကျနော်ခံ စားလိုက်ရတယ်။ ကြေကြေကွဲကွဲကို၊ အဲနေ့ကဆို သူပေးတဲ့ပိုက်ဆံတောင် မလိုချင်တော့ ဘူး၊

ဒီလိုအနိုင်ကျင့်တာတွေ အလုပ်တူလုပ်ကြသူချင်းကို လုပ်ခလစာ ခွဲခြားပေးတာမျိုးတွေ သူတွေ့ကြုံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အဲဒီလို ရှုပ်ထွေးလှတဲ့ အခြေအနေတွေကနေ လွတ်မြောက်အောင်ဆိုပြီး ဘန်ကောက်ကို တက်အလုပ်လုပ်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘန်ကောက်ကို သူတက်ခဲ့တဲ့ ၁၉၉၇ခုနှစ် အချိန်တုန်းက ထိုင်းနိုင်ငံမှာ စီးပွားပျက်နေချိန်ဖြစ်ပြီး နေထိုင်ခွင့်လက်မှတ်တွေ၊ အလုပ်သမားလက်မှတ်တွေ လုပ်မပေးသေးတဲ့ အချိန်ဖြစ်လို့ ခိုးကြောင်ခိုးဝှက် သွားခဲ့ရပါတယ်၊၊ ပွဲစားကိုအားမကိုးဘဲ ရနောင်းကနေ ဘန်ကောက်အထိ တ ယောက်တည်း စွန့်စွန့်စားစား သွားရောက်ခဲ့ပုံကို အခုလိုပြောပြပါတယ်။

(အသံ) ကျနော့်စဉ်းစားချက်တခုရှိတာက ပွဲစားကိုအားကိုးရင်၊ ပွဲစားကလည်း မြန်မာပြည်သားတွေပဲ များတယ်။ အဲတော့ မြန်မာပြည်သားကိုခေါ်သွားလို့ရှိရင် ပိုပြီးတောင်မှ ဖမ်းမိတယ်ဆိုလို့ရှိရင် သူ့အမှုတွဲအဖြစ်နဲ့ ကျနော်က လိုက်ပါရတဲ့ လူကုန်ကူးခံရတဲ့ လူတယောက်ဖြစ်တဲ့အတွက် အချုပ်ကျရင် အကြာကြီးဖြစ်မယ်၊ ကျနော့်တ ယောက်တည်းမိတယ်ဆိုလို့ရှိရင် ၂၄နာရီပဲ ကျနော့်ကို ထောင်ချခွင့်ရှိမယ်။ ဒါ နယ်စပ်ဖြတ်ကျော်ခိုးဝင်မှုနဲ့ ဒီ လောက်ပဲရှိမယ်၊ ဆိုတော့ အဲဒီဥစ္စာကို နားလည်ထားတဲ့အခါကျတော့ ကျနော်တယောက်တည်းပဲ သွားတယ်။ ကျနော်ကားနဲ့ပဲ သူတို့ဆီက တရားဝင်ဖွင့်ထားတဲ့ လိုင်းကားပေါ်ပဲ တက်စီးပြီးလိုက်သွားတယ်။ အစစ်အဆေးရှိတဲ့ အခါကျတော့ တစုံတယောက်က ဒီလိုပဲ ရှမ်းတယောက်ကို နေမကောင်းလို့ကူညီရင်း အဲဒီလူက ပြန်ကူညီလိုက် တယ်။ ဖမ်းတဲ့အခါကျတော့။

ဘန်ကောက်ရောက်တဲ့အခါ သူဟာ သံတွေကို ခွဲခြမ်းစိတ်ဖြာပြီး နန်းဆွဲတဲ့ သံစက်ရုံမှာ အလုပ်လုပ်ပါတယ်။ တိုက်ဆောက်တဲ့အခါ အင်္ဂတေလောင်းဖို့၊ ချိုက်ခံဖို့တွေမှာသုံးတဲ့ ကော်ဆန်းသံတွေလုပ်ရတဲ့ စက်ရုံလို့ဆိုပါ တယ်။ ဘန်ကောက်မှာရတဲ့ လုပ်ခလစာဟာ အကြမ်းအားဖြင့် နယ်စပ်မြို့တွေထက် ကောင်းပေမယ့် သူလုပ်ခဲ့ရ တဲ့ သံစက်ရုံရဲ့ အခင်းအကျင်းနဲ့ လုပ်ငန်းခွင်အနေအထားဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိပုံကို အခုလိုပြောပြပါ တယ်။

(အသံ) အဲဒီစက်ရုံတွေမှာတော့ သံစက်ရုံတွေမှာဆိုလို့ရှိရင် ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ လုံးဝ မကောင်းဘူး။ သူတို့ ဒီ စက်ရုံအခင်းအကျင်းတွေက သူတို့အကျိုးအမြတ်အတွက် ထုတ်လုပ်နိုင်ဖို့ ကျနော်တို့ဆီ က လုပ်အားကိုသာလျှင် အဓိကထားတာကို ကျနော်တွေ့ရတာပေါ့လေ။ အဲဒီ Care လုပ်တာကတော့ ကျန်းမာ ရေးအတွက် ဘာလို့မကောင်းဘူးလဲဆိုရင် သံမှုန့်တွေ၊ သံစတွေ နေ့တဓူဝ ၀င်ထွက်နေတာ။ ဒါပေမယ့် သူတို့ အဲ ဒီကိစ္စ တွေအတွက် တခါမှစဉ်းစားပြီး လုပ်ကိုင်ဆောင်ရွက်ပေးတာမရှိဘူး။ ဥပမာ အနာစည်း၊ အုပ်ဖို့ ပစ္စည်းတို့ ဘာတို့ ထုတ်ပေးရမှာတို့ အဲဒါမျိုးတော့ မရှိဘူး။ ဖြစ်လာကာမှသာလျှင် သူတို့ကုပေးတာတို့ ဘာတို့တော့ ရှိတာ ပေါ့။

သူ ဘန်ကောက်မှာ နေထိုင်လုပ်ကိုင်စဉ်တုန်းက အလုပ်သမားလက်မှတ်တွေ လုပ်မပေးသေးတဲ့ အချိန်ဖြစ်လို့ သူ ဟာ လာအိုနဲ့ ကမ္ဘောဒီးယားကနေ လာလုပ်ကြတဲ့ အလုပ်သမားတွေနည်းတူ ဈေးချိုပြီး လုံခြုံမှုရှိမယ့်နေရာတွေ ကို ငှားရမ်းနေထိုင်ခဲ့ရပါတယ်၊၊ ဈေးချိုပေမယ့်လည်း ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ နေရာတွေဖြစ်တယ်လို့ သူ ကပြောပါတယ်၊၊

(အသံ) ဘန်ကောက်ရောက်တဲ့အခါကျတော့ ခမာနယ်စပ်ဘက်ကလာတဲ့ လာအိုဘက်ကလာတဲ့ စသဖြင့် ဒီလို Illegal ကျနော်တို့လိုပဲ မြန်မာပြည်ဘက်ကလာတဲ့ အလုပ်သမားတွေလိုပဲ ဘ၀တူအလုပ်သမားတွေ တွေ့ရ တယ်။ သူတို့ကျနော်တို့အကုန်လုံးက အဲဒီအချိန်မှာ နေမှုထိုင်မှုဘ၀တွေမှာ တပုံစံတည်းဖြစ်နေတယ်။ ထိုင်းနိုင်ငံ သားတွေနဲ့ အလုပ်သမားတွေနဲ့ မတူတာတော့အမှန်ပဲ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့နေရာတွေမှာ တဖက်မှာက ကျနော်တို့ကို အဲဒီတုန်းက work permit လုပ်မပေးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဘာသာ ကျနော်တို့ပဲ အိမ်တွေအငှားရှာပြီး နေရတဲ့အခါကျတော့ ဈေးချိုချိုခြမ်းခြမ်းနဲ့ လုံခြုံမှုရှိမယ့်နေရာတွေကို ရွေးချယ်ပြီးနေကြတာ ပေါ့။ အခြား အဲလိုပဲ Illegal တွေလည်း အခြားနိုင်ငံသားတွေလည်း ဒီလိုပဲနေကြတယ်။ ကျနော်တို့အချင်းချင်း တော့သိတယ် နေရာတွေကို။ အဲဒီအခါမှာ ကျနော်တို့ကြည့်ရတာပေါ့လေ၊ ရေဆိုးမြောင်းတွေရှိတဲ့နေရာ ဈေးချို တဲ့နေရာပေါ့လေ၊ ထိုင်းနိုင်ငံသားတွေ မနေတဲ့နေရာမျိုး တော်တော်များများကို စုပြီးတော့ ငှားကြနေကြရတာပေါ့။ ကျန်းမာရေးတွေ ဘာတွေလည်း သိပ်ဂရုမစိုက်နိုင်ပါဘူး၊ အဲဒီအချိန်တုန်းကတော့။

သံစက်ရုံမှာ လုပ်ကိုင်နေစဉ်အတွင်းမှာပဲ အလုပ်ပါးတဲ့ရက်တွေမှာ အပိုဝင်ငွေရရှိဖို့အတွက် နိုင်ငံခြားပို့မယ့် ဆန် အိတ်တွေကို ပင်လယ်ဝက သင်္ဘောတွေပေါ် ထမ်းပို့ရတဲ့နေရာမှာ ၀င်လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒီလိုဝင် ငွေကောင်းဖို့အတွက် မနေမနား လုပ်ကိုင်ရင်း အလုပ်သမားတချို့ဟာ ပင်ပန်းမှုကို ခံနိုင်ရည်ရှိဖို့ မူးယစ်ဆေးတွေ စားသုံးနေတာ သူမြင်တွေ့ရပါတယ်၊၊ ဒီလိုမူးယစ်ဆေးဝါးတွေ ကွမ်းယာဆိုင်မှာ ကွမ်းယာရောင်းသလို ရောင်းနေ တာတွေ့တော့ သူထိတ်လန့်တုံလှုပ်မိပါတယ်လို့ အခုလို ပြောပြပါတယ်၊၊

(အသံ) အဲဒီမှာ အတွေ့အကြုံဘာရလဲဆိုတော့ အဲဒီမှာ တအားပင်ပန်းတယ်။ ပိုက်ဆံရကောင်းတယ်။ တပြိုင် နက်တည်းမှာပဲ အဲဒီမှာက မူးယစ်ဆေးဝါးက ဒီလိုမျိုး ဆွဲယူလိုက်လို့ ကျနော်တို့မြန်မာပြည်မှာ ပွဲဈေးမှာ ကွမ်းယာ တို့ဘာတို့ကို ဗျပ်နဲ့လိုက်ရောင်းသလိုမျိုးကို ရောင်းတာလေ၊ ရာဘားတို့ အဲဒီအတွေ့အကြုံတခု ထူးထူးခြားခြား တွေ့ရတယ်။ ဒါက မျက်မြင်ကိုယ်တွေ့၊ လန့်တောင်လန့်သွားတယ်။ အမျိုးမျိုးရှိတာနော်၊ ရာဘားရှိတယ်။ ရာဘား မှ အမြင့်စားရှိတယ်၊ ၁၂၀တန်လား ၁၀၀တန်လား စသဖြင့် အဲသလို ခွဲခြားထားတာရှိတယ်။ ပြီးရင် ဘိန်းစာရွက် ဆိုတာ နာမည်ကြီးပဲ။ အဲဒီကောင်ကို ပင်ပန်းတဲ့အလုပ်သမားတွေက အပင်ပန်းဒဏ် ခံနိုင်အောင်လို့ဆိုပြီးတော့ စားသုံးတာလေ၊ တော်တော်များများ တွေ့ရတယ်။ ဒီနောက်ပိုင်းမှာတော့ သိတဲ့အတိုင်းပဲ အမျိုးသားစီမံကိန်းချပြီး တော့ကို သက်ဆင်လက်ထက်မှာပဲ မူးယစ်ဆေးဝါးတိုက်ဖျက်မယ် ဘာမယ်ဆိုပြီးဖြစ်ရတာ၊ ဒါ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ တာ ကျနော့်ကိုယ်တွေ့ပဲ။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ ပင်ပန်းဆိုးဝါးလှတဲ့ ဘ၀တစိတ်တပိုင်းအကြောင်း ကိုယ်တိုင်တွေ့ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံသားတဦးရဲ့ ပြန်ပြောင်းပြောပြချက်များ ဖြစ်ပါတယ်၊၊ ကိုယ့်မြေကိုယ်ရေမှာ ဘ၀ရပ်တည်လို့ မရတော့တဲ့အတွက် တိုင်းတပါးကိုထွက်ပြီး အသက်မွေးရတဲ့ မြန်မာအလုပ်သမားတွေ အကြောင်းကို နောက်တ ပတ်တွေမှာလည်း ဆက်လက်နားဆင်ကြပါခင်ဗျာ၊၊

သောတရှင်များခင်ဗျာ … ပြီးခဲ့တဲ့ ဇွန်လ(၁၅)ရက်နေ့က ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန် မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ အခွင့်အရေးတွေ ရရှိစေဖို့ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ကာကွယ်ရေးဥပဒေ ဘီအီး၂၅၄၁အရ အကာအကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ခဲ့တာကို သတင်းများမှာ ဖတ်ရှုခဲ့ရပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်ကတော့ လုပ်ငန်း၊ တာဝန်နဲ့ အလုပ်သမား ကာ ကွယ်ရေး ဥပဒေအောက်မှာ အိမ်နီးချင်းနိုင်ငံတွေက လာရောက်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနည်းတူ အနိမ့်ဆုံး လုပ်ခနှုန်းထားရရှိရေး၊ အမျိုးသမီးများနဲ့ ကလေးလုပ်သားတွေ အပါအ ၀င် အလုပ်သမားတွေရဲ့ လူမှုဘ၀ဖူလုံရေး၊ စက်မှုလုပ်ငန်းဆိုင်ရာ ဆက်နွယ်မှုတွေနဲ့ လုပ်ငန်းခွင်အတွင်းမှာ လုံခြုံ မှု ရှိစေရေး၊ ကျန်းမာရေးကိစ္စတွေကို အကာအကွယ်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဥပဒေကို ကြပ်မတ်အကောင်အထည်ဖော်မှုက အားနည်းနေပြီး အခုလက်ရှိ အခြေအနေမှာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ထိုင်းအစိုးရက တရားဝင် သတ်မှတ်ထားတဲ့ အ နိမ့်ဆုံး လုပ်ခနှုန်းထားကိုတောင် မရရှိကြဘူးလို့ သိရပါတယ်။ အဲဒီလို အနိမ့်ဆုံး လုပ်ခနှုန်းထားတွေ မရရှိတာနဲ့ ပတ်သက်လို့ ထိုင်းတနိုင်ငံလုံးမှာ လက်ရှိဖြစ်တည်နေတဲ့ အခြေအနေကို ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ အထွေ ထွေအတွင်းရေးမှူး ဦးမိုးဆွေက အခုလို ပြောပြပါတယ်။

(အသံ) ဟုတ်ကဲ့ အဲဒီမှာတော့ နှစ်ပိုင်းရှိပါတယ်၊ ရှိတယ်ဆိုတာက ထိုင်းနိုင်ငံ အတွင်းပိုင်းကို ရောက်သွားတဲ့ ဒီ ဘန်ကောက်မြို့ပေါ့နော်၊ ထိုင်းနိုင်ငံ အစိုးရရုံးစိုက်တဲ့ နေရာနားမှာရှိနေတဲ့ မြို့တွေနားမှာ ရှိနေတဲ့ အလုပ်သမား တွေကျတော့ အနီးစပ်ဆုံး အပြည့်အ၀ မဟုတ်ရင်တောင် သူတို့ရဲ့ အနိမ့်ဆုံးလစာကို နီးနီးစပ်စပ် ရကြတယ်။ ဒါ ပေမယ့် အခုနပြောတဲ့ အစွန်အဖျား ဒေသတွေမှာ ရှိနေကြတဲ့ လုပ်ငန်းတွေမှာ လုပ်ကြတဲ့ ဥပမာ မဲဆောက်လို၊ ရနောင်းလို နောက်တခုက ထိုင်းနိုင်ငံမှာ ဆိုရင်လည်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း လာအိုနယ်စပ်ဘက်မှာ ရှိနေ တဲ့ စက်ရုံအလုပ်ရုံတွေနဲ့ သစ်သီးခြံမှာလုပ်တဲ့ လူမျိုးတွေကျတော့ အများစုလို့ ပြောလို့ရပါတယ် ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာကို မရကြဘူးခင်ဗျ။

မြန်မာနယ်စပ်နဲ့ ထိစပ်လျက်ရှိတဲ့ ထိုင်းနိုင်ငံ တပ်ခရိုင်အတွင်းက အလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခနှုန်းထားနဲ့ လက်တွေ့အလုပ်ခွင်မှာ ရရှိနေတဲ့ လုပ်အားခ အခြေအနေကိုတော့ မဲဆောက်အခြေ စိုက် မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဌ ဦးမိုးကြိုးက အခုလိုပြောပြပါတယ်။

(အသံ) တပ်ခရိုင်မှာတော့ တနေ့လုပ်အားခငွေကို ဥပဒေအရဆိုရင် ၁၄၇ဘတ်ပေးရမှာ ဖြစ်ပါတယ်။ အိုတီကြေး ကို တနာရီကို ၂၈ဘတ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဒီစက်ရုံအလုပ်ရုံ အလုပ်သမားတွေက လုပ် အားခငွေက လူသစ်နဲ့လူဟောင်း နှစ်မျိုးနှစ်စား ခွဲခြားပြီးပေးတာကို အလုပ်ရှင်တွေက လုပ်ကြတယ်ခင်ဗျ။ လူ သစ်ဆိုရင် ၅၀လောက်ပဲ ပေးတယ်။ တနှစ်ကျော်လာတဲ့ အလုပ်သမားမှသာလျှင် ၆၀၊ ၇၀ဆိုပြီးတော့ ပျမ်းမျှခြင်း ရကြတာကို တွေ့ရတယ်။ ဒါကြောင့် ဒီအလုပ်သမားဥပဒေမှာ ပြဌာန်းထားတဲ့ ၁၄၇ဘတ်ဆိုတာ တကယ်တမ်းက တထောင့်တည ပုံပြင်လိုပဲ ဖြစ်နေကြပါတယ်။

ဦးမိုးကြိုး ပြောပြခဲ့တဲ့အတိုင်း ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ လုပ်ခနှုန်းထားတွေဟာ တထောင့်တည ပုံပြင်လို ဖြစ်နေပုံကို မဲဆောက်မြို့က မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးဖြစ်တဲ့ ကိုသက္ကလည်း ထောက်ခံပြောဆိုပါ တယ်။ သူဟာ ဧရာဝတီတိုင်းသားတဦးဖြစ်ပြီး အရင်နှစ်တွေက အထည်ချုပ်စက်ရုံမှာ လုပ်ခဲ့သူပါ။ ဒါပေမယ့် စက် ရုံပိုင်ရှင်တွေက လုပ်အားခကို မတရားချိုးနှိမ်ပြီး ပေးတဲ့အတွက် အခုအခါမှာ အပြင်ထွက်ပြီး ပန်းရံအလုပ်ကို လုပ် နေတယ်လို့ ဆိုပါတယ်။ အထည်ချုပ်စက်ရုံမှာ လုပ်ခဲ့တုန်းက အလုပ်ရှင်ပေးတဲ့ လုပ်အားခ အနေအထားကို သူ က အခုလို ပြောပြပါတယ်။

(အသံ) ကျနော်တို့ လုပ်ခဲ့တဲ့ အထည်ချုပ်စက်ရုံဆိုရင် ၄၅ဘတ်က အရင်စပေးတယ်။ ဟို ကလေးတွေပေါ့။ ၄၅ ဘတ်၊ ၅၅ဘတ်၊ ၅၀၊ ၆၅ ဒါအများဆုံးပဲ၊ အမြင့်ဆုံးပဲ၊ ၆၅က။ ၇၀တို့ ဘာတို့က ဒါ တအားကြီး သူတို့ဆီမှာ နှစ် ကြာတဲ့လူတွေ၊ သုံးလေးနှစ်၊ လေးငါးနှစ် အဲလိုလုပ်တဲ့ လူလောက် အဲဒီလူလောက်ပဲ ရတာ။ အခု ကျနော်တို့ ၂၀၀၆ခုနှစ်ကတော့ ၁၄၃ဘတ်၊ အခု ၂၀၀၇ခုနှစ်မှာ ၁၄၇ဘတ်။ ဘယ် … အလုပ်သမား ရဖို့နေနေသာသာ အဲဒီ ဥစ္စာ တချို့ဆိုရင် သိတောင်မသိဘူး။ အဲဒါမျိုးတွေ ကြုံရတာ။

လက်ရှိ မဲဆောက်မြို့က သိုးမွှေးစက်ရုံတရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မွန်ပြည်နယ်သူ အသက်နှစ်ဆယ်အရွယ် မိန်းခလေး တဦးကတော့ လုပ်အားခ အနှိမ်ခံရတာနဲ့ ပတ်သက်ပြီး သူမ တွေးမိတာကို ရင်ဖွင့် ပြောပြခဲ့ပါတယ်။ သူမက သိုးမွှေးစက်ရုံမှာ ဒါဇင်စားအဖြစ် လုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အလုပ်လုပ် ကြိုးစားကြိုးစား အလုပ်ရှင်က နေ့စားခထက် ဈေးပိုမပေးဘူးလို့ အခုလို ပြောပြပါတယ်။

(အသံ) အဲလိုမျိုး ဘယ်လိုပြောမလဲ၊ မြန်မာပြည်သားတွေလေ တအားနဲ့ များလာတော့လေ၊ သူတို့တွေကလေ၊ မြန်မာပြည်သားတွေကို ခိုင်းလို့ရတယ်ဆိုပြီးတော့ အဲဒီလိုမျိုး ဈေးကို မတရားနဲ့ လျှော့တယ်။ ဘယ်လောက်ပဲ အ လုပ်ကြိုးစားကြိုးစား ဈေးကို နေ့စားဈေးလောက်ထက် ဘယ်တော့မှ ပိုမပေးဘူး။ အဲဒါကြောင့်မို့ အခုဆိုရင် လုပ် တယ်၊ အရမ်းနဲ့ အလုပ်လုပ်ကြတယ်၊ မြန်မာပြည်သားတိုင်းဟာပေါ့နော်၊ အဲလိုမျိုး ကိုယ်လုပ်တဲ့ လုပ်အားခနဲ့ မမျှ အောင်ရနေတာ။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ အဲဒီလို ထိုင်းအစိုးရက တရားဝင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခ နှုန်းထားတွေကို မရရှိတာဟာ နိုင်နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေနဲ့ အလုပ်သမားဝန်ကြီးဌာနတွေက ဥပဒေနဲ့ အညီ ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိမှု၊ တာဝန် ပျက်ကွက်မှုတွေကြောင့် အဓိက ဖြစ်တယ်လို့ အလုပ်သမား သွေး စည်းညီညွတ်ရေးအဖွဲ့ တာဝန်ခံ ဦးသံဒုတ်က အခုလို သုံးသပ်ပြောဆိုပါတယ်။

(အသံ) ဗမာအလုပ်သမားတွေ လာတယ်။ လုပ်အားခနည်းတယ်။ ဘာ့ကြောင့် နည်းသလဲဆိုရင် တစ်အချက် ကျ နော်တို့က အရေးပါတဲ့ ထိုင်းနိုင်ငံက ချမှတ်ထားတဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို ဒီထိုင်းအ စိုးရရော ထိုင်းအလုပ်သမား ၀န်ကြီးဌာနကကော ပြည့်ပြည့်၀၀ အကောင်အထည်ဖော် မပေးနိုင်ဘူး။ နှစ်အချက် ဒီထိုင်းဥပဒေကို ချမှတ်ထားတဲ့ labour act တို့ အလုပ်သမား relation တို့ဆိုတဲ့ ဥပဒေနှစ်ခုရှိတယ်။ အရေး ကြီးတယ်။ အဲတော့ အဲဥပေဒကိုချိုးဖောက်နေတဲ့ လုပ်ငန်းရှင်တွေကိုလည်း ဒီဥပဒေတွေ အသက်ဝင်လာအောင် ထိုင်းအစိုးရက ဘာမှ ထိထိရောက်ရောက် အရေးမယူဘူး။ သုံးအချက်က ထိုင်းနိုင်ငံရဲ့ အစိုးရနဲ့ မြန်မာအစိုးရနဲ့ ကြားမှာ နှစ်ပေါင်းများစွာ ပေါ့နော်၊ MOU ခေါ်တဲ့ Memorandum Of Understanding ပေါ့။ နှစ်နိုင်ငံ အလုပ် သမားအရေးကို သဘောတူညီချက်နဲ့ လုပ်ကြတယ်။ သို့သော်လည်းပဲ ဒီနေ့ကာလမှာ အထိပေါ့နော်။ ရွှေ့ပြောင်း အလုပ်သမားတွေကို ပူးပေါင်းပြီးတော့ ဖြေရှင်းရမယ်ဆိုတာ ဒီနေ့အထိ နှစ်နိုင်ငံအစိုးရက ပျက်ကွက်တယ်။ နောက်တချက်က မြန်မာအစိုးရ ကိုယ်နှိုက်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေးကို လျစ်လျူရှုထား တယ်။ သူကိုယ်တိုင်ကလည်း အလုပ်သမားဝန်ကြီးဌာနမှာ ကျွမ်းကျင်မှုလည်းမရှိဘူး။ သူကိုယ်တိုင်လည်း ဘာမှ မဖြေရှင်းပေးနိုင်ဘူး။ နောက်တချက်က အဲလို အချက်ပေါင်းများစွာထဲမှာပေါ့၊ ဒီအလုပ်သမား ဈေးကွက်ပေါ့နော်၊ မြန်မာရှိတဲ့ အလုပ်သမားဦးရေကလည်း ပိုပြီး တိုးပွားလာတယ်ဆိုတာလည်း ဒါအကြောင်းတချက်လို့ ပြောလို့ရပါ တယ်။ ဒါပေမယ့် ဒီတချက်တည်းကြောင့်တော့ မဟုတ်ဘူး။ အကြောင်း လေးငါးချက်ရှိတယ်။

သောတရှင်များခင်ဗျာ … အဲသလို အနိမ့်ဆုံး လုပ်ခနှုန်းထားကိုတောင် မရရှိကြတဲ့ အခုလိုအချိန်အခါမှာ အရွယ် ရောက်သူ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေတင် မကတော့ဘဲ အရွယ်မရောက်သေးတဲ့ မြန်မာကလေးငယ် တွေပါ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေအဖြစ် ၀င်ရောက်လုပ်ကိုင်နေကြတာကို တွေ့မြင်နေရပါတယ်။ ဒါ့အပြင် မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ တချို့မြန်မာကလေးငယ်တွေဟာ လိင်လုပ်ငန်းတွေမှာပါ ၀င်ရောက် လုပ်ကိုင်နေကြရတယ်လို့ ၀မ်းနည်းကြေကွဲဖွယ် ကြားသိရပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာကလေးအ လုပ်သမားတွေ အပါအ၀င် နိုင်ငံခြားသား ကလေးအလုပ်သမားပေါင်း (၃)သိန်းကျော် ရှိတယ်လို့ နိုင်ငံတကာ အ လုပ်သမားအဖွဲ့ (အိုင်အယ်လ်အို)က ခန့်မှန်းထားတာကို တင်ပြပြောဆိုရင်း အခုတပတ် အစီအစဉ်ကို ရပ်နား လိုက်ပါတယ်။

တွယ်ရာမဲ့ ဘ၀များ (၆)

ဒေါက်တာလွဏ်းဆွေ

(အသံ) လုပ်ခကတော့ သုံးနှစ်လေးနှစ်ရှိသွားပြီ သိပ်အဆင်မပြေတော့ဘူး။ တလ ငါးသောင်း ရအောင်တောင် အ သည်းအသန် လုပ်ရတယ်။ အရင်တုန်းကတော့ အဆင်ပြေတယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က တော်တော်လေး အ ဆင်ပြေတယ်။ တလကို တသိန်း၊ ခုနှစ်သောင်း၊ ရှစ်သောင်း၊ တသိန်းခွဲ အဲလိုအထိ ရခဲ့ဖူးတယ်။ အခု အဆင် မ ပြေတာဆို သုံးနှစ် လေးနှစ် လောက်တော့ ရှိသွားပြီ။

သောတရှင်များ အခုကြားခဲ့ရတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က သိုးမွေးစက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦးရဲ့ ပြောပြချက် ဖြစ်ပါတယ်၊၊ မဲဆောက်မှာ လုပ်ရတဲ့ အလုပ်တွေ အ ဆင်မပြေတော့တဲ့အကြောင်း သူ့ကိုယ်တွေ့ကို ပြောပြနေတာပါ၊၊

သူဟာ မွန်ပြည်နယ် ကျိုက်ထိုဒေသကဖြစ်ပြီး မဲဆောက်မှာ အလုပ်လာလုပ်တာ ၇နှစ်ရှိပါပြီ၊၊ ကျိုက်ထိုမှာ နေ တုန်းက မိသားစုစီးပွားရေး အဆင်မပြေတဲ့အတွက် လေးတန်းအထိပဲ ပညာသင်ကြားခဲ့ရပါတယ်၊၊ နောက်တော့ ကျောင်းကထွက်ပြီး ဈေးရောင်းတဲ့အလုပ်နဲ့ လက်မှုပညာအလုပ်တွေကို ကြုံရာကျပန်း လုပ်ကိုင်ခဲ့ရပါတယ်။ ဒါ ပေမယ့်လည်း ဘယ်လိုမှ အဆင်မပြေတော့လို့ အသက်(၂၇)နှစ်အရွယ်မှာ မိသားစုကိုခွဲခွာပြီး အိမ်နီးနားချင်း မိတ်ဆွေနဲ့ မဲဆောက်ကို လိုက်လာခဲ့ပါတယ်လို့ သူက ပြောပြပါတယ်၊၊

မဲဆောက်ကို ရောက်ခါစ ၂၀၀၀ခုနှစ်တုန်းက သူဟာ သိုးမွှေးစက်ရုံတရုံမှာ ထမင်းချက်အလုပ်ကို စလုပ်ခဲ့ရပါ တယ်၊၊ ၃ လလောက်ကြာမှ စက်ဆွဲအလုပ်ကို လုပ်ခွင့်ရခဲ့ပါတယ်။ အဲဒီတုန်းက တနေ့လုပ်ခ ဘတ်၅၀ရ ပါတယ်၊၊ တလကို မြန်မာငွေ တသောင်း၊ တသောင်းခွဲလောက်ရတဲ့အတွက် အဲဒီအချိန်တုန်းက ငွေလဲနှုန်းနဲ့ဆိုရင် မြန်မာ ပြည်မှာထက် အများကြီး အဆင်ပြေတယ်လို့ ဆိုပါတယ်။

(အသံ) တောရွာ ဆိုတော့ပေါ့နော်။ သမီးတယောက်တည်း လုပ်အားခရှိတယ်လေ။ ခြံတခြံ ၀ယ်ထားတယ်။ အခု အိမ်ကလေးပေါ့၊ မိသားစု အနေတော်လေးပေါ့၊ အိမ်တအိမ် ဆောက်ထားတယ်။ အိမ်မှာလည်း နည်းနည်း အ ဆင်ပြေလာတယ်ပေါ့။ ဒီကို မလာခင်တုန်းကတော့ ခြံတခြံပဲ ရှိတယ်။ ခြံက နည်းနည်းတော့ ဈေးနည်းတာပေါ့။ စီး ပွားက တအားကျသွားပြီလေ၊ တအားကျသွားတော့ ခြံတခြံပဲ ရှိတော့တယ်။

သောတရှင်များခင်ဗျာ …
ဒီသိုးမွေးစက်ရုံ အလုပ်သမလေးလိုပဲ စီးပွားရေး မပြေလည်တဲ့အတွက် မြန်မာနိုင်ငံသား အများအပြားဟာ ကိုယ့် ရပ်ရွာကို စွန့်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို နေ့တဓူဝ ၀င်လာမစဲ တသဲသဲ ဖြစ်နေပါတယ်၊၊ ထိုင်းနိုင်ငံထဲကို ၀င် ရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထဲမှာ မြန်မာပြည် အရှေ့ပိုင်း ဒေသတွေဖြစ် တဲ့ ရှမ်း၊ ကရင်၊ ကရင်နီ၊ မွန်၊ တနင်္သာရီ ဒေသတွေက လူတွေ အများစုဖြစ်ပြီး ရန်ကုန်နဲ့ အခြားအတွင်းပိုင်း ဒေ သက လူတွေအပြင် ဝေးလံသီခေါင်တဲ့ ရခိုင်လို ဒေသမျိုးက လူတွေပါ လာရောက် အလုပ်လုပ်ကြတာ တွေ့ရပါ တယ်။ မြန်မာပြည် အရှေ့ပိုင်းဒေသက ရွာတွေအများစုမှာဆိုရင် အရွယ်ရောက်သူ အကုန်လုံးနီးပါး ထိုင်းနိုင်ငံ ဘက်ကို သွားရောက် အလုပ်လုပ်ကိုင် နေကြတဲ့အတွက် ရွာတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ သာ ကျန်တော့တယ်လို့ ပြောပြကြပါတယ်၊၊

ထူးခြားတာကတော့ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထဲမှာ အမျိုးသမီးတွေက အများစုဖြစ်တာကို တွေ့ရပါတယ်။ အမျိုးသမီးတွေ ဖြစ်တဲ့အတွက် အလုပ်ခွင်မှာ ပိုပြီး အနှိမ်ခံ ရတာတွေ မတရား အခိုင်းခံရတာတွေ ရှိနေပါတယ်၊၊ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အလုပ်ခွင်ဘ၀နဲ့ ပတ်သက်ပြီး သိုးမွေးစက်ရုံအလုပ်သမလေးက သူ့ရဲ့ အတွေ့အကြုံကို ဒီလို ပြောပြပါတယ်၊၊

(အသံ) အရင်တုန်းကတော့ ရှိခဲ့တယ်။ ဒါဇင်ဈေးကလည်း တအားနည်းတယ်။ အိုတီကြေးကလည်း မပေးဘူး။ ၁၁ နာရီထိုးအထိ ခိုင်းတယ်။ တခါတလေကျရင် ၁၁နာရီ ၁၁နာရီ ၇ရက်တပတ်လုံး ခိုင်းတယ်။ အလုပ်နားချိန် သိပ်မရှိဘူးပေါ့နော်။ အရမ်းပင်ပန်းတယ်။ ဟင်းကလည်း မချက်စားနိုင်လို့ရှိရင် ၀ယ်စားရတာ ဒုက္ခရောက်တယ် လေ။ အလုပ်ရှင်ဘက်က လိုက်လျောတာ နည်းပါတယ်။ အခုဆို ဒါဇင်ဈေးက တအားနည်းလာတော့ စိတ်ညစ် တာလည်း ပါတာပေါ့။ နောက် ပတ်ဝန်းကျင် မသန့်ရှင်းတာတွေရော၊ အိမ်သာ မသန့်ရှင်းတာတွေရော၊ ထမင်း မ ကောင်းတာတွေရော အဲဒါတွေက အမျိုးမျိုး စိတ်ညစ်ရတယ်။ အခုလက်ရှိလုပ်တဲ့ ရုံမှာတော့ နည်းနည်း အဆင် ပြေပါတယ်။

နည်းနည်း အဆင်ပြေပါတယ်ဆိုတဲ့ လက်ရှိ သိုးမွေးစက်ရုံမှာလည်း မြန်မာအလုပ်သမားတွေဟာ အချိန်ပြည့် အ လုပ်လုပ်နေကြရတာပါ၊၊ အလုပ်က အချိန်ပြည့် လုပ်နေရတဲ့အတွက် အားလပ်ချိန်ရယ်လို့ မရှိကြပါဘူး၊၊ အလုပ် ခွင်ကနေ နားရတဲ့အချိန်မှာ နေထိုင်စားသောက်ရတာကလည်း ကျပ်ကျပ်တည်းတည်းပါပဲလို့ သူက ပြောပြပါ တယ်၊၊

(အသံ) ဒီကိုရောက်တဲ့ လူတွေကတော့ မြန်မာပြည်သား အချင်းချင်းဆိုတော့ ကိုယ့်မောင်နှမတွေလို နေကြတာ ပေါ့နော်။ ဒီလိုပဲ ပျော်ပျော်ပါးပါး နေလိုက်စားလိုက်ပေါ့။ အားလပ်ချိန်မှာ ကျတော့လည်း အားလပ်ချိန်ရယ်လို့ လည်း သိပ်မရှိပါဘူး။ အလုပ်က အမြဲတမ်း အချိန်ပြည့်လို လုပ်နေရတော့။ အားလပ်လို့ရှိရင် အ၀တ်လျှော်တယ်၊ ဒီ ဟင်းတွေ ဘာတွေ ချက်စားတာနဲ့ ဘာနဲ့ အားတယ်လို့ကို မရှိဘူး။ တီဗွီကြည့်တာ မရှိဘူး၊ ညဘက်ကျရင် ၉နာ ရီကျော်မှ အလုပ်ကလွှတ်တော့ တီဗီကြည့်ချိန်လည်း သိပ်မရှိဘူး၊ ဟင်းချက်ရတာနဲ့ ဘာနဲ့။ နေရေးထိုင်ရေးတဲ့ ဆီမှာတော့ ကုတင်ကတော့ နှစ်လုံးတွဲ နှစ်လုံးတွဲ အပေါ်နှစ်လုံး အောက်နှစ်လုံး ထားတယ်။ အခန်းလည်း နည်း နည်းတော့ သန့်ပါတယ်။ အဆောင်တဆောင်မှာ ကုတင် လေးတန်း လေးတန်းထားတယ်။ ဟောကြီးထဲမှာမှ အိပ် စင်လေးတွေပေါ့၊ နှစ်ခန်းတွဲ နှစ်ခန်းတွဲ လေးလုံးတတွဲ အဲဒီလိုမျိုး ထားတယ်။ အပေါ်နှစ်ယောက် အောက်နှစ် ယောက်၊ လမ်းလေး နည်းနည်းခြားတယ်။ နှစ်ယောက်အိပ်စာပေါ့။ ရေချိုးတာကတော့ ယောင်္ကျားလေး ကန်တော့ ထားတာပေါ့။ မိန်းကလေးက လူဦးရေများတော့ ဒီလိုပဲ ချိုးကြတာပဲ။ နေတာကတော့ တဆောင်စီပဲ။

သောတရှင်များခင်ဗျာ …
ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရဖို့အတွက် အလုပ်သမားတိုင်းဟာ အလုပ်သမား လက်မှတ်တွေ လုပ်ကြ ရပါတယ်။ အလုပ်သမား လက်မှတ်မရှိရင် အပြင်ထွက်တဲ့အခါ ပုလိပ်နဲ့တွေ့ရင် ဖမ်းဆီးတာကို ခံရပါတယ်။ ဒါပေ မယ့် ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လက်မှတ် ရှိသူတွေမှ အလုပ်သမားလက်မှတ် လုပ်ခွင့်ရတာပါ။ သူအနေနဲ့ ၂၀၀၄ခု နှစ်က လုပ်ထားတဲ့ နေထိုင်ခွင့်လက်မှတ်ရှိလို့ အလုပ်သမားလက်မှတ်ကိုပါ ဘတ် ၃၈၀၀အကုန်ခံပြီး လုပ်ထား တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အလုပ်သမားလက်မှတ် လုပ်တုန်းက စက်ရုံပိုင်ရှင်က တ၀က်စိုက်ထားတဲ့ အ တွက် ငွေမကြေသေးလို့ဆိုပြီး အလုပ်သမားလက်မှတ် အစစ်ကို စက်ရုံပိုင်ရှင်က သိမ်းထားပါတယ်။ အလုပ်သမား လက်မှတ်အတွက် လစဉ် လုပ်ခထဲကဖြတ်ပြီး သူတို့ကို မိတ္တူပဲ ပေးထားတယ်လို့ ဆိုပါတယ်။ အဲသလို အလုပ်သ မား လက်မှတ်လုပ်ထားပြီး လက်မှတ်အစစ်ကို ကိုင်ခွင့်မရတဲ့အတွက် ပုလိပ်ဖမ်းတာ နှစ်ခါခံရပုံကို သူက အခုလို ပြောပြပါတယ်။
(အသံ) ပထမတခါက ဘယ်လို အဖမ်းခံရတာလည်းဆိုတော့ ညဘက်ကြီး ပြေးတာက တခါ။ ည နှစ်ချက်ထိုးကြီး ပြေးရတယ်လေ။ ကားနဲ့ သူတို့ အကြိုအပို့ လုပ်ပေးတယ်။ အကြိုအပို့ လုပ်ပေးတော့ ကားနဲ့ပို့တဲ့အချိန်မှာ လမ်း မှာ မိသွားတာလေ။ လမ်းမှာမိသွားတော့ ပုလိပ်ရုံးမှာ တညအိပ်ရတယ်။ တညအိပ်ပြီးတော့ သူတို့ ထမင်းတော့ ကျွေးတာပေါ့။ နောက်နေ့ကျတော့ လက်ဗွေတွေဘာတွေ နှိပ်ပြီးတော့ မြ၀တီကို အသွန်ခံရတယ်။ နောက်တခါကျ တော့ စက်ရုံထဲမှာ တရုံလုံး မိသွားတာလေ။ တရုံလုံး မိသွားတော့ နေခင်းဘက်ကြီးပေါ့ နှစ်နာရီ ထိုးလောက်ပေါ့၊ နေခင်းကြီး နှစ်နာရီ ထိုးလောက်ကြီး မိသွားတော့ တနေ့နဲ့တညနဲ့ အိပ်ပြီးတော့ နောက်နေ့ တချက်ထိုးလောက် အသွန်ခံရတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့က သိုးမွှေးစက်ရုံမှာ လာရောက်အလုပ်လုပ် ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတဦးရဲ့ ဘ၀ အတွေ့အကြုံများ ဖြစ်ပါတယ်၊၊ သူဟာ မြန်မာနိုင်ငံအတွင်းမှာ ဘယ်လိုမှ စားသောက်နေထိုင်လို့ အဆင်မပြေတဲ့ အတွက် ကိုယ့်မိသားစု ကိုယ့်ရပ်ရွာ ကိုယ့်နိုင်ငံ ကိုယ့်အသိုင်းအ၀ိုင်းကို စွန့်ခွာပြီး သူတပါးနိုင်ငံမှာ ခက်ခဲကြမ်း တမ်းစွာ အလုပ်လုပ်ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတဦး ဖြစ်ပါတယ်ခင်ဗျာ၊၊

Wednesday, October 24, 2007

Bloody Day

Hungry for freedom

အနာဂတ်ရဲ. ပိုက်ဆံအသစ်








အန်တီစု ရဲ့ဆောင်းပါးများ
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးဆောင်းပါး(၂ )

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေး ဆောင်းပါး ဖြစ်တဲ့ ဒီတပုဒ်မှာတော့ လူမသိ သူမသိ ပေးဆပ်ရဲသူတွေကို မှတ်တမ်းတင်ဖို့ ရေးခဲ့တာ ဖြစ်မယ်ထင်ပါတယ်။ ခေါင်းဆောင်ကောင်း တယောက်ဖြစ်ဖို့ နောက်လိုက်ကောင်းတွေ လိုသလို ခေါင်းဆောင်ကောင်း ကလည်း အဲဒီ နောက်လိုက်ကောင်းတွေကို အသိအမှတ်ပြုပေးတယ်ဆိုတာ အင်မတန် မင်္ဂလာရှိတဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူအများစုကြီးကတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ဖြောင့်မတ်တည်ကြည်မှု ၊ ဥာဏ်ပညာကြီးမား ထက်မြက်မှု နဲ့အတူ ကျမတို့ နိုင်ငံကို ကမ္ဘာ့ အလယ်မှာ ဂုဏ်ယူဝင့်ထည်နိုင်အောင် ပြုလုပ်ပေးနိုင်မယ့် ခေါင်းဆောင်အဖြစ် ချစ်မြတ်နိုးစွာ လက်ခံထားပြီး ဖြစ်ပါတယ်။ ကျမတို့ ချစ်ခင်တဲ့ ပြည်သူ့ခေါင်းဆောင်ကလည်း တဖန်ပြန်လည် ပြီးတော့ သူ့ကို လေးစားတဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီအပေါ် တန်ဖိုးထားတတ်ပံ၊ု စည်းကမ်းရိုသေပုံ ၊သတ္တိရှိပုံ တွေကို တင်ပြထားတာ ဖြစ်ပါတယ်။

အခုဆောင်းပါးခေါင်းစဉ်ကို ပေးဆပ်ခြင်း လို့ အမည်တပ်ထားပါတယ်။


ပေးဆပ်ခြင်း

ကိုယ်ရဲ့ နာမည်ကိုလည်း လူမသိ၊ ကိုယ်ရဲ့လုပ်ရပ်တွေကိုလည်း ဘယ်သူမှ ဂရုမပြုမိဘဲ စွန့်လွတ် အနစ်နာခံသွားကြတဲ့ သူတွေရဲ့သတ္တိကိုတော့ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ လူတွေရဲ့အသိအမှတ် အပြုမခံရပဲ၊ သတင်းလောကရဲ့ သတိထား စောင့်ကြည့်မှု မခံရဘဲနဲ့ ပြသရဲတဲ့ ဒီလိုသတ္တိမျိုးဟာ ကျမတို့ အပေါ်လွှမ်းမိုးနေပြီး လေးစားဂုဏ်ယူတဲ့ စိတ်တွေ ပေါ်ပေါက်လာစေကာ လူသားတွေ ရဲ့ စွမ်းဆောင်နိုင်မှု အရည်အသွေးတွေအပေါ် ယုံကြည်မှုကို ပိုမိုခိုင်မာစေ ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးလက ကျမနေအိမ်မှာ အကျယ်ချုပ် ချခံနေရာကနေ လွတ်လာပြီးတဲ့နောက် ရက်သတ္တတပတ်ပြီး တပတ် ကုန်သွားတာနဲ့အမျှ ဒီလိုသတ္တိမျိုးကို ကျမတွေ့လာခဲ့ပါတယ်။

ကျမတို့ရဲ့ စနေ၊ တနင်္ဂနွေ လူထု ဆွေးနွေးပွဲကို ရဲရဲရင့်ရင့် လာနေကြတဲ့ ကျမတို့ကို ထောက်ခံ အားပေးသူတွေဟာ စစ်မှန်တဲ့ အင်းအားတွေဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေတဲ့ ပြယုဂ် တစ်ခုပါပဲ။ အဲဒီ အထဲမှာ ဆွေးနွေးပွဲကို တစ်ရက်တောင် မပြတ်ပဲ အမြဲလာပြီး ကျမတို့ရဲ့ စိတ်ထဲမှာလည်း မိသားစုသဖွယ်ဖြစ်နေတဲ့ သူတွေ ပါရှိနေပါတယ်။

ကျမတို့ မြတ်မြတ်နိုးနိုးနဲ့ ခေါ်နေတဲ့အမေဟာ ကျမရဲ့မိခင်ကြီးဘ၀ နောက်ဆုံး အချိန်တွေမှာထုံးခဲ့တဲ့ ဆံထုံးပုံစံအတိုင်း ဦးခေါင်းရဲ့ အပေါ်ပိုင်းလောက်မှာ ဆံထုံးထုံး ထားပါတယ်။ အမေရဲ့မျက်နှာမှာ ပူပင်သောက ကင်းတဲ့ အပြုံးကိုအမြဲတွေ့ရပြီး ပန်းသေးသေးလေး တွေကို ပန်လေ့ရှိပါတယ်။ သူဟာ နူးညံ့သိမ်မွေ့ပြီး အေးဆေးတဲ့ အဘရယ် ၀င်းပကြည်လင်နေတဲ့ မျက်နှာ ပိုင်ရှင် မြေးငယ်လေး တို့နဲ့ အတူ လာပါတယ်။ လေးဘက်လေးတန်မှာ စစ်ထောက်လှမ်းရေး ကင်မရာများရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့ ဒီမိုကရေစီ ယုံကြည်အသက်ဝင်ကာ သစ္စာစောင့် သိကြသော လူစုရဲ့အလယ်ခေါင်မှာ အမြဲရှိပါတယ်။ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင် တာတွေက မြန်မာပြည်ဒီမို ကရေစီ ထွန်းကားရေးအတွက် လုံးဝအလျော့ မပေးပဲ ထောက်ခံ အားပေးနေတယ် ဆိုတာကို ပြသနေပါတယ်။

အဲဒီလိုတုန်လှုပ်မှုမရှိပဲ ခိုင်ခိုင်မာ မာယုံကြည်ထားတဲ့သူတွေဟာ စနေ၊ တနင်္ဂ နွေနေ့မနက် စောစောဆိုရင် ကျမရဲ့နေအိမ် ရှေ့ကသူတို့ရဲ့ ထိုင်နေကျ နေရာလေးကို ရောက်လာကြပါတယ်။ သူတို့ဟာ ခြံစည်းရိုးရဲ့ မျက်နှာချင်းဆိုင်နေရာမှာ သတင်းစာ စာရွက်ကိုပဲဖြစ်ဖြစ် ပလပ်စတစ် အခင်းကို ဖြစ်ဖြစ် ခင်းထိုင်ကာ ပူပြင်းလှတဲ့နေရဲ့ အရှိန်ကနေ သက်သာရာ ရအောင် သစ်ပင်လေးရဲ့ သေးငယ်တဲ့ အရိပ်အောက်မှာ အရိပ်ခို ကြပါ တယ်။ မိုးကောင်းတဲ့ရက်တွေဆိုရင် သူတို့ တစ်တွေဟာ ခင်းထိုင်တဲ့ ပလပ်စတစ် အခင်းလေးကို အမိုးလုပ်ပြီး ဒလဟောရွာနေတဲ့ မိုးရေအောက်မှာ မလျော့သော စိတ်ဓါတ်တွေ နဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက် တွေနဲ့ ထိုင်နေကြပါ တယ်။

ဦးကြည်မောင်၊ ဦးတင်ဦးနဲ့ ကျမ တို့ ညနေလေးနာရီမှာ စကားပြောဖို့ ထွက် လာပြီဆိုရင် သူတို့ဟာ ခြံတံခါးရှေ့မှာ မြတ်နိုးတဲ့အပြုံးလေး တွေနဲ့ ကြိုဆိုနေပါတယ်။ သူတို့ဟာ ဒီမိုကရေစီရဲ့ အခြေခံများဖြစ်တဲ့ လွတ်လပ်စွာစည်းရုံးခွင့်၊ စုဝေးခွင့်၊ ဆန္ဒထုတ်ဖော် ပြသခွင့်တွေရဲ့ အရေးပါပုံကို ယုံကြည် လက်ခံလို့ ကျမတို့ရဲ့ လူထု ဆွေးနွေးပွဲကို လာကြတဲ့ ထောင်နဲ့ချီပြီး ရှိတဲ့သူတွေရဲ့ နှလုံး သည်းပွတ် ဖြစ်ပါတယ်။ သူတို့ဟာ ကျမပြောတာတွေကို သေသေချာချာ ဂရုစိုက် နားထောင် ပါတယ်။ ပြီးတော့ ချက်ကျလက်ကျနဲ့ ရယ်မောဖွယ်ရာတွေနဲ့ ပြန်လည် တုံ့ပြန်ကြပါ တယ်။ အချိန်တွေ ကြာလာတာနှင့်အမျှ နိုင်ငံခြားသား တွေ သတင်းထောက်တွေက ကျမ ရဲ့ ပရိတ်သတ်တွေထဲမှာ တကယ့်ကို ယဉ် ယဉ်ကျေးကျေး ရှိတာတွေ စိတ်ကောင်း စိတ်မြတ်ရှိ ကြတာတွေကို မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ကျမတို့ရဲ့ လူထုဆွေးနွေးပွဲဟာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့အဓိက အားပြုပြီး ပြောတဲ့ အကြောင်းအရာ ဟာလည်း နိုင်ငံရေး အကြောင်း ပဲဖြစ်ပါတယ်။ ကျမတို့တစ်တွေ ပြည်သူ တွေဆီက လာတဲ့ လက်ရှိဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေတွေ နဲ့ ပတ်သက်တဲ့ စာတွေကို ဖြေကြားပေးရပါတယ်။ ကျမတို့တစ်တွေ နိုင်ငံတကာမှာ နောက်ဆုံးဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးကြပါတယ်။ ကျမတို့တစ်တွေ ကမ္ဘာကြီးရဲ့ နေရာအသီးသီးမှာ ဖြစ်ပျက်နေတဲ့ လွတ်လပ်ခွင့်၊ တရားမျတမှုနှင့် လူ့အခွင့်အရေး အခြေအနေ တွေနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာတွေကိုလည်း ပြောဆိုကြပါ တယ်။ ကျမတို့တစ်တွေ တိုင်းပြည်ရဲ့ တိုးတက်မှု၊ အဆင်ပြေချောမွေ့မှုတွေကို ထိခိုက် စေနိုင်တဲ့ မူဝါဒတွေ အစီအစဉ်တွေကို ဝေဖန် ကြပါတယ်။ ကျမတို့တစ်တွေ သမိုင်းကိုလည်း ပြန်ပြောင်းလေ့လာကြပါတယ်။

ကျမတို့သုံးယောက်ဟာ တစ်ယောက်စီအလိုက် ကိုယ်အဓိကအထူးပြု ပြောဆိုရမယ့် အကြောင်းအရာ တွေကို ပြောဆိုကြပါတယ်။ တစ်ခါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ၀န်ကြီးလည်း ဖြစ်ခဲ့၊ ရဟန်းအဖြစ်နဲ့ နှစ်ဝါလည်းရခဲ့၊ ဥပဒေပညာ ဘွဲ့ကိုရထားတဲ့ ဦးတင်ဦးက တပ်မတော်နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ဥပဒေရေးရာ တွေကို ပြောဆိုပါတယ်။ သူဟာ နိုင်ငံရေးနဲ့ အမှန်တရားတွေကို ဗုဒ္ဓဟောကြားဆုံးမခဲ့တဲ့ ဇာတကတွေ၊ နိပါတ်တွေနဲ့ ခိုင်နှိုင်းပြီး သရုပ်ပေါ်အောင် ပြောနိုင်တဲ့ သူဖြစ်ပါတယ်။ အာဏာပိုင်တွေက အန်န်အယ်လ်ဒီ အပေါ် ပြုမူတဲ့ အရာတွေကို ဥပဒေ ရှုထောင့် ကနေ ရှုမြင်သုံးသပ် ပြပါတယ်။ အဲဒီလိုပြောတဲ့ အချိန်မှာ အမိန့်ပေးသလို အားနဲ့ မာန်နဲ့ ပြတ်ပြတ်သားသား ပြောတတ်တဲ့ အတွက် မိုက်ကလိုဖုန်းတောင် မလိုပါဘူး။ သူနဲ့သိပ်ပြီးမရင်းနှီးတဲ့ ပရိသတ်တွေတောင် သူ့ရဲ့စကားတွေကို ကြားရုံနဲ့တင် ရိုးသား ဖြောင့်မတ်မှုကို အလွယ်တကူ တွေ့မြင်နိုင် ပါတယ်။

ဦးကြည်မောင်ကတော့ စီးပွားရေး၊ သမိုင်းနဲ့ ပညာရေး ဆိုင်ရာအကြောင်းတွေကို အဓိကထားပြီး ရယ်မော စရာတွေကို ကောင်းကောင်း ပြောတတ်တဲ့သူ ဖြစ်ပါတယ်။ ကျမနေအိမ်ရဲ့ မျက်နှာချင်း ဆိုင်လမ်းရဲ့ ဟိုဖက်ခြမ်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အမြဲတမ်း စောင့်ကြည့်နေတဲ့ နေရာရှိပါတယ်။

ကျမတို့ရဲ့ လူထုဆွေးနွေးပွဲပြု လုပ်နေတဲ့ အချိန်မှာဆိုရင် ဗွီဒီယိုရိုက်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ခြံစည်းရိုးမှာ ကင်မရာထောင်ပြီး အကုန်လုံးကို မှတ်တမ်းတင်ပါတယ်။ အဲဒီလို ဗွီဒီယိုရိုက်တဲ့အဖွဲ့ရဲ့ အနားပတ်ပတ်လည်မှာ စစ်ထောက်လှမ်းရေးတွေနဲ့ တခြားလုံခြုံရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေရှိပါတယ်။ သူတို့ဟာ ကျမ ပြောတာတွေကို သေသေချာချာ နားထောင်ပါတယ်။ တစ်ခါတစ်လေမှာ ဦးကြည်မောင် ပြောတဲ့ ဟာသတွေကို အားရပါးရ ရယ်ကြပါ တယ်။ သူတို့ရဲ့ မျက်နှာမှာ သွားတွေအဖွေး သား ပေါ်နေတာကို ကျမတို့ တွေ့ရလို့ပါပဲ။

(တချို့ဟာသတွေမှာ သူတို့တစ် တွေကို တိုက်ရိုက်ရည်ညွှန်းပြီး ပြောတာတွေ ဖြစ်ပါတယ်။) သူမကြာမကြာ ပြောလေ့ရှိတဲ့ မြေးငယ်လေး ပုံပြင်ဟာ စစ်ထောက်လှမ်းရေး တစ်ဦးနဲ့အလွန်တူပြီး အတော် လူကြိုက်များပါတယ်။

ကျမကတော့ ပရိသတ်တွေထဲက လာတဲ့ စာတွေကို ပြန်လည် ဖြေကြားပေးပြီး မြန်မာနိုင်ငံရဲ့ အတိတ်ကာလ နိုင်ငံရေး လှုပ်ရှားမှုတွေ ကမ္ဘာပေါ်ရှိ ကမ္ဘာနေရာ တွေက နိုင်ငံရေးလှုပ်ရှားမှုအကြောင်းကို ပြောဆိုဆွေးနွေး ပါတယ်။ မကြာခဏဆိုသလိုပဲ ကျမဟာ မတရားတဲ့ အမိန့်တွေနဲ့ ပတ်သတ်ပြီး ပြန်လည်မေးခွန်းထုတ်တဲ့ အကျင့်ရအောင် ပြုစုပျိုးထောင်ဖို့ ကြီးမားတဲ့ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခံ ရပ်တည်ဖို့ စည်းလုံးညီညွှတ်မှုရှိဖို့လိုတဲ့ အကြောင်းတွေကို ပြောလေ့ရှိ ပါတယ်။ ကျမ ခဏခဏ အပြောဆုံး အကြောင်းအရာ ကတော့ ကျမတစ်ဦး တစ်ယောက်တည်းနဲ့ ဒါမှမဟုတ် အန်န်အယ်လဒီ တစ်ဖွဲ့တည်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရနိုင်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ ဒီလှုပ်ရှားမှုကြီးထဲမှာ ပါဝင်သင့်ပါတယ်။ ဒီမိုကရေစီမှာ အခွင့်အရေး တွေရှိသလို တာဝန်တွေလည်း အများကြီး ရှိပါတယ်။

တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်တဲ့ လူထုဆွေးနွေးပွဲကို တစ်နှစ်ကျော် ကြာစေခဲ့တာက ယုံကြည်ချက် ခိုင်မာတဲ့ ကျမတို့ ပရိတ်သတ်ရဲ့ အင်အားနဲ့ စိတ်ဆန္ဒတွေ ကြောင့်ပါပဲ။ အဲဒီကာလတုန်းက အာဏာပိုင်တွေ လူထုကို ခြိမ်းခြောက်မှုတွေ ပြုလုပ်လာလေ လူထုက သွေးစည်း ညီညွှတ်တာကို ပြတဲ့အနေနဲ့ ပိုပြီးလာလေပါပဲ။ အာဏာပိုင် တွေက လူထုဆွေးနွေးပွဲတွေ မပြုလုပ်စေချင်လို့ ကျမအိမ်ကို လာတဲ့ လမ်းကိုပိတ်ထားတာတောင် ပြည်သူတွေက သူတို့ အနီးဆုံး လာလို့ရတဲ့ နေရာအထိလာပြီး သူတို့ဟာ လွတ်လပ်စွာ စုဝေးခွင့်ဆိုတဲ့ အခွင့်အရေး အတွက် ဆက်လက်တိုက်ပွဲဝင် ရုန်းကန်းသွားမယ် ဆိုတာကို ကမ္ဘာက သိအောင် ပြသနေပါ တယ်။

အန်တီစုရဲ့ ဆောင်းပါးများ
ငြိမ်းချမ်ရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ဆောင်းပါး(၃)

ကျမတို့ ပြည်သူတွေကြားထဲမှာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် တိုင်ပြည်ဆင်းရဲရတယ် ဆိုတဲ့ စစ်အုပ်စုရဲ့ ၀ါဒဖြန့်မှုကို ရိုးသားစွာ ယုံကြည်ခဲ့ကြတယ်။ လက်တွေ့မှာလည်း စီးပွားရေး ပိတ်ဆို့လိုက်လို့ စက်ရုံတွေ ပိတ်လိုက်ရတာ၊ အထည်စက်ရုံတွေက အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတာ၊ တချို့ဆို မကောင်းတဲ့ အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်တွေထဲ ရောက်သွားရတာ စသဖြင့် တွေ့နေကြရတာဆိုတော့ စိတ်မကောင်းစွာ ခံစားရင်း ဒါဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့်ဆိုတဲ့ အမြင်ပိုခိုင်မာလာကြပါတယ်။

တကယ်တော့ စီးပွားရေး ပိတ်ဆို့မှုမစတင်စဉ် ကတည်းက မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ဖြစ်နေခဲ့ပါပြီ။ ဥရောပ ၊ အမေရိကန် စီးပွားရေး ပိတ်ဆို့ပေမဲ့ အရှေ့တောင်အာရှ အာစီယံနိုင်ငံတွေက မပိတ်ဆို့ပါဘူး၊ ကျမတို့နိုင်ငံရဲ့ သယံဇာတ အရင်းအမြစ်တွေ ရောင်းချရငွေတွေကို ပြည်သူ့အကျိုး မှန်မှန်ကန်ကန် အသုံးချမယ်ဆို နိုင်ငံရော ပြည်သူတွေပါ ခုလို ဆင်းရဲ မွဲတေနေမှာ မဟုတ်ပါဘူး။

အခု ရခိုင်ကမ်းရိုးတန်းမှာ တွေ့ရှိနေရတဲ့ အိမ်နီးချင်းတရုပ်၊ ထိုင်း၊ အန္ဒိယတို့ အလုအယက်ဝယ်နေရတဲ့ ဓါတ်ငွေ့သိုက်တွေရဲ့ ပမာဏဟာ ကမ္ဘာမှာ စတုတ္ထအကြီးဆုံး၊ အာရှမှာ အကြီးမားဆုံး သဘာဝဓါတ်ငွေ့သိုက်တွေပါ။ စင်္ကာပူလို၊ ဟောင်ကောင်လို တနိုင်ငံလုံး (ဖွံ့ဖြိုးပြီးနိုင်ငံလို) တနေ့လုံး ထိန်ထိန်ညီး မီးမပြတ်ပေးထားပြီး စက်ရုံအလုပ်ရုံတွေမှာ သုံးဖို့လျှပ်စစ်ဓါတ်အား အပြည့်အ၀ ပေးခဲ့ရင်တောင် နှစ် ၆၀ အပြည့်အ၀ သုံးနိုင်မယ့် ဓါတ်ငွေ့သိုက်လိုမျိုး ဓါတ်ငွေ့သိုက် ၄ ခုတိတိ ကျမတို့ နိုင်ငံ ပိုင်ဆိုင်ထားပါတယ်။

ပြီးတော့ စီးပွားရေးပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ရင် ပိတ်ဆို့ထားမှုတွေ ရပ်တန့်သွားမယ်လို့ ကျေညာထားပြီးဖြစ်ပါတယ်။ တကယ် တိုင်းပြည်နဲ့ တကွ ကိုယ့်ပြည်သူတွေကို ချစ်တယ်၊ စီးပွားရေးပိတ်ဆို့တာကို ရပ်တန့်စေချင်ရင် စတင်အကောင်အထည် ဖော်ပြရမှာက စစ်အုပ်စုပဲဖြစ်ပါတယ်။

အခု စီးပွားရေးပိတ်ဆို့မှုတွေ အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားကို ထင်ဟပ်ပေါ်လွင်စေမယ့် အန်တီကိုယ်တိုင်ရေး ဆောင်းပါးလေးကို တင်ပြလိုက်ပါတယ်။



အောင်မြင်သောဈေးကွက်စီးပွားရေးစနစ်ဆီသို့ ဦးတည်စေမည့် အဓိက စီးပွားရေး သော့ချက်များ



မကြာသေးမီ သတင်းပါတ်တွေ အတွင်း သတင်းစာဆရာ အများကမေးလာ ကြတဲ့အကြောင်းတစ်ရပ်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စီးပွားရေးမူဝါဒတွေ အကြောင်းပါပဲ။ တစ်ယောက်နှစ်ယောက်က ဆိုရင် ကျမတို့အနေနဲ့ ဈေးကွက် စီးပွားရေးစနစ် ဆိုတာကို အယုံအကြည်ရော ရှိရဲ့လား လို့ မေးမြန်းခဲ့ကြပါတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်တွေအကြောင်း သိရှိသူ နိုင်ငံခြားသားအနည်း အကျဉ်းပဲရှိ မယ်ဆိုတာ တွက်လို့ရနိုင်ပါတယ်။ ဒီကြေညာချက်ကို အင်္ဂလိပ်လို ဘာသာပြန်ထားတာ လည်းမရှိတဲ့ အတွက် ကြေညာချက် ရှိခဲ့ကြောင်းသိတဲ့ နိုင်ငံခြားသားတွေ အတွက်တောင် ကြေညာချက် ထဲမှာ ဘာတွေပါလဲ ဆိုတာကို အတိအကျသိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် လောလော ဆယ် အားဖြင့်တော့ သတင်းလောကက သိချင်နေတာတွေလဲ ပြောကြားသွားပြီး ဖြစ်အောင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးမူဝါဒနဲ့ ပါတ် သတ်ပြီး အချက် (၁၁) ချက်နဲ့ သဘောထား ကြေညာစာတမ်း ထုတ်ပြန်ထားခဲ့တာကို ပြန်ပြီးဖော်ပြလိုပါတယ်။ အဲဒါတွေကတော့-

(က) ကုန်ဈေးနှုန်း၊ ငွေကြေးနဲ့ အလုပ်အကိုင် များ တည်ငြိမ်မှုကို ဦးစားပေး ဆောင်ရွက်ရမယ်။ ပြည်တွင်းငွေကြေးကို ပြည်သူအများက ယုံကြည်စိတ်ချ အောင် ဆောင်ရွက်မည်။
(ခ) သင့်တင့်လျောက်ပတ်သော ဘဏ္ဍာရေး မူဝါဒနှင့် ငွေကြေးမူဝါဒတို့ကို ချမှတ်၍ အစိုးရ ဘတ်ဂျတ်ကို ပိုင်နိုင်စွာ ကွပ်ကဲဆောင်ရွက် မည်။
(ဂ) မြန်မာငွေနှင့် နိုင်ငံခြားငွေများ လဲလှယ် ရေးနှုန်းကို ပြန်လည်သုံးသပ်၍ လိုအပ်သလို ပြင်ဆင်သွားပါမည်။
(ဃ) အားဖြည့်လောင်စာ၊ ပို့ဆောင်ရေး ယာဉ်၊ ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် အထောက်အကူပြုမည့် ပစ္စည်းများကို ဦးစား ပေးသွင်းကုန်များ အဖြစ် တင်သွင်း မည်။
(င)နိုင်ငံခြားပို့ကုန်အမျိုးအစား စုံအောင်ကြိုးပမ်းမည်။
(စ)နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဆထက်ထမ်းပိုး တိုးပွား လာစေရန် အလို့ငှာ နိုင်ငံခြားရင်းနှီး မြုပ်နှံမှု ဥပဒေကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ပေး မည်။
(ဆ)နိုင်ငံခြားကြွေးမြီများ လျော့ပါးရေးနှင့် အကူအညီများထပ်မံရရှိရေးကို ကြိုးပမ်းမည်။
(ဇ)စီးပွားရေးလုပ်ငန်းတို့ကို ချုပ်ချယ်ထား သော ဥပဒေများ၊ အမိန့်များ၊ စည်းမျဉ်းများ နှင့် တခြားကန့်သတ်ကွပ်ကဲမှုတို့ကို ပြန် လည်သုံးသပ်၍ ပြင်ဆင်တန်ပြင်ဆင်၊ ဖျက် သိမ်း တန်ဖျက်သိမ်း ဆောင်ရွက်မည်။
(ဈ) ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိအောင် လက်ရှိအခွန် စနစ် အရပ်ရပ် ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်မည်။
(ည) စီးပွားရေးအစိတ်အပိုင်း အသီးသီးသည် ဈေးကွက် စီးပွားရေးကို တင်းပြည့် ကျပ်ပြည့် အခြေခံကြရမည်။ အထူးသဖြင့် ပုဂ္ဂလိကပိုင်စီးပွားရေး ကို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် အားပေးမည်။
(ဍ) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပိုမို တိုးတက်အားပေးသွားပြီး အဆင်ပြေ ချောမွေ့ပြေပြစ်အောင် ဆောင်ရွက်မည်။

စီးပွားရေးဆိုင်ရာ ရည်မှန်းချက် တွေကို ဒီလိုချပြလိုက်ဖို့က လွယ်ပါတယ်။ လုပ်ငန်းစဉ်တွေကို ဘယ်လိုအကောင်အထည် ဖော်ယူနိုင်မလဲ ဆိုတာဘဲ မေးစရာ ပြဿနာ တစ်ခုပါ။ အဲဒီမှာ UNDP ကုလသမဂ္ဂဖွံ့ဖြိုး ရေးအစီအစဉ်ကို မြန်မာ့စီးပွားရေးနဲ့ ပတ်သတ်ပြီး အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ဟားဗတ်စ်တက္ကသိုလ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနရဲ့ သုတေသနပညာရှင် ဒေါက်တာဒေးဗစ်ဒါပိစ်ရဲ့ အယူအဆတွေ ဟာ NLD ရဲ့ သဘောထားတွေနဲ့ အတော် ဆင်တူတာကို သွားတွေ့ရပါတယ်။

Prospects for Sustainable Growth in Myanmar ဆိုတဲ့စာတမ်းမှာ ဒေါက်တာ ဒါပိစ် က စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဆိုတာဟာ အတိုးနှုန်း တွေ သတ်မှတ်ယုံ၊ ငွေကြေးလဲလှယ် နှုန်းတွေ သတ်မှတ်လိုက်ယုံတင်မကပါ ဘူး။ ဒီမူဝါဒတွေဟာ ဘယ်ဆီကို ဦးတည်နေသလဲ ဆိုတာနဲ့အတူ အားကိုး အားထားပြုနိုင် လောက်အောင် ခိုင်ခိုင်မာမာရှိမှု၊ အယုံအကြည်ရှိမှု၊ ဒီအချက်တွေ ခြုံငုံပြီး ပါဝင်ရမှာဖြစ် တဲ့အပြင် လုပ်ငန်းစဉ်တိုင်း လိုလိုဟာ မှန်ကန်တဲ့ ဦးတည်မှု လမ်းကြောင်းမှာ ရှိနေမှာဖြစ်တယ်လို့ သုံးသပ် တင်ပြထား ပါတယ်။ အားကိုးအားထား ပြုနိုင်လောက်အောင် ခိုင်ခိုင် မာမာရှိမှုနဲ့ အယုံအကြည် ရယူနိုင်မှုဆို တာဟာ ကောင်းမွန်တဲ့ စီးပွားရေး လုပ်ငန်းတိုင်း အတွက် အခြေခံပါတယ်။ ဒါကြောင့် အောင် မြင်တဲ့ဈေးကွက် စီးပွားရေးလုပ်ငန်းစဉ် တစ်ရပ်ကို တည်ဆောက်ဖို့ လိုတယ်ဆိုရင် ဒီအချက် ကိုပဲ ပထမဆုံး အခြေခံထူထောင် သွားရမှာ ဖြစ်ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရေး အပါဆုံးဟာ ဥပဒေစိုးမိုးမှု အပေါ်မှာ အခြေခံအဖြစ် တည်ဘို့ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယုံကြည်ထားတာ ဟာလဲ ဒီအကြောင်းကြောင့် ဖြစ်ပါတယ်။ ဒေါက်တာဒါပိစ်ရဲ့ ရေးသားချက် တွေကိုထပ်ပြီး ကိုးကား ဖော်ပြရမည်ဆိုရင် အရေးပါပြီး ပြန်လည်ပြုပြင်ရန် ခက်သည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး ပြဿနာ များဆိုပြီး သူက မြန်မာနိုင်ငံ အတွင်း ဖြစ်နေတဲ့ အခြေအနေတွေကို ပြန်လည် ပြောင်းလဲ ယူနိုင်ရေးအတွက် ထိရောက်မှုရှိတဲ့ ဥပဒေ စနစ်တစ်ရပ်နဲ့ အတူ ပြည်သူလူထုက ဘဏ်တွေ မှာ ငွေတွေထည့်ဝင် စုဆောင်းရဲလာအောင် အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတွေလုပ်ရဲ လာအောင် ယုံကြည်မှုတွေ ဖြစ်စေမယ့် မူဝါဒတွေ နှင့် လုပ်ငန်းဌာနတွေ ထူထောင်ပေးဖို့လဲ လိုအပ်တယ်လို့ ရေးသား ထားတာကို တွေ့ ရပါတယ်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတွေ အပေါ် ဘယ်လို သဘောထားရှိသလဲ လို့ ကျမကို မေးလာကြတဲ့ အခါမှာတော့ ဒီအချိန်ဟာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ အချိန် မဟုတ်သေးဘူးလို့ဘဲ ပြောကြားခဲ့ ပါတယ်။ ဒါဆိုရင် အခုရင်းနှီး မြုပ်နှံကြစို့ဆိုတဲ့အစား တခြား မည်သည့် နည်းလမ်းများ ရှိလဲလို့ပြန်လည် မေးခွန်း ထုတ်လာကြသူတွေ ကိုတော့ အနာဂတ် ရေးအတွက် ရင်းနှီးမြုပ်နှံရေး ဖြစ်တယ်လို့ ကျမ ဖြေခဲ့ပါတယ်။ သဘောကတော့ ကိုယ်ကျိုး တစ်ခုတည်း ကြည့်မယ် ဆိုရင်တောင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အတွက် အရင်းအနှီး စိုက်ထုတ် ပေးကြပါလို့ ဆိုလိုတာပါ။ ဒီမိုကရေစီစနစ် ထွန်းကားလာတဲ့မြန်မာ နိုင်ငံဟာ စီးပွားရေး အရ နိုးကြားတက်ကြွပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံ လဲ ဖြစ်မှာ အမှန်ပါဘဲ။

(အောင်ဆန်းစုကြည်)
မခင်မင်းဇော်ထံမှ ကူးယူးထားပါသည်။
ခွင်.ပြုမယ်လို.ထင်ပါသည်။

မြန်မာနိုင်ငံအတွက် စိတ်ရှည်ရန် လိုအပ်သည်

နိုင်ငံခြား ဧည့်သည်များနှင့် သတင်းစာဆရာများက ယနေ့ မြန်မာနိုင်ငံ၌ ကြုံတွေ့ရင်ဆိုင်နေရ သည့် “ရှေ့မတိုးသာ နောက်မဆုတ်သာ”နိုင်ငံရေးကိစ္စနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် မည်သို့ သဘောထားသနည်း ဟု မကြာခဏ မေးမြန်းလေ့ ရှိကြသည်။ ထွက်ပေါက် ပိတ်နေသော အခြေအနေ မဟုတ်သဖြင့် “ရှေ့မတိုး သာနောက်မဆုတ်သာ” ဟူ၍ မရှု့မြင်မသုံး သပ်သင့်ကြောင်း ကျမ ပြန်လည်ရှင်းပြခဲ့ရ သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ပြုလုပ်နေသော်ငြားလည်း ပြင်ပဆန်းစစ် လေ့လာသူများ အနေဖြင့် လုံးဝ ဥဿုံ သိရှိနားလည်နိုင်မည် မဟုတ်ဟု လည်း ဖြည့်စွက် ပြောကြားခဲ့ရသည်။ တနည်းပြောရလျှင် နိုင်ငံရေးစကားဝိုင်း၏ သမာဓိစွမ်းအား ဟူသည် ဟာဒယရွှင်ဆေး တရပ်တော့ မဟုတ်ပေ။ ကျမတို့၏ အဓိကရည်ရွယ်ချက်သည် ကျမတို့နိုင်ငံ၏ အဓိက နိုင်ငံရေး အင်အားစုများ လက်ခံနိုင်လောက်သည့် နိုင်ငံရေးဆန်သော ဖြေရှင်းမှု တရပ်ပင်။ ထို့ကြောင့် ထွက်ပေါက် ပိတ်အောင် ပြုမူဆောင်ရွက်ခြင်း မည်သည် ပဲ့ကိုင်တယောက်၏ လက်ကို ရိုက်ချိုးပစ်ခြင်း သို့တည်းမဟုတ် အသက်ရှင် ရပ်တည်ခွင့်မပေးခြင်းဟု ပြန်ဆိုနိုင်ပေမည်။ ဤနည်းဖြင့် ငြိမ်းချမ်းရေးလမ်းစကို မဖေါ်ထုတ်နိုင်ရာ။ နအဖ (န၀တ)မှ ကျမတို့၏ အမြင်ရှုထောင့်ကို လက်မခံနိုင်သည်က အချက်တချက်။ စစ်အုပ်စုအဖွဲ့ဝင်များ ထုတ်ပြန်သည့် ကြေငြာချက်များ အရ သူတို့ပြောဆိုနေသော ငြိမ်းချမ်းရေးဟူသည် ဒီမိုကရေစီ အတိုက်အခံများ ကွယ်ပျောက်သွား စေရေး ဖြစ်နေသည်။ ကျမတို့ကို ဤကဲ့သို့ ချောင်ပိတ်ထားခြင်းအားဖြင့် ရရှိလာသည်ကတော့ အဖြေနတ္တိ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထံ ဦးတည်ပစ်မှတ်ထားသော စစ်အုပ်စု၏ သရုပ်သကန်သည် ဘေဆောရပ်(စ်) အဘိဓာန် က အနက်အဓိပ္ပါယ် ဖွင့်ဆိုထားသော အပြီးသတ် သုတ်သင်ချေမှုန်းမှု၊ အမှုန့်ကြိတ်ချေခြင်းနှင့် ပွဲသိမ်း ဖျာလိပ်ခြင်း တို့နှင့် ထပ်တူထပ်မျှပင်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ နှင့် အဖွဲ့ချုပ် ထောက်ခံသူတို့ သည် နအဖစစ်အုပ်စု၏ အကြမ်းပတမ်းခေါ်ယူ စစ်ဆေးခြင်းကိုခံရ၊ မတရာဖမ်းဆီး ချုပ်နှောင်ခြင်း ထောင်ချခြင်း များကို နေ့စဉ်နှင့်အမျှ ခံနေကြရသည်။ ထို့ပြင် စစ်အာဏာပိုင်တို့သည် အစည်းအဝေးများကိုကျင်းပပြီး လူထုကို အဓမ္မ တက်ရောက်ခိုင်းခြင်း၊ ရွေးချယ်တင် မြှောက်ခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှုတ်ထွက်ပေးရန် အဓမ္မ တောင်းဆိုခိုင်းခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဖျက်သိမ်းပေးရန် တောင်းဆို ခိုင်းခြင်း များ ပြုလုပ်နေကြသည်။

ထို့အပြင်စစ်အုပ်စု ကြိုးကိုင်ထားသော သတင်းစာ၊ ရေဒီယိုများမှလည်း ကျမတို့ပါတီ ကိုယ်စားလှယ်များ နှုတ်ထွက် နေကြကြောင်း နေ့စဉ်နှင့်အမျှ ရေးသားထုတ်လွှင့် နေကြသည်။ မြောက်များစွာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များသည် အဖွဲ့ချုပ်မှ ရာသက်ပန် နှုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးရန် အဓမ္မ အမိန့်ပေး စေခိုင်းခြင်းကို ခံကြရသည်။ စစ်အုပ်စု၏ ဥပါဒါန်အစွဲ ဖြစ်နေသော ကျမတို့ အမျိုးသား ဒီမိုကရစီ အဖွဲ့ချုပ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားမှုသည် ကျမတို့၏ ယုံကြည်မှုသံန္နိဌာန်ကို ပိုမိုအား ကောင်းလာစေသည်။ အကြမ်းမဖက်သည့် နိုင်ငံရေး လှုပ်ရှားမှုများသည်သာ ကျန်းမာသန်စွမ်းသော ဒီမိုကရစီ နိုင်ငံအခြေခံအုတ် မြစ်ချပေးနိုင်မည်ဟု ကျမတို့ နှစ်နှစ်ကာကာ ယုံကြည်ပြီး ထိုကဲ့သို့သာ လှုပ်ရှား ဆောင်ရွက်မည်ဟု စိတ်ပိုင်းဖြတ် ထားခဲ့ပြီး ဖြစ်သည်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အမျိုးသားရေး ပြဿနာများကို ပြေ လည်အောင် ဖြေရှင်းနိုင်လိမ့်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ယုံကြည်သည်။ ကျိုးကြောင်းခိုင်လုံသော သဘောတူညီချက်များကို လက်ခံရန် ကျမတို့ အဆင်သင့် ဖြစ်နေသည်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆီ သို့ ဦးတည်သောဘောင် သက်မှတ်ချက်များအတွက် ကျမတို့ လက်ခံရန် အသင့်ဖြစ် နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ သို့ ရာတွင် စစ်အုပ်စုဖက် ကမူ တုပ်တုပ်မျှမလှုပ်ခဲ့ပေ။ ၁၉၈၈ခုနှစ် စစ်အုပ်စုမှ အာဏာသိမ်း ပြီးနောက်ပိုင်း ဒီမိုကရေစီ လှုပ်ရှားမှု (၁၂) နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ စီပွားရေး၊ လူမှုရေးကိစ္စ အ၀၀သည် ဆထက် ထမ်းပိုး ဆိုးရွား၍သာ နေတော့သည်။ စစ်အုပ်စုအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းများ၊ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့သော် လည်း ကျန်းမာသန်စွမ်းသည့် လူ့အဖွဲအစည်းတရပ် ပေါ်ထွန်းလာစေနိုင်သည့် အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ် များကို မဖော်ဆောင်နိုင်ခဲ့ပေ။

အမှန်တကယ်၌မူ ခေတ်နှင့်ဆီ လျော်သော စီးပွားရေး ပေါ်လစီများကို မဖော်ဆောင်နိုင်ခဲ့၍ တိုင်းပြည်သည်စီးပွားရေးရွှံ့နွံ၊ လူမှုရေး ရွှံ့နွံများထဲ နစ်မွန်းနေရတော့သည်။ ယမန်နှစ် ကမ္ဘာဘဏ်၏ အစီရင်ခံစာအရ သော်လည်းကောင်း၊ မကြာသေးမီက ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ၊ ကမ္ဘာကျန်းမာရေးအဖွဲ့တို့၏ သုတေသနပြု ချက်များအရလည်းကောင်း ကျမတို့၏ အဓိက ပြဿနာအခြေမြစ် သည် ကောင်းမွန်သော အစိုးရစနစ် ချို့တဲ့ခြင်းအပေါ် မူတည်သည်ဟု သိရသည်။ မူယစ်ဆေးဝါး ထုတ်လုပ်မှု ကိစ္စအတွက် စိုးရိမ်နေကြသူများ၊ မူးယစ်ဆေးဝါး မှောင်ခိုမှုကိစ္စအတွက်စိုးရိမ်နေကြသူများ၊ အိတ်(ခ်ျ )အိုင်ဗွီ ပျံ့ပွားမှုကိစ္စ အတွက်၊ နိုင်ငံရေးဒုက္ခသည် ကိစ္စအတွက်၊ တရားမ၀င် အလုပ်သမားများ ကိစ္စအတွက်၊ လူသား လိုအပ်ချက်များနှင့် အခြားပြဿနာများ အတွက် စိုးရိမ်ပူပန်နေကြသူများ အားလုံး အထက်ပါ အချက် မှန်ကန်ကြောင်း သိကြ ပေသည်။ နိုင်ငံရေးပြောင်းလဲမှုများ ကိုစနစ်တကျ တဆင့်ပြီးတဆင့် မပြုလုပ်ပါက၊ အုပ်ချုပ် ရေးကိစ္စများ အထူးသဖြင့် အစိုးရကောင်းတခု၏ အခြေခံ လိုအပ်ချက်များကို မဖော်ဆောင်နိုင်ပါက အနာဂတ်ကာလ၏ လူမှုရေး ကိစ္စများ၊ စီးပွားရေးကိစ္စများ၊ ပြေလည်ဖြေရှင်း သွားနိုင်မည် မဟုတ်ပေ။ ပြောစရာတခုတော့ ရှိသည်။ အုပ်ချုပ်ရေး လုပ်ငန်းမကျွမ်းကျင်မှု လူမှုရေး မတည်ငြိမ်မှုတို့ကို အခြေခံ၍ ယနေ့ အုပ်ချုပ်နေသော အာဏာပိုင်များ ခြေကုန် လက်ပန်းကျသွားစေရန်၊ ထိုမှတဆင့် ဖယ်ရှားပစ်ရန် ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး နှိပ်ကွပ်မှုများ ကို ဖြေရှင်းရန် အတွက် သမာဓိစွမ်းအားများ ဆထက်ထမ်းပိုး လိုအပ်ပေသည်၊၊

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ထုတ် ၀ါရှင်တန်ပို့ (စ်) သတင်းစာ၌ ရေးသားခဲ့သည့် ဆောင်းပါးဖြစ်ပါသည်၊


မခင်မင်းဇော်ထံမှ ကူးယူးထားပါသည်။

ဒေါ်စုရဲ့ ဆောင်းပါးများ ကျွန်ုပ်တို့အတွက် ရွေးချယ်စရာ

မိမိတို့နိုင်ငံသားများကို ကိုလိုနီ နယ်ချဲ့ အုပ်ချုပ်ရေးလက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းလှုပ်ရှားမှုများ၏ အမျှော်အမြင်ကြီးမားသော ခေါင်းဆောင်များ အနေဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးသည် အစိုးရကောင်းတစ်ရပ် ပေါ်ထွန်းရေးကို ဦးတည်သည့် ပထမဦးဆုံး လိုအပ်ချက်၊ အဆင့်တခုမျှသာ ဖြစ်သည်ဟုနားလည်ကြသည်။ နှစ်ဆယ်ရာစုနှစ်၏ ကုန်ဆုံးခါနီးတွင် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည့်နောက်ပိုင်း၌ လွတ်လပ်ရေးရခဲ့ကြသည့် တိုင်းပြည်များသည် မိမိတို့၏ နိုင်ငံကို ထူထောင်ခဲ့ကြသည့် အနှစ်ငါးဆယ်မြောက် အချိန်အခါသမယဆီသို့ ချဉ်းကပ် လာပြီးဖြစ်သည်။ ယခုအခါတွင် စစ်မှန်သော အစိုးရ ကောင်းတခု ဖြစ်ထွန်း ပေါ်ပေါက်လာရေး နှင့် ပတ်သက်၍ မည်မျှ ခရီးရောက်နေသည်ကို ဆင်ခြင်သုံးသပ်ကြရမည့် အချိန်သို့ ရောက်နေပါပြီ၊ အစိုးရကောင်းမရှိသည့် နိုင်ငံတခုသည် လွတ်လပ်၍ ဖွံ့ဖြိုးတိုးတက်လျက် ရှိနေသော ကမ္ဘာ့အလယ်တွင် ၀င့်ထည်စွာ နေရာယူနိုင်မည် မဟုတ်ပေ။

နိုင်ငံအများအပြားသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ထူထောင်ခဲ့ကြပြီးသည့် နောက်တွင်မှ တိုင်းတပါးလူမျိုးခြား၏ စိုးမိုး အုပ်ချုပ်မှုကို ခံခဲ့ကြရစဉ် ကာလကထက် မိမိတို့နိုင်ငံသားများ၏ အခွင့်အရေးများနှင့် လွတ်လပ်မှုတို့ ပိုမိုကန့်သတ်ခြင်းခံရသည်ကို ကြုံကြရ၏။ ကိုယ်ပိုင်အုပ်ချုပ်ရေးရသည်နှင့် အစိုးရကောင်းတခု ဖြစ်ပေါ်လာမည်ဟု အသေအချာ မတွက်ဆနိုင်သည်မှာ ၀မ်းနည်းစရာကောင်းသည့် အမှန်တရားဖြစ်ပေသည်။
အစိုးရကောင်းဟူသည် နိုင်ငံရေး စနစ်ရလဒ်သက်သက် မဟုတ်ပါ။ အစိုးရ ကောင်းတခုပေါ်ပေါက်ရန်အရေးမှာ လူမှု အဖွဲ့အစည်းတရပ်အတွင်း အခြေခံတန်ဖိုး များနှင့် ခွဲခြား၍မရနိုင်လောက်အောင် တသားတည်း ဆက်စပ်နေပါသည်။ နိုင်ငံတခု ပြန်လည်တည်ဆောက်ရာတွင် လူ့တန်ဘိုးကို မြင့်မားတိုးတက်လာအောင် စွမ်းဆောင် နိုင်ခြင်းမရှိလျှင် လွတ်လပ်ရေး ဆိုသည်မှာ နိုင်ငံသားများအဖို့ ပိုမိုပြည့်စုံသည့်ဘ၀ ရပ်တည်ရှင်သန်ရေးဟု သတ်မှတ်လို့ ရနိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ရာစုနှစ်တ၀က်တိုင်အောင် ရရှိနေပြီးဖြစ်သော်လည်း အစိုးရကောင်းဖြစ် ရေးဟူသည့် မျော်လင့်ချက်က မပီပြင်သည့် အနာဂတ်မှာ ဘယ်ဆီဘယ်ဝယ် မျှော်မှန်းလို့ မရနိုင်လောက်အောင် ၀ိုးတ၀ါးရှိနေဆဲပင် ဖြစ်ပြီး တိမ်သလ္လာ ဖုံးလွှမ်းနေသည်။

“အမှန်တကယ်တော့ စံထားရမည့်အစိုးရ ဆိုတာ စိုးမိုးအုပ်ချုပ်မှု အနည်းဆုံး ဖြစ်ရမယ်၊ပြည်သူလူထု ဘာတခုမှ လုပ်ပိုင်ခွင့် ချန်မထားတာကို ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ မခေါ်ဘူး။ ဒါဟာ ငါတို့လက်ရှိ အဆင့်အတန်း အတိုင်း ထိန်းသိမ်းစောင့်ရှောက်ခံ အဆင့်ပဲ” ဟု ဂန္ဒီကြီးက ရေးသားခဲ့ဖူးပါသည်။
အထက်ပါစာသားကို ၁၉၂၅ ခုနှစ်တွင် ရေးသားခဲ့သော်လည်း မြန်မာနိုင်ငံ ၏လက်ရှိ အခြေအနေများနှင့် များစွာ ဆီလျော်နေပါသည်။ သို့သော် ယနေ့ စစ်အုပ်ချုပ်ရေး အောက်တွင် ရောက်ရှိနေရပြီး မိမိတို့၏ ကိုယ်ပိုင်အစိုးရအဖွဲ့ထဲတွင် ၀င်ရောက် တာဝန်ယူရန် အခန်းကဏ္ဍဆို၍ ဘာတစ်ခုမှ အပ်နှင်းခြင်း မခံရသော စစ်အစိုးရအောက်တွင် ပြားပြားဝပ်နေရသည်။ ကျမတို့ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အခြေအနေကို ရှင်းလင်း ဖော်ပြရာတွင် “ထိန်းသိမ်းစောင့် ရှောက်ခံထားရသည်” ဟူသောစကားကို အသုံးပြုခြင်းသည် မပျော့လွန်းပေဘူးလားဟု မေးခွန်း ထုတ်နိုင်ပါသည်။ လွတ်လပ်ရေးရခဲ့သည်မှာ လေးဆယ်ကိုးနှစ် ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ကျမတို့တတွေမှာ အချုပ်အနှောင်ခံနေရသည့် နိုင်ငံတခုဘ၀မှာပင် ရှိနေပါသေးသည်။

အသိဉာဏ်နှင့်စိတ်ဓါတ်တို့ လွတ်လပ်မှုမရှိလျှင် အမှန်တကယ် လွတ်လပ်မှု ဟူသည် ရှိနိုင်မည်မဟုတ်ပေ။ ပြည်သူလူထု၏ အသိဉာဏ်နှင့် စိတ်ဓာတ်တို့ အပြည့်အ၀ ဖွံ့ဖြိုး ရှင်သန်လာနိုင်သည့် အနေထားတခုသို့ ရောက်ရှိလာနိုင်စေရန် ပြုစုပျိုးထောင်ပေးရေးသည် တာဝန်ရှိ ခေါင်းဆောင်လုပ်သူများ ထမ်းရွက်ရမည့် ၀တ္တရားပင်ဖြစ်သည်။

ပြည်သူလူထုအနေဖြင့် မိမိတို့၏ အရေးပါအရာရောက်မှု ဂုဏ်သိက္ခာအပေါ် ယုံကြည် စိတ်ချမှုများ တိုးပွားလာစေရန် ပံ့ပိုးပေးနိုင်မှ သာလျှင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည်မှာ အဓိပ္ပာယ်ရှိပေမည်။ ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ချေမှုန်းခြင်းခံရပြီး မိမိတို့၏ဘ၀ အနာဂတ်အရေးကို ဖန်တီးပိုင်ခွင့် မရှိရရှာသော ပြည်သူလူထုမျိုးကို ပေါ်ပေါက်စေသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး မျိုးသည် အသက်သွေး ချွေးမြောက်များစွာ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ပြီးမှ ရခဲ့သော လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုကို သစ္စာဖောက်သည့် အုပ်ချုပ်ရေး သာလျှင် ဖြစ်ပေသည်။

အမိနိုင်ငံတော်လွတ်မြောက်ရေး အတွက် မိမိတို့၏ ကောင်းကျိုး ချမ်းသာနှင့် အကောင်အထည်ဖော်ကြရန်မှာ နောင်လာနောက်သား မျိုးဆက်အဆင့်ဆင့် တို့၏ တာဝန်ဝတ္တရားတစ်ရပ် ဖြစ်သကဲ့သို့ အထူးအခွင့်အရေး တရပ်လည်း ဖြစ်နေပေသည်။ ကိုလိုနီ နယ်ချဲ့စနစ်ကို ဆန့်ကျင်တွန်းလှန် ဖြိုဖျက်ခဲ့ကြသူများထက်၊ ယနေ့ လူငယ်များ ထမ်းရွက် ကြရမည့် လုပ်ငန်းဆောင်တာများက ပို၍ ခက်ခဲသည်ဟု ပြောနိုင်ပါသည်။

တိုင်းတပါးလူမျိုးခြားကို ဦးတည်ဆန့်ကျင်ရသည့် ရုန်းကန်မှုများတွင် ပြဿနာ မှာပြတ်သားရှင်းလင်းလှပါသည်။ သို့သော် မျိုးတူ လူမှုအသိုက်အ၀န်း တခုတည်းအတွင်း ရှိ အပြုသဘောမဆောင်သော အင်အားစု များကို ဦးတည်ဆန့်ကျင်ရသည့် ရုန်းကန် ကြိုးပမ်းမှုများတွင်မူ သံသယများ၊ စိတ်ရှုပ်ထွေးစရာများ တဖြည်းဖြည်း စိမ့်ဝင်လာတတ်ပါသည်။
ထိုကြောင့် ပို၍ ပျော်ရွှင်ဘွယ်ကောင်းသော ကမ္ဘာတခု ဖြစ်လာရန် ကြိုးပမ်း ဆောင်ရွက်နေကြသော လူငယ်ထုအနေဖြင့် မိမိတို့လူဘောင် အဖွဲ့အစည်း၏ တန်ဘိုးထားမှုများနှင့်အတူ မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက် အကြောင်းရင်းခံတို့ကို စဉ်ဆက်မပြတ် ပြန်လှန်သုံးသပ်ရန် လိုအပ်လှပေသည်။ အမြဲတစေ ဆင်ခြင်သုံးသပ်ခြင်း သာလျှင် ကျွန်ုပ်တို့၏ လွတ်လပ်မှုကို မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ပြီး မည်ကဲ့သို့ အကောင်းဆုံး အသုံးချ နိုင်မည်ကို နားလည်သဘောပေါက် နိုင်ပေမည်။

လွတ်မြောက်ခြင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့်ပင်ဖြစ်သည်။ လွန်ခဲ့သောရာစုနှစ်ဝက်က အသက်ရှင် နေထိုင်သူများနှင့် စာလျှင် ယနေ့ခေတ် လူငယ်များမှာ ရွေးချယ်စရာ နယ်ပယ်များပို၍ ကျယ်ပြန့်လာသည်။ မှန်မှန်ကန်ကန် ရွေးချယ်ရေးသည် အလွန်အရေး ကြီးလှ၏။ ကျဉ်းမြောင်းသော တကိုယ်ရေ အကျိုးစီပွါး အတွက်သာ ပျော်ရွင်ချမ်းမြေ့မှု လမ်းကိုရွေးချယ်မည်လော။ ပွင့်လင်းတဲ့ နှလုံးသားနှင့် စာနာစိတ်ကို အရင်းတည်ပြီး အခြားသူများရဲ့ လိုအပ်ချက် မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးရန် ၀ိုင်းဝန်းကြမည်လော။ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါသည်။

ကျွန်ုပ်တို့ မှီတင်းနေထိုင်ကြသော ကမ္ဘာမြေကြီး အခြေအမြစ်ကစ၍ ပြောင်းလဲသွားစေပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကျဉ်းပေးမည့် ရာစုနှစ်တစ်ခုတွင် ကျမ တို့တတွေပါဝင်ဆင်နွှဲကြရမယ့် အချိန်မဝေးတော့ပါ။ နှစ်ဆယ့်တစ်ရာစုတွင် လူသားအားလုံးအတွက် ပို၍ကြီးမားသော လုံခြုံမှုနှင့် ပျော်ရွှင်စိတ်ချမ်းမြေ့မှုများကို ပေးစွမ်းနိုင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် အံ့သြဖွယ် ကောင်းလောက်အောင် ထူးခြားသည့် အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ပါသည်၊၊

တချိန်တည်းမှာပင် ထိုခေတ်သည် တရားမျှတ သနားကြင်နာတတ်ခြင်း အင်အားစုများကို မှုန့်မှုန့်ညက်ညက် နင်းခြေပစ်ရန် အစွန်းရောက်ရုပ်ဝါဒအား ထင်ရာ စိုင်းဖို့ရာ လွှတ်ပေးလိုက်သော ကာလတစ်ခုလို ဖြစ်သွား နိုင်ပါသည်။ မည့်သည့်လမ်းသို့ လိုက်မည်ကို ကျမတို့ရွေးချယ်ရမည် ဖြစ်ပါသည်။ ၄င်းတို့ကို အလင်းရောင်ပေး၍ ရှေ့ ဆောင်လမ်းပြရန် အနာဂတ်မှာ အစဉ်အလာအရ ကြီးမြတ်သောခေါင်းဆောင်ကြီးများ ရှိနေသည့်အချက် သည် အိန္ဒိယနိုင်ငံက လူငယ်များအတွက် ဂုဏ်ယူစရာပင်ဖြစ်ပါသည်။

အကောင်းဆုံး ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံနှင့် ပတ်သက်၍ ဂန္ဓီကြီးရဲ့ အဆိုအမိန့် ကို တဖန်ပြန်၍ ကောက်နှုတ်တင်ပြရပါလျှင်“တကယ်စစ်မှန်တဲ့ ဆွာရာ့ဂ်ျ(ကိုယ်ပိုင် အုပ်ချုပ်ရေး) ဆိုတာ လူနည်းစုက လုပ်ပိုင်ခွင့် အာဏာကိုယူလို့ ဖြစ်လာမှာ မဟုတ်ဘူး။ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့် အာဏာကို တလွဲတချော် ဖောက်ဖျက် အသုံးချတာကို တွေ့ရတာနဲ့ အားလုံးက ၀ိုင်းဝန်းဆန့်ကျင်နိုင်အောင် ချုပ်ချယ်ကန့်သတ်ခွင့် ရယူ ပိုင်ဆိုင်ထားတာကို ခေါ်တယ်။ တနည်းပြောရလျှင် လုပ်ပိုင်ခွင့်အာဏာကို စည်းမျဉ်းစည်းကမ်း သတ်မှတ်ပေးပြီး ထိန်းချုပ်တတ်တဲ့ စွမ်းပကား မွေးမြူတတ်လာအောင် ပြည်သူလူထုကို ပညာပေးခြင်းနဲ့ ဆွာရာ့ဂ်ျကို ရယူနိုင်အောင် ကြိုးပမ်းရမှာ ဖြစ်တယ်” ဖြူစင်သောကလေးများ၏ အာသာဆန္ဒပြင်းပြသည့် သန္နိဌာန်တို့ ပိုင်ဆိုင်၍ နှလုံးရည်ပြည့်ဝစွာဖြင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းတို့အတွက် မိမိတို့ဘ၀ကို မြှုပ်နှံသွားကြသော ပုဂ္ဂိုလ်တို့၏ အမွေကို ဆက်ခံရသည့် အမျိုးသား၊ အမျိုးသမီးများ နှင့် ထိုက်တန်သော နိုင်ငံတော်တစ်ခု ဖန်တီးရာ၌ ပညာရေးသည် အခရာကျလှပါသည်။

ပညာရေးသည် သမရိုးကျကျောင်းနေခြင်း သက်သက်ကိုသာ ဆိုလိုခြင်း မဟုတ်ပါ၊၊ သိနားလည်ပြီးသော ကိစ္စများကိုသာမက မသိနားမလည်သေးသော ကိစ္စရပ်များကိုပါ အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်သည့် သတ္တိနှင့် စိတ်ဓါတ်အင်အား ပြုစုပျိုးထောင် ပေးခြင်းကို ဆိုလိုသည်။

အတိတ်ကို မှန်မှန်ကန်ကန် အကဲဖြတ်သုံးသပ်နိုင်သော အရည်အချင်းနှင့် ပြည့်စုံပြီး လက်ရှိအခြေအနေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မှသာလျှင် ကျမတို့အတွက်သာမက လာမည့် မျိုးဆက်အဆင့်ဆင့် တို့အတွက်ပါ သဟဇာတဖြစ်မည့် အနာဂတ်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ကန့်သတ်နယ်ခြားမျဉ်းများနှင့် ရာစုနှစ်များစွာကို ကျော်လွှားနိုင်သည့် ခိုင်မာလှသော တန်ဖိုးထား လေးစားစရာများ ရှိပါသည်။ ကျမတို့ ခေတ်ကာလအတွက် ရှာဖွေ ဖေါ်ထုတ် ပေးနိုင်သည့် အနှစ်သာရ တန်ဖိုးများလည်း ရှိနေပါသေးသည်။ ကမ္ဘာကြီးအား မိမိတို့၏ ဘ၀နံနက်ခင်း လန်းဆန်းမှုကို ရောင်ပြန်ဟပ်စေမည့် ပုံသဏ္ဍာန်ပေါ်ပေါက်စေရန် စိတ်အား ထက်သန်နေသော လူငယ်ထုအတွက် ဤကဲ့သို့ ရှာဖွေဖေါ်ထုတ်ရေး လုပ်ငန်းစဉ်သည် စိန်ခေါ်မှုတရပ် ဖြစ်ပါသည်။

လူငယ်များတွင် မိမိတို့ လူ့ဘောင်အဖွဲ့အစည်းအတွက် တသသ မှတ်တမ်းတင် ကျန်ရစ်ရလောက်အောင် ဆောင်ရွက်ပေးနိုင်သော ပြိုင်ဘက်ကင်းသည့် အခွင့်အလမ်းများနှင့် ကြုံတွေ့နေရပါသည်။ ထက်သန် ပြင်းပြသော ဆန္ဒတက်ကြွစွာဖြင့် ဤအခွင့်အရေးမျိုးကို လက်မလွတ်တမ်း အမိအရ ဆုပ်ကိုင်ကြဘို့ လူငယ်များ ကို တိုက်တွန်း လိုက်ပါသည်။ အခွင့်အလမ်းတွေ လက်လွတ်သွားခြင်းသည် တစ်ဦးတစ်ယောက် အတွက်သော် လည်းကောင်း၊ နိုင်ငံများဆယ်စုနှစ် များနှင့် ချီ၍ ဆုတ်ယုတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ပွင့်လင်းသောနှလုံးသားနှင့် အတူ အကြံသစ်ဉာဏ်သစ်တွေကို လက်ခံရန် အဆင်သင့်ရှိသော ခံယူချက် များဖြင့် ရာစုနှစ်သစ်ကို မျှော်မှန်း တမ်းတနေကြသော လူငယ်လူရွယ်များသည် မိမိနှင့် မိမိပြည်သူ ပြည်သား များအတွက် မျှသာမက လူသား များအားလုံးအတွက် ပိုမိုကောင်းမွန်သော ဘ၀တည်ဆောက်ရန် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ကြသူများ ဖြစ်ပါသည်။

ကမ္ဘာကြီးသည် ရာစုနှစ်သစ် တစ်ခုကို ပြောင်းလဲတော့မည့် အချိန်မျိုးတွင် ဘ၀ကို အစပျိုးနိုင်ခြင်းမှာ ကံကောင်း လှပေသည်။ အနာဂတ်ကို လူငယ်များ ပိုင်ဆိုင်ပါသည်။ ဤကဲ့သို့ဖြစ်ခြင်းသည် လွန်စွာမှ သင့်လျော် ပါသည်။ အိန္ဒိယနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ လူငယ်များကို မင်္ဂလာရှိသော နှစ်သစ်နှင့် ရာစုသစ်မှာ ပျော်ရွှင် ချမ်းမြေ့ နိုင်ကြပါစေ၊ ငြိမ်းချမ်းသာယာမှု ရှိနိုင်ကြပါစေ ဟု ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်